Bundesliga Premier League Transfer News

အန်ကွန်ကူရဲ့အသင်းဖော်ပါ တစ်ပါတည်းခေါ်မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုထားပြီးဖြစ်တဲ့ ခရစ္စတိုဖာ အန်ကွန်ကူအပြင် နောက်ထပ် ၎င်းရဲ့အသင်းဖော်တစ်ဦးကိုပါ ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အနောက်လန်ဒန် ကလပ်အသင်းဟာ ပြင်သစ်ကွင်းလယ်ကစားသမား အန်ကွန်ကူကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်ကွင်းလယ်တိုက်စစ်ကစားသမားဟာ ချဲလ်ဆီးနဲ့ လျှို့ဝှက်ဆေးစစ်ပြီးနောက် သဘောတူညီမှု ရရှိထားခဲ့ပြီးဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ အသက်ဝင်လာမယ့် အန်ကွန်ကူရဲ့ စာချုပ်လျော်ကြေး ပေါင် ၅၂.၅ သန်းထက်ပိုမိုတဲ့ ပမာဏကို ပေးချေသွားရမှာဖြစ်ပြီး ပြိုင်ဘက်တွေ ပေါ်မလာခင်မှာ စောစောစီးစီး အသာစီးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ အန်ကွန်ကူတို့ဟာ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုထားပြီးဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီကုန်မှာတော့ စတမ်းဖို့ဒ် ဘရစ်ချ်ကို တရားဝင် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ကွန်ကူဟာ ချဲလ်ဆီးအသင်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တစ်ဦးတည်းသော လိုက်ပ်ဇစ်ကစားသမားမဟုတ်ဘဲ ပေါ့တားရဲ့အသင်းဟာ ယို့စ်ကို ဂွါဒီယိုလ်ကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတလျှောက်လုံး ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းကတော့ ဗဟိုခံစစ်ကစားသမားဟာ ရောင်းချမယ့်ကစားသမားမဟုတ်ဘူးလို့ အခိုင်အမာပြောကြားထားပြီး ခရိုအေးရှားနောက်ခံလူကို စာချုပ်သက်တမ်းတိုးအောင် စည်းရုံးထားနိုင်ပေမယ့် အန်ကွန်ကူအတိုင်းပဲ လာမယ့်နွေရာသီမှာ အသက်သွင်းနိုင်မယ့် စာချုပ်လျော်ကြေးကို ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ လာမယ့်နွေရာသီမတိုင်ခင် ဒီကစားသမား ၂ ဦးစလုံးကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး နောက်ထပ်တစ်ကြိမ် ဂွါဒီယိုလ်ရဲ့ စာချုပ်လျော်ကြေး ပေါင် ၄၃.၆ သန်းထက် အနည်းငယ် ပိုမိုပေးချေသွားရဖွယ်ရှိတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖိုဖာနာနဲ့ ကူလီဘေလီတို့ကို ယခုနွေရာသီမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲပြီး ခေါ်ယူခဲ့ပေမယ့်လည်း သီယေဂို ဆေးလ်ဗားနဲ့ အက်ဇ်ပီလီကွေတာတို့ဟာ ကစားသမားဘဝ နေဝင်ချိန်ရောက်နေပြီဖြစ်တာကြောင့် စိုးရိမ်မှုတွေ ရှိနေသေးတာဖြစ်ပါတယ်။

ဂွါဒီယိုလ်ဟာ ဗဟိုခံစစ်ဘယ်ဖက်ခြမ်းမှာ ကွက်တိ အံဝင်မယ့်ကစားသမားဖြစ်ပြီး ဂရေဟမ် ပေါ့တားက သောမတ်စ် တူဟယ်အတိုင်းပဲ ခံစစ် ၃ ဦးကစားကွက်ကို ပိုသုံးချင်နေတာကြောင့် ခံစစ်ထဲကို ငယ်ရွယ်တဲ့ လူငယ်ခြေတက်ကစားသမားတစ်ဦးကို ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ ၂ ခုအတွက် ငွေကြေး အပြည့်အဝ ရရှိဖို့အတွက် ချဲလ်ဆီးအသင်းဟာ ခရစ်ရှန် ပူလီရှစ်၊ ဟာကင်း ဇီယက်ရှ်၊ အာမန်ဒို ဘရိုဂျာတို့လို ကစားသမားတွေကို ဝယ်ယူချင်တဲ့အသင်းတွေကို ရှာဖွေသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ အႀကိဳသေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုထားၿပီးျဖစ္တဲ့ ခရစၥတိုဖာ အန္ကြန္ကူအျပင္ ေနာက္ထပ္ ၎ရဲ႕အသင္းေဖာ္တစ္ဦးကိုပါ ေခၚယူသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အေနာက္လန္ဒန္ ကလပ္အသင္းဟာ ျပင္သစ္ကြင္းလယ္ကစားသမား အန္ကြန္ကူကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး လိုက္ပ္ဇစ္ကြင္းလယ္တိုက္စစ္ကစားသမားဟာ ခ်ဲလ္ဆီးနဲ႔ လွ်ိဳ႕ဝွက္ေဆးစစ္ၿပီးေနာက္ သေဘာတူညီမႈ ရရွိထားခဲ့ၿပီးျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ေႏြရာသီမွာ အသက္ဝင္လာမယ့္ အန္ကြန္ကူရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၂.၅ သန္းထက္ပိုမိုတဲ့ ပမာဏကို ေပးေခ်သြားရမွာျဖစ္ၿပီး ၿပိဳင္ဘက္ေတြ ေပၚမလာခင္မွာ ေစာေစာစီးစီး အသာစီးရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ အန္ကြန္ကူတို႔ဟာ အႀကိဳသေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုထားၿပီးျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ယခုရာသီကုန္မွာေတာ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို တရားဝင္ ေျပာင္းေ႐ႊ႕ေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အန္ကြန္ကူဟာ ခ်ဲလ္ဆီးအသင္း ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ တစ္ဦးတည္းေသာ လိုက္ပ္ဇစ္ကစားသမားမဟုတ္ဘဲ ေပါ့တားရဲ႕အသင္းဟာ ယို႔စ္ကို ဂြါဒီယိုလ္ကို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတေလွ်ာက္လုံး ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တာ ျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းကေတာ့ ဗဟိုခံစစ္ကစားသမားဟာ ေရာင္းခ်မယ့္ကစားသမားမဟုတ္ဘူးလို႔ အခိုင္အမာေျပာၾကားထားၿပီး ခ႐ိုေအးရွားေနာက္ခံလူကို စာခ်ဳပ္သက္တမ္းတိုးေအာင္ စည္း႐ုံးထားႏိုင္ေပမယ့္ အန္ကြန္ကူအတိုင္းပဲ လာမယ့္ေႏြရာသီမွာ အသက္သြင္းႏိုင္မယ့္ စာခ်ဳပ္ေလ်ာ္ေၾကးကို ထည့္သြင္းခ်ဳပ္ဆိုထားတာျဖစ္ပါတယ္။

The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာ လာမယ့္ေႏြရာသီမတိုင္ခင္ ဒီကစားသမား ၂ ဦးစလုံးကို အၿပီးသတ္ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ေနာက္ထပ္တစ္ႀကိမ္ ဂြါဒီယိုလ္ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၃.၆ သန္းထက္ အနည္းငယ္ ပိုမိုေပးေခ်သြားရဖြယ္ရွိတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဖိုဖာနာနဲ႔ ကူလီေဘလီတို႔ကို ယခုေႏြရာသီမွာ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲၿပီး ေခၚယူခဲ့ေပမယ့္လည္း သီေယဂို ေဆးလ္ဗားနဲ႔ အက္ဇ္ပီလီေကြတာတို႔ဟာ ကစားသမားဘဝ ေနဝင္ခ်ိန္ေရာက္ေနၿပီျဖစ္တာေၾကာင့္ စိုးရိမ္မႈေတြ ရွိေနေသးတာျဖစ္ပါတယ္။

ဂြါဒီယိုလ္ဟာ ဗဟိုခံစစ္ဘယ္ဖက္ျခမ္းမွာ ကြက္တိ အံဝင္မယ့္ကစားသမားျဖစ္ၿပီး ဂေရဟမ္ ေပါ့တားက ေသာမတ္စ္ တူဟယ္အတိုင္းပဲ ခံစစ္ ၃ ဦးကစားကြက္ကို ပိုသုံးခ်င္ေနတာေၾကာင့္ ခံစစ္ထဲကို ငယ္႐ြယ္တဲ့ လူငယ္ေျခတက္ကစားသမားတစ္ဦးကို ထည့္သြင္းသြားမွာျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ ၂ ခုအတြက္ ေငြေၾကး အျပည့္အဝ ရရွိဖို႔အတြက္ ခ်ဲလ္ဆီးအသင္းဟာ ခရစ္ရွန္ ပူလီရွစ္၊ ဟာကင္း ဇီယက္ရွ္၊ အာမန္ဒို ဘ႐ိုဂ်ာတို႔လို ကစားသမားေတြကို ဝယ္ယူခ်င္တဲ့အသင္းေတြကို ရွာေဖြသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.