Premier League

ဆာလီဘာကောင်းလွန်းလို့ အသင်းဖော်တောင် သိမ်ငယ်သွားရတယ်လို့ ဂျီးနပ်စ် ပြောပြီ

အာဆင်နယ်အသင်းရဲ့ အမှတ်ပေးဇယားထိပ်က အမြင့်ပျံသန်းမှုမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ အသက် အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်ရင့်ကျက်တဲ့ ခြေစွမ်းကို သူတို့တွေ လောလောလတ်လတ် ချေမှုန်းခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ်ကတောင် မနေနိုင်ဘဲ ထုတ်ဖော်ချီးကျူးခဲ့ရပါတယ်။

မြောက်လန်ဒန်ဒါဘီမှာ ပြိုင်ဘက်တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ ပင်နယ်တီရလို့သာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ပွဲတွင်းခြေစွမ်းက အသက် ၂၁ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံလူရဲ့ အရှိန်အဝါအောက်မှာ နစ်မြုပ်နေခဲ့ရသလို ဘောလုံးကျွမ်းကျင်မှုနဲ့ ခံစစ်စွမ်းဆောင်ရည်ကို ရောမွှေထားတဲ့ ခြေစွမ်းက အာဆင်နယ်တို့ရဲ့ နိုင်ပွဲမှာ ထင်ရှားလွန်းခဲ့တာပါ။

ဂျီးနပ်စ်ကတော့ ဆာလီဘာဟာ အာဆင်နယ်တို့ကို ကွင်းထဲမှာ နောက်တစ်ဆင့်မြင့်တဲ့ မာကျောမှုနဲ့ စွမ်းဆောင်ရည်ကို ယူဆောင်လာတယ်လို့ ထင်မြင်နေပြီး ကွင်းလယ်က ခပ်ပျော့ပျော့ ကစားသမားတွေလို့ သူ့အနေနဲ့ အထင်သေးခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ ပြင်သစ်သားရဲ့ ခံစစ်ပိုင်းက ဒါကို အကောင်းဆုံး ဖာထေးနိုင်ခဲ့တယ်လို့ ထင်မြင်နေပါတယ်။

“အာဆင်နယ်တို့ရဲ့ ကွင်းလယ်ကတော့ ခပ်ပျော့ပျော့လို့ ကျွန်တော် ထင်ခဲ့မိတာပဲ။ ဒါပေမယ့် ကစားသွားတဲ့အချိန်မှာ အရမ်းကောင်းပါတယ်။ အမြင့်ဆုံးအဆင့်က ပုံစံမျိုး သူတို့တွေအနေနဲ့ ကစားပြထားနိုင်တယ်။ သူတို့ထက် ထိပ်တန်းအဆင့်က သူတို့ရဲ့ ခြေလှမ်းတစ်လှမ်းအတွင်းမှာ ရောက်ရှိနေပါပြီ”လို့ ဆိုလိုက်ပြီး ဆာလီဘာကတော့ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို မညံ့ဘဲ ညံ့တယ်လို့ အပြောခံရအောင်လုပ်နေတယ်လို့ ဆိုသွားခဲ့တာပါ။

“ကျွန်တော် ခံစားမိတာတော့ ဆာလီဘာက အသင်းခံစစ်မှာ အမြင့်ဆုံး ပုံစံကို ပြသထားပြီး ဒါက သူနဲ့ တွဲကစားတဲ့ ဂါဘရီယယ်လ်ကို ပရိသတ်တွေရဲ့ သံသယ ဝင်စေမယ်လို့ ထင်ပါတယ်။ ဂါဘရီယယ်လ်ကလည်း ငယ်ရွယ်သေးတဲ့ ဗဟိုခံစစ်မှူးတစ်ဦးဖြစ်ပြီး အကောင်းဆုံးတွေထဲမှာလည်း ပါပါတယ်။ ဒါပေမယ့် ဆာလီဘာက စံနှုန်းသတ်မှတ်သလို ဖြစ်နေချိန်မှာ ပရိသတ်တွေကတော့ သူ့လိုလူနှစ်ယောက်ကို လိုချင်နေကြပါပြီ”

“ဂါဘရီယယ်လ်ကလည်း မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ မနှစ်ကဆို သူ့ရဲ့ လွှမ်းမိုးမှုက တော်တော်လေး ကြီးမားခဲ့ပြီး အာဆင်နယ် ခံစစ်မှာ ဦးဆောင်ကစားခဲ့သလို ဂိုးတွေလည်း သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ဆာလီဘာနဲ့ ယှဉ်လိုက်တော့ နည်းနည်း နိမ့်သလို ဖြစ်နေတာပေါ့”လို့ ဂျီးနပ်စ်က သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အကောင်းဆုံးလို့ စပါးစ်ကစားသမားဟောင်းရဲ့ တခုတ်တရ ထုတ်ဖော်ချီးကျူးခံခဲ့ရတဲ့ ဆာလီဘာဟာ လက်ရှိ အမ်းမရိတ်မှာ တစ်ပတ်လုပ်ခ ပေါင်လေးသောင်းရရှိနေပြီး ၂၀၂၄ နွေရာသီအထိ နှစ်နှစ်စာချုပ် ကျန်ရှိနေသေးသလို စာချုပ်သစ်အတွက်ကိုတော့ တာဝန်ရှိသူတွေက ကြီးကြီးမားမား တိုးမြှင့်ပေးဖို့ စဉ်းစားနေကြပြီဖြစ်ပြီး နှစ်ရှည်ချည်နှောင်သွားဖို့ ရှိနေတယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ အမွတ္ေပးဇယားထိပ္က အျမင့္ပ်ံသန္းမႈမွာ အေကာင္းဆုံး ေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ အသက္ အ႐ြယ္နဲ႔ မလိုက္ေအာင္ တည္ၿငိမ္ရင့္က်က္တဲ့ ေျခစြမ္းကို သူတို႔ေတြ ေလာေလာလတ္လတ္ ေခ်မႈန္းခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ကြင္းလယ္လူေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္ကေတာင္ မေနႏိုင္ဘဲ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ရပါတယ္။

ေျမာက္လန္ဒန္ဒါဘီမွာ ၿပိဳင္ဘက္တိုက္စစ္မႉး ဟာရီကိန္းအေနနဲ႔ ပင္နယ္တီရလို႔သာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး က်န္တဲ့ ပြဲတြင္းေျခစြမ္းက အသက္ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူရဲ႕ အရွိန္အဝါေအာက္မွာ နစ္ျမဳပ္ေနခဲ့ရသလို ေဘာလုံးကြၽမ္းက်င္မႈနဲ႔ ခံစစ္စြမ္းေဆာင္ရည္ကို ေရာေမႊထားတဲ့ ေျခစြမ္းက အာဆင္နယ္တို႔ရဲ႕ ႏိုင္ပြဲမွာ ထင္ရွားလြန္းခဲ့တာပါ။

ဂ်ီးနပ္စ္ကေတာ့ ဆာလီဘာဟာ အာဆင္နယ္တို႔ကို ကြင္းထဲမွာ ေနာက္တစ္ဆင့္ျမင့္တဲ့ မာေက်ာမႈနဲ႔ စြမ္းေဆာင္ရည္ကို ယူေဆာင္လာတယ္လို႔ ထင္ျမင္ေနၿပီး ကြင္းလယ္က ခပ္ေပ်ာ့ေပ်ာ့ ကစားသမားေတြလို႔ သူ႔အေနနဲ႔ အထင္ေသးခဲ့ဖူးေပမယ့္ လက္ေတြ႕မွာေတာ့ ျပင္သစ္သားရဲ႕ ခံစစ္ပိုင္းက ဒါကို အေကာင္းဆုံး ဖာေထးႏိုင္ခဲ့တယ္လို႔ ထင္ျမင္ေနပါတယ္။

“အာဆင္နယ္တို႔ရဲ႕ ကြင္းလယ္ကေတာ့ ခပ္ေပ်ာ့ေပ်ာ့လို႔ ကြၽန္ေတာ္ ထင္ခဲ့မိတာပဲ။ ဒါေပမယ့္ ကစားသြားတဲ့အခ်ိန္မွာ အရမ္းေကာင္းပါတယ္။ အျမင့္ဆုံးအဆင့္က ပုံစံမ်ိဳး သူတို႔ေတြအေနနဲ႔ ကစားျပထားႏိုင္တယ္။ သူတို႔ထက္ ထိပ္တန္းအဆင့္က သူတို႔ရဲ႕ ေျခလွမ္းတစ္လွမ္းအတြင္းမွာ ေရာက္ရွိေနပါၿပီ”လို႔ ဆိုလိုက္ၿပီး ဆာလီဘာကေတာ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို မညံ့ဘဲ ညံ့တယ္လို႔ အေျပာခံရေအာင္လုပ္ေနတယ္လို႔ ဆိုသြားခဲ့တာပါ။

“ကြၽန္ေတာ္ ခံစားမိတာေတာ့ ဆာလီဘာက အသင္းခံစစ္မွာ အျမင့္ဆုံး ပုံစံကို ျပသထားၿပီး ဒါက သူနဲ႔ တြဲကစားတဲ့ ဂါဘရီယယ္လ္ကို ပရိသတ္ေတြရဲ႕ သံသယ ဝင္ေစမယ္လို႔ ထင္ပါတယ္။ ဂါဘရီယယ္လ္ကလည္း ငယ္႐ြယ္ေသးတဲ့ ဗဟိုခံစစ္မႉးတစ္ဦးျဖစ္ၿပီး အေကာင္းဆုံးေတြထဲမွာလည္း ပါပါတယ္။ ဒါေပမယ့္ ဆာလီဘာက စံႏႈန္းသတ္မွတ္သလို ျဖစ္ေနခ်ိန္မွာ ပရိသတ္ေတြကေတာ့ သူ႔လိုလူႏွစ္ေယာက္ကို လိုခ်င္ေနၾကပါၿပီ”

“ဂါဘရီယယ္လ္ကလည္း မေကာင္းဘူး မဟုတ္ပါဘူး။ ေကာင္းပါတယ္။ မႏွစ္ကဆို သူ႔ရဲ႕ လႊမ္းမိုးမႈက ေတာ္ေတာ္ေလး ႀကီးမားခဲ့ၿပီး အာဆင္နယ္ ခံစစ္မွာ ဦးေဆာင္ကစားခဲ့သလို ဂိုးေတြလည္း သြင္းယူေပးခဲ့တာပါ။ ဒါေပမယ့္ ဆာလီဘာနဲ႔ ယွဥ္လိုက္ေတာ့ နည္းနည္း နိမ့္သလို ျဖစ္ေနတာေပါ့”လို႔ ဂ်ီးနပ္စ္က သုံးသပ္သြားခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ အေကာင္းဆုံးလို႔ စပါးစ္ကစားသမားေဟာင္းရဲ႕ တခုတ္တရ ထုတ္ေဖာ္ခ်ီးက်ဴးခံခဲ့ရတဲ့ ဆာလီဘာဟာ လက္ရွိ အမ္းမရိတ္မွာ တစ္ပတ္လုပ္ခ ေပါင္ေလးေသာင္းရရွိေနၿပီး ၂၀၂၄ ေႏြရာသီအထိ ႏွစ္ႏွစ္စာခ်ဳပ္ က်န္ရွိေနေသးသလို စာခ်ဳပ္သစ္အတြက္ကိုေတာ့ တာဝန္ရွိသူေတြက ႀကီးႀကီးမားမား တိုးျမႇင့္ေပးဖို႔ စဥ္းစားေနၾကၿပီျဖစ္ၿပီး ႏွစ္ရွည္ခ်ည္ေႏွာင္သြားဖို႔ ရွိေနတယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.