Match Report Premier League

ဂါလာဂါ ယူပေးတဲ့ နိုင်ပွဲနဲ့ ပဲလေ့စ်ဆီက သုံးမှတ်ရပြီး အဆင့် ၅ ရောက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဖိုဖာနာ၊ ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ကိုဗာချစ်နဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်ကိုတော့ စတာလင်၊ ဟာဗတ်ဇ်နဲ့ အူဘာမီယန်းတို့က ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ ဂေးဟီ၊ ကလိုင်းန်၊ ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို လူမစုံနိုင်ဘဲ ပွဲထုတ်ခဲ့ရပြီး ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ အီဇီနဲ့ အိုလီဆေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇာဟာ၊ အေဒူယာနဲ့ အာယူးတို့ကို အသုံးပြုခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက ပဲလေ့စ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ ချဲလ်ဆီးနောက်ခံလူ ဖိုဖာနာ ဘောလုံးပျက်တာကို အေဒူယာက ကွင်းလယ်ကနေ ညာခြမ်းကို ပေးပြီး ပြေးတက်သွားချိန်မှာ ဘောလုံး လက်ခံရရှိထားတဲ့ အာယူးက အဝေးကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ အေဒူယာကပဲ ပြေးဝင်ပြီး ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ ကွင်းလယ်ကနေ အီဇီ လှမ်းကန်ရာမှာ ဂိုးသမား ကီပါ မဖမ်းနိုင်ဘဲ အန်ထွက်လာတာကို ဇာဟာ ပြေးပိတ်ဖို့ အနည်းငယ် ကြောက်နေခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရပြီး ဒီက ရတဲ့ ထောင့်ကန်ဘောကို အတိုပေးပြီး အီဇီကပဲ ထောင့်ဖြတ် အနိမ့်ဘော ကန်သွင်းတာကို ကီပါ အလူးအလဲ ကာကွယ်ခဲ့ရတာပါ။

ပွဲချိန် ၁၉ မိနစ်မှာ ချဲလ်ဆီးတို့ ပြန်ဖိကစားလာခဲ့ပြီး ညာခြမ်းက မ,ပေးတဲ့ ဘောလုံးကို မေဆန်မောင့် ခေါင်းတိုက်ချက်က တိုင်ဘေးကနေ လွဲချော်သွားခဲ့သလို ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကိုလည်း စတာလင်က ဘေးကန်ခဲ့တာကြောင့် ချေပဂိုး ပြန်ရဖို့ ခက်နေခဲ့ချိန်မှာ ခံစစ်ပိုင်းကတော့ အမှားတွေ များနေခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ရီးစ် ဂျိမ်းစ်က အမြင့်ဘော ကန်တင်ပေးခဲ့ရာမှာ ထောင့်ကန်ဘောမှာ ရှေ့တက်ပြီး ပြန်မဆင်းရသေးဘဲ ကျန်နေတဲ့ သီယာဂို ဆေးလ်ဗားက ဧရိယာထဲ ခေါင်းတိုက်ချပေးခဲ့တာကို အူဘာမီယန်းက နောက်ခံလူနှစ်ယောက်ကြားကနေ Half Volley ကန်သွင်းပြီး အသင်းသစ်နဲ့ ပွဲထွက်ခွင့်မှာ အဖွင့်လှခဲ့တာပါ။

အန်ဒါဆန် မပါချိန်မှာ ဗဟိုနောက်ခံလူစစ်စစ်ဆိုလို ဂေးဟီတစ်ဦးတည်းနဲ့ ကစားခဲ့ရတဲ့ ပဲလေ့စ်တို့ ကွင်းလယ်မှာ သွက်ပေမယ့် ခံစစ်မှာတော့ ရုန်းကန်နေခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှာ ကလိုင်းအစား တွမ်ကင်းစ်ကို ထည့်သွင်းခဲ့အပြီးမှာတော့ တစ်ဂိုးစီသရေနဲ့ ရပ်နားခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုဖိကစားနိုင်ခဲ့ပါတယ်။

ဂရေဟမ် ပေါ့တာရဲ့ လူတွေ ဖိကစားနိုင်ပေမယ့် ကစားကွက်ကတော့ ရိုးလွန်းနေတာကြောင့် ပဲလေ့စ်ဂိုးရှေ့မှာ အလုပ်သိပ်မဖြစ်သလို အဆုံးသတ်ပိုင်းတွေကလည်း ထုံးစံအတိုင်း ညံ့ဖျင်းဆဲဖြစ်လို့ ရုန်းကန်နေခဲ့ရတာကြောင့် ဂျော်ဂျင်ညို၊ အူဘာမီယန်း၊ ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့အစား လော့ဖ်တပ်စ်-ချိခ်၊ ဘရိုယာ၊ ဂါလာဂါနဲ့ ပူလီရှစ်ချ်တို့ကို ပြောင်းလဲသွားခဲ့တာပါ။

ဒီလိုနဲ့ သရေကျတော့မယ်လို့ ထင်နေတုန်းမှာပဲ ချဲလ်ဆီးတို့ အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ပွဲချိန် မိနစ် ၉၀ မှာ ဘယ်ခြမ်းကနေ ထိုးဖောက်ခဲ့တဲ့ ပူလီရှစ်ချ်က အတွင်းကို ပြန်ချိုးပေးတာကို ဂါလာဂါက ဝင်တားတဲ့ နောက်ခံလူကို ကျော်ဖြတ်ပြီးမှ အဝေးကန်ချက်နဲ့ အသင်းဟောင်းဘက်ကို လှလှပပ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဆိုးရွားနေတဲ့ ရလဒ်တွေထဲက ပြန်လည်ရုန်းထွက်နိုင်ခဲ့သလို နည်းပြ ပေါ့တာနဲ့ တိုက်စစ်မှူး အူဘာမီယန်းတို့ရဲ့ ပထမဆုံးဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲထွက်မှုတွေမှာ အနိုင်ရလဒ်နဲ့ အဖွင့်လှခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဖိုဖာနာ၊ ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္ကိုေတာ့ စတာလင္၊ ဟာဗတ္ဇ္နဲ႔ အူဘာမီယန္းတို႔က ဦးေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြိဳင္တာ၊ ခံစစ္မွာ ေဂးဟီ၊ ကလိုင္းန္၊ ဝါ့ဒ္နဲ႔ မစ္ခ်ဲလ္တို႔ကို လူမစုံႏိုင္ဘဲ ပြဲထုတ္ခဲ့ရၿပီး ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ အီဇီနဲ႔ အိုလီေဆးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဇာဟာ၊ ေအဒူယာနဲ႔ အာယူးတို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက ပဲေလ့စ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ခ်ဲလ္ဆီးေနာက္ခံလူ ဖိုဖာနာ ေဘာလုံးပ်က္တာကို ေအဒူယာက ကြင္းလယ္ကေန ညာျခမ္းကို ေပးၿပီး ေျပးတက္သြားခ်ိန္မွာ ေဘာလုံး လက္ခံရရွိထားတဲ့ အာယူးက အေဝးကေန ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ ေအဒူယာကပဲ ေျပးဝင္ၿပီး ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ ကြင္းလယ္ကေန အီဇီ လွမ္းကန္ရာမွာ ဂိုးသမား ကီပါ မဖမ္းႏိုင္ဘဲ အန္ထြက္လာတာကို ဇာဟာ ေျပးပိတ္ဖို႔ အနည္းငယ္ ေၾကာက္ေနခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရၿပီး ဒီက ရတဲ့ ေထာင့္ကန္ေဘာကို အတိုေပးၿပီး အီဇီကပဲ ေထာင့္ျဖတ္ အနိမ့္ေဘာ ကန္သြင္းတာကို ကီပါ အလူးအလဲ ကာကြယ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ျပန္ဖိကစားလာခဲ့ၿပီး ညာျခမ္းက မ,ေပးတဲ့ ေဘာလုံးကို ေမဆန္ေမာင့္ ေခါင္းတိုက္ခ်က္က တိုင္ေဘးကေန လြဲေခ်ာ္သြားခဲ့သလို ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကိုလည္း စတာလင္က ေဘးကန္ခဲ့တာေၾကာင့္ ေခ်ပဂိုး ျပန္ရဖို႔ ခက္ေနခဲ့ခ်ိန္မွာ ခံစစ္ပိုင္းကေတာ့ အမွားေတြ မ်ားေနခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ရီးစ္ ဂ်ိမ္းစ္က အျမင့္ေဘာ ကန္တင္ေပးခဲ့ရာမွာ ေထာင့္ကန္ေဘာမွာ ေရွ႕တက္ၿပီး ျပန္မဆင္းရေသးဘဲ က်န္ေနတဲ့ သီယာဂို ေဆးလ္ဗားက ဧရိယာထဲ ေခါင္းတိုက္ခ်ေပးခဲ့တာကို အူဘာမီယန္းက ေနာက္ခံလူႏွစ္ေယာက္ၾကားကေန Half Volley ကန္သြင္းၿပီး အသင္းသစ္နဲ႔ ပြဲထြက္ခြင့္မွာ အဖြင့္လွခဲ့တာပါ။

အန္ဒါဆန္ မပါခ်ိန္မွာ ဗဟိုေနာက္ခံလူစစ္စစ္ဆိုလို ေဂးဟီတစ္ဦးတည္းနဲ႔ ကစားခဲ့ရတဲ့ ပဲေလ့စ္တို႔ ကြင္းလယ္မွာ သြက္ေပမယ့္ ခံစစ္မွာေတာ့ ႐ုန္းကန္ေနခဲ့ရၿပီး ပထမပိုင္းၿပီးခါနီးမွာ ကလိုင္းအစား တြမ္ကင္းစ္ကို ထည့္သြင္းခဲ့အၿပီးမွာေတာ့ တစ္ဂိုးစီသေရနဲ႔ ရပ္နားခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ပိုဖိကစားႏိုင္ခဲ့ပါတယ္။

ဂေရဟမ္ ေပါ့တာရဲ႕ လူေတြ ဖိကစားႏိုင္ေပမယ့္ ကစားကြက္ကေတာ့ ႐ိုးလြန္းေနတာေၾကာင့္ ပဲေလ့စ္ဂိုးေရွ႕မွာ အလုပ္သိပ္မျဖစ္သလို အဆုံးသတ္ပိုင္းေတြကလည္း ထုံးစံအတိုင္း ညံ့ဖ်င္းဆဲျဖစ္လို႔ ႐ုန္းကန္ေနခဲ့ရတာေၾကာင့္ ေဂ်ာ္ဂ်င္ညိဳ၊ အူဘာမီယန္း၊ ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္တို႔အစား ေလာ့ဖ္တပ္စ္-ခ်ိခ္၊ ဘ႐ိုယာ၊ ဂါလာဂါနဲ႔ ပူလီရွစ္ခ်္တို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

ဒီလိုနဲ႔ သေရက်ေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ ခ်ဲလ္ဆီးတို႔ အႏိုင္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ မိနစ္ ၉၀ မွာ ဘယ္ျခမ္းကေန ထိုးေဖာက္ခဲ့တဲ့ ပူလီရွစ္ခ်္က အတြင္းကို ျပန္ခ်ိဳးေပးတာကို ဂါလာဂါက ဝင္တားတဲ့ ေနာက္ခံလူကို ေက်ာ္ျဖတ္ၿပီးမွ အေဝးကန္ခ်က္နဲ႔ အသင္းေဟာင္းဘက္ကို လွလွပပ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဆိုး႐ြားေနတဲ့ ရလဒ္ေတြထဲက ျပန္လည္႐ုန္းထြက္ႏိုင္ခဲ့သလို နည္းျပ ေပါ့တာနဲ႔ တိုက္စစ္မႉး အူဘာမီယန္းတို႔ရဲ႕ ပထမဆုံးျဖစ္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲထြက္မႈေတြမွာ အႏိုင္ရလဒ္နဲ႔ အဖြင့္လွခဲ့ၿပီး အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.