Match Report Premier League

ကြောင်ပျောက် လေပါတယ်ပူးလ်ကို ထရော့ဆတ် ဟက်ထရစ်နဲ့ သရေယူတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ ဗဲလ်မန်း၊ လူးဝစ္စ ဒန့်ခ်၊ ဝက်ဘ်စတာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ မက္ကယ်လစ္စတာ၊ ဆော်လီ မာ့ချ်နဲ့ အက်စ်တူပီညန်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဂရော့စ်၊ ဝဲလ်ဘက်ခ်နဲ့ ထရော့ဆတ်တို့ကို နည်းပြသစ် ရော်ဘတ်တို ဒီဇာဘီက ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဆီမီကတ်စ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်တို့ ဦးစားပေးအတွဲကို ပြန်သုံးခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ကာဗာလ်ယိုနဲ့ ဖာမီနိုတို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက အန်းဖီးလ်မှာ ဘရိုက်တန်တို့ စတင်ဦးဆောင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ ကျလာတဲ့ ဘောလုံးကို ထရော့ဆတ်က ဝဲလ်ဘက်ခ်ကို ပေးခဲ့ပြီး ဝမ်းတူးရိုက်ထွက်ခဲ့ရာမှာ ဘောလုံးပြန်ရခဲ့တဲ့ ထရော့ဆတ်က သူ့ကို ဝင်ပိတ်ဖို့ ကြိုးစားတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို လှည့်စားပြီး ညာဘက်တိုင်ကို ဘယ်ခြေနဲ့ ချိုးကန်သွင်းယူခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ဘရိုက်တန်တို့ နောက်တစ်ဂိုး ထပ်မံ သွင်းယူသွားခဲ့ပြန်သလို ဒီဂိုးကိုလည်း ဝေဖန်ခံနေရတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ခံစစ်ကစားပုံ အမှားကနေ ဝဲလ်ဘက်ခ်က ပြန်ရယူပြီး ဘယ်ခြမ်းကနေ ချိုးပေးတာကို ဂရော့စ်က ဧရိယာထဲ ပြန်ထည့်ပေးရာမှာ ထရော့ဆတ်ကပဲ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာက ဂိုးသမား အယ်လစ်ဆန်ရဲ့ လက်နားက ဖြတ်ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဘရိုက်တန်ခံစစ်ရဲ့ ရှင်းထုတ်ပုံအမှားကနေ ဟန်ဒါဆန်က ဧရိယာထဲ ကျော်ချပေးတာကို ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ ဆာလားက ကန်ဖို့ ခက်ချိန်မှာ ညာဘက်ကို ပြန်ချိုးပေးခဲ့ပြီး ဒီအခွင့်အရေးကို နောက်ကနေ ပါလာတဲ့ ဖာမီနိုက အသုံးချကန်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ရှင်တွေ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ကာဗာလ်ယိုအစား လူးဝစ် ဒီယက်ဇ် ဝင်ကစားခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယ ချေပဂိုး ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းတောက်လျှောက် ဆွဲလာခဲ့တဲ့ ဒီယက်ဇ်က ဧရိယာထဲကို ထည့်ပေးတာကို ဖာမီနိုက တစ်ကိုယ်တော် စွမ်းရည်နဲ့ ဘရိုက်တန်နောက်ခံလူနှစ်ဦးကို ကျော်ဖြတ်ပြီး အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက အလက်ဇန်းဒါး-အာနိုးလ်ဒ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကနေ ကျလာတဲ့ ဘောလုံးကို ဘရိုက်တန်ဂိုးသမား ဆန်ချက်ဇ် ထိုးထုတ်ဖို့ ကြိုးစားပေမယ့် လက်နဲ့ လွဲသွားခဲ့ပြီး ဘောလုံးက အဆင်သင့်ရှိမနေတဲ့ နောက်ခံလူ ဝက်ဘ်စတာနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ ဘရိုက်တန်တို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ဆင်လာခဲ့တဲ့ ကီတိုမာက ချိုးပေးတာကို လီဗာပူးလ်နောက်ခံလူတွေကြားထဲကနေ သေချာမရှင်းထုတ်နိုင်ဘဲ လွတ်လာခဲ့တဲ့ ဘောလုံးကို ထရော့ဆတ်က ဘယ်ခြေနဲ့ပဲ Volley ကန်သွင်းပြီး ဒီနေ့မှာ သူ့ရဲ့ နှိပ်စက်သမျှ ခံနေရတဲ့ ဂိုးသမား အယ်လစ်ဆန်ကို ဟက်ထရစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

၆ ကြိမ်ကန် ၆ ကြိမ် ဂိုးပေါက်တည့်ပြီး ၃ ဂိုးရခဲ့တဲ့ နောက်ပိုင်းမှာ ဘရိုက်တန်တို့ သရေတစ်မှတ်အတွက် ခံစစ်ပိတ်ကစားသွားခဲ့ကြပြီး လီဗာပူးလ်တို့ကတော့ နာမည်ပျက်ဖို့ ဖြစ်နေတဲ့ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ကို သီယာဂိုအစား ထပ်ထည့်သွားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့လို့ အန်းဖီးလ်က ပွဲချိန်အပြည့်မှာတော့ နှစ်သင်းကြားမှာ သုံးဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ဘရိုက်တန်တို့ ၇ ပွဲကစား ၄ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၁၄ မှတ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့နောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့ချိန်မှာ လီဗာပူးလ်တို့ကတော့ ၂ ပွဲနိုင် ၄ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဗဲလ္မန္း၊ လူးဝစၥ ဒန႔္ခ္၊ ဝက္ဘ္စတာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ မကၠယ္လစၥတာ၊ ေဆာ္လီ မာ့ခ်္နဲ႔ အက္စ္တူပီညန္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဂေရာ့စ္၊ ဝဲလ္ဘက္ခ္နဲ႔ ထေရာ့ဆတ္တို႔ကို နည္းျပသစ္ ေရာ္ဘတ္တို ဒီဇာဘီက ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဆီမီကတ္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ သီယာဂိုနဲ႔ ဟန္ဒါဆန္တို႔ ဦးစားေပးအတြဲကို ျပန္သုံးခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ကာဗာလ္ယိုနဲ႔ ဖာမီႏိုတို႔ကို ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက အန္းဖီးလ္မွာ ဘ႐ိုက္တန္တို႔ စတင္ဦးေဆာင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ကေန က်လာတဲ့ ေဘာလုံးကို ထေရာ့ဆတ္က ဝဲလ္ဘက္ခ္ကို ေပးခဲ့ၿပီး ဝမ္းတူး႐ိုက္ထြက္ခဲ့ရာမွာ ေဘာလုံးျပန္ရခဲ့တဲ့ ထေရာ့ဆတ္က သူ႔ကို ဝင္ပိတ္ဖို႔ ႀကိဳးစားတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို လွည့္စားၿပီး ညာဘက္တိုင္ကို ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းယူခဲ့လို႔ အိမ္ရွင္ေတြ ေနာက္က လိုက္ကစားရဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ဘ႐ိုက္တန္တို႔ ေနာက္တစ္ဂိုး ထပ္မံ သြင္းယူသြားခဲ့ျပန္သလို ဒီဂိုးကိုလည္း ေဝဖန္ခံေနရတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ခံစစ္ကစားပုံ အမွားကေန ဝဲလ္ဘက္ခ္က ျပန္ရယူၿပီး ဘယ္ျခမ္းကေန ခ်ိဳးေပးတာကို ဂေရာ့စ္က ဧရိယာထဲ ျပန္ထည့္ေပးရာမွာ ထေရာ့ဆတ္ကပဲ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့တာက ဂိုးသမား အယ္လစ္ဆန္ရဲ႕ လက္နားက ျဖတ္ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဘ႐ိုက္တန္ခံစစ္ရဲ႕ ရွင္းထုတ္ပုံအမွားကေန ဟန္ဒါဆန္က ဧရိယာထဲ ေက်ာ္ခ်ေပးတာကို ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕တဲ့ ဆာလားက ကန္ဖို႔ ခက္ခ်ိန္မွာ ညာဘက္ကို ျပန္ခ်ိဳးေပးခဲ့ၿပီး ဒီအခြင့္အေရးကို ေနာက္ကေန ပါလာတဲ့ ဖာမီႏိုက အသုံးခ်ကန္သြင္းယူခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ေတြ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ကာဗာလ္ယိုအစား လူးဝစ္ ဒီယက္ဇ္ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယ ေခ်ပဂိုး ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းေတာက္ေလွ်ာက္ ဆြဲလာခဲ့တဲ့ ဒီယက္ဇ္က ဧရိယာထဲကို ထည့္ေပးတာကို ဖာမီႏိုက တစ္ကိုယ္ေတာ္ စြမ္းရည္နဲ႔ ဘ႐ိုက္တန္ေနာက္ခံလူႏွစ္ဦးကို ေက်ာ္ျဖတ္ၿပီး အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ကန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကေန က်လာတဲ့ ေဘာလုံးကို ဘ႐ိုက္တန္ဂိုးသမား ဆန္ခ်က္ဇ္ ထိုးထုတ္ဖို႔ ႀကိဳးစားေပမယ့္ လက္နဲ႔ လြဲသြားခဲ့ၿပီး ေဘာလုံးက အဆင္သင့္ရွိမေနတဲ့ ေနာက္ခံလူ ဝက္ဘ္စတာနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာ ဘ႐ိုက္တန္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တိုက္စစ္ဆင္လာခဲ့တဲ့ ကီတိုမာက ခ်ိဳးေပးတာကို လီဗာပူးလ္ေနာက္ခံလူေတြၾကားထဲကေန ေသခ်ာမရွင္းထုတ္ႏိုင္ဘဲ လြတ္လာခဲ့တဲ့ ေဘာလုံးကို ထေရာ့ဆတ္က ဘယ္ေျခနဲ႔ပဲ Volley ကန္သြင္းၿပီး ဒီေန႔မွာ သူ႔ရဲ႕ ႏွိပ္စက္သမွ် ခံေနရတဲ့ ဂိုးသမား အယ္လစ္ဆန္ကို ဟက္ထရစ္ဂိုးနဲ႔ အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

၆ ႀကိမ္ကန္ ၆ ႀကိမ္ ဂိုးေပါက္တည့္ၿပီး ၃ ဂိုးရခဲ့တဲ့ ေနာက္ပိုင္းမွာ ဘ႐ိုက္တန္တို႔ သေရတစ္မွတ္အတြက္ ခံစစ္ပိတ္ကစားသြားခဲ့ၾကၿပီး လီဗာပူးလ္တို႔ကေတာ့ နာမည္ပ်က္ဖို႔ ျဖစ္ေနတဲ့ တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္ကို သီယာဂိုအစား ထပ္ထည့္သြားခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့လို႔ အန္းဖီးလ္က ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္သင္းၾကားမွာ သုံးဂိုးစီ သေရရလဒ္ ထြက္ေပၚခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ ဘ႐ိုက္တန္တို႔ ၇ ပြဲကစား ၄ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၁၄ မွတ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာကို ေရာက္ရွိလာခဲ့ခ်ိန္မွာ လီဗာပူးလ္တို႔ကေတာ့ ၂ ပြဲႏိုင္ ၄ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၁၀ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.