Premier League

မန်ချက်စတာဒါဘီမှာ အရန်ခုံထိုင်ခဲ့ရပြီးနောက် အနာဂတ်အတွက် ဆုံးဖြတ်လိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲစဉ်မှာ အရန်ခုံကနေသာ ကြည့်ရှုခဲ့ရပြီးနောက် ဇန်နဝါရီလမှာ သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရောက်ရှိလာမယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကစားသမားဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ အသင်းနဲ့ ဆက်ရှိနေခဲ့သူဖြစ်ပြီး မန်ချက်စတာစီးတီးကို ၆-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ အဲရစ် တန်ဟက်ဟာ လူစားလဲလို့ရတဲ့ ကစားသမားအရေအတွက် ၅ ဦးစလုံး လဲလှယ်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တဲ့ အန်သိုနီ မာစီယယ်လ်က နောက်ကျ နှစ်သိမ့်ဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ မန်ချက်စတာမြို့ခံပြိုင်ဘက်တွေရဲ့ ရက်ရက်စက်စက် အရှက်ခွဲခြင်းခံနေရတဲ့အသင်းကို စိတ်ပျက်လက်ပျက်နဲ့ ထိုင်ကြည့်နေခဲ့ရတာဖြစ်ပြီး နည်းပြ တန်ဟက်ကတော့ ရော်နယ်လ်ဒိုကို လူစားဝင်ကစားသမားအဖြစ် ထည့်မသုံးခဲ့တာက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းရဲ့ ကြီးမားတဲ့ကစားသမားဘဝကို မလေးမစားပြုလုပ်ရာကျမှာစိုးလို့ ဖြစ်တယ်လို့ အကြောင်းပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း The Telegraph က နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်လ်ဒိုကို ယခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာခွင့် ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ မကစားရမှာစိုးရိမ်တာကြောင့် နွေရာသီကတည်းက အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆော်ဒီ အာရေဗျကလပ်အသင်းဖြစ်တဲ့ အယ်လ် ဟီလာလ်ဆီကနေပဲ စစ်မှန်တဲ့ ကမ်းလှမ်းမှုမျိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ တန်ဟက်ဟာ ရော်နယ်လ်ဒိုရဲ့ လမ်းကို ပိတ်ထားဖို့ အစီအစဉ်မရှိတော့ဘဲ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးကို ထွက်ခွာခွင့်ပေးဖို့ ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့် ရရှိသေးတာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ အရှက်ရဖွယ် အနိုင်ယူခြင်းခံခဲ့ရတဲ့ပွဲစဉ်အတွင်း ကင်မရာတွေက ရော်နယ်လ်ဒိုကို မကြာခဏ ပြသခဲ့ပြီး ကိုယ်အမူအရာ အထူးကျွမ်းကျင်သူတွေက ပေါ်တူဂီကြယ်ပွင့်ရဲ့အမူအရာဟာ မပျော်မရွှင်မှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ မြင့်တက်လာနေတယ်ဆိုတာကို ညွှန်ပြနေကြောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က မန္ခ်က္စတာဒါဘီပြဲစဥ္မွာ အရန္ခုံကေနသာ ၾကည့္ရႈခဲ့ရၿပီးေနာက္ ဇန္နဝါရီလမွာ သင့္ေတာ္တဲ့ကမ္းလွမ္းမႈေတြ ေရာက္ရွိလာမယ္ဆိုရင္ အသင္းကေန ထြက္ခြာခြင့္ျပဳျခင္းခံရမွာျဖစ္တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ကစားသမားျဖစ္ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အသင္းနဲ႔ ဆက္ရွိေနခဲ့သူျဖစ္ၿပီး မန္ခ်က္စတာစီးတီးကို ၆-၃ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အရန္ခုံကေန လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။ အဲရစ္ တန္ဟက္ဟာ လူစားလဲလို႔ရတဲ့ ကစားသမားအေရအတြက္ ၅ ဦးစလုံး လဲလွယ္ခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ေနရာမွာ လူစားဝင္ကစားေပးခဲ့တဲ့ အန္သိုနီ မာစီယယ္လ္က ေနာက္က် ႏွစ္သိမ့္ဂိုး ၂ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ မန္ခ်က္စတာၿမိဳ႕ခံၿပိဳင္ဘက္ေတြရဲ႕ ရက္ရက္စက္စက္ အရွက္ခြဲျခင္းခံေနရတဲ့အသင္းကို စိတ္ပ်က္လက္ပ်က္နဲ႔ ထိုင္ၾကည့္ေနခဲ့ရတာျဖစ္ၿပီး နည္းျပ တန္ဟက္ကေတာ့ ေရာ္နယ္လ္ဒိုကို လူစားဝင္ကစားသမားအျဖစ္ ထည့္မသုံးခဲ့တာက ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းရဲ႕ ႀကီးမားတဲ့ကစားသမားဘဝကို မေလးမစားျပဳလုပ္ရာက်မွာစိုးလို႔ ျဖစ္တယ္လို႔ အေၾကာင္းျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း The Telegraph က ေနာက္ဆုံးထြက္ေပၚလာတဲ့သတင္းအရ မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္လ္ဒိုကို ယခုလာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကေန ထြက္ခြာခြင့္ ျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ယခုရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ မကစားရမွာစိုးရိမ္တာေၾကာင့္ ေႏြရာသီကတည္းက အသင္းကေန ထြက္ခြာဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေဆာ္ဒီ အာေရဗ်ကလပ္အသင္းျဖစ္တဲ့ အယ္လ္ ဟီလာလ္ဆီကေနပဲ စစ္မွန္တဲ့ ကမ္းလွမ္းမႈမ်ိဳး ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ တန္ဟက္ဟာ ေရာ္နယ္လ္ဒိုရဲ႕ လမ္းကို ပိတ္ထားဖို႔ အစီအစဥ္မရွိေတာ့ဘဲ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးကို ထြက္ခြာခြင့္ေပးဖို႔ ႀကိဳတင္ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ တစ္ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခြင့္ ရရွိေသးတာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ကို ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပြဲထြက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ အရွက္ရဖြယ္ အႏိုင္ယူျခင္းခံခဲ့ရတဲ့ပြဲစဥ္အတြင္း ကင္မရာေတြက ေရာ္နယ္လ္ဒိုကို မၾကာခဏ ျပသခဲ့ၿပီး ကိုယ္အမူအရာ အထူးကြၽမ္းက်င္သူေတြက ေပၚတူဂီၾကယ္ပြင့္ရဲ႕အမူအရာဟာ မေပ်ာ္မ႐ႊင္မႈေတြနဲ႔ စိတ္ပ်က္အားငယ္မႈေတြ ျမင့္တက္လာေနတယ္ဆိုတာကို ၫႊန္ျပေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.