Match Report Premier League

မြောက်လန်ဒန်ဒါဘီမှာ စပါးစ်ကို ဂိုးပြတ်ခြေပြတ် ဦးချိုးနှိမ်ဖြတ်ပြခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ လူစုံအသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး ပြန်ပါလာသလို အော်ဒီဂွါဒ်၊ ချာကာတို့နဲ့ တွဲကစားခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ မာတီနယ်လီနဲ့ ဆာကာတို့ကို မပြောင်းမလဲ ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဧည့်သည် စပါးစ်တို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ လွန်ဂလေ၊ ဒိုင်ယာနဲ့ ရိုမဲရိုးတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ပါရီရှစ်ချ်၊ ဘင်တန်ကာနဲ့ ဟွိုင်ဘယာ့ဂ်တို့နဲ့ အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့နဲ့ ခင်းကျင်းခဲ့တာပါ။

ပွဲစကတည်းက အိမ်ရှင် အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး စပါးစ်တို့ ပထမ ဆယ်မိနစ်လောက် အတွင်းမှာ ဘောလုံးသိပ်မထိအောင် လုပ်ထားနိုင်ခဲ့သလို ခြိမ်းခြောက်မှုတွေကို ဧည့်သည်ခံစစ်နဲ့ ဂိုးသမား လိုရစ်တို့ အမှားမရှိခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာကာက တိုက်စစ်ဆင်လာပြီး ဧရိယာထဲ ဝင်ဖို့ မဖြစ်နိုင်လို့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဘန်ဝှိုက်က အတွင်းပြန်ထည့်ပေးခဲ့ရာမှာ ဧရိယာအစပ်မှာ လွတ်နေခဲ့တဲ့ ပါတေးက ညာဘက်အပေါ်ထောင့်ကို လှမ်းကန်ပြီး သွင်းယူသွားနိုင်ခဲ့တာပါ။

အိမ်ရှင်တွေဘက်က လူငယ်ကစားသမား ဆာလီဘာ အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်မှု ပြသနိုင်ခဲ့ပေမယ့် သူ့ရဲ့ တွဲဘက် ဂါဘရီယယ်လ်ကတော့ အနည်းငယ် သွေးဆူနေပုံကို တွေ့ရသလို အာဆင်နယ်ကစားသမားတွေအနေနဲ့ အမြင့်ဘော ဖျက်ထုတ်မှုတွေမှာ နေရာယူပုံနဲ့ တိုင်မင် သိပ်မကိုက်ခဲ့တာကိုတော့ အားနည်းချက်အဖြစ် တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဧရိယာထဲ တိုးဝင်လာတဲ့ ရစ်ချာလစ်ဆန်ကို ဘောလုံးမထိဘဲ ခြေချိတ်မိခဲ့တဲ့ ဂါဘရီယယ်လ်ကြောင့် ပေးရတဲ့ ပင်နယ်တီကို ဟာရီကိန်းက ဂိုးသမား ရမ်းစ်ဒေးလ် ဒိုက်ပစ်တဲ့ ညာဘက်ကို မကန်ဘဲ သူကန်နေကျ မဟုတ်တဲ့ အလယ်ကို ကန်ထည့်သွားခဲ့လို့ မြောက်လန်ဒန်ဒါဘီမှာ သူ့ရဲ့ ၄၄ ဂိုးမြောက်နဲ့ ဂိုးသွင်းအများဆုံးဖြစ်လာခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ လက်ကျန်ပွဲချိန်တွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထပ်ပြီး ဖိကစားနေပေမယ့် ဂျေဆူးစ်နဲ့ ဆာကာတို့ရဲ့ ကန်ချက်တွေကို စပါးစ်ဂိုးသမား လိုရစ် လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ ပထမပိုင်းမှာ ခြေစွမ်းအရ သာလွန်ခဲ့ပေမယ့်လည်း တစ်ဂိုးစီ သရေနဲ့သာ ကျေနပ်နေခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ အာဆင်နယ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပါတေးပေးတဲ့ ဘောလုံးကို ညာခြမ်းက အတွင်းကို ဆွဲဝင်ပြီး အပေါက်ရှာကန်တဲ့ ဆာကာရဲ့ ကန်ချက်ကို လိုရစ် မဖမ်းနိုင်ဘဲ ပြန်ထွက်လာတာကို နောက်ခံလူ ရိုမဲရိုးကလည်း ရှင်းမထုတ်နိုင်ချိန်မှာ ဂျေဆူးစ်က နောက်ကနေ ဝင်လုပြီး ကန်သွင်းယူသွားခဲ့တာပါ။

ကွင်းလယ်မှာ ဂါနာသားကြီး ပါတေးရဲ့ ယုံကြည်မှုအပြည့်နဲ့ ဘောလုံးကိုင်ကစားပြီး ဖြန့်ဝေရေးလုပ်နေတဲ့ ပုံစံက အဖျက်ကစားသမားနဲ့တောင် မတူဘဲ အီတလီစတိုင် Regista လို့ခေါ်တဲ့ ပီယာလိုတို့ရဲ့ အဆင့်အတန်းမျိုးကို တွေ့မြင်ခဲ့ရသလို ချာကာကလည်း ခံစစ်ကို အာရုံစိုက်ဖို့ မလိုချိန်မှာ စပါးစ်ခံစစ်အစုအဖွဲ့ကို သူ့ရဲ့ ရွေ့လျားမှု၊ ကြံ့ခိုင်မှုတွေနဲ့ ပျက်စီးစေခဲ့လို့ ကွန်တီအတွက် ကြံရခက်နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ တောင်ပံက ဘောလုံးကို ပြန်လည်ရယူပြီး ကိုယ့်ကွင်းခြမ်းကို ပြန်ဆွဲလာတဲ့ မာတီနယ်လီကို မလိုအပ်ဘဲ မိုက်မဲတဲ့ ဖျက်ထုတ်မှုက ခြေကျင်းဝတ်အထက်ကို တက်နင်းတာဖြစ်သွားခဲ့တဲ့ စပါးစ်တောင်ပံသမား ရိုယဲလ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ဧည့်သည်တွေ ဆယ်ယောက်နဲ့ ကစားခဲ့ကြရပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ကွန်တီရဲ့ အပြောင်းအလဲလုပ်ဖို့ နောက်ကျနေတဲ့ စပါးစ်ကို အာဆင်နယ်တို့ တတိယဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းက မာတီနယ်လီရဲ့ အတွင်းကို ဆွဲဝင်ပြီး ချန်ထားပေးခဲ့တဲ့ ဘောလုံးကို ဧရိယာထိပ်မှာ ရသွားခဲ့တဲ့ ချာကာက တစ်ဖက်နောက်ခံလူနှစ်ဦးကို ဖြတ်ကျော်ပြီးမှ ညာဘက်တိုင်ခြေကို ချိုးကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ စပါးစ်တို့ဘက်က ကစားသမားလေးဦး တစ်ပြိုင်တည်း လဲကစားခဲ့ပြီး ဆွန်ဟောင်မင်၊ ရစ်ချာလစ်ဆန်၊ လွန်ဂလေနဲ့ ပါရီရှစ်ချ်တို့အစား ဘီဆူးမား၊ ဆက်ဆီညွန်၊ ဆန်ချက်ဇ်နဲ့ ဒိုဟာတီတို့ကို ထည့်ပြီး တောင်ပံခံစစ်နဲ့ ကွင်းလယ်ကို ဖြည့်သွားခဲ့သလို အာဆင်နယ်တို့ဘက်ကတော့ ပါတေးနဲ့ ဇင်ချန်ကိုတို့အစား ဆမ်ဘီ လိုကွန်ဂါနဲ့ တီယာနီတို့ကို လဲအပြီးမှာ ကွန်တီကတော့ ဟွိုင်ဘယာ့ဂ်အစား စကစ်ပ်ကို ထပ်ထည့်ခဲ့တာပါ။

ပွဲချိန်မိနစ် ၈၀ မှာတော့ ဂျေဆူးစ်နဲ့ အော်ဒီဂွါဒ်တို့ကို အာဆင်နယ်တို့ အနားပေးခဲ့ပြီး နကီးတီးယားနဲ့ ဖာဘီယို ဗီယာရာတို့နဲ့ လဲကစားသွားခဲ့သလို ဘောလုံးပိုင်ဆိုင်မှုနဲ့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာ ဘန်ဝှိုက်အစား တိုမီယာစုကို နောက်ဆုံးလူစားလဲမှုအဖြစ် ထည့်သွင်းပြီး မြောက်လန်ဒန်ဒါဘီကို အေးအေးဆေးဆေးဖြစ်စေခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ သုံးဂိုး-တစ်ဂိုးနဲ့ စပါးစ်တို့ကို ပထမဆုံးရှုံးပွဲ လက်ဆောင်ပေးပြီး အောင်ပွဲခံခဲ့ကြသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်တစ်ကို အနိုင်သုံးမှတ်နဲ့အတူ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြပြီး မြောက်လန်ဒန်ဒါဘီမှာ အခါးသီးဆုံးပြိုင်ဘက်ဆီက ချိုမြိန်မှုကို ထုတ်ယူစားသုံးနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ လူစုံအသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး ျပန္ပါလာသလို ေအာ္ဒီဂြါဒ္၊ ခ်ာကာတို႔နဲ႔ တြဲကစားခဲ့သလို တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ မာတီနယ္လီနဲ႔ ဆာကာတို႔ကို မေျပာင္းမလဲ ပြဲထုတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဧည့္သည္ စပါးစ္တို႔ကေတာ့ ဂိုးသမား လိုရစ္၊ ခံစစ္မွာ လြန္ဂေလ၊ ဒိုင္ယာနဲ႔ ႐ိုမဲ႐ိုးတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ပါရီရွစ္ခ်္၊ ဘင္တန္ကာနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔နဲ႔ အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္၊ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔နဲ႔ ခင္းက်င္းခဲ့တာပါ။

ပြဲစကတည္းက အိမ္ရွင္ အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး စပါးစ္တို႔ ပထမ ဆယ္မိနစ္ေလာက္ အတြင္းမွာ ေဘာလုံးသိပ္မထိေအာင္ လုပ္ထားႏိုင္ခဲ့သလို ၿခိမ္းေျခာက္မႈေတြကို ဧည့္သည္ခံစစ္နဲ႔ ဂိုးသမား လိုရစ္တို႔ အမွားမရွိခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာ ျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆာကာက တိုက္စစ္ဆင္လာၿပီး ဧရိယာထဲ ဝင္ဖို႔ မျဖစ္ႏိုင္လို႔ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဘန္ဝႈိက္က အတြင္းျပန္ထည့္ေပးခဲ့ရာမွာ ဧရိယာအစပ္မွာ လြတ္ေနခဲ့တဲ့ ပါေတးက ညာဘက္အေပၚေထာင့္ကို လွမ္းကန္ၿပီး သြင္းယူသြားႏိုင္ခဲ့တာပါ။

အိမ္ရွင္ေတြဘက္က လူငယ္ကစားသမား ဆာလီဘာ အ႐ြယ္နဲ႔ မလိုက္ေအာင္ တည္ၿငိမ္မႈ ျပသႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ တြဲဘက္ ဂါဘရီယယ္လ္ကေတာ့ အနည္းငယ္ ေသြးဆူေနပုံကို ေတြ႕ရသလို အာဆင္နယ္ကစားသမားေတြအေနနဲ႔ အျမင့္ေဘာ ဖ်က္ထုတ္မႈေတြမွာ ေနရာယူပုံနဲ႔ တိုင္မင္ သိပ္မကိုက္ခဲ့တာကိုေတာ့ အားနည္းခ်က္အျဖစ္ ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဧရိယာထဲ တိုးဝင္လာတဲ့ ရစ္ခ်ာလစ္ဆန္ကို ေဘာလုံးမထိဘဲ ေျခခ်ိတ္မိခဲ့တဲ့ ဂါဘရီယယ္လ္ေၾကာင့္ ေပးရတဲ့ ပင္နယ္တီကို ဟာရီကိန္းက ဂိုးသမား ရမ္းစ္ေဒးလ္ ဒိုက္ပစ္တဲ့ ညာဘက္ကို မကန္ဘဲ သူကန္ေနက် မဟုတ္တဲ့ အလယ္ကို ကန္ထည့္သြားခဲ့လို႔ ေျမာက္လန္ဒန္ဒါဘီမွာ သူ႔ရဲ႕ ၄၄ ဂိုးေျမာက္နဲ႔ ဂိုးသြင္းအမ်ားဆုံးျဖစ္လာခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ လက္က်န္ပြဲခ်ိန္ေတြမွာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ထပ္ၿပီး ဖိကစားေနေပမယ့္ ေဂ်ဆူးစ္နဲ႔ ဆာကာတို႔ရဲ႕ ကန္ခ်က္ေတြကို စပါးစ္ဂိုးသမား လိုရစ္ လက္စြမ္းျပ ကာကြယ္သြားခဲ့လို႔ ပထမပိုင္းမွာ ေျခစြမ္းအရ သာလြန္ခဲ့ေပမယ့္လည္း တစ္ဂိုးစီ သေရနဲ႔သာ ေက်နပ္ေနခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပါေတးေပးတဲ့ ေဘာလုံးကို ညာျခမ္းက အတြင္းကို ဆြဲဝင္ၿပီး အေပါက္ရွာကန္တဲ့ ဆာကာရဲ႕ ကန္ခ်က္ကို လိုရစ္ မဖမ္းႏိုင္ဘဲ ျပန္ထြက္လာတာကို ေနာက္ခံလူ ႐ိုမဲ႐ိုးကလည္း ရွင္းမထုတ္ႏိုင္ခ်ိန္မွာ ေဂ်ဆူးစ္က ေနာက္ကေန ဝင္လုၿပီး ကန္သြင္းယူသြားခဲ့တာပါ။

ကြင္းလယ္မွာ ဂါနာသားႀကီး ပါေတးရဲ႕ ယုံၾကည္မႈအျပည့္နဲ႔ ေဘာလုံးကိုင္ကစားၿပီး ျဖန႔္ေဝေရးလုပ္ေနတဲ့ ပုံစံက အဖ်က္ကစားသမားနဲ႔ေတာင္ မတူဘဲ အီတလီစတိုင္ Regista လို႔ေခၚတဲ့ ပီယာလိုတို႔ရဲ႕ အဆင့္အတန္းမ်ိဳးကို ေတြ႕ျမင္ခဲ့ရသလို ခ်ာကာကလည္း ခံစစ္ကို အာ႐ုံစိုက္ဖို႔ မလိုခ်ိန္မွာ စပါးစ္ခံစစ္အစုအဖြဲ႕ကို သူ႔ရဲ႕ ေ႐ြ႕လ်ားမႈ၊ ႀကံ့ခိုင္မႈေတြနဲ႔ ပ်က္စီးေစခဲ့လို႔ ကြန္တီအတြက္ ႀကံရခက္ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ေတာင္ပံက ေဘာလုံးကို ျပန္လည္ရယူၿပီး ကိုယ့္ကြင္းျခမ္းကို ျပန္ဆြဲလာတဲ့ မာတီနယ္လီကို မလိုအပ္ဘဲ မိုက္မဲတဲ့ ဖ်က္ထုတ္မႈက ေျခက်င္းဝတ္အထက္ကို တက္နင္းတာျဖစ္သြားခဲ့တဲ့ စပါးစ္ေတာင္ပံသမား ႐ိုယဲလ္ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ခံခဲ့ရလို႔ ဧည့္သည္ေတြ ဆယ္ေယာက္နဲ႔ ကစားခဲ့ၾကရပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ကြန္တီရဲ႕ အေျပာင္းအလဲလုပ္ဖို႔ ေနာက္က်ေနတဲ့ စပါးစ္ကို အာဆင္နယ္တို႔ တတိယဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းက မာတီနယ္လီရဲ႕ အတြင္းကို ဆြဲဝင္ၿပီး ခ်န္ထားေပးခဲ့တဲ့ ေဘာလုံးကို ဧရိယာထိပ္မွာ ရသြားခဲ့တဲ့ ခ်ာကာက တစ္ဖက္ေနာက္ခံလူႏွစ္ဦးကို ျဖတ္ေက်ာ္ၿပီးမွ ညာဘက္တိုင္ေျခကို ခ်ိဳးကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ စပါးစ္တို႔ဘက္က ကစားသမားေလးဦး တစ္ၿပိဳင္တည္း လဲကစားခဲ့ၿပီး ဆြန္ေဟာင္မင္၊ ရစ္ခ်ာလစ္ဆန္၊ လြန္ဂေလနဲ႔ ပါရီရွစ္ခ်္တို႔အစား ဘီဆူးမား၊ ဆက္ဆီၫြန္၊ ဆန္ခ်က္ဇ္နဲ႔ ဒိုဟာတီတို႔ကို ထည့္ၿပီး ေတာင္ပံခံစစ္နဲ႔ ကြင္းလယ္ကို ျဖည့္သြားခဲ့သလို အာဆင္နယ္တို႔ဘက္ကေတာ့ ပါေတးနဲ႔ ဇင္ခ်န္ကိုတို႔အစား ဆမ္ဘီ လိုကြန္ဂါနဲ႔ တီယာနီတို႔ကို လဲအၿပီးမွာ ကြန္တီကေတာ့ ဟြိဳင္ဘယာ့ဂ္အစား စကစ္ပ္ကို ထပ္ထည့္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၈၀ မွာေတာ့ ေဂ်ဆူးစ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အာဆင္နယ္တို႔ အနားေပးခဲ့ၿပီး နကီးတီးယားနဲ႔ ဖာဘီယို ဗီယာရာတို႔နဲ႔ လဲကစားသြားခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈနဲ႔ အႏိုင္ရလဒ္ကို ထိန္းကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၈၉ မိနစ္မွာ ဘန္ဝႈိက္အစား တိုမီယာစုကို ေနာက္ဆုံးလူစားလဲမႈအျဖစ္ ထည့္သြင္းၿပီး ေျမာက္လန္ဒန္ဒါဘီကို ေအးေအးေဆးေဆးျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ စပါးစ္တို႔ကို ပထမဆုံးရႈံးပြဲ လက္ေဆာင္ေပးၿပီး ေအာင္ပြဲခံခဲ့ၾကသလို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္တစ္ကို အႏိုင္သုံးမွတ္နဲ႔အတူ ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၾကၿပီး ေျမာက္လန္ဒန္ဒါဘီမွာ အခါးသီးဆုံးၿပိဳင္ဘက္ဆီက ခ်ိဳၿမိန္မႈကို ထုတ္ယူစားသုံးႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.