Premier League

မန်စီးတီးကို လီဗာပူးလ်လိုက်မီဖို့ လိုတဲ့အရာကို ဖော်ထုတ်ပေးခဲ့တဲ့ အာဆင်နယ်ဂန္တဝင်

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က ယာဂန် ကလော့ပ်ရဲ့အသင်းအတွက် ၂၀၂၂-၂၀၂၃ ရာသီအစပိုင်းဟာ ဆိုးရွားခဲ့ပြီးနောက်ပိုင်း မန်ချက်စတာစီးတီးဟာ လီဗာပူးလ်ကို ကွဲကြေစေခဲ့တယ်လို့ ခံစားနေရပါတယ်။

လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးခဲ့ကြတာဖြစ်ပြီး ဂွါဒီယိုလာက မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ကလည်း လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလားရော လိဂ်ဖလားပါ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရာသီနောက်ဆုံးနေ့မှာ မန်စီးတီးနဲ့ ၁ မှတ်အကွာနဲ့ ဖလားလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက်ကတော့ ပရီးမီးယားလိဂ်ဖလားကို တစ်မှတ်တည်းနဲ့ ကပ်လွဲခဲ့တာ ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီတုန်းကလည်း အခုလိုပဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီအစ မန်စီးတီးကို ကွန်မြူနတီဒိုင်းလုပွဲမှာ အနိုင်ရရှိခဲံပေမယ့်လည်း အဲဒီအချိန်ကတည်းက မာဆေးဆိုဒ်အသင်းနဲ့ မန်ချက်စတာအသင်းတို့ရဲ့ ကံတရားဟာ တဖြည်းဖြည်း ဆန့်ကျင်ဘက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၉ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

“စီးတီး လုပ်ခဲ့တဲ့ဟာနဲ့ အခုအချိန်မှာ ဘာကြောင့် လီဗာပူးလ်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးသလိုမျိုး ကျွန်တော် ခံစားနေရလဲဆိုရင် သူတို့တွေက အချိန်အတော်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် အလွတ်မပေးဘဲ နေခဲ့ကြလို့ပါ။ အပတ်တိုင်းမှာ အနိုင်ရဖို့အတွက် ဖိအားတွေရှိနေတယ်။ ဘာလို့လဲဆိုတော့ စီးတီးက အနိုင်ရမယ်ဆိုတာကို ခင်ဗျား သိနေတာကိုး။ အဲဒါက လီဗာပူးလ်အပေါ်မှာ လုံးဝကို အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်”

“ကျွန်တော် ပြောခဲ့ပါတယ်။ လီဗာပူးလ်ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်တို့ မန်စီးတီးအတွက် စီတန်းလှည့်လည်နေခဲ့ကြမှာဖြစ်ပြီး အဲဒီထဲ ကျွန်တော်လည်း ပါမှာပါ။ ခင်ဗျား သူတို့ကို ကြည့်လိုက်စမ်းပါ။ ကျွန်တော် ထင်တာက ကစားသမားတွေနဲ့လည်း နည်းနည်းတော့ သက်ဆိုင်မယ်လို့ထင်ပါတယ်။ ခင်ဗျားမှာ အသက် ၃၀ ကျော်အရွယ် ကစားသမားတွေရှိနေပြီး သူတို့ကျတော့(မန်စီးတီး)အသက် ၂၂ နှစ်အောက် ကစားသမားတွေရှိနေတယ်။ ခင်ဗျား လက်ရှိသွားနေတဲ့ပုံစံအတိုင်း ဆက်သွားနိုင်ဖို့နဲ့ အင်နဲ့အားနဲ့ သွားနိုင်ဖို့ အလယ်အလတ်ကျတဲ့ အသက်အရွယ်အုပ်စုကစားသမားတွေလည်း လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး အီယန္ ႐ိုက္က ယာဂန္ ကေလာ့ပ္ရဲ႕အသင္းအတြက္ ၂၀၂၂-၂၀၂၃ ရာသီအစပိုင္းဟာ ဆိုး႐ြားခဲ့ၿပီးေနာက္ပိုင္း မန္ခ်က္စတာစီးတီးဟာ လီဗာပူးလ္ကို ကြဲေၾကေစခဲ့တယ္လို႔ ခံစားေနရပါတယ္။

လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ အဂၤလိပ္ေဘာလုံးေလာကကို လႊမ္းမိုးခဲ့ၾကတာျဖစ္ၿပီး ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးကို ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၄ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၁ ႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္ကလည္း လီဗာပူးလ္အသင္းကို ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ ၿပီးခဲ့တဲ့ရာသီမွာ အက္ဖ္ေအဖလားေရာ လိဂ္ဖလားပါ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဖလား ၄ လုံး လမ္းေၾကာင္းေပၚမွာ ရွိေနခဲ့တာျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့သလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း ရာသီေနာက္ဆုံးေန႔မွာ မန္စီးတီးနဲ႔ ၁ မွတ္အကြာနဲ႔ ဖလားလက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ကေတာ့ ပရီးမီးယားလိဂ္ဖလားကို တစ္မွတ္တည္းနဲ႔ ကပ္လြဲခဲ့တာ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ခဲ့ၿပီး ၂၀၁၈-၂၀၁၉ ရာသီတုန္းကလည္း အခုလိုပဲ ျဖစ္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီအစ မန္စီးတီးကို ကြန္ျမဴနတီဒိုင္းလုပြဲမွာ အႏိုင္ရရွိခဲံေပမယ့္လည္း အဲဒီအခ်ိန္ကတည္းက မာေဆးဆိုဒ္အသင္းနဲ႔ မန္ခ်က္စတာအသင္းတို႔ရဲ႕ ကံတရားဟာ တျဖည္းျဖည္း ဆန႔္က်င္ဘက္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၁ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး လီဗာပူးလ္အသင္းကေတာ့ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိခဲ့တာေၾကာင့္ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

“စီးတီး လုပ္ခဲ့တဲ့ဟာနဲ႔ အခုအခ်ိန္မွာ ဘာေၾကာင့္ လီဗာပူးလ္ရဲ႕ ေနာက္ေက်ာကို ဓားနဲ႔ထိုးသလိုမ်ိဳး ကြၽန္ေတာ္ ခံစားေနရလဲဆိုရင္ သူတို႔ေတြက အခ်ိန္အေတာ္ၾကာၾကာ တစ္ေယာက္နဲ႔တစ္ေယာက္ အလြတ္မေပးဘဲ ေနခဲ့ၾကလို႔ပါ။ အပတ္တိုင္းမွာ အႏိုင္ရဖို႔အတြက္ ဖိအားေတြရွိေနတယ္။ ဘာလို႔လဲဆိုေတာ့ စီးတီးက အႏိုင္ရမယ္ဆိုတာကို ခင္ဗ်ား သိေနတာကိုး။ အဲဒါက လီဗာပူးလ္အေပၚမွာ လုံးဝကို အက်ိဳးသက္ေရာက္မႈ ရွိခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“ကြၽန္ေတာ္ ေျပာခဲ့ပါတယ္။ လီဗာပူးလ္ေၾကာင့္သာ မဟုတ္ခဲ့ရင္ ကြၽန္ေတာ္တို႔ မန္စီးတီးအတြက္ စီတန္းလွည့္လည္ေနခဲ့ၾကမွာျဖစ္ၿပီး အဲဒီထဲ ကြၽန္ေတာ္လည္း ပါမွာပါ။ ခင္ဗ်ား သူတို႔ကို ၾကည့္လိုက္စမ္းပါ။ ကြၽန္ေတာ္ ထင္တာက ကစားသမားေတြနဲ႔လည္း နည္းနည္းေတာ့ သက္ဆိုင္မယ္လို႔ထင္ပါတယ္။ ခင္ဗ်ားမွာ အသက္ ၃၀ ေက်ာ္အ႐ြယ္ ကစားသမားေတြရွိေနၿပီး သူတို႔က်ေတာ့(မန္စီးတီး)အသက္ ၂၂ ႏွစ္ေအာက္ ကစားသမားေတြရွိေနတယ္။ ခင္ဗ်ား လက္ရွိသြားေနတဲ့ပုံစံအတိုင္း ဆက္သြားႏိုင္ဖို႔နဲ႔ အင္နဲ႔အားနဲ႔ သြားႏိုင္ဖို႔ အလယ္အလတ္က်တဲ့ အသက္အ႐ြယ္အုပ္စုကစားသမားေတြလည္း လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.