Premier League

မန်စီးတီးနဲ့ပွဲမှာ အဝတ်လဲခန်းထဲ သောင်းကျန်းခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ မာတီနက်ဇ်

ဘရူနို ဖာနန်ဒက်စ်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို ၆-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီး မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေကို ဒေါသတကြီး အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည် ပြသခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းက ပထမပိုင်းအပြီးမှာတင် ၄ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ တိုးတက်လာတဲ့လက္ခဏာတွေ ပြသခဲ့ပေမယ့်လည်း ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ ဟက်ထရစ်သွင်းဂိုးတွေကြောင့် မလုံလောက်ခဲ့ဘဲ အိမ်ရှင် မန်စီးတီးက သက်တောင့်သက်သာ အနိုင် ၃ မှတ် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်နဲ့ မာတီနက်ဇ်တို့ဟာ ပထမပိုင်း ပွဲကစားချိန်အပြီးမှာ အသင်းဖော်တွေကို ဒေါသပေါက်ကွဲခဲ့ကြပြီး အော်ဟစ်ကြိမ်းမောင်းသံတွေကို အဝတ်လဲခန်းအပြင်ဘက်က ကော်ရစ်ဒါတလျှောက်လုံးတောင် ကြားနေခဲ့ရတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ဟာ ဟာရီ မက်ဂွိုင်းယားမပါဝင်မှုကြောင့် အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး မာတီနက်ဇ်ကလည်း အဝတ်လဲခန်းအတွင်းမှာ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းမှုမှာ ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်းသိအောင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ခံယူချက်နဲ့ ယုံကြည်ချက်က အစပိုင်းကတည်းက အကောင်းဆုံးမဟုတ်ခဲ့ဘဲ အဲဒါက ကျွန်တော်တို့ကို ပြဿနာတွေအများအပြားဖြစ်စေပြီး အစောပိုင်းဂိုးတွေ ပေးခဲ့ရစေတယ်။ ပထမပိုင်းအပြီးမှာတော့ ကျွန်တော်တို့ ရလဒ်ကောင်းရဖို့ ပြန်ကြိုးပမ်းခဲ့ပြီး ဒုတိယပိုင်းက အများကြီး ပိုကောင်းမွန်ခဲ့ပါတယ်”

“ကျွန်တော်တို့ ပိုပြီးတော့ ထိန်းချုပ်မှု ဆက်လုပ်ထားတယ်။ ပွဲကို ပိုပြီးတော့ ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ ဘောလုံးရတဲ့အချိန်တိုင်း ကျွန်တော်တို့က ပိုပြီးတော့ ရဲရင့်ပါတယ်။ ကျွန်တော်တို့ တကယ်စိတ်ပျက်ခဲ့မိပေမယ့် အခုက နောက်ပွဲအတွက် အာရုံစိုက်ရမယ့်အချိန်ဖြစ်ပြီး ကျွန်တော်တို့ အရင်တုန်းကလုပ်ခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း ပြန်ရအောင် လုပ်ရမယ်ဆိုတာကို နားလည်ရမယ့်အချိန်ပါ”

“ယုံကြည်မှုတွေနဲ့ အရာအားလုံး အတူတကွ လိုက်နာကျင့်ကြံမှုတွေနဲ့ ဒီအရာက ကျွန်တော်တို့ကို စိတ်ပျက်အောင် လုပ်လို့မရနိုင်ဘူးဆိုတာကို နားလည်ဖို့ လိုပါတယ်”လို့ ဖာနန်ဒက်စ်က မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ဟာ တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးကို ၆-၃ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ ပထမပိုင္းအၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြကို ေဒါသတႀကီး ေအာ္ဟစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ပထမပိုင္း ၄၅ မိနစ္အတြင္းမွာ ဆိုး႐ြားလြန္းတဲ့ စြမ္းေဆာင္ရည္ ျပသခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းက ပထမပိုင္းအၿပီးမွာတင္ ၄ ဂိုးျပတ္နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ဒုတိယပိုင္းမွာ တိုးတက္လာတဲ့လကၡဏာေတြ ျပသခဲ့ေပမယ့္လည္း ဟာလန္းနဲ႔ ဖိုဒန္တို႔ရဲ႕ ဟက္ထရစ္သြင္းဂိုးေတြေၾကာင့္ မလုံေလာက္ခဲ့ဘဲ အိမ္ရွင္ မန္စီးတီးက သက္ေတာင့္သက္သာ အႏိုင္ ၃ မွတ္ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ဖာနန္ဒက္စ္နဲ႔ မာတီနက္ဇ္တို႔ဟာ ပထမပိုင္း ပြဲကစားခ်ိန္အၿပီးမွာ အသင္းေဖာ္ေတြကို ေဒါသေပါက္ကြဲခဲ့ၾကၿပီး ေအာ္ဟစ္ႀကိမ္းေမာင္းသံေတြကို အဝတ္လဲခန္းအျပင္ဘက္က ေကာ္ရစ္ဒါတေလွ်ာက္လုံးေတာင္ ၾကားေနခဲ့ရတယ္လို႔ သိရပါတယ္။

ဖာနန္ဒက္စ္ဟာ ဟာရီ မက္ဂြိဳင္းယားမပါဝင္မႈေၾကာင့္ အသင္းေခါင္းေဆာင္အျဖစ္ အသင္းကို ဦးေဆာင္ခဲ့တာျဖစ္ၿပီး မာတီနက္ဇ္ကလည္း အဝတ္လဲခန္းအတြင္းမွာ ေဒါသတႀကီး ေအာ္ဟစ္ႀကိမ္းေမာင္းမႈမွာ ၎ရဲ႕ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္းသိေအာင္ ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

“ခံယူခ်က္နဲ႔ ယုံၾကည္ခ်က္က အစပိုင္းကတည္းက အေကာင္းဆုံးမဟုတ္ခဲ့ဘဲ အဲဒါက ကြၽန္ေတာ္တို႔ကို ျပႆနာေတြအမ်ားအျပားျဖစ္ေစၿပီး အေစာပိုင္းဂိုးေတြ ေပးခဲ့ရေစတယ္။ ပထမပိုင္းအၿပီးမွာေတာ့ ကြၽန္ေတာ္တို႔ ရလဒ္ေကာင္းရဖို႔ ျပန္ႀကိဳးပမ္းခဲ့ၿပီး ဒုတိယပိုင္းက အမ်ားႀကီး ပိုေကာင္းမြန္ခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ ပိုၿပီးေတာ့ ထိန္းခ်ဳပ္မႈ ဆက္လုပ္ထားတယ္။ ပြဲကို ပိုၿပီးေတာ့ ထိန္းခ်ဳပ္ထားတယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးရတဲ့အခ်ိန္တိုင္း ကြၽန္ေတာ္တို႔က ပိုၿပီးေတာ့ ရဲရင့္ပါတယ္။ ကြၽန္ေတာ္တို႔ တကယ္စိတ္ပ်က္ခဲ့မိေပမယ့္ အခုက ေနာက္ပြဲအတြက္ အာ႐ုံစိုက္ရမယ့္အခ်ိန္ျဖစ္ၿပီး ကြၽန္ေတာ္တို႔ အရင္တုန္းကလုပ္ခဲ့တဲ့ စြမ္းေဆာင္ရည္အတိုင္း ျပန္ရေအာင္ လုပ္ရမယ္ဆိုတာကို နားလည္ရမယ့္အခ်ိန္ပါ”

“ယုံၾကည္မႈေတြနဲ႔ အရာအားလုံး အတူတကြ လိုက္နာက်င့္ႀကံမႈေတြနဲ႔ ဒီအရာက ကြၽန္ေတာ္တို႔ကို စိတ္ပ်က္ေအာင္ လုပ္လို႔မရႏိုင္ဘူးဆိုတာကို နားလည္ဖို႔ လိုပါတယ္”လို႔ ဖာနန္ဒက္စ္က မန္စီးတီးနဲ႔ပြဲအၿပီးမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.