Analysis Match Report Premier League

ဆာလီဘာအိတ်ထဲက ကိန်းနဲ့ အာဆင်နယ် 3-1 စပါးစ်ပွဲက မှတ်မှတ်ရရ ပြောစရာများ

ချန်ပီယံခြေစွမ်းနဲ့ အာဆင်နယ်
ပရီးမီးယားလိဂ်မှာ ၈ ပွဲအပြည့် ကစားထားတဲ့ အာဆင်နယ်တို့ ရမှတ် ၂၁ မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေခဲ့သလို ဒီတစ်ပတ်မှာလည်း အစောဆုံး ကစားပြီး အားလုံးရဲ့ရှေ့က ဆက်လက်ဦးဆောင်နိုင်ခဲ့တာပါ။ အဆင့် ၃ နေရာက ၁ မှတ်သာ ကွာနေခဲ့တဲ့ စပါးစ်တို့ကို အိမ်ကွင်းမှာ ပညာပေးနိုင်ခဲ့သလို တစ်ပွဲလုံး စိုးမိုးကစားနိုင်ခဲ့ပြီး ချန်ပီယံအသင်းတွေရဲ့ DNA နဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ချိန်မှာ အမှားတွေ လုပ်မိတဲ့ ဧည့်သည်တွေကတော့ အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညမှာ ကစားမယ့် မန်ချက်စတာဒါဘီမှာ မန်စီးတီးတို့ အမှတ်လျော့ခဲ့ရင် အာဆင်နယ်တို့ကို ပိုချီးကျူးလို့ ကောင်းနေဦးမှာပါ။

ကြောက်စရာကောင်းတဲ့ စတုဂံတိုက်စစ်
စပါးစ်တို့ ဒီနေ့မှာ ဗျာများသွားခဲ့ရတာက အာဆင်နယ်တို့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်သမား ၄ ယောက်ကို မထိန်းချုပ်တတ်ခဲ့လို့လည်း ဖြစ်ပါတယ်။ နေရာစုံရောက်နေတဲ့ ဂျေဆူးစ်နဲ့ ဘယ်ခြမ်းနဲ့ အလယ်ကို အလဲအလှယ်ကစားတဲ့ မာတီနယ်လီတို့က ပုံသေနေရာယူနေတဲ့ စပါးစ်ခံစစ်ကို တည်ငြိမ်မှု ပျက်ပြားစေခဲ့သလို ဆာကာကို တစ်ယောက်ချင်း မထိန်းနိုင်ချိန်မှာ နေရာလွတ်တွေ ပေါ်ခဲ့ရပြီး ချာကာကတော့ ဘော်ဒီနဲ့ အနိုင်ကျင်ဖို့ ကြိုးစားနေတဲ့ ကွန်တီရဲ့ ဗျူဟာကို ဖျက်ဆီးခဲ့တာကြောင့် အာဆင်နယ်ရဲ့ GSMX တိုက်စစ်က လီဗာပူးလ်ရဲ့ MSF လို တခုတ်တရ ပြောရမယ့် အနေအထား ရောက်လာခဲ့ပါပြီ။

ဒါဘီပွဲမှာမှ ဆရာကျပြတဲ့ ဆာလီဘာ
ဂန်းနားသစ် ဆာလီဘာကတော့ အင်္ဂလန်က စဆရက Pundit လို့ ခေါ်တဲ့ ဘောလုံးကျွမ်းကျင်သူ ကစားသမားဟောင်းတွေကို ဖွတ်ကျားတွေသာဖြစ်ကြောင်း ခြေစွမ်းနဲ့ သက်သေပြခဲ့တာပါ။ ၂၁ နှစ်သားအနေနဲ့ ဖိအားတွေ မခံနိုင်ဘဲ ပရီးမီးယားလိဂ်မှာ ရပ်တည်ဖို့ ထင်သလောက် လွယ်မှာ မဟုတ်ဘူးလို့ ပြောသူတွေကို လွယ်လွန်းကြောင်း ပြသခဲ့သလို တည်ငြိမ်ရင့်ကျက်မှုနဲ့ စိတ်ရော လူပါကြံ့ခိုင်မှုကို မြောက်လန်ဒန်ဒါဘီမှာမှ ရွေးချယ်ပြသခဲ့ပြီး ဟာရီကိန်းကိုလည်း အိတ်ထဲ ကောက်ထည့်ထားနိုင်ခဲ့ဖြစ်ပါတယ်။ သူ့ရဲ့ ကျဉ်းထဲကြပ်ထဲမှာ ဘောလုံးကို ခြေနဲ့ ကပ်နေအောင် သယ်ယူနိုင်မှုက အသင်းခံစစ်ကို အဆင့်တစ်ခုဆီ မြှင့်တင်ပေးထားနိုင်တာကိုလည်း တွေ့ခဲ့ရတာပါ။

ချာကာနဲ့ ပါတေးတို့ရဲ့ ဝမ်းနည်းစရာ ပြီးပြည့်စုံမှု
ဒီနေ့ပွဲမှာ ချာကာနဲ့ ပါတေးတို့ရဲ့ စပါးစ်ကွင်းလယ်ကို ထိန်းချုပ်ထားတဲ့ ခြေစွမ်းနဲ့ တစ်ယောက်တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာအတွက် အာဆင်နယ် ပရိသတ်တွေ ဝမ်းသာကြည်နူးနေနိုင်ပေမယ့် မန်ယူနဲ့ပွဲမှာ သူတို့နှစ်ယောက်သာ ပါခဲ့ရင် အေးအေးဆေးဆေးဖြစ်ခဲ့မှာလို့ နှမြောတသ ဝမ်းနည်းစရာ အတွေးလည်း ဝင်မိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဂါနာပီယာလို ဖြစ်သွားခဲ့တဲ့ ရေဘဝဲကြီးရဲ့ ဒီနေ့ခြေစွမ်းက အားလုံးကို မင်သက်မိ အံ့ဩစေသလို သူ့ရဲ့ ၂၅ မီတာ ကန်ချက်ကလည်း လှပလွန်းခဲ့တာပါ။ နှလုံးလှ လူမိုက်ကြီးနဲ့ ပရိသတ် အချစ်တော်သစ် ချာကာကတော့ ဘယ်ခြမ်းတိုက်စစ်ကို အင်အားပြည့်စေခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်လို့လည်း တစ်ညီတစ်ညွတ်တည်း ချီးကျူးရတော့မှာဖြစ်ပါတယ်။

စပါးစ်တို့ ဒီပုံစံနဲ့တော့ ဘာမှ ဖြစ်မလာဘူး
ဧည့်သည် စပါးစ်တို့အနေနဲ့ အာဆင်နယ်အသင်းကို အမ်းမရိတ်မှာ Low Block ပိတ်ကစားပြီး ကောင်တာတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲကို စိုးမိုးနိုင်စွမ်းကို ယှဉ်ကြည့်ရင် ကလေးနဲ့ လူကြီး ကစားနေသလို ရယ်စရာဖြစ်ခဲ့ရတာပါ။ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီမှာတုန်းကလို လုပ်ပြနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂါဘရီယယ်လ် လက်ဆောင်ပေးတဲ့ ပင်နယ်တီကြောင့်သာ ဘဲဥကွဲခဲ့တာဖြစ်ပြီး ခံစစ်ကတော့ အာဆင်နယ်တို့ရဲ့ ဖိအားကို မခံနိုင်ဘဲ အက်ကြောင်းတွေ ပေါ်လာခဲ့လို့ လဲပြိုခဲ့ရတာဖြစ်ပါတယ်။ တစ်ခုပဲ ပြောရရင်တော့ ကောင်တာကစားကွက်နဲ့ ချန်ပီယံဖြစ်တဲ့အသင်းမျိုး ပရီးမီးယားလိဂ်မှာ မရှိဘူးလို့ပဲ အပြတ်ပြောရပါလိမ့်မယ်။

ဘရာဇီးလ် နံပါတ် ၉ အင်္ကျီအတွက် ဂျေဆူးစ်ရဲ့ ပညာပေးပွဲ
ဒီနေ့ပွဲကတော့ ရစ်ချာလစ်ဆန်ဆိုတဲ့ ငနဲသားကို လန်ဒန်ဒါဘီမှာ ပညာခေါ်ပေးတဲ့ ဂျေဆူးစ်ရဲ့ တောက်ပတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ တစ်ပွဲလုံးမှာ အသင်းဖော်တွေနဲ့ တောင်ပံနှစ်ဖက်စလုံး Link လိုက်ချိတ်သွားခဲ့ပြီး တစ်ကိုယ်တော် ကျော်ဖြတ်မှုတွေနဲ့ စပါးစ်ခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးနေခဲ့သလို ဒီပွဲမှာ သူ့အနေနဲ့ ဟက်ထရစ်လောက် ရနိုင်ခဲ့သေးတာပါ။ သူ့ရဲ့ အနိုင်ဂိုးကတော့ ခက်ခဲတဲ့ အနေအထားမှာ လုပ်ရဲကိုင်ရဲတဲ့ အဆုံးသတ်သမားကောင်းရဲ့ လက္ခဏာစစ်စစ်ဖြစ်ပြီး လိုရစ်ဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို သူနဲ့ တစ်ချိန်လုံး ပြိုင်ဆိုင်နေတဲ့ ရိုမဲရိုးကိုပါ ကျော်ဖြတ်သွင်းယူခဲ့ပြီး ဘရာဇီးလ်အသင်းရဲ့ ကျောနံပါတ် ၉ က ဘယ်သူနဲ့ ထိုက်တန်တာလဲဆိုတာ အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

တုံးအတဲ့ ရိုယဲလ်နဲ့ အရှက်နည်းတဲ့ ကွန်တီ
စပါးစ်တို့အနေနဲ့ ပွဲချိန် ၆၂ မိနစ်မှာ ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး ဒီလိုဖြစ်အောင်တော့ ဘရာဇီးလ်သား အီမာဆန် ရိုယဲလ်က မိုက်မဲခဲ့တာပါ။ အာဆင်နယ်ကွင်းခြမ်းမှာ မာတီနယ်လီဆီက ဘောလုံးကို ရယူဖို့ ကြိုးစားရာမှာ ခြေကျင်းဝတ်ကို နောက်က နင်းချလိုက်ချိန်မှာတော့ ဒိုင်လူကြီး အန်ထော်နီ တေလာအတွက် ခံစစ်ကစားနေချိန်မျိုးမို့ ခွင့်လွှတ်ပေးရမယ့် အခြေအနေလည်း မဟုတ်တာကြောင့် ရွေးချယ်စရာက အနီကတ်ပဲ ရှိပါတော့တယ်။ နည်းပြ ကွန်တီကတော့ ဒီအနီကတ်အတွက် ကန့်ကွက်သွားခဲ့ချိန်မှာ အာဆင်နယ်ပရိသတ်တွေကတော့ မနှစ်က ဟိုးလ်ဒင်း အထုတ်ခံရချိန်မှာ အာတီတာကို ခြေစွမ်းနဲ့ ရလဒ်ပေါ်မှာပဲ အာရုံစိုက်ဖို့ ပြောခဲ့ဖူးတာကို ရယ်ပွဲဖွဲ့နေကြပြီး အီတလီသားမှာ အရှက်မရှိဘူးလားလို့ မေးနေကြပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံေျခစြမ္းနဲ႔ အာဆင္နယ္
ပရီးမီးယားလိဂ္မွာ ၈ ပြဲအျပည့္ ကစားထားတဲ့ အာဆင္နယ္တို႔ ရမွတ္ ၂၁ မွတ္နဲ႔ ဇယားထိပ္မွာ ရပ္တည္ေနခဲ့သလို ဒီတစ္ပတ္မွာလည္း အေစာဆုံး ကစားၿပီး အားလုံးရဲ႕ေရွ႕က ဆက္လက္ဦးေဆာင္ႏိုင္ခဲ့တာပါ။ အဆင့္ ၃ ေနရာက ၁ မွတ္သာ ကြာေနခဲ့တဲ့ စပါးစ္တို႔ကို အိမ္ကြင္းမွာ ပညာေပးႏိုင္ခဲ့သလို တစ္ပြဲလုံး စိုးမိုးကစားႏိုင္ခဲ့ၿပီး ခ်န္ပီယံအသင္းေတြရဲ႕ DNA နဲ႔ ေျခစြမ္းကို ျပသႏိုင္ခဲ့ခ်ိန္မွာ အမွားေတြ လုပ္မိတဲ့ ဧည့္သည္ေတြကေတာ့ အျပစ္ေပးခံခဲ့ရတာ ျဖစ္ပါတယ္။ တနဂၤေႏြေန႔ညမွာ ကစားမယ့္ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးတို႔ အမွတ္ေလ်ာ့ခဲ့ရင္ အာဆင္နယ္တို႔ကို ပိုခ်ီးက်ဴးလို႔ ေကာင္းေနဦးမွာပါ။

ေၾကာက္စရာေကာင္းတဲ့ စတုဂံတိုက္စစ္
စပါးစ္တို႔ ဒီေန႔မွာ ဗ်ာမ်ားသြားခဲ့ရတာက အာဆင္နယ္တို႔ရဲ႕ ေၾကာက္စရာေကာင္းတဲ့ တိုက္စစ္သမား ၄ ေယာက္ကို မထိန္းခ်ဳပ္တတ္ခဲ့လို႔လည္း ျဖစ္ပါတယ္။ ေနရာစုံေရာက္ေနတဲ့ ေဂ်ဆူးစ္နဲ႔ ဘယ္ျခမ္းနဲ႔ အလယ္ကို အလဲအလွယ္ကစားတဲ့ မာတီနယ္လီတို႔က ပုံေသေနရာယူေနတဲ့ စပါးစ္ခံစစ္ကို တည္ၿငိမ္မႈ ပ်က္ျပားေစခဲ့သလို ဆာကာကို တစ္ေယာက္ခ်င္း မထိန္းႏိုင္ခ်ိန္မွာ ေနရာလြတ္ေတြ ေပၚခဲ့ရၿပီး ခ်ာကာကေတာ့ ေဘာ္ဒီနဲ႔ အႏိုင္က်င္ဖို႔ ႀကိဳးစားေနတဲ့ ကြန္တီရဲ႕ ဗ်ဴဟာကို ဖ်က္ဆီးခဲ့တာေၾကာင့္ အာဆင္နယ္ရဲ႕ GSMX တိုက္စစ္က လီဗာပူးလ္ရဲ႕ MSF လို တခုတ္တရ ေျပာရမယ့္ အေနအထား ေရာက္လာခဲ့ပါၿပီ။

ဒါဘီပြဲမွာမွ ဆရာက်ျပတဲ့ ဆာလီဘာ
ဂန္းနားသစ္ ဆာလီဘာကေတာ့ အဂၤလန္က စဆရက Pundit လို႔ ေခၚတဲ့ ေဘာလုံးကြၽမ္းက်င္သူ ကစားသမားေဟာင္းေတြကို ဖြတ္က်ားေတြသာျဖစ္ေၾကာင္း ေျခစြမ္းနဲ႔ သက္ေသျပခဲ့တာပါ။ ၂၁ ႏွစ္သားအေနနဲ႔ ဖိအားေတြ မခံႏိုင္ဘဲ ပရီးမီးယားလိဂ္မွာ ရပ္တည္ဖို႔ ထင္သေလာက္ လြယ္မွာ မဟုတ္ဘူးလို႔ ေျပာသူေတြကို လြယ္လြန္းေၾကာင္း ျပသခဲ့သလို တည္ၿငိမ္ရင့္က်က္မႈနဲ႔ စိတ္ေရာ လူပါႀကံ့ခိုင္မႈကို ေျမာက္လန္ဒန္ဒါဘီမွာမွ ေ႐ြးခ်ယ္ျပသခဲ့ၿပီး ဟာရီကိန္းကိုလည္း အိတ္ထဲ ေကာက္ထည့္ထားႏိုင္ခဲ့ျဖစ္ပါတယ္။ သူ႔ရဲ႕ က်ဥ္းထဲၾကပ္ထဲမွာ ေဘာလုံးကို ေျခနဲ႔ ကပ္ေနေအာင္ သယ္ယူႏိုင္မႈက အသင္းခံစစ္ကို အဆင့္တစ္ခုဆီ ျမႇင့္တင္ေပးထားႏိုင္တာကိုလည္း ေတြ႕ခဲ့ရတာပါ။

ခ်ာကာနဲ႔ ပါေတးတို႔ရဲ႕ ဝမ္းနည္းစရာ ၿပီးျပည့္စုံမႈ
ဒီေန႔ပြဲမွာ ခ်ာကာနဲ႔ ပါေတးတို႔ရဲ႕ စပါးစ္ကြင္းလယ္ကို ထိန္းခ်ဳပ္ထားတဲ့ ေျခစြမ္းနဲ႔ တစ္ေယာက္တစ္ဂိုးစီ သြင္းယူႏိုင္ခဲ့တာအတြက္ အာဆင္နယ္ ပရိသတ္ေတြ ဝမ္းသာၾကည္ႏူးေနႏိုင္ေပမယ့္ မန္ယူနဲ႔ပြဲမွာ သူတို႔ႏွစ္ေယာက္သာ ပါခဲ့ရင္ ေအးေအးေဆးေဆးျဖစ္ခဲ့မွာလို႔ ႏွေျမာတသ ဝမ္းနည္းစရာ အေတြးလည္း ဝင္မိမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဂါနာပီယာလို ျဖစ္သြားခဲ့တဲ့ ေရဘဝဲႀကီးရဲ႕ ဒီေန႔ေျခစြမ္းက အားလုံးကို မင္သက္မိ အံ့ဩေစသလို သူ႔ရဲ႕ ၂၅ မီတာ ကန္ခ်က္ကလည္း လွပလြန္းခဲ့တာပါ။ ႏွလုံးလွ လူမိုက္ႀကီးနဲ႔ ပရိသတ္ အခ်စ္ေတာ္သစ္ ခ်ာကာကေတာ့ ဘယ္ျခမ္းတိုက္စစ္ကို အင္အားျပည့္ေစခဲ့ၿပီး သူ႔ရဲ႕ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္လို႔လည္း တစ္ညီတစ္ၫြတ္တည္း ခ်ီးက်ဴးရေတာ့မွာျဖစ္ပါတယ္။

စပါးစ္တို႔ ဒီပုံစံနဲ႔ေတာ့ ဘာမွ ျဖစ္မလာဘူး
ဧည့္သည္ စပါးစ္တို႔အေနနဲ႔ အာဆင္နယ္အသင္းကို အမ္းမရိတ္မွာ Low Block ပိတ္ကစားၿပီး ေကာင္တာေတြနဲ႔ ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈနဲ႔ ပြဲကို စိုးမိုးႏိုင္စြမ္းကို ယွဥ္ၾကည့္ရင္ ကေလးနဲ႔ လူႀကီး ကစားေနသလို ရယ္စရာျဖစ္ခဲ့ရတာပါ။ ခ်ဲလ္ဆီးနဲ႔ လန္ဒန္ဒါဘီမွာတုန္းကလို လုပ္ျပႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂါဘရီယယ္လ္ လက္ေဆာင္ေပးတဲ့ ပင္နယ္တီေၾကာင့္သာ ဘဲဥကြဲခဲ့တာျဖစ္ၿပီး ခံစစ္ကေတာ့ အာဆင္နယ္တို႔ရဲ႕ ဖိအားကို မခံႏိုင္ဘဲ အက္ေၾကာင္းေတြ ေပၚလာခဲ့လို႔ လဲၿပိဳခဲ့ရတာျဖစ္ပါတယ္။ တစ္ခုပဲ ေျပာရရင္ေတာ့ ေကာင္တာကစားကြက္နဲ႔ ခ်န္ပီယံျဖစ္တဲ့အသင္းမ်ိဳး ပရီးမီးယားလိဂ္မွာ မရွိဘူးလို႔ပဲ အျပတ္ေျပာရပါလိမ့္မယ္။

ဘရာဇီးလ္ နံပါတ္ ၉ အက်ႌအတြက္ ေဂ်ဆူးစ္ရဲ႕ ပညာေပးပြဲ
ဒီေန႔ပြဲကေတာ့ ရစ္ခ်ာလစ္ဆန္ဆိုတဲ့ ငနဲသားကို လန္ဒန္ဒါဘီမွာ ပညာေခၚေပးတဲ့ ေဂ်ဆူးစ္ရဲ႕ ေတာက္ပတဲ့ ပြဲလည္းျဖစ္ခဲ့ပါတယ္။ တစ္ပြဲလုံးမွာ အသင္းေဖာ္ေတြနဲ႔ ေတာင္ပံႏွစ္ဖက္စလုံး Link လိုက္ခ်ိတ္သြားခဲ့ၿပီး တစ္ကိုယ္ေတာ္ ေက်ာ္ျဖတ္မႈေတြနဲ႔ စပါးစ္ခံစစ္ကို အႀကိမ္ႀကိမ္ ဒုကၡေပးေနခဲ့သလို ဒီပြဲမွာ သူ႔အေနနဲ႔ ဟက္ထရစ္ေလာက္ ရႏိုင္ခဲ့ေသးတာပါ။ သူ႔ရဲ႕ အႏိုင္ဂိုးကေတာ့ ခက္ခဲတဲ့ အေနအထားမွာ လုပ္ရဲကိုင္ရဲတဲ့ အဆုံးသတ္သမားေကာင္းရဲ႕ လကၡဏာစစ္စစ္ျဖစ္ၿပီး လိုရစ္ဆီက ျပန္ထြက္လာတဲ့ ေဘာလုံးကို သူနဲ႔ တစ္ခ်ိန္လုံး ၿပိဳင္ဆိုင္ေနတဲ့ ႐ိုမဲ႐ိုးကိုပါ ေက်ာ္ျဖတ္သြင္းယူခဲ့ၿပီး ဘရာဇီးလ္အသင္းရဲ႕ ေက်ာနံပါတ္ ၉ က ဘယ္သူနဲ႔ ထိုက္တန္တာလဲဆိုတာ အလုပ္နဲ႔ သက္ေသျပႏိုင္ခဲ့ပါတယ္။

တုံးအတဲ့ ႐ိုယဲလ္နဲ႔ အရွက္နည္းတဲ့ ကြန္တီ
စပါးစ္တို႔အေနနဲ႔ ပြဲခ်ိန္ ၆၂ မိနစ္မွာ ဆယ္ေယာက္နဲ႔ ကစားခဲ့ရၿပီး ဒီလိုျဖစ္ေအာင္ေတာ့ ဘရာဇီးလ္သား အီမာဆန္ ႐ိုယဲလ္က မိုက္မဲခဲ့တာပါ။ အာဆင္နယ္ကြင္းျခမ္းမွာ မာတီနယ္လီဆီက ေဘာလုံးကို ရယူဖို႔ ႀကိဳးစားရာမွာ ေျခက်င္းဝတ္ကို ေနာက္က နင္းခ်လိုက္ခ်ိန္မွာေတာ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာအတြက္ ခံစစ္ကစားေနခ်ိန္မ်ိဳးမို႔ ခြင့္လႊတ္ေပးရမယ့္ အေျခအေနလည္း မဟုတ္တာေၾကာင့္ ေ႐ြးခ်ယ္စရာက အနီကတ္ပဲ ရွိပါေတာ့တယ္။ နည္းျပ ကြန္တီကေတာ့ ဒီအနီကတ္အတြက္ ကန႔္ကြက္သြားခဲ့ခ်ိန္မွာ အာဆင္နယ္ပရိသတ္ေတြကေတာ့ မႏွစ္က ဟိုးလ္ဒင္း အထုတ္ခံရခ်ိန္မွာ အာတီတာကို ေျခစြမ္းနဲ႔ ရလဒ္ေပၚမွာပဲ အာ႐ုံစိုက္ဖို႔ ေျပာခဲ့ဖူးတာကို ရယ္ပြဲဖြဲ႕ေနၾကၿပီး အီတလီသားမွာ အရွက္မရွိဘူးလားလို႔ ေမးေနၾကပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.