Match Report Premier League

ဖောရက်စ်ကို အိမ်ကွင်းမှာ ဝုန်းပြီး ပထမဆုံးနိုင်ပွဲနဲ့ တန်းဆင်းဇုန်ရုန်းတဲ့ လက်စတာ

လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဝါ့ဒ်၊ ခံစစ်မှာ အီဗန်၊ ဖေးစ်၊ ကက်စတာညာနဲ့ ဂျပ်စတင်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ တီးလီးမန်းစ်နဲ့ ဂျူးစ်ဘာရီ-ဟောလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဒီဆန်၊ ဟာဗီ ဘန်းစ်နဲ့ ဗာဒီတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ကန်တိုင်းရှုံး ဖောရက်စ်အသင်းကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ ကွတ်ခ်၊ မက်ကင်နာ၊ ဝီလီယမ်စ်နဲ့ ရီနန် လိုဒီတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ကူယာတေး၊ အိုဘရိုင်ယန်၊ ဂစ်ဘ်စ်-ဝှိုက်တို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လင်ဂတ်၊ ဘရင်နန် ဂျွန်ဆန်နဲ့ အဝိုနီယီတို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ညာခြမ်းကနေ မက်ဒီဆန် တစ်ကိုယ်တော် လိမ်ခေါက်ပြီးမှ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဂျူးစ်ဘာရီ-ဟောလ် အလွတ်ကြီး ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် တိုင်ဘေးကို လွဲချော်သွားခဲ့လို့ လက်စတာတို့ စောစောစီးစီး ဂိုးရခွင့်နဲ့ ဝေးခဲ့ရသလို ၁၄ မိနစ်မှာလည်း မက်ဒီဆန်ရဲ့ ဖရီးကစ်ကို ဗာဒီပဲ ခေါင်းတိုက်ခဲ့တာက ဘေးထွက်သွားခဲ့တာကြောင့် မြေခွေးတွေ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်နဲ့ ၁၉ မိနစ်တွေမှာ လူကျွံဘော ဘယ်လိုဖမ်းရမှန်း မသိတဲ့ ဖောရက်စ်ခံစစ်ကို ဗာဒီက ပညာပြပြီး ဖောက်ထွက်သွားခဲ့ပေမယ့် အဆုံးသတ်မှုက ဂိုးသမား ဟန်ဒါဆန်ဆီပဲ ရောက်သွားခဲ့လို့ ဂိုးမဖြစ်ခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဧည့်သည်တိုက်စစ်မှူး အဝိုနီယီ ကန်ခွင့်ရပေမယ့် တိုင်ထိသွားခဲ့လို့ လက်စတာတို့ ဂိုးစမပေးခဲ့ရတာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ ခြေသာတဲ့ လက်စတာတို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဟာဗီ ဘန်းစ်ရဲ့ ကန်ချက် ခံစစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို မထိတထိ ရှင်းထုတ်ပြီး ရောင်းခဲ့တဲ့ လင်ဂတ်ရဲ့ စောင်မမှုကြောင့် ရသွားတဲ့ မက်ဒီဆန်က ဧရိယာထိပ်က လှမ်းကန်ရာမှာ ဝင်ပိတ်တဲ့ မက်ကင်နာနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဟန်ဒါဆန် မကာကွယ်နိုင်ပဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

နှစ်မိနစ်အကြာမှာ လက်စတာတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံကနေ ဘောလုံးရသွားခဲ့တဲ့ ဗာဒီက ပရီးမီးယားလိဂ်အဆင့် မရှိသေးတဲ့‌ ဖောရက်စ်ခံစစ်ကို နေရာလွတ်တွေ ပေါ်လာအောင် မျှားပြီးမှ အတွင်းကို ပြန်ချိုးပေးရာမှာ ဟာဗီ ဘန်းစ်က ဘယ်ခြမ်းကနေ အဝေးတိုင်ဘက်ကို ဝေ့ဝိုက်ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၃၅ မိနစ်မှာတော့ လက်စတာတို့ပဲ တတိယ ဦးဆောင်ဂိုး ရယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ဖောရက်စ်တို့ ဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို မက်ဒီဆန်က လူတံတိုင်းရှေ့ကမှာ နေရာယူထားတဲ့ သူ့လူတွေနဲ့ ဇာတ်တိုက်ထားတဲ့အတိုင်း ညာဘက်ထောင့်ကို လှမ်းကန်ပြီး ဂိုးသမား ဟန်ဒါဆန်ကို လှုပ်တောင်မလှုပ်ရဘဲ နောက်တစ်ဂိုး ခွင့်ပြုစေခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ရင်ဘတ်စပွန်ဆာ မရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်းဖြစ်နေသလို ဘာနည်းစနစ်နဲ့ အမြော်အမြင်မှ မရှိတဲ့ နည်းပြ စတိဗ် ကူးပါးရဲ့ တောင်ကန်မြောက်ကန် ပရိသတ် စော်ကားသလိုပုံစံနဲ့ ဖောရက်စ်တို့ကတော့ တစ်ခါတစ်လေမှာ လက်စတာဂိုးရှေ့ ရောက်လာခဲ့သေးပေမယ့် ဘာမှ အဖြစ်ရှိအောင် မလုပ်တတ်တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တွေ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း အစမှာတော့ ဖောရက်စ်တို့ဘက်က ကူယာတေး၊ ဝီလီယမ်စ်နဲ့ အိုဘရိုင်ယန်တို့အစား ဖရွိုင်လာ၊ အော်ရီယေးနဲ့ ယိတ်စ်တို့ကို လဲကစားလာခဲ့ပေမယ့် လက်စတာတို့ကတော့ အန်ဒီဒီအစား ဆူမာရေးကို ထည့်ကစားပြီး တိုက်စစ်ဆင်ကစားနေခဲ့သလို ဧည့်သည်တွေ ကောင်တာပဲ ချောင်းကစားနေခဲ့ရတာပါ။

ဗာဒီတို့အဖွဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ချိန်မှာ ကောင်တာကနေ အခွင့်အရေးရခဲ့တဲ့ အဝိုနီယီနဲ့ ဂျွန်ဆန်တို့ရဲ့ အဆုံးသတ်ပိုင်းကတော့ စိတ်ကုန်စရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ လူတိုင်းဂိုးသွင်းနေကျ ဂိုးသမား ဝါ့ဒ်ကို အနိုင်ယူဖို့ အိပ်မက်တောင် မက်ဖူးရဲ့လားလို့ပဲ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ အိမ်ရှင်တွေဘက်က ဗာဒီအစား ဒါကာနဲ့ ဧည့်သည်တွေဘက်က အဝိုနီယီအစား ဒင်းနစ်တို့ ဝင်ကစားလာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ လက်စတာတို့ စတုတ္ထ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖောရက်စ်ခံစစ်ကြားထဲမှာ ငါးရှဉ့်တစ်ကောင်လို တိုးထွက်သွားခဲ့တဲ့ ဒါကာက ညာခြမ်းကို ထုတ်ပေးခဲ့တဲ့ ဘောလုံးကို မက်ဒီဆန်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးရာမှာ ဒါကာကပဲ နောက်ပေါက်နဲ့ ချိတ်ပြီး သွင်းယူနိုင်ခဲ့လို့ ဂိုးပြတ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လက်စတာတို့ အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲကို ပရီးမီးယားလိဂ်ဆီ ဇီးသီးဗန်းလာမှောက်တဲ့ ကန်တိုင်းရှုံး ဖောရက်စ်တို့ဆီကနေ လေးဂိုး-ဂိုးမရှိနဲ့ ရယူသွားနိုင်ခဲ့ကြပြီး လူပြန်စုံပြီး ကစားပုံကောင်းလာမှုနဲ့အတူ နည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ ရာထူးအတွက် တန်းဆင်းဇုန်က ရုန်းထွက်ဖို့ စတင်လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဝါ့ဒ္၊ ခံစစ္မွာ အီဗန္၊ ေဖးစ္၊ ကက္စတာညာနဲ႔ ဂ်ပ္စတင္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒီဒီ၊ တီးလီးမန္းစ္နဲ႔ ဂ်ဴးစ္ဘာရီ-ေဟာလ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဒီဆန္၊ ဟာဗီ ဘန္းစ္နဲ႔ ဗာဒီတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ကန္တိုင္းရႈံး ေဖာရက္စ္အသင္းကေတာ့ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ ကြတ္ခ္၊ မက္ကင္နာ၊ ဝီလီယမ္စ္နဲ႔ ရီနန္ လိုဒီတို႔ကို ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကူယာေတး၊ အိုဘ႐ိုင္ယန္၊ ဂစ္ဘ္စ္-ဝႈိက္တို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လင္ဂတ္၊ ဘရင္နန္ ဂြၽန္ဆန္နဲ႔ အဝိုနီယီတို႔ကို အသုံးျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ ညာျခမ္းကေန မက္ဒီဆန္ တစ္ကိုယ္ေတာ္ လိမ္ေခါက္ၿပီးမွ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ဂ်ဴးစ္ဘာရီ-ေဟာလ္ အလြတ္ႀကီး ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ တိုင္ေဘးကို လြဲေခ်ာ္သြားခဲ့လို႔ လက္စတာတို႔ ေစာေစာစီးစီး ဂိုးရခြင့္နဲ႔ ေဝးခဲ့ရသလို ၁၄ မိနစ္မွာလည္း မက္ဒီဆန္ရဲ႕ ဖရီးကစ္ကို ဗာဒီပဲ ေခါင္းတိုက္ခဲ့တာက ေဘးထြက္သြားခဲ့တာေၾကာင့္ ေျမေခြးေတြ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္နဲ႔ ၁၉ မိနစ္ေတြမွာ လူကြၽံေဘာ ဘယ္လိုဖမ္းရမွန္း မသိတဲ့ ေဖာရက္စ္ခံစစ္ကို ဗာဒီက ပညာျပၿပီး ေဖာက္ထြက္သြားခဲ့ေပမယ့္ အဆုံးသတ္မႈက ဂိုးသမား ဟန္ဒါဆန္ဆီပဲ ေရာက္သြားခဲ့လို႔ ဂိုးမျဖစ္ခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဧည့္သည္တိုက္စစ္မႉး အဝိုနီယီ ကန္ခြင့္ရေပမယ့္ တိုင္ထိသြားခဲ့လို႔ လက္စတာတို႔ ဂိုးစမေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ေျခသာတဲ့ လက္စတာတို႔ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဟာဗီ ဘန္းစ္ရဲ႕ ကန္ခ်က္ ခံစစ္နဲ႔ ထိၿပီး ျပန္ထြက္လာတာကို မထိတထိ ရွင္းထုတ္ၿပီး ေရာင္းခဲ့တဲ့ လင္ဂတ္ရဲ႕ ေစာင္မမႈေၾကာင့္ ရသြားတဲ့ မက္ဒီဆန္က ဧရိယာထိပ္က လွမ္းကန္ရာမွာ ဝင္ပိတ္တဲ့ မက္ကင္နာနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဟန္ဒါဆန္ မကာကြယ္ႏိုင္ပဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ႏွစ္မိနစ္အၾကာမွာ လက္စတာတို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဘယ္ေတာင္ပံကေန ေဘာလုံးရသြားခဲ့တဲ့ ဗာဒီက ပရီးမီးယားလိဂ္အဆင့္ မရွိေသးတဲ့‌ ေဖာရက္စ္ခံစစ္ကို ေနရာလြတ္ေတြ ေပၚလာေအာင္ မွ်ားၿပီးမွ အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဟာဗီ ဘန္းစ္က ဘယ္ျခမ္းကေန အေဝးတိုင္ဘက္ကို ေဝ့ဝိုက္ကန္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ လက္စတာတို႔ပဲ တတိယ ဦးေဆာင္ဂိုး ရယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ေဖာရက္စ္တို႔ ဧရိယာထိပ္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို မက္ဒီဆန္က လူတံတိုင္းေရွ႕ကမွာ ေနရာယူထားတဲ့ သူ႔လူေတြနဲ႔ ဇာတ္တိုက္ထားတဲ့အတိုင္း ညာဘက္ေထာင့္ကို လွမ္းကန္ၿပီး ဂိုးသမား ဟန္ဒါဆန္ကို လႈပ္ေတာင္မလႈပ္ရဘဲ ေနာက္တစ္ဂိုး ခြင့္ျပဳေစခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ ရင္ဘတ္စပြန္ဆာ မရွိတဲ့ တစ္သင္းတည္းေသာ ပရီးမီးယားလိဂ္အသင္းျဖစ္ေနသလို ဘာနည္းစနစ္နဲ႔ အေျမာ္အျမင္မွ မရွိတဲ့ နည္းျပ စတိဗ္ ကူးပါးရဲ႕ ေတာင္ကန္ေျမာက္ကန္ ပရိသတ္ ေစာ္ကားသလိုပုံစံနဲ႔ ေဖာရက္စ္တို႔ကေတာ့ တစ္ခါတစ္ေလမွာ လက္စတာဂိုးေရွ႕ ေရာက္လာခဲ့ေသးေပမယ့္ ဘာမွ အျဖစ္ရွိေအာင္ မလုပ္တတ္တာေၾကာင့္ ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ေတြ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း အစမွာေတာ့ ေဖာရက္စ္တို႔ဘက္က ကူယာေတး၊ ဝီလီယမ္စ္နဲ႔ အိုဘ႐ိုင္ယန္တို႔အစား ဖ႐ြိဳင္လာ၊ ေအာ္ရီေယးနဲ႔ ယိတ္စ္တို႔ကို လဲကစားလာခဲ့ေပမယ့္ လက္စတာတို႔ကေတာ့ အန္ဒီဒီအစား ဆူမာေရးကို ထည့္ကစားၿပီး တိုက္စစ္ဆင္ကစားေနခဲ့သလို ဧည့္သည္ေတြ ေကာင္တာပဲ ေခ်ာင္းကစားေနခဲ့ရတာပါ။

ဗာဒီတို႔အဖြဲ႕ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ခ်ိန္မွာ ေကာင္တာကေန အခြင့္အေရးရခဲ့တဲ့ အဝိုနီယီနဲ႔ ဂြၽန္ဆန္တို႔ရဲ႕ အဆုံးသတ္ပိုင္းကေတာ့ စိတ္ကုန္စရာျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ လူတိုင္းဂိုးသြင္းေနက် ဂိုးသမား ဝါ့ဒ္ကို အႏိုင္ယူဖို႔ အိပ္မက္ေတာင္ မက္ဖူးရဲ႕လားလို႔ပဲ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ရၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အိမ္ရွင္ေတြဘက္က ဗာဒီအစား ဒါကာနဲ႔ ဧည့္သည္ေတြဘက္က အဝိုနီယီအစား ဒင္းနစ္တို႔ ဝင္ကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ လက္စတာတို႔ စတုတၳ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဖာရက္စ္ခံစစ္ၾကားထဲမွာ ငါးရွဥ့္တစ္ေကာင္လို တိုးထြက္သြားခဲ့တဲ့ ဒါကာက ညာျခမ္းကို ထုတ္ေပးခဲ့တဲ့ ေဘာလုံးကို မက္ဒီဆန္က ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ပို႔ေပးရာမွာ ဒါကာကပဲ ေနာက္ေပါက္နဲ႔ ခ်ိတ္ၿပီး သြင္းယူႏိုင္ခဲ့လို႔ ဂိုးျပတ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လက္စတာတို႔ အိမ္ကြင္းမွာ ပထမဆုံးႏိုင္ပြဲကို ပရီးမီးယားလိဂ္ဆီ ဇီးသီးဗန္းလာေမွာက္တဲ့ ကန္တိုင္းရႈံး ေဖာရက္စ္တို႔ဆီကေန ေလးဂိုး-ဂိုးမရွိနဲ႔ ရယူသြားႏိုင္ခဲ့ၾကၿပီး လူျပန္စုံၿပီး ကစားပုံေကာင္းလာမႈနဲ႔အတူ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ ရာထူးအတြက္ တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ စတင္လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.