Premier League

၁၅.၂.၂၀၂၀ အတြက္ လီဗာပူးလ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– စေနေန႔ည ေနာ့၀စ္ခ်္နဲ႔ပြဲမွာ ဒဏ္ရာကေန သက္သာလာၿပီျဖစ္တဲ့ ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာနဲ႔ ေတာင္ပံသမား ဆာဒီယို မာေနးတို႔ ျပန္ပါလာမယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ေယာက္စလံုးဟာ ဒဏ္ရာေတြေၾကာင့္ ေနာက္ပိုင္းပြဲစဥ္တခ်ဳိ႕ကို လြဲေခ်ာ္ထားခဲ့သူေတြလည္း ျဖစ္ပါတယ္။

– ဒီရာသီမွာ ေျခက်င္း၀တ္ဒဏ္ရာရွိလ်က္နဲ႔ ကစားေပးေနတာျဖစ္တဲ့ ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ဟာ ေဆာင္းရာသီအားလပ္ရက္အတြင္း ေလ့က်င့္ေရးအစီအစဥ္ေတြမွာ အရမ္းကို ေျပာင္းလဲလန္းဆန္းလာခဲ့ေၾကာင္း နည္းျပ ယာဂန္ ကေလာ့ပ္က ေျပာပါတယ္။

– ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့ လီဗာပူးအသင္းဟာ ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္အတြင္း စုစုေပါင္း လုပ္ငန္းလည္ပတ္ေငြ ေပါင္သန္း ၅၀၀ ေက်ာ္ ရွိခဲ့ၿပီလို႔ သတင္းထြက္လာပါတယ္။ သူတို႔ရဲ႕ ဘ႑ာေရးအစီရင္ခံစာကိုေတာ့ ေဖေဖာ္၀ါရီလကုန္ေလာက္မွ တရား၀င္ထုတ္ျပန္မွာပါ။

– လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က လာမယ့္ ၂၀၂၀ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲ၀င္ အီဂ်စ္ယူ-၂၃ အသင္းအတြက္ အသင္းရဲ႕ အဓိကေတာင္ပံကစားသမားျဖစ္တဲ့ မုိဟာမက္ ဆာလားအေနနဲ႔ ပါ၀င္ကစားေပးဖြယ္ရွိေနတယ္လို႔ ၀န္ခံေျပာၾကားလိုက္ပါတယ္။

– ရိုးမားမွာ အတူတူကစားခဲ့ကတည္းက ဆာလားကို ဂိုးဖန္တီးေပးႏိုင္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဂိုးသမား အယ္လီဆန္ ဘက္ကာက ဖြင့္ဟလိုက္ပါတယ္။ အယ္လီဆန္ဟာ မန္ခ်က္စတာယူႏိုက္တက္န႔ဲပြဲမွာ ဆာလာ ဂိုးသြင္းႏိုင္ေအာင္ တိုက္႐ိုက္လွမ္းကန္ပို႔ၿပီး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– စနေနေ့ည နော့ဝစ်ချ်နဲ့ပွဲမှာ ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာနဲ့ တောင်ပံသမား ဆာဒီယို မာနေးတို့ ပြန်ပါလာမယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ဒဏ်ရာတွေကြောင့် နောက်ပိုင်းပွဲစဉ်တချို့ကို လွဲချော်ထားခဲ့သူတွေလည်း ဖြစ်ပါတယ်။

– ဒီရာသီမှာ ခြေကျင်းဝတ်ဒဏ်ရာရှိလျက်နဲ့ ကစားပေးနေတာဖြစ်တဲ့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ ဆောင်းရာသီအားလပ်ရက်အတွင်း လေ့ကျင့်ရေးအစီအစဉ်တွေမှာ အရမ်းကို ပြောင်းလဲလန်းဆန်းလာခဲ့ကြောင်း နည်းပြ ယာဂန် ကလော့ပ်က ပြောပါတယ်။

– ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း လုပ်ငန်းလည်ပတ်ငွေ ပေါင်သန်း ၅၀၀ ကျော် ရှိခဲ့ပြီလို့ သတင်းထွက်လာပါတယ်။ သူတို့ရဲ့ ဘဏ္ဍာရေးအစီရင်ခံစာကိုတော့ ဖေဖော်ဝါရီလကုန်လောက်မှ တရားဝင်ထုတ်ပြန်မှာပါ။

– လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က လာမယ့် ၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲဝင် အီဂျစ်ယူ-၂၃ အသင်းအတွက် အသင်းရဲ့ အဓိကတောင်ပံကစားသမားဖြစ်တဲ့ မိုဟာမက် ဆာလားအနေနဲ့ ပါဝင်ကစားပေးဖွယ်ရှိနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

– ရိုးမားမှာ အတူတူကစားခဲ့ကတည်းက ဆာလားကို ဂိုးဖန်တီးပေးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ဂိုးသမား အယ်လီဆန် ဘက်ကာက ဖွင့်ဟလိုက်ပါတယ်။ အယ်လီဆန်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဆာလာ ဂိုးသွင်းနိုင်အောင် တိုက်ရိုက်လှမ်းကန်ပို့ပြီး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.