UCL&UEL

လီဗာပူးလ်ကို ရိန်းဂျားစ်တို့ အလဲထိုးသွားနိုင်တဲ့အကြောင်းအရင်းကြီး ၃ ခု

လီဗာပူးလ်အသင်းဟာ ယနေ့ညမှာ ရိန်းဂျားစ်တွေနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အန်းဖီးမှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ပွဲမှာ ၁၁-၀ ဂိုးအရေအတွက်နဲ့ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရိန်းဂျားစ်တွေဟာ ၆ ကြိမ် ဥရောပချန်ပီယံဖြစ်ထားတဲ့ မာဆေးဆိုဒ်အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းတစ်ခု မျှော်မှန်းထားမှာဖြစ်ပါတယ်။

လီဗာပူးလ်ကလည်း ယခုရာသီမှာ အထနှေးနေခဲ့ပြီး ပရီးမီးယားလိဂ်မှာရော ဥရောပမှာပါ ရလဒ်ကောင်းတွေ မရယူနိုင်ခဲ့တာကြောင့် ရိန်းဂျားစ်တွေအတွက် အန်းဖီးမှာ မျှော်လင့်ချက်မရှိဘူးလို့ လုံးလုံးကြီး ငြင်းပယ်လို့ မရနိုင်တာဖြစ်ပြီး ဒီလိုဖြစ်လာနိုင်တဲ့ အကြောင်းအရင်းကြီး ၃ ခုကလည်း ရှိနေတာဖြစ်ပါတယ်။

၁။ ရိုင်ယန် ကန့်တ်နဲ့ ထရင့် အလက်ဇန်းဒါး-အာနိုး

အလက်ဇန်းဒါး-အာနိုးဟာ ပွဲနှောင်းပိုင်းတွေမှာ ခံစစ်ကစားပုံ ချဉ်းကပ်တဲ့နေရာမှာ အမှားအယွင်းတွေ ပြုလုပ်မိခဲ့ပြီး ရိုင်ယန် ကန့်တ်နဲ့ ရင်ဆိုင်ရာမှာတော့ အဲဒီလို အမှားမျိုးတွေ ထပ်ကျူးလွန်လို့မရနိုင်တော့တာဖြစ်ပါတယ်။ ကန့်တ်ဟာ ရိန်းဂျားရဲ့ ဥရောပပွဲစဉ်တွေမှာ အပြင်းထန်ဆုံး တိုက်စစ်လက်နက်အဖြစ် မကြာခဏ သက်သေပြခဲ့သူဖြစ်ပြီး အခွင့်အရေးသာ ရှိရင် ၎င်းရဲ့ မြန်နှုန်းက ကလော့ပ်ရဲ့ ရှေ့တက်လွန်းတဲ့ ခံစစ်ကို ဖရိုဖရဲဖြစ်စေမှာဖြစ်ပါတယ်။

ကန့်တ်ဟာ ဟာ့တ်စ်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် တစ်ဦးချင်းသွင်းဂိုးကို သွင်းယူပြခဲ့ပြီး ရက်ဘီ မာတွန်ဒို ဒါမှမဟုတ် ဖက်ရှင် ဆာကာလာတို့ထဲကတစ်ဦးသာ ပွဲထွက်လူစာရင်းထဲပါလာရင် နောက်ထပ် တောင်ပံတစ်ဖက်ကနေ လီဗာပူးလ်ကို အလားတူပြဿနာဖြစ်စေမှာဖြစ်ပါတယ်။

၂။ တိုက်စစ်မှူး ၂ ဦး၊ ဂိုးသွင်းသူ ၂ ဦး

အိုင်းဘရော့စ်ကို ရောက်ရှိလာပြီးကတည်းက အန်တိုနီယို ကိုလတ်ခ်ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ရိန်းဂျားစ်အတွက် ကာလရှည်ကစားပေးခဲ့တဲ့ ၎င်းတို့ရဲ့ တသက်တာ ဥရောပစံချိန်တင်သွင်းဂိုးရှင် အယ်လ်ဖရက်ဒို မိုရီလော့စ်တောင် မာဆေးဆိုဒ်မှာ ပွဲထွက်ကစားသမားအဖြစ် အာမခံချက် မရရှိနိုင်တဲ့အထိပဲ ဖြစ်ပါတယ်။

ကိုလတ်ခ်ဟာ ဟာ့တ်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ရိန်းဂျားစ်အတွက် ၁၄ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး နည်းပြ ဗန် ဘရွန်ခေါ့စ်တ်အနေနဲ့ တိုက်စစ်မှာ ဘယ်သူ့ကိုပဲ ဦးဆောင်ခိုင်းသည်ဖြစ်စေ ရိန်းဂျားစ်တိုက်စစ်မှူး ၂ ဦးစလုံးက ဘရိုက်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲစဉ်မှာ အချိန်တိုင်း ဟာပေါက်တွေ ရှိနေခဲ့တဲ့ လီဗာပူးလ်ခံစစ်ကို ပြဿနာအများအပြား ပေးနိုင်စွမ်းရှိမှာတော့ သေချာပါတယ်။

၃။ ပင်ပန်းနွမ်းနယ်မှုနဲ့ အလုပ်ကြိုးစားခြင်း

ရိန်းဂျားစ်ဟာ နောက်ဆုံး အုပ်စုအဆင့်ပွဲစဉ်မှာ နာပိုလီကို ၃-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း စီးရီးအေထိပ်သီးအသင်းကြီးဟာ ဂျိမ်းစ် ဆန်းဒ်စ် အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးမှ အသာစီးရပြီး ဂိုးတွေ သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်အထိတော့ ရိန်းဂျားစ်တွေဟာ နာပိုလီနဲ့ သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပြီး နည်းပြ ဗန် ဘရွန်ခေါ့စ်တ်လက်အောက်မှာ အကောင်းဆုံး ဥရောပခြေစွမ်းကို ပြသခဲ့ကြတာဖြစ်ပါတ်။

လီဗာပူးလ်နဲ့ပွဲမှာသာ ရိုင်ယန် ဂျက်ခ်၊ ဂလန်း ကာမာရာ၊ ဂျွန် လွန်းစထရန်း ဒါမှမဟုတ် မာလစ် တီလ်မန်းတို့နဲ့အတူ ဒီလို ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်နေပုံပေါ်တဲ့ ကလော့ပ်အသင်းအတွက်တော့ အိပ်မက်ဆိုးဖြစ်လာမှာဖြစ်ပါတယ်။ ဂျော်ဒန် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ပုံစံကြည့်ရတာလည်း ဒီရာသီမှာ ကိုယ့်အရိပ် ကိုယ်ပြန်မိုးခံနေရသလိုဖြစ်နေပြီး သီယေဂိုကလည်း ရိန်းဂျားစ်ရဲ့ မဆုတ်မနစ် ဖိအားပေးတဲ့ကစားကွက် အလုပ်ဖြစ်ခဲ့ရင် ရုန်းကန်ရဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ယေန႔ညမွာ ရိန္းဂ်ားစ္ေတြနဲ႔ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ အန္းဖီးမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၃ ပြဲမွာ ၁၁-၀ ဂိုးအေရအတြက္နဲ႔ ၃ ပြဲဆက္ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ ရိန္းဂ်ားစ္ေတြဟာ ၆ ႀကိမ္ ဥေရာပခ်န္ပီယံျဖစ္ထားတဲ့ မာေဆးဆိုဒ္အသင္းနဲ႔ပြဲမွာ ရလဒ္ေကာင္းတစ္ခု ေမွ်ာ္မွန္းထားမွာျဖစ္ပါတယ္။

လီဗာပူးလ္ကလည္း ယခုရာသီမွာ အထေႏွးေနခဲ့ၿပီး ပရီးမီးယားလိဂ္မွာေရာ ဥေရာပမွာပါ ရလဒ္ေကာင္းေတြ မရယူႏိုင္ခဲ့တာေၾကာင့္ ရိန္းဂ်ားစ္ေတြအတြက္ အန္းဖီးမွာ ေမွ်ာ္လင့္ခ်က္မရွိဘူးလို႔ လုံးလုံးႀကီး ျငင္းပယ္လို႔ မရႏိုင္တာျဖစ္ၿပီး ဒီလိုျဖစ္လာႏိုင္တဲ့ အေၾကာင္းအရင္းႀကီး ၃ ခုကလည္း ရွိေနတာျဖစ္ပါတယ္။

၁။ ႐ိုင္ယန္ ကန႔္တ္နဲ႔ ထရင့္ အလက္ဇန္းဒါး-အာႏိုး

အလက္ဇန္းဒါး-အာႏိုးဟာ ပြဲေႏွာင္းပိုင္းေတြမွာ ခံစစ္ကစားပုံ ခ်ဥ္းကပ္တဲ့ေနရာမွာ အမွားအယြင္းေတြ ျပဳလုပ္မိခဲ့ၿပီး ႐ိုင္ယန္ ကန႔္တ္နဲ႔ ရင္ဆိုင္ရာမွာေတာ့ အဲဒီလို အမွားမ်ိဳးေတြ ထပ္က်ဴးလြန္လို႔မရႏိုင္ေတာ့တာျဖစ္ပါတယ္။ ကန႔္တ္ဟာ ရိန္းဂ်ားရဲ႕ ဥေရာပပြဲစဥ္ေတြမွာ အျပင္းထန္ဆုံး တိုက္စစ္လက္နက္အျဖစ္ မၾကာခဏ သက္ေသျပခဲ့သူျဖစ္ၿပီး အခြင့္အေရးသာ ရွိရင္ ၎ရဲ႕ ျမန္ႏႈန္းက ကေလာ့ပ္ရဲ႕ ေရွ႕တက္လြန္းတဲ့ ခံစစ္ကို ဖ႐ိုဖရဲျဖစ္ေစမွာျဖစ္ပါတယ္။

ကန႔္တ္ဟာ ဟာ့တ္စ္အသင္းကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ တစ္ဦးခ်င္းသြင္းဂိုးကို သြင္းယူျပခဲ့ၿပီး ရက္ဘီ မာတြန္ဒို ဒါမွမဟုတ္ ဖက္ရွင္ ဆာကာလာတို႔ထဲကတစ္ဦးသာ ပြဲထြက္လူစာရင္းထဲပါလာရင္ ေနာက္ထပ္ ေတာင္ပံတစ္ဖက္ကေန လီဗာပူးလ္ကို အလားတူျပႆနာျဖစ္ေစမွာျဖစ္ပါတယ္။

၂။ တိုက္စစ္မႉး ၂ ဦး၊ ဂိုးသြင္းသူ ၂ ဦး

အိုင္းဘေရာ့စ္ကို ေရာက္ရွိလာၿပီးကတည္းက အန္တိုနီယို ကိုလတ္ခ္ရဲ႕ ေကာင္းမြန္တဲ့ ေျခစြမ္းေၾကာင့္ ရိန္းဂ်ားစ္အတြက္ ကာလရွည္ကစားေပးခဲ့တဲ့ ၎တို႔ရဲ႕ တသက္တာ ဥေရာပစံခ်ိန္တင္သြင္းဂိုးရွင္ အယ္လ္ဖရက္ဒို မိုရီေလာ့စ္ေတာင္ မာေဆးဆိုဒ္မွာ ပြဲထြက္ကစားသမားအျဖစ္ အာမခံခ်က္ မရရွိႏိုင္တဲ့အထိပဲ ျဖစ္ပါတယ္။

ကိုလတ္ခ္ဟာ ဟာ့တ္စ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ရိန္းဂ်ားစ္အတြက္ ၁၄ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး နည္းျပ ဗန္ ဘ႐ြန္ေခါ့စ္တ္အေနနဲ႔ တိုက္စစ္မွာ ဘယ္သူ႔ကိုပဲ ဦးေဆာင္ခိုင္းသည္ျဖစ္ေစ ရိန္းဂ်ားစ္တိုက္စစ္မႉး ၂ ဦးစလုံးက ဘ႐ိုက္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲစဥ္မွာ အခ်ိန္တိုင္း ဟာေပါက္ေတြ ရွိေနခဲ့တဲ့ လီဗာပူးလ္ခံစစ္ကို ျပႆနာအမ်ားအျပား ေပးႏိုင္စြမ္းရွိမွာေတာ့ ေသခ်ာပါတယ္။

၃။ ပင္ပန္းႏြမ္းနယ္မႈနဲ႔ အလုပ္ႀကိဳးစားျခင္း

ရိန္းဂ်ားစ္ဟာ ေနာက္ဆုံး အုပ္စုအဆင့္ပြဲစဥ္မွာ နာပိုလီကို ၃-၀ နဲ႔ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ေပမယ့္လည္း စီးရီးေအထိပ္သီးအသင္းႀကီးဟာ ဂ်ိမ္းစ္ ဆန္းဒ္စ္ အနီကတ္နဲ႔ ထုတ္ပယ္ခံရၿပီးမွ အသာစီးရၿပီး ဂိုးေတြ သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီမတိုင္ခင္အထိေတာ့ ရိန္းဂ်ားစ္ေတြဟာ နာပိုလီနဲ႔ သူတင္ကိုယ္တင္ ယွဥ္ကစားႏိုင္ခဲ့ၿပီး နည္းျပ ဗန္ ဘ႐ြန္ေခါ့စ္တ္လက္ေအာက္မွာ အေကာင္းဆုံး ဥေရာပေျခစြမ္းကို ျပသခဲ့ၾကတာျဖစ္ပါတ္။

လီဗာပူးလ္နဲ႔ပြဲမွာသာ ႐ိုင္ယန္ ဂ်က္ခ္၊ ဂလန္း ကာမာရာ၊ ဂြၽန္ လြန္းစထရန္း ဒါမွမဟုတ္ မာလစ္ တီလ္မန္းတို႔နဲ႔အတူ ဒီလို ေျခစြမ္းမ်ိဳး ျပန္လည္ျပသႏိုင္မယ္ဆိုရင္ ပင္ပန္းႏြမ္းနယ္ေနပုံေပၚတဲ့ ကေလာ့ပ္အသင္းအတြက္ေတာ့ အိပ္မက္ဆိုးျဖစ္လာမွာျဖစ္ပါတယ္။ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ဖာဘင္ညိဳတို႔ပုံစံၾကည့္ရတာလည္း ဒီရာသီမွာ ကိုယ့္အရိပ္ ကိုယ္ျပန္မိုးခံေနရသလိုျဖစ္ေနၿပီး သီေယဂိုကလည္း ရိန္းဂ်ားစ္ရဲ႕ မဆုတ္မနစ္ ဖိအားေပးတဲ့ကစားကြက္ အလုပ္ျဖစ္ခဲ့ရင္ ႐ုန္းကန္ရဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.