Ligue1 Match Report

နတ်ဘုရား Mode ဝင်နေတဲ့ မက်ဆီရဲ့ရင်သပ်ရှုမောဖွယ် ဖရီးကစ်နဲ့အတူ အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်နဲ့ မူခီယေးလီတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဖာဘီယန် ရူးဝီးဇ်၊ ဗီတင်ညာ၊ ဟာကီမီနဲ့ ဘားနတ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အမ်ဘာပေ မပါဘဲ မက်ဆီ၊ နေမာနဲ့ လူငယ်ကစားသမား အီကီတီကီတို့ ပွဲထွက်ခဲ့ကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အကျတွေနဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ အင်္ဂလန်သူဌေးပိုင် နိစ်အသင်းကတော့ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ ရိုဆာရီယို၊ ဗီတီ၊ ဒန်တေ၊ ဘာ့ဒ်၊ အာတယ်လ်တို့နဲ့ ၅ ယောက်တန်း ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ရမ်ဆေး၊ ဘာကလီ၊ လီမီနာ၊ ဒီယော့ပ်တို့နဲ့ ခင်းကျင်းလာခဲ့ကြပြီး တိုက်စစ်မှာတော့ လာဘော့ဒ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာ မက်ဆီရဲ့ ဖရီးကစ် တိုင်ဘေးက ထွက်သွားခဲ့ပေမယ့် ပွဲချိန် ၂၈ မိနစ်မှာတော့ အာဂျင်တီးနား GOAT ကြီးကပဲ အစောက တစ်လုံးထက် နည်းနည်းပိုနီးတဲ့ နေရာကနေ သူ့ကြောင့်ရတဲ့ ဖရီးကစ်ကို သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ်တစ်ယောက် လှုပ်တောင် မလှုပ်နိုင်ဘဲ ဂိုးပေးလိုက်ရလို့ ပီအက်စ်ဂျီတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဝေးကွင်းမှာ နိစ်တို့ အတင်းဝင် အတင်းဖျက် ကစားသွားခဲ့ကြသလို ပရီးမီးယားလိဂ်အကျတွေဖြစ်ကြတဲ့ ဘာကလီနဲ့ ရမ်ဆေးတို့အတွဲက ပြင်သစ်တွေထက် သိသာထင်ရှားတဲ့ ကစားအားကို ပေးစွမ်းနိုင်လို့ ပီအက်စ်ဂျီတို့ ခြေပျက်နေတဲ့ နေမာ၊ အဆင့်မမီသေးတဲ့ အီကီတီကီတို့နဲ့ ဂိုးထပ်သွင်းဖို့ မလုပ်နိုင်ခဲ့ဘဲ မက်ဆီတစ်ယောက်တည်း ရုန်းနေရသလိုဖြစ်နေခဲ့တာပါ။

ဒီနေ့မှ ပီအက်စ်ဂျီရဲ့ တောင်ပံသမားတွေဆီက ပံ့ပိုးမှုတွေက သိပ်ပြီး အားရစရာ မရှိခဲ့သလို ကွင်းလယ်က ဗာရက်တီ ပွဲပယ်ခံထားရလို့ မပါနိုင်တာကလည်း သိသာစေခဲ့ပြီး ပထမပိုင်းမှာ မက်ဆီရဲ့ ကန်ချက်တွေကို နိစ်ဂိုးသမား ရှမိုက်ကယ်နဲ့ ခံစစ်က အသည်းအသန် ကာကွယ်နိုင်ခဲ့လို့ ပီအက်စ်ဂျီတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင် ပွဲချိန် ၄၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ထိုးနှက်ခံလိုက်ရပြီး နိစ်တို့ ချေပဂိုး ပြန်ယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ အာတယ်လ် ဖြတ်တင်ပေးတာကို တွဲကစားနေကျ မဟုတ်တဲ့ မားကင်ညို့စ်နဲ့ မူခီယေးလီတို့ကြား နားလည်မှုလွဲပြီး ဖျက်ဖို့ နောက်ကျတာကနေ ဧည့်သည်တိုက်စစ်မှူး လာဘော့ဒ်က အနီးကပ် ကန်သွင်းရယူသွားခဲ့တာပါ။

ဒါကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ နေရာယူပုံတွေ တော်တော်ဆိုးဆိုးနဲ့ အသင်းကို ဆယ်ယောက်နဲ့ ကစားနေသလား ထင်ရအောင်လုပ်နေခဲ့တဲ့ အီကီတီကီနဲ့ ကျဆင်းလာတဲ့ ဘားနတ်တို့အစား ပွဲချိန် ၅၉ မိနစ်မှာ အမ်ဘာပေနဲ့ နူနို မန်ဒက်စ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို နိစ်တို့ကတော့ ကြံ့ခိုင်မှု နည်းတဲ့ ရမ်ဆေးနဲ့ ဘာကလီတို့အတွဲကို ထုတ်ပြီး ကောင်တာပြန်ကစားဖို့ ကီဖရင် သူရမ်နဲ့ ပေပေတို့ကို ထည့်သွင်းခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပီအက်စ်ဂျီတို့ တိုက်စစ်က အင်ပြည့်အားပြည့်နဲ့ ဖိကစားနိုင်ခဲ့ပြီး မက်ဆီရဲ့ ဖန်တီးမှုတွေကို မြင်ခဲ့ရသလို ပွဲချိန် ၇၁ မိနစ်မှာ နူနို မန်ဒက်စ် ဘောလုံးထိန်း မညံ့ရင် ဂိုးရနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပြီး နိစ်ဂိုးသမား ရှမိုက်ကယ်ကတော့ သူ့ရှေ့က လေးလံတဲ့ ၃၈ နှစ်သားကြီး ဒန်တေလို ကစားသမားတွေကြောင့် ဗျာများနေခဲ့ရတာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ညာခြမ်းရဲ့ Pressing ကနေ ဘောလုံးပြန်လုနိုင်ခဲ့တဲ့ မူခီယေးလီက ဗီတင်ညာနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဧရိယာထဲကနေ အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အမ်ဘာပေက လွတ်လွတ်ကျွတ်ကျွတ် အပိုင်ကန်သွင်းပြီး ဂိုးသမား ရှမိုက်ကယ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပါဝါရိန်းဂျားတွေနဲ့ အနိုင်မရဘဲဖြစ်နေခဲ့တဲ့ ပီအက်စ်ဂျီတို့ကို လိပ်နင်ဂျာ အမ်ဘာပေရဲ့ ကယ်တင်မှုနဲ့အတူ နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲဆက်ခဲ့သလို ပြင်သစ်လိဂန်မှာ ၉ ပွဲကစား ၂၅ မှတ်နဲ့ ဒုတိယနေရာက မာဆေးလ်အသင်းကို ၂ မှတ်ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ မူခီေယးလီတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဖာဘီယန္ ႐ူးဝီးဇ္၊ ဗီတင္ညာ၊ ဟာကီမီနဲ႔ ဘားနတ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘာေပ မပါဘဲ မက္ဆီ၊ ေနမာနဲ႔ လူငယ္ကစားသမား အီကီတီကီတို႔ ပြဲထြက္ခဲ့ၾကတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အက်ေတြနဲ႔ အလုပ္လုပ္ဖို႔ ႀကိဳးစားေနတဲ့ အဂၤလန္သူေဌးပိုင္ နိစ္အသင္းကေတာ့ ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ ႐ိုဆာရီယို၊ ဗီတီ၊ ဒန္ေတ၊ ဘာ့ဒ္၊ အာတယ္လ္တို႔နဲ႔ ၅ ေယာက္တန္း ကစားလာခဲ့သလို ကြင္းလယ္မွာေတာ့ ရမ္ေဆး၊ ဘာကလီ၊ လီမီနာ၊ ဒီေယာ့ပ္တို႔နဲ႔ ခင္းက်င္းလာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ လာေဘာ့ဒ္တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာ မက္ဆီရဲ႕ ဖရီးကစ္ တိုင္ေဘးက ထြက္သြားခဲ့ေပမယ့္ ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အာဂ်င္တီးနား GOAT ႀကီးကပဲ အေစာက တစ္လုံးထက္ နည္းနည္းပိုနီးတဲ့ ေနရာကေန သူ႔ေၾကာင့္ရတဲ့ ဖရီးကစ္ကို သူကိုယ္တိုင္ပဲ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္တစ္ေယာက္ လႈပ္ေတာင္ မလႈပ္ႏိုင္ဘဲ ဂိုးေပးလိုက္ရလို႔ ပီအက္စ္ဂ်ီတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အေဝးကြင္းမွာ နိစ္တို႔ အတင္းဝင္ အတင္းဖ်က္ ကစားသြားခဲ့ၾကသလို ပရီးမီးယားလိဂ္အက်ေတြျဖစ္ၾကတဲ့ ဘာကလီနဲ႔ ရမ္ေဆးတို႔အတြဲက ျပင္သစ္ေတြထက္ သိသာထင္ရွားတဲ့ ကစားအားကို ေပးစြမ္းႏိုင္လို႔ ပီအက္စ္ဂ်ီတို႔ ေျခပ်က္ေနတဲ့ ေနမာ၊ အဆင့္မမီေသးတဲ့ အီကီတီကီတို႔နဲ႔ ဂိုးထပ္သြင္းဖို႔ မလုပ္ႏိုင္ခဲ့ဘဲ မက္ဆီတစ္ေယာက္တည္း ႐ုန္းေနရသလိုျဖစ္ေနခဲ့တာပါ။

ဒီေန႔မွ ပီအက္စ္ဂ်ီရဲ႕ ေတာင္ပံသမားေတြဆီက ပံ့ပိုးမႈေတြက သိပ္ၿပီး အားရစရာ မရွိခဲ့သလို ကြင္းလယ္က ဗာရက္တီ ပြဲပယ္ခံထားရလို႔ မပါႏိုင္တာကလည္း သိသာေစခဲ့ၿပီး ပထမပိုင္းမွာ မက္ဆီရဲ႕ ကန္ခ်က္ေတြကို နိစ္ဂိုးသမား ရွမိုက္ကယ္နဲ႔ ခံစစ္က အသည္းအသန္ ကာကြယ္ႏိုင္ခဲ့လို႔ ပီအက္စ္ဂ်ီတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး သိပ္မၾကာခင္ ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ထိုးႏွက္ခံလိုက္ရၿပီး နိစ္တို႔ ေခ်ပဂိုး ျပန္ယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန အာတယ္လ္ ျဖတ္တင္ေပးတာကို တြဲကစားေနက် မဟုတ္တဲ့ မားကင္ညိဳ႕စ္နဲ႔ မူခီေယးလီတို႔ၾကား နားလည္မႈလြဲၿပီး ဖ်က္ဖို႔ ေနာက္က်တာကေန ဧည့္သည္တိုက္စစ္မႉး လာေဘာ့ဒ္က အနီးကပ္ ကန္သြင္းရယူသြားခဲ့တာပါ။

ဒါေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ ေနရာယူပုံေတြ ေတာ္ေတာ္ဆိုးဆိုးနဲ႔ အသင္းကို ဆယ္ေယာက္နဲ႔ ကစားေနသလား ထင္ရေအာင္လုပ္ေနခဲ့တဲ့ အီကီတီကီနဲ႔ က်ဆင္းလာတဲ့ ဘားနတ္တို႔အစား ပြဲခ်ိန္ ၅၉ မိနစ္မွာ အမ္ဘာေပနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို နိစ္တို႔ကေတာ့ ႀကံ့ခိုင္မႈ နည္းတဲ့ ရမ္ေဆးနဲ႔ ဘာကလီတို႔အတြဲကို ထုတ္ၿပီး ေကာင္တာျပန္ကစားဖို႔ ကီဖရင္ သူရမ္နဲ႔ ေပေပတို႔ကို ထည့္သြင္းခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ပီအက္စ္ဂ်ီတို႔ တိုက္စစ္က အင္ျပည့္အားျပည့္နဲ႔ ဖိကစားႏိုင္ခဲ့ၿပီး မက္ဆီရဲ႕ ဖန္တီးမႈေတြကို ျမင္ခဲ့ရသလို ပြဲခ်ိန္ ၇၁ မိနစ္မွာ ႏူႏို မန္ဒက္စ္ ေဘာလုံးထိန္း မညံ့ရင္ ဂိုးရႏိုင္တဲ့ အေနအထားမွာ ရွိခဲ့ၿပီး နိစ္ဂိုးသမား ရွမိုက္ကယ္ကေတာ့ သူ႔ေရွ႕က ေလးလံတဲ့ ၃၈ ႏွစ္သားႀကီး ဒန္ေတလို ကစားသမားေတြေၾကာင့္ ဗ်ာမ်ားေနခဲ့ရတာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အႏိုင္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ညာျခမ္းရဲ႕ Pressing ကေန ေဘာလုံးျပန္လုႏိုင္ခဲ့တဲ့ မူခီေယးလီက ဗီတင္ညာနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဧရိယာထဲကေန အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ အမ္ဘာေပက လြတ္လြတ္ကြၽတ္ကြၽတ္ အပိုင္ကန္သြင္းၿပီး ဂိုးသမား ရွမိုက္ကယ္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပါဝါရိန္းဂ်ားေတြနဲ႔ အႏိုင္မရဘဲျဖစ္ေနခဲ့တဲ့ ပီအက္စ္ဂ်ီတို႔ကို လိပ္နင္ဂ်ာ အမ္ဘာေပရဲ႕ ကယ္တင္မႈနဲ႔အတူ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲဆက္ခဲ့သလို ျပင္သစ္လိဂန္မွာ ၉ ပြဲကစား ၂၅ မွတ္နဲ႔ ဒုတိယေနရာက မာေဆးလ္အသင္းကို ၂ မွတ္ျဖတ္ၿပီး ထိပ္ဆုံးက ဦးေဆာင္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.