Premier League

လက်ရှိအခြေအနေ ပျက်ယွင်းနိုင်တဲ့အန္တရာယ်ကို သတိပေးခြင်းခံခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးကို ယှဉ်ပြိုင်နိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူရမယ်လို့ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟောင်း ဂျာမိန်း ဂျီးနပ်စ်က ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ အလွန်ကောင်းမွန်တဲ့ရာသီအစကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်နဲ့ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

စနေနေ့က မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ သောမတ်စ် ပါတေးရဲ့ ကွင်းလယ်ကစွမ်းဆာင်ရည်ဟာ ဂန်းနားတွေရဲ့ တောက်ပမှုမှာ အဓိကကျခဲ့တာဖြစ်ပါတယ်။

ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ဒုတိယမြောက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ပါတေးဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်က အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေရဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီလို အသင်းအတွက် ပါဝင်ကစားပေးချိန်မှာ အကျိုးသက်ရောက်မှုအပြည့်အဝ ပြသနိုင်ခဲ့ပေမယ့်လည်း ဂျီးနပ်စ်က အာဆင်နယ်အနေနဲ့ အသက် ၂၉ နှစ်အရွယ် ဂါနာကွင်းလယ်ကြယ်ပွင့်အပေါ်ကို မှီခိုလို့ မရနိုင်ဘူးလို့ ယုံကြည်နေပြီး ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နိုင်မယ့် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား သူ့အပေါ်မှာ အားထားလို့မရနိုင်ပါဘူး။ ကျွန်တော်သာ အီဒူးရင် ကျွန်တော် ဇန်နဝါရီလမှာ ပထမဆုံးခေါ်သွားမယ့်နေရာက ကွင်းလယ်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား သူ့အပေါ်မှာပဲ အားကိုးနေလို့မရတာကြောင့်ပါ။ သူက အရမ်းအရေးပါပြီး သူ ပါတဲ့ပွဲဆို ဘာတွေကွာလဲခင်ဗျား မြင်မှာပါ”

“ဒါပေမယ့် အဲဒီနေရာမှာ သူမပါရင် စပြီး ဖရိုဖရဲဖြစ်လာပြီး ဂျေဆူးစ်၊ နကီးတီးယားနဲ့ ဖေဘီယို ဗီယာရာတို့ကို သွားသုံးမယ်ဆိုရင် ကျွန်တော်တို့ ပြောနေတာက မတူညီတဲ့ပွဲစဉ်အကြောင်း ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ၾကယ္ပြင့္ ေသာမတ္စ္ ပါေတးကို ယွဥ္ၿပိဳင္ႏိုင္တဲ့ ကြင္းလယ္ကစားသမားတစ္ဦး မျဖစ္မေန ေခၚယူရမယ္လို႔ ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ အလြန္ေကာင္းမြန္တဲ့ရာသီအစကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး ၈ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၂၁ မွတ္နဲ႔ လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးထက္ ၁ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

စေနေန႔က ေျမာက္လန္ဒန္ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ ေသာမတ္စ္ ပါေတးရဲ႕ ကြင္းလယ္ကစြမ္းဆာင္ရည္ဟာ ဂန္းနားေတြရဲ႕ ေတာက္ပမႈမွာ အဓိကက်ခဲ့တာျဖစ္ပါတယ္။

ေပါင္ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ ဒုတိယေျမာက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ ပါေတးဟာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္က အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီးေနာက္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒီလို အသင္းအတြက္ ပါဝင္ကစားေပးခ်ိန္မွာ အက်ိဳးသက္ေရာက္မႈအျပည့္အဝ ျပသႏိုင္ခဲ့ေပမယ့္လည္း ဂ်ီးနပ္စ္က အာဆင္နယ္အေနနဲ႔ အသက္ ၂၉ ႏွစ္အ႐ြယ္ ဂါနာကြင္းလယ္ၾကယ္ပြင့္အေပၚကို မွီခိုလို႔ မရႏိုင္ဘူးလို႔ ယုံၾကည္ေနၿပီး ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္ႏိုင္မယ့္ ကြင္းလယ္ကစားသမားတစ္ဦး ေခၚယူဖို႔ လိုတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား သူ႔အေပၚမွာ အားထားလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္သာ အီဒူးရင္ ကြၽန္ေတာ္ ဇန္နဝါရီလမွာ ပထမဆုံးေခၚသြားမယ့္ေနရာက ကြင္းလယ္ပဲ ျဖစ္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား သူ႔အေပၚမွာပဲ အားကိုးေနလို႔မရတာေၾကာင့္ပါ။ သူက အရမ္းအေရးပါၿပီး သူ ပါတဲ့ပြဲဆို ဘာေတြကြာလဲခင္ဗ်ား ျမင္မွာပါ”

“ဒါေပမယ့္ အဲဒီေနရာမွာ သူမပါရင္ စၿပီး ဖ႐ိုဖရဲျဖစ္လာၿပီး ေဂ်ဆူးစ္၊ နကီးတီးယားနဲ႔ ေဖဘီယို ဗီယာရာတို႔ကို သြားသုံးမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေျပာေနတာက မတူညီတဲ့ပြဲစဥ္အေၾကာင္း ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.