Premier League

မြောက်လန်ဒန်ဒါဘီမှာ အနိုင်ဂိုးသွင်းပြီး ပရိသတ်အချစ်တွေ သိမ်းကြုံးရယူသွားတဲ့ ချာကာ

North London Derby မှာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိအပြီးမှာ အာဆင်နယ်ပရိသတ်တွေကြားမှာတော့ ကွင်းလယ်လူ ဂရာနစ် ချာကာအပေါ် ချစ်ခင်လေးမြတ်မှုတွေနဲ့ ချီးကျူးမှုတွေက ဆထက်ထမ်းပိုး တိုးတက်နေကြပြီး လူမှုမီဒီယာတွေပေါ်မှာ၊ အထူးသဖြင့် တွစ်တာပေါ်မှာ အချစ်တွေ ပလူပျံနေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကမှ အသက် ၃၀ ပြည့်သွားခဲ့တဲ့ ဆွစ်ဇာလန်သားကြီးဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိနေခဲ့ပြီလည်းဖြစ်ပြီး ပရိသတ်တွေရဲ့ အမုန်းခံအဖြစ်ကနေ အချစ်တော်အဖြစ်ကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သလို ကပ္ပတိန်လက်ပတ်ကို မယူဘဲ မာတင် အော်ဒီဂွါဒ်ရဲ့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ ပုံစံကလည်း အမှတ်တွေ ပိုရစေခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ ချာကာအနေနဲ့ ကွင်းလယ်မှာ အော်ဒီဂွါဒ်၊ ပါတေးတို့နဲ့အတူ ပွဲထွက်ခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာရဲ့ ကစားကွက်ထဲမှာတော့ ဂါဘရီယယ်လ် မာတီနယ်လီရဲ့ နောက်က Supporting Role နဲ့ လိုက်ပါကစားခဲ့သလို တိုက်စစ်ကို အပြည့်အဝ အာရုံစိုက်ပြီး စပါးစ်ခံစစ်တန်းနဲ့ ကွင်းလယ်ကို အချိတ်အဆက် မမိအောင် ဧရိယာအစပ်ကနေ ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၁၇ မိနစ်မှာကတည်းက သူ့ရဲ့ ဧရိယာထိပ်ကနေ ကောင်းမွန်တဲ့ ကန်ချက်က တိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ စောစောစီးစီး ဂိုးမရခဲ့တာဖြစ်ပေမယ့် စပါးစ်တို့ရဲ့ ကြံ့ခိုင်မှုသုံးပြီး အာဆင်နယ်တိုက်စစ်သမားတွေကို တားဆီးနေတဲ့ ပုံစံကို ဆွစ်လူမိုက်ကြီးကတော့ ဘော်ဒီတောင့်တောင့်နဲ့ ဖြဲနိုင်ခဲ့လို့ ညစ်ကစားတဲ့ အန်တိုနီယို ကွန်တီရဲ့လူတွေ ထင်တိုင်း မပေါက်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ရဲ့ ဘယ်ခြမ်းကို ချာကာက ဘောလုံးပိုကိုင်ပြီး ဖိကစားခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာတော့ မာတီနယ်လီ ဆွဲဝင်ပြီး ချန်ထားပေးခဲ့တဲ့ ဘောလုံးကို သူက စပါးစ်နောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ပြီးမှ ဂိုးသမား လိုရစ်ရဲ့ ဘယ်ဘက်တိုင်ခြေကို အပြင်းချိုးကန်ခဲ့ရာမှာ ပြင်သစ်ကပ္ပတိန်တစ်ယောက် ဆွစ်ဇာလန်ကပ္ပတိန်ရဲ့ ထိုးနှက်ချက်မှာ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာတော့ ချာကာဟာ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ပြီး အမုန်းတွေကို သူ့ရဲ့ ခြေစွမ်းအတွက် လောင်စာအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့ ဆိုနေကြသလို ၁၈ လအတွင်းမှာ လေးလံနှေးကွေးတယ်လို့ ဆိုခဲ့တဲ့ ကွင်းလယ်လူကြီးတစ်ယောက် အာတီတာလက်အောက်မှာ ဘယ်လို ထွန်းတောက်ခဲ့သလဲ ကြည့်ကြပါဦးလို့ ချီးကျူးခဲ့ကြတာပါ။

အာဆင်နယ်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တဲ့ ချာကာဟာ သူ့ရဲ့ ဂန်းနားဘဝ သက်တမ်းမှာ ဒီလောက်အထိ ချီးကျူးခံခဲ့ရတဲ့ ရာသီမျိုး တစ်ခါမှ မရှိခဲ့ဖူးဘဲ အမြင့်ဆုံး ပုံစံကို ပြသနေတာဖြစ်ပြီး ဒီရာသီမှာတော့ နှစ်ဂိုးသွင်း၊ သုံးဂိုးဖန်တီးခဲ့သလို အသင်းကိုလည်း အမှတ်ပေးဇယားရဲ့ အဆင့်တစ်မှာ ရပ်တည်နိုင်ဖို့အတွက် မောင်းနှင်ပေးနေတာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

North London Derby မွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိအၿပီးမွာ အာဆင္နယ္ပရိသတ္ေတြၾကားမွာေတာ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအေပၚ ခ်စ္ခင္ေလးျမတ္မႈေတြနဲ႔ ခ်ီးက်ဴးမႈေတြက ဆထက္ထမ္းပိုး တိုးတက္ေနၾကၿပီး လူမႈမီဒီယာေတြေပၚမွာ၊ အထူးသျဖင့္ တြစ္တာေပၚမွာ အခ်စ္ေတြ ပလူပ်ံေနခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၇ ရက္ေန႔ကမွ အသက္ ၃၀ ျပည့္သြားခဲ့တဲ့ ဆြစ္ဇာလန္သားႀကီးဟာ သူ႔ရဲ႕ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ေရာက္ရွိေနခဲ့ၿပီလည္းျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အမုန္းခံအျဖစ္ကေန အခ်စ္ေတာ္အျဖစ္ကို တစ္ဖန္ျပန္လည္ေရာက္ရွိလာခဲ့သလို ကပၸတိန္လက္ပတ္ကို မယူဘဲ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေနာက္ကြယ္ကေန ပံ့ပိုးေပးေနတဲ့ ပုံစံကလည္း အမွတ္ေတြ ပိုရေစခဲ့တာပါ။

ဒီေန႔ပြဲမွာေတာ့ ခ်ာကာအေနနဲ႔ ကြင္းလယ္မွာ ေအာ္ဒီဂြါဒ္၊ ပါေတးတို႔နဲ႔အတူ ပြဲထြက္ခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာရဲ႕ ကစားကြက္ထဲမွာေတာ့ ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ေနာက္က Supporting Role နဲ႔ လိုက္ပါကစားခဲ့သလို တိုက္စစ္ကို အျပည့္အဝ အာ႐ုံစိုက္ၿပီး စပါးစ္ခံစစ္တန္းနဲ႔ ကြင္းလယ္ကို အခ်ိတ္အဆက္ မမိေအာင္ ဧရိယာအစပ္ကေန ဖိအားေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၁၇ မိနစ္မွာကတည္းက သူ႔ရဲ႕ ဧရိယာထိပ္ကေန ေကာင္းမြန္တဲ့ ကန္ခ်က္က တိုင္ေဘးက ကပ္ထြက္သြားခဲ့လို႔ ေစာေစာစီးစီး ဂိုးမရခဲ့တာျဖစ္ေပမယ့္ စပါးစ္တို႔ရဲ႕ ႀကံ့ခိုင္မႈသုံးၿပီး အာဆင္နယ္တိုက္စစ္သမားေတြကို တားဆီးေနတဲ့ ပုံစံကို ဆြစ္လူမိုက္ႀကီးကေတာ့ ေဘာ္ဒီေတာင့္ေတာင့္နဲ႔ ၿဖဲႏိုင္ခဲ့လို႔ ညစ္ကစားတဲ့ အန္တိုနီယို ကြန္တီရဲ႕လူေတြ ထင္တိုင္း မေပါက္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္တို႔ရဲ႕ ဘယ္ျခမ္းကို ခ်ာကာက ေဘာလုံးပိုကိုင္ၿပီး ဖိကစားခဲ့သလို ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ မာတီနယ္လီ ဆြဲဝင္ၿပီး ခ်န္ထားေပးခဲ့တဲ့ ေဘာလုံးကို သူက စပါးစ္ေနာက္ခံလူႏွစ္ေယာက္ကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးသမား လိုရစ္ရဲ႕ ဘယ္ဘက္တိုင္ေျခကို အျပင္းခ်ိဳးကန္ခဲ့ရာမွာ ျပင္သစ္ကပၸတိန္တစ္ေယာက္ ဆြစ္ဇာလန္ကပၸတိန္ရဲ႕ ထိုးႏွက္ခ်က္မွာ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပရိသတ္ေတြၾကားမွာေတာ့ ခ်ာကာဟာ အသင္းကို အေကာင္းဆုံး ဦးေဆာင္ေပးႏိုင္ၿပီး အမုန္းေတြကို သူ႔ရဲ႕ ေျခစြမ္းအတြက္ ေလာင္စာအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တယ္လို႔ ဆိုေနၾကသလို ၁၈ လအတြင္းမွာ ေလးလံေႏွးေကြးတယ္လို႔ ဆိုခဲ့တဲ့ ကြင္းလယ္လူႀကီးတစ္ေယာက္ အာတီတာလက္ေအာက္မွာ ဘယ္လို ထြန္းေတာက္ခဲ့သလဲ ၾကည့္ၾကပါဦးလို႔ ခ်ီးက်ဴးခဲ့ၾကတာပါ။

အာဆင္နယ္အသင္းကို ၂၀၁၆ ခုႏွစ္ကတည္းက ေရာက္ရွိလာခဲ့တဲ့ ခ်ာကာဟာ သူ႔ရဲ႕ ဂန္းနားဘဝ သက္တမ္းမွာ ဒီေလာက္အထိ ခ်ီးက်ဴးခံခဲ့ရတဲ့ ရာသီမ်ိဳး တစ္ခါမွ မရွိခဲ့ဖူးဘဲ အျမင့္ဆုံး ပုံစံကို ျပသေနတာျဖစ္ၿပီး ဒီရာသီမွာေတာ့ ႏွစ္ဂိုးသြင္း၊ သုံးဂိုးဖန္တီးခဲ့သလို အသင္းကိုလည္း အမွတ္ေပးဇယားရဲ႕ အဆင့္တစ္မွာ ရပ္တည္ႏိုင္ဖို႔အတြက္ ေမာင္းႏွင္ေပးေနတာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.