La Liga Premier League

ဆာလီဘာကို အချိုအချောင်နှိုက်ဖို့ မျက်စောင်းထိုးခဲ့တဲ့ ဇာဗီ

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ဂျူးစ် ကွန်ဒေကိုသာ နူးကမ့်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အာဆင်နယ်နောက်ခံလူ ဝီလီယံ ဆာလီဘာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်နောက်ခံကစားသမားဟာ မာဆေးလ်ကနေ အငှားစာချုပ်ပြည့်လို့ ပြန်လည်ရောက်ရှိလာပြီးကတည်းက အာတီတာရဲ့အသင်းမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦး လျင်လျင်မြန်မြန် ဖြစ်လာခဲ့သူဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားရဲ့ အမ်းမရိတ်စ်က အနာဂတ်ဟာ ယခုနွေရာသီတလျှောက်လုံး ပြောစရာဖြစ်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်ကို စွန့်ခွာပြီး မာဆေးလ်ကို အပြီးသတ် ပြန်လည်ပြောင်းရွှေ့သွားဖွယ်ရှိတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဖက်ဘရီဇီယို ရိုမာနိုက ဘာစီလိုနာအသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အခြား ရွေးချယ်စရာ ပစ်မှတ်စာရင်းတွေ သတ်မှတ်ထားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီ ပစ်မှတ်စာရင်းရဲ့ ထိပ်ဆုံးမှာ ဂျူးစ် ကွန်ဒေရဲ့ လက်ရွေးစင်အသင်းဖော် အာဆင်နယ်နောက်ခံကစားသမား ဝီလီယံ ဆာလီဘာက ပါဝင်နေတာဖြစ်ပြီး ဆီဗီလာနောက်ခံလူသာ ချဲလ်ဆီးကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တောင်မှ အာဆင်နယ်နောက်ခံလူကို နူးကမ့်ခေါ်ဖို့က ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ခဲ့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆာလီဘာကို ရှေ့ဆက်သွားမယ့် ၎င်းတို့ရဲ့ အစီအစဉ်ထဲမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားခဲ့တာဖြစ်ပြီး အသင်းရဲ့ ယုံကြည်မှုကို ယခုရာသီအစကတည်းက ပြင်သစ်နောက်ခံလူ အကောင်းဆုံးပုံစံနဲ့ ပြန်လည်ပေးဆပ်နေတာဖြစ်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၈ ပွဲကစားထားရာမှာ ၇ ပွဲအထိ နိုင်ပွဲရရှိထားပြီး ဝီလီယံ ဆာလီဘာက ဂန်းနားတွေရဲ့ ပွဲစဉ်တိုင်းမှာ ပွဲထွက် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၎င်းရဲ့ ခံစစ်ကို တောင့်တင်းအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာကြောင့် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ခရစ္စတင်ဆန်ကိုလည်း ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျူးစ် ကွန်ဒေကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ပေမယ့်လည်း အသက် ၂၃ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ နူးကမ့်ကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ဇာဗီရဲ့အသင်းဟာ လက်ရှိမှာ လာလီဂါ ၇ ပွဲကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာကြောင့် ဆီဗီလာကြယ်ပွင့်ဟောင်းအတွက် ရွေးချယ်မှုက နောင်တရစရာတော့မဖြစ်ခဲ့တာ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ ယခုေႏြရာသီမွာ ဂ်ဴးစ္ ကြန္ေဒကိုသာ ႏူးကမ့္ကို မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ အာဆင္နယ္ေနာက္ခံလူ ဝီလီယံ ဆာလီဘာကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ျပင္သစ္ေနာက္ခံကစားသမားဟာ မာေဆးလ္ကေန အငွားစာခ်ဳပ္ျပည့္လို႔ ျပန္လည္ေရာက္ရွိလာၿပီးကတည္းက အာတီတာရဲ႕အသင္းမွာ အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦး လ်င္လ်င္ျမန္ျမန္ ျဖစ္လာခဲ့သူျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားရဲ႕ အမ္းမရိတ္စ္က အနာဂတ္ဟာ ယခုေႏြရာသီတေလွ်ာက္လုံး ေျပာစရာျဖစ္ခဲ့တာျဖစ္ၿပီး အမ္းမရိတ္စ္ကို စြန႔္ခြာၿပီး မာေဆးလ္ကို အၿပီးသတ္ ျပန္လည္ေျပာင္းေ႐ႊ႕သြားဖြယ္ရွိတယ္လို႔ ေျပာဆိုမႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ဖက္ဘရီဇီယို ႐ိုမာႏိုက ဘာစီလိုနာအသင္းဟာ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒကို မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ အျခား ေ႐ြးခ်ယ္စရာ ပစ္မွတ္စာရင္းေတြ သတ္မွတ္ထားတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဲဒီ ပစ္မွတ္စာရင္းရဲ႕ ထိပ္ဆုံးမွာ ဂ်ဴးစ္ ကြန္ေဒရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ အာဆင္နယ္ေနာက္ခံကစားသမား ဝီလီယံ ဆာလီဘာက ပါဝင္ေနတာျဖစ္ၿပီး ဆီဗီလာေနာက္ခံလူသာ ခ်ဲလ္ဆီးကို ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ေတာင္မွ အာဆင္နယ္ေနာက္ခံလူကို ႏူးကမ့္ေခၚဖို႔က ခက္ခဲတဲ့အလုပ္တစ္ခု ျဖစ္ခဲ့မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဆာလီဘာကို ေရွ႕ဆက္သြားမယ့္ ၎တို႔ရဲ႕ အစီအစဥ္ထဲမွာ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုအျဖစ္ ရႈျမင္ထားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ ယုံၾကည္မႈကို ယခုရာသီအစကတည္းက ျပင္သစ္ေနာက္ခံလူ အေကာင္းဆုံးပုံစံနဲ႔ ျပန္လည္ေပးဆပ္ေနတာျဖစ္ပါတယ္။ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ၈ ပြဲကစားထားရာမွာ ၇ ပြဲအထိ ႏိုင္ပြဲရရွိထားၿပီး ဝီလီယံ ဆာလီဘာက ဂန္းနားေတြရဲ႕ ပြဲစဥ္တိုင္းမွာ ပြဲထြက္ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပ ဇာဗီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ၎ရဲ႕ ခံစစ္ကို ေတာင့္တင္းေအာင္ လုပ္ဖို႔ စိတ္ပိုင္းျဖတ္ထားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့တဲ့ ခရစၥတင္ဆန္ကိုလည္း ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ဂ်ဴးစ္ ကြန္ေဒကို ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔အတြက္ စိတ္ဝင္စားခဲ့ေပမယ့္လည္း အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ ႏူးကမ့္ကို ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ဇာဗီရဲ႕အသင္းဟာ လက္ရွိမွာ လာလီဂါ ၇ ပြဲကစားၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာေၾကာင့္ ဆီဗီလာၾကယ္ပြင့္ေဟာင္းအတြက္ ေ႐ြးခ်ယ္မႈက ေနာင္တရစရာေတာ့မျဖစ္ခဲ့တာ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.