Serie A UCL&UEL

တူဟယ်မရှိတော့တဲ့ ချဲလ်ဆီးကို ရက်ရက်စက်စက်နှိမ်လိုက်တဲ့ အေစီမီလန်နည်းပြ

အေစီမီလန်နည်းပြ စတီဖာနို ပီအိုလီက ယခုလနှောင်းပိုင်း ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် အမ်ပိုလီအသင်းဟာ ချဲလ်ဆီးအသင်းထက်တောင် ပိုမိုခက်ခဲတဲ့ ပြိုင်ဘက်တွေအဖြစ် ရှိနေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဖီအိုရင်တီးနားနဲ့ အင်တာမီလန် နည်းပြဟောင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်မှာ အေစီမီလန်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရာသီ စီးရီးအေဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းကို တစ်ချိန်တုန်းက ရွှေခေတ်ကို ပြန်လည်ပို့ဆောင်ပေးဖို့ ကြိုးပမ်းနေသူဖြစ်ပါတယ်။ အေစီမီလန်ဟာ ယခုလအစောပိုင်းမှာ ဒိုင်နမို ဇာဂရက်ကို အနိုင်ရရှိခဲ့ပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်ကို လာရောက်ပြီး ချဲလ်ဆီးအသင်းကို ထပ်မံ အနိုင်ယူပြီး အုပ်စု E မှာ ဆက်လက် ဦးဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ ချဲလ်ဆီးအသင်းကတော့ ဒိုင်နမို ဇာဂရက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဥရောပပြိုင်ပွဲကို စိတ်ပျက်စရာပုံစံနဲ့ စတင်ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ဆာ့လ်ဇ်ဘတ်ကို ထပ်မံ သရေကျခဲ့တဲ့အတွက် ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ တော်တော်လေး ရုန်းကန်ရမယ့် အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။

လက်ရှိ စီးရီးအေအမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်ဟာ အနောက်လန်ဒန်ကို မလာခင် ၄ ရက်အလိုမှာ အမ်ပိုလီနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ပီအိုလီက ၎င်းတို့ရဲ့ ပြည်တွင်းပြိုင်ဘက်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရင်ဆိုင်ရမယ့် ချဲလ်ဆီးအသင်းထက်စာရင် ပိုမို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“အီတလီနဲ့ ဥရောပမှာ ကောင်းကောင်း ကစားနိုင်တဲ့ကြားမှာ များများစားစား ကွာခြားမှုရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ချန်ပီယံလိဂ်က ပိုမြင့်မားတဲ့ အရှိန်အဟုန်မျိုး လိုအပ်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။ ချဲလ်ဆီးပွဲစဉ်နဲ့ပတ်သက်ပြီး မျှော်မှန်းမှုတွေရှိတယ်ဆိုတာ ကျွန်တော် နားလည်ပေမယ့် ကျွန်တော်တို့အတွက် အခက်ခဲဆုံးပွဲစဉ်အဖြစ် အမ်ပိုလီနဲ့ ပွဲစဉ်က ကျိန်းသေပေါက် ရှိနေပါတယ်”

“ကျွန်တော်တို့ အဲဒီပွဲစဉ်ကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ နိုင်ငံတကာပွဲစဉ်ကစားပြီးပြန်လာတာ ၂ ရက်ပဲ ရှိသေးမယ့် ကစားသမားတွေကို ပြန်လည်ကြိုဆိုသွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန်အဆင့်အတန်းအတိုင်း ကစားနိုင်ရင် ချဲလ်ဆီးနဲ့ပွဲက ရလဒ်က ကျွန်တော်တို့ လိုချင်တဲ့အတိုင်းအတာထဲမှာ ရလိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ်”

“ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ပြီးခဲ့တဲ့ရာသီအပြီးမှာ ပိုလို့တောင် တိုးတက်အောင် ကြိုးပမ်းနေပေမယ့် စီးရီးအေက ဟန်ချက်ကောင်းကောင်းညီတဲ့ လိဂ်ဖြစ်ပြီး အားလုံးက လူအင်အားဖြည့်တင်းမှုတွေနဲ့အတူ သူမသာကိုယ်မသာအနေအထားမှာရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အဆုံးအထိ ဆုဖလားအတွက် အုပ်စုထဲမှာ တိုက်ပွဲဝင်ပြီး ဆက်နေသွားချင်ပါတယ်”

“နာပိုလီနဲ့ပွဲက ကျွန်တော်တို့ စွမ်းဆောင်ရည်က မြင့်မားတဲ့အဆင့်မှာရှိနေခဲ့ပေမယ့် ကျွန်တော်တို့ ရမှတ်တွေ မရယူနိုင်ခဲ့တာက ကျွန်တော်တို့အနေနဲ့ အခြေအနေအချို့မှာ ပိုကောင်းအောင် လုပ်နိုင်ရင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ကျွန်တော် မီလန်မှာ ရှိနေရတာကို အိမ်မှာရှိနေရသလို ခံစားရပြီး ခင်ဗျား အိမ်မှာရှိနေတယ်လို့ ခံစားရတဲ့အခါကျရင် တခြား ရွေးချယ်စရာတွေကိုတောင် စဉ်းစားချင်တော့မှာမဟုတ်ပါဘူး”

“ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိသေးပေမယ့် ကျွန်တော့်စာချုပ် ဒါမှမဟုတ် အနာဂတ်နဲ့ပတ်သက်ပြီး လုံးဝ စိုးရိမ်မှု မရှိပါဘူး။ မီလန်ရဲ့ ရည်မှန်းချက်က ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့နဲ့ဆုဖလားတွေ ရယူဖို့ပါ။ ကျွန်တော်တို့ ဆက်ပြီး တိုးတက်ချင်ပြီး ကျွန်တော်တို့က ငယ်ရွယ်တဲ့အသင်းအဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း ထိပ်ဆုံးနေရာအတွက် ရည်မှန်းလို့ ရနိုင်တယ်လို့ ယုံကြည်ချက်ရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေအစီမီလန္နည္းျပ စတီဖာႏို ပီအိုလီက ယခုလေႏွာင္းပိုင္း ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္ခင္ အမ္ပိုလီအသင္းဟာ ခ်ဲလ္ဆီးအသင္းထက္ေတာင္ ပိုမိုခက္ခဲတဲ့ ၿပိဳင္ဘက္ေတြအျဖစ္ ရွိေနလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဖီအိုရင္တီးနားနဲ႔ အင္တာမီလန္ နည္းျပေဟာင္းဟာ လြန္ခဲ့တဲ့ ၃ ႏွစ္မွာ ေအစီမီလန္အသင္းကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ရာသီ စီးရီးေအဖလား ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး အသင္းကို တစ္ခ်ိန္တုန္းက ေ႐ႊေခတ္ကို ျပန္လည္ပို႔ေဆာင္ေပးဖို႔ ႀကိဳးပမ္းေနသူျဖစ္ပါတယ္။ ေအစီမီလန္ဟာ ယခုလအေစာပိုင္းမွာ ဒိုင္နမို ဇာဂရက္ကို အႏိုင္ရရွိခဲ့ၿပီးေနာက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို လာေရာက္ၿပီး ခ်ဲလ္ဆီးအသင္းကို ထပ္မံ အႏိုင္ယူၿပီး အုပ္စု E မွာ ဆက္လက္ ဦးေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

ဆန႔္က်င္ဘက္အေနနဲ႔ ခ်ဲလ္ဆီးအသင္းကေတာ့ ဒိုင္နမို ဇာဂရက္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဥေရာပၿပိဳင္ပြဲကို စိတ္ပ်က္စရာပုံစံနဲ႔ စတင္ခဲ့တာျဖစ္ၿပီး အိမ္ကြင္းမွာ ဆာ့လ္ဇ္ဘတ္ကို ထပ္မံ သေရက်ခဲ့တဲ့အတြက္ ရႈံးထြက္အဆင့္တက္ေရာက္ႏိုင္ဖို႔ ေတာ္ေတာ္ေလး ႐ုန္းကန္ရမယ့္ အေနအထားမွာ ရွိေနတာျဖစ္ပါတယ္။

လက္ရွိ စီးရီးေအအမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့ ေအစီမီလန္ဟာ အေနာက္လန္ဒန္ကို မလာခင္ ၄ ရက္အလိုမွာ အမ္ပိုလီနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္ ပီအိုလီက ၎တို႔ရဲ႕ ျပည္တြင္းၿပိဳင္ဘက္ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ရင္ဆိုင္ရမယ့္ ခ်ဲလ္ဆီးအသင္းထက္စာရင္ ပိုမို ၿခိမ္းေျခာက္ႏိုင္လိမ့္မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“အီတလီနဲ႔ ဥေရာပမွာ ေကာင္းေကာင္း ကစားႏိုင္တဲ့ၾကားမွာ မ်ားမ်ားစားစား ကြာျခားမႈရွိမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ခ်န္ပီယံလိဂ္က ပိုျမင့္မားတဲ့ အရွိန္အဟုန္မ်ိဳး လိုအပ္ေပမယ့္ မျဖစ္ႏိုင္ဘူးဆိုတာ ဘာမွမရွိပါဘူး။ ခ်ဲလ္ဆီးပြဲစဥ္နဲ႔ပတ္သက္ၿပီး ေမွ်ာ္မွန္းမႈေတြရွိတယ္ဆိုတာ ကြၽန္ေတာ္ နားလည္ေပမယ့္ ကြၽန္ေတာ္တို႔အတြက္ အခက္ခဲဆုံးပြဲစဥ္အျဖစ္ အမ္ပိုလီနဲ႔ ပြဲစဥ္က က်ိန္းေသေပါက္ ရွိေနပါတယ္”

“ကြၽန္ေတာ္တို႔ အဲဒီပြဲစဥ္ကို သြားေရာက္ယွဥ္ၿပိဳင္တဲ့အခါမွာ ႏိုင္ငံတကာပြဲစဥ္ကစားၿပီးျပန္လာတာ ၂ ရက္ပဲ ရွိေသးမယ့္ ကစားသမားေတြကို ျပန္လည္ႀကိဳဆိုသြားရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပုံမွန္အဆင့္အတန္းအတိုင္း ကစားႏိုင္ရင္ ခ်ဲလ္ဆီးနဲ႔ပြဲက ရလဒ္က ကြၽန္ေတာ္တို႔ လိုခ်င္တဲ့အတိုင္းအတာထဲမွာ ရလိမ့္မယ္လို႔ ယုံၾကည္မႈရွိပါတယ္”

“ကြၽန္ေတာ္တို႔ရဲ႕ အဆင့္အတန္းကို ၿပီးခဲ့တဲ့ရာသီအၿပီးမွာ ပိုလို႔ေတာင္ တိုးတက္ေအာင္ ႀကိဳးပမ္းေနေပမယ့္ စီးရီးေအက ဟန္ခ်က္ေကာင္းေကာင္းညီတဲ့ လိဂ္ျဖစ္ၿပီး အားလုံးက လူအင္အားျဖည့္တင္းမႈေတြနဲ႔အတူ သူမသာကိုယ္မသာအေနအထားမွာရွိေနပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အဆုံးအထိ ဆုဖလားအတြက္ အုပ္စုထဲမွာ တိုက္ပြဲဝင္ၿပီး ဆက္ေနသြားခ်င္ပါတယ္”

“နာပိုလီနဲ႔ပြဲက ကြၽန္ေတာ္တို႔ စြမ္းေဆာင္ရည္က ျမင့္မားတဲ့အဆင့္မွာရွိေနခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ရမွတ္ေတြ မရယူႏိုင္ခဲ့တာက ကြၽန္ေတာ္တို႔အေနနဲ႔ အေျခအေနအခ်ိဳ႕မွာ ပိုေကာင္းေအာင္ လုပ္ႏိုင္ရင္ လုပ္ကိုလုပ္ရမယ္ဆိုတဲ့အဓိပၸာယ္ပါ။ ကြၽန္ေတာ္ မီလန္မွာ ရွိေနရတာကို အိမ္မွာရွိေနရသလို ခံစားရၿပီး ခင္ဗ်ား အိမ္မွာရွိေနတယ္လို႔ ခံစားရတဲ့အခါက်ရင္ တျခား ေ႐ြးခ်ယ္စရာေတြကိုေတာင္ စဥ္းစားခ်င္ေတာ့မွာမဟုတ္ပါဘူး”

“ကြၽန္ေတာ္တို႔မွာ လုပ္စရာေတြ အမ်ားႀကီး ရွိေသးေပမယ့္ ကြၽန္ေတာ့္စာခ်ဳပ္ ဒါမွမဟုတ္ အနာဂတ္နဲ႔ပတ္သက္ၿပီး လုံးဝ စိုးရိမ္မႈ မရွိပါဘူး။ မီလန္ရဲ႕ ရည္မွန္းခ်က္က ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိဖို႔နဲ႔ဆုဖလားေတြ ရယူဖို႔ပါ။ ကြၽန္ေတာ္တို႔ ဆက္ၿပီး တိုးတက္ခ်င္ၿပီး ကြၽန္ေတာ္တို႔က ငယ္႐ြယ္တဲ့အသင္းအျဖစ္ ရွိေနဆဲျဖစ္ေပမယ့္လည္း ထိပ္ဆုံးေနရာအတြက္ ရည္မွန္းလို႔ ရႏိုင္တယ္လို႔ ယုံၾကည္ခ်က္ရွိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.