Match Report Serie A

အင်တာမီလန်ကို ဆန်စီရိုမှာ အရှိုက်ထိုးပြီး အနိုင်ယူတဲ့ မော်ရင်ညိုရဲ့ ရိုးမား

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဟန်ဒါနိုဗစ်ချ်၊ ခံစစ်မှာ ရှကရီညာ၊ အချယ်ဘီနဲ့ ဘက်စတိုနီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ အက်စ်လာနီ၊ ဘာရဲလား၊ ချယ်လ်ဟာနိုးလူး၊ ဒီမာကိုနဲ့ ဒမ်းဖရီးစ်တို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရိုးမားအသင်းကတော့ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ စမောလင်း၊ မန်ချီနီနဲ့ အီဘာညက်ဇ်တို့ကို ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာတော့ မာတစ်ချ်၊ ခရစ္စတန်တေ၊ ချယ်လိခ်နဲ့ စပင်နက်ဇိုလာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဇာနျိုလို၊ ဒီဘားလားနဲ့ ပယ်လီဂရီနီတို့ ဦးဆောင်လာခဲ့တာပါ။

အိမ်ကွင်းမှာ အင်တာတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပြီး ဂွပြောတတ်တဲ့ ဆရာကြီး မော်ရင်ညိုရဲ့ အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု လိုချင်ရင် အိမ်အထိ ယူသွားလို့ရတယ်၊ ကျုပ်တို့ကတော့ အနိုင်သုံးမှတ်ပဲ ယူမှာဆိုတဲ့ ထုံးစံအတိုင်း ထိရောက်တဲ့ ကစားပုံနဲ့ တုံ့ပြန်နိုင်ဖို့ပဲ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာ အင်တာတို့ဘက်က အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘာရဲလား ဖန်တီးပေးတာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ဘယ်တောင်ပံသမား ဒီမာကိုက ထောင့်ကျဉ်းထဲကို ကန်သွင်းနိုင်ခဲ့လို့ ရိုးမားတို့ နောက်က လိုက်ခဲ့ရတာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ ရိုးမားတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ စပင်နက်ဇိုလာက ဘယ်ခြမ်းက ဖြတ်တင်ပေးရာမှာ ရှင်းမထုတ်နိုင်ခဲ့တဲ့ အင်တာခံစစ်ကြောင့် အသင့်နေရာယူထားတဲ့ ဒီဘားလားက ဧရိယာအတွင်းကနေ Volley ကန်သွင်းပြီး ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အင်တာတို့ပဲ ဖိကစားခဲ့ပေမယ့် ရိုးမားခံစစ်က ကြိုးကြိုးစားစား ကာကွယ်သွားခဲ့ပြီး ချယ်လ်ဟာနိုးလူးရဲ့ သိပ်ကောင်းတဲ့ ဖရီးကစ်ကတော့ ဘားထိထွက်ခဲ့လို့ နစ်နာခဲ့ရသလို အက်စ်လာနီရဲ့ ဧရိယာအပြင်က ကန်သွင်းချက်ကလည်း တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ အိမ်ရှင်တွေ အဆင်မပြေဘဲဖြစ်နေခဲ့တာပါ။

နည်းပြ ဆီမိုနီ အင်ဇာဂီကတော့ အသင်းကို သာမန်အဆင့်ကို ဆွဲချနေခဲ့ပြီး ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် မသုံးစွဲတတ်သလို ဂိုးသမား အိုနာနာလို ဥရောပအသင်းကြီးတွေက အလိုရှိနေခဲ့တဲ့ မော်ဒန်ဖြန့်ဝေသူကို အရန်ခုံမှာ ထိုင်ခိုင်းထားပြီး ခံစစ်ပိုင်း လူထုတ်ပုံတွေမှာလည်း ဟန်ချက် မညီမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ရိုးမားတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ပယ်လီဂရီနီ တင်ပေးတာကို နောက်ခံလူ စမောလင်းက နေရာယူမှန်မှန်နဲ့ ပြေးထွက်ပြီး အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ အင်တာဂိုးသမား ဟန်ဒါနိုဗစ်ချ် ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆန်စီရိုမှာ ရိုးမားတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် အင်တာတို့ အဆင့် ၇ မှာ မြဲနေချိန်မှာ ရိုးမားကတော့ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဟန္ဒါႏိုဗစ္ခ်္၊ ခံစစ္မွာ ရွကရီညာ၊ အခ်ယ္ဘီနဲ႔ ဘက္စတိုနီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ အက္စ္လာနီ၊ ဘာရဲလား၊ ခ်ယ္လ္ဟာႏိုးလူး၊ ဒီမာကိုနဲ႔ ဒမ္းဖရီးစ္တို႔ကို အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်က္ကိုနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ႐ိုးမားအသင္းကေတာ့ ဂိုးသမား ႐ူအီ ပက္ထရီစီယို၊ ခံစစ္မွာ စေမာလင္း၊ မန္ခ်ီနီနဲ႔ အီဘာညက္ဇ္တို႔ကို ပြဲထြက္ေစခဲ့သလို ကြင္းလယ္မွာေတာ့ မာတစ္ခ်္၊ ခရစၥတန္ေတ၊ ခ်ယ္လိခ္နဲ႔ စပင္နက္ဇိုလာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဇာန်ိဳလို၊ ဒီဘားလားနဲ႔ ပယ္လီဂရီနီတို႔ ဦးေဆာင္လာခဲ့တာပါ။

အိမ္ကြင္းမွာ အင္တာတို႔ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားခဲ့ၿပီး ဂြေျပာတတ္တဲ့ ဆရာႀကီး ေမာ္ရင္ညိဳရဲ႕ အသင္းကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ လိုခ်င္ရင္ အိမ္အထိ ယူသြားလို႔ရတယ္၊ က်ဳပ္တို႔ကေတာ့ အႏိုင္သုံးမွတ္ပဲ ယူမွာဆိုတဲ့ ထုံးစံအတိုင္း ထိေရာက္တဲ့ ကစားပုံနဲ႔ တုံ႔ျပန္ႏိုင္ဖို႔ပဲ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ အင္တာတို႔ဘက္က အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘာရဲလား ဖန္တီးေပးတာကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ ဘယ္ေတာင္ပံသမား ဒီမာကိုက ေထာင့္က်ဥ္းထဲကို ကန္သြင္းႏိုင္ခဲ့လို႔ ႐ိုးမားတို႔ ေနာက္က လိုက္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ႐ိုးမားတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန စပင္နက္ဇိုလာက ဘယ္ျခမ္းက ျဖတ္တင္ေပးရာမွာ ရွင္းမထုတ္ႏိုင္ခဲ့တဲ့ အင္တာခံစစ္ေၾကာင့္ အသင့္ေနရာယူထားတဲ့ ဒီဘားလားက ဧရိယာအတြင္းကေန Volley ကန္သြင္းၿပီး ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အင္တာတို႔ပဲ ဖိကစားခဲ့ေပမယ့္ ႐ိုးမားခံစစ္က ႀကိဳးႀကိဳးစားစား ကာကြယ္သြားခဲ့ၿပီး ခ်ယ္လ္ဟာႏိုးလူးရဲ႕ သိပ္ေကာင္းတဲ့ ဖရီးကစ္ကေတာ့ ဘားထိထြက္ခဲ့လို႔ နစ္နာခဲ့ရသလို အက္စ္လာနီရဲ႕ ဧရိယာအျပင္က ကန္သြင္းခ်က္ကလည္း တိုင္ေဘးက ကပ္ထြက္သြားခဲ့လို႔ အိမ္ရွင္ေတြ အဆင္မေျပဘဲျဖစ္ေနခဲ့တာပါ။

နည္းျပ ဆီမိုနီ အင္ဇာဂီကေတာ့ အသင္းကို သာမန္အဆင့္ကို ဆြဲခ်ေနခဲ့ၿပီး ကစားသမားေကာင္းေတြကို ပိုင္ဆိုင္ထားေပမယ့္ မသုံးစြဲတတ္သလို ဂိုးသမား အိုနာနာလို ဥေရာပအသင္းႀကီးေတြက အလိုရွိေနခဲ့တဲ့ ေမာ္ဒန္ျဖန႔္ေဝသူကို အရန္ခုံမွာ ထိုင္ခိုင္းထားၿပီး ခံစစ္ပိုင္း လူထုတ္ပုံေတြမွာလည္း ဟန္ခ်က္ မညီမႈေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ႐ိုးမားတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန ပယ္လီဂရီနီ တင္ေပးတာကို ေနာက္ခံလူ စေမာလင္းက ေနရာယူမွန္မွန္နဲ႔ ေျပးထြက္ၿပီး အနီးကပ္ ေခါင္းတိုက္သြင္းယူခဲ့ရာမွာ အင္တာဂိုးသမား ဟန္ဒါႏိုဗစ္ခ်္ ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာ ျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဆန္စီ႐ိုမွာ ႐ိုးမားတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ အင္တာတို႔ အဆင့္ ၇ မွာ ၿမဲေနခ်ိန္မွာ ႐ိုးမားကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ အဆင့္ ၄ ကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.