Article Premier League

ကမ္ဘာ့အချောဆုံး အမျိုးသမီး ဘောလုံးသမားလို့ ချီးကျူးခံထားရတဲ့ ခရိုအေးရှားသူလေး

ပရီးမီးယားလိဂ်ဘောလုံးအသင်းတွေနဲ့ ဆက်စပ်နေတဲ့ FAWSL အမျိုးသမီးပြိုင်ပွဲတွေကို အကြောင်းတိုက်ဆိုင်လို့ Social Media တွေမှာ ရှာပြီး ကြည့်ဖြစ်တဲ့သူတွေအတွက်တော့ အင်္ဂလန်မြေက လှတပတ ဘောသမလေးတွေကို သတိပြုမိကြမှာဖြစ်ပြီး အမျိုးသမီးယူရိုမှာလည်း အလှလေးတွေကို တွေ့ချင်တွေ့ခဲ့ကြမှာပါ။

ဂျာမနီနဲ့ ဖိုင်နယ်မှာ အင်္ကျီချွတ်ပြေးပြီး အောင်ပွဲခံတဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ခလိုဝီ ကယ်လီရဲ့ ပုံရိပ်က ကာလသားတွေတွေရဲ့ မျက်စိထဲက ထွက်မှာ မဟုတ်သလို ပရီးမီးယားလိဂ်မှာတော့ ဘယ်သူလှသလဲမေးရင် အာဆင်နယ်ဖန်တွေက သူတို့ရဲ့ ဗီဗီယန် မီဒမ်မာလို့ ဖြေကြမှာဖြစ်ပြီး တချို့တွေကတော့ ပြောမထွက်အောင် စောင်သည်းကွဲနေကြတာလည်းဖြစ်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင်တော့ ပရီးမီးယားလိဂ်မှာ အလှဆုံးလို့ အားလုံးနီးပါး လက်ခံထားခဲ့ကြတာက ဝက်စ်ဟမ်းကနေ အက်စ်တန်ဗီလာကို ပြောင်းရွှေ့လာတဲ့ အယ်လစ်ရှာ လေးမန်းဖြစ်ပြီး အသည်းကွဲရတဲ့ အကြောင်းရင်းကတော့ ဆွစ်ဇာလန်သူကို အမျိုးသားအသင်း ကွင်းလယ်လူဖြစ်တဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က သိမ်းပိုက်သွားခဲ့လို့ပါပဲ။

လက်ရှိမှာတော့ မမလေးမန်းကြောင့် အသည်းကွဲဒဏ်ရာကို ကုစားနိုင်ဖို့ အသင့်တော်ဆုံး ဖြေဆေးအဖြစ် အလှဆုံး ဘောလုံးသမားလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပြီး သူကတော့ ဆွစ်ဇာလန်နိုင်ငံမှာပဲ နေထိုင်တဲ့ ခရိုအေးရှား အမျိုးသမီးလက်ရွေးစင် အန်နာ မာရီယာ မာကိုဗစ်ချ်ပဲဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာကိုဗစ်ချ်ဟာ ဘောလုံးအပြင် မော်ဒယ်တစ်ဦးအဖြစ်လည်း ရပ်တည်နေသူဖြစ်ပြီး ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးငယ်ဟာ ဖက်ရှင်လောကမှာ ဝင်ငွေကောင်းကောင်းနဲ့ ချမ်းသာတဲ့ သူဌေးမလေးတစ်ဦးဖြစ်နေပေမယ့် အချစ်ဦးဖြစ်တဲ့ ဘောလုံးကိုတော့ ဘယ်တုန်းကမှ စွန့်ပစ်ဖို့ မကြိုးစားခဲ့သူပါ။

ဆွစ်ဇာလန်ကလပ် ဂရပ်စ်ဟော့ပါး ဇူးရစ်ချ်အသင်းမှာ ကစားနေတဲ့ မာကိုဗစ်ချ်က သူ့အနေနဲ့ သူ့ကို အလှဆုံး ဘောလုံးသမားလို့ မီဒီယာတွေက ရေးသားကြတာကို သဘောကျကြောင်းနဲ့ ဂုဏ်ယူမိကြောင်း၊ ဒါပေမယ့် ဆက်စီအကျဆုံး ဘောလုံးသမားလို့ ရေးသားလာတာကိုတော့ မိသားစုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ခရိုအေးရှားမှာ မွေးဖွားခဲ့တဲ့ အန်နာ မာရီယာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဆွစ်ဇာလန်ကို မိဘတွေနဲ့အတူ ပြောင်းလဲအခြေချခဲ့သူဖြစ်ပြီး နှင်းဖုံးနေတဲ့ အဲ့လ်ပ်စ်တောင်တန်းတွေပေါ်က ဘဏ်လုပ်ငန်းနဲ့ ကြွယ်ဝတဲ့ နိုင်ငံကို ကိုယ်စားပြုခွင့်ရှိပေမယ့်လည်း မွေးဖွားရာ ခရိုအေးရှားကိုသာ ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပြီး တောင်ပံသမားတစ်ဦးအဖြစ် ၇ ပွဲမှာ ၁ ဂိုး သွင်းယူထားသလို ဂရပ်စ်ဟော့ပါးအတွက်တော့ ၄၄ ပွဲမှာ ၃ ဂိုး သွင်းယူထားခဲ့တာပါ။

မာကိုဗစ်ချ်က သူ့ရဲ့ ဘဝမှာ စံပြကစားသမားနှစ်ဦး ရှိကြောင်းနဲ့ တစ်ဦးကတော့ နိုင်ငံတူ လက်ရွေးစင်ဖြစ်တဲ့ ကွင်းလယ်လူ လူကာ မိုဒရစ်ချ်ဖြစ်ပြီး ခရိုအေးရှားအတွက် သူလုပ်ပြခဲ့တာတွေကို ဂုဏ်ယူမိသလို နေ့စဉ်ဘဝမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဘောလုံးမှာရော စီးပွားရေးအရပါ အောင်မြင်မှုတွေကို အားကျတယ်လို့ ဆိုသွားခဲ့ပါတယ်။

ခရိုအေးရှားလက်ရွေးစင်အနေနဲ့ အမျိုးသမီး ပရီးမီးယားလိဂ်မှာလည်း လာရောက်ကစားဖို့ စိတ်အားထက်သန်နေပြီး သူအားပေးတဲ့ ကလပ် ချဲလ်ဆီးမှာ ကစားခွင့်ရချင်တယ်လို့ ပြောကြားထားသလို ဒီအတွက် မော်ဒယ်လ်ဘဝကို စွန့်လွှတ်ရရင်လည်း ကိစ္စမရှိဘူးဆိုတာကြောင့် အချောလေးတွေကို ကြိုက်နှစ်သက်တဲ့ ညိုကီညီကိုတို့အတွက် လက်တို့ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ေဘာလုံးအသင္းေတြနဲ႔ ဆက္စပ္ေနတဲ့ FAWSL အမ်ိဳးသမီးၿပိဳင္ပြဲေတြကို အေၾကာင္းတိုက္ဆိုင္လို႔ Social Media ေတြမွာ ရွာၿပီး ၾကည့္ျဖစ္တဲ့သူေတြအတြက္ေတာ့ အဂၤလန္ေျမက လွတပတ ေဘာသမေလးေတြကို သတိျပဳမိၾကမွာျဖစ္ၿပီး အမ်ိဳးသမီးယူ႐ိုမွာလည္း အလွေလးေတြကို ေတြ႕ခ်င္ေတြ႕ခဲ့ၾကမွာပါ။

ဂ်ာမနီနဲ႔ ဖိုင္နယ္မွာ အက်ႌခြၽတ္ေျပးၿပီး ေအာင္ပြဲခံတဲ့ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ခလိုဝီ ကယ္လီရဲ႕ ပုံရိပ္က ကာလသားေတြေတြရဲ႕ မ်က္စိထဲက ထြက္မွာ မဟုတ္သလို ပရီးမီးယားလိဂ္မွာေတာ့ ဘယ္သူလွသလဲေမးရင္ အာဆင္နယ္ဖန္ေတြက သူတို႔ရဲ႕ ဗီဗီယန္ မီဒမ္မာလို႔ ေျဖၾကမွာျဖစ္ၿပီး တခ်ိဳ႕ေတြကေတာ့ ေျပာမထြက္ေအာင္ ေစာင္သည္းကြဲေနၾကတာလည္းျဖစ္ႏိုင္ပါတယ္။

ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ပရီးမီးယားလိဂ္မွာ အလွဆုံးလို႔ အားလုံးနီးပါး လက္ခံထားခဲ့ၾကတာက ဝက္စ္ဟမ္းကေန အက္စ္တန္ဗီလာကို ေျပာင္းေ႐ႊ႕လာတဲ့ အယ္လစ္ရွာ ေလးမန္းျဖစ္ၿပီး အသည္းကြဲရတဲ့ အေၾကာင္းရင္းကေတာ့ ဆြစ္ဇာလန္သူကို အမ်ိဳးသားအသင္း ကြင္းလယ္လူျဖစ္တဲ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က သိမ္းပိုက္သြားခဲ့လို႔ပါပဲ။

လက္ရွိမွာေတာ့ မမေလးမန္းေၾကာင့္ အသည္းကြဲဒဏ္ရာကို ကုစားႏိုင္ဖို႔ အသင့္ေတာ္ဆုံး ေျဖေဆးအျဖစ္ အလွဆုံး ေဘာလုံးသမားေလးတစ္ေယာက္နဲ႔ မိတ္ဆက္ေပးခ်င္ၿပီး သူကေတာ့ ဆြစ္ဇာလန္ႏိုင္ငံမွာပဲ ေနထိုင္တဲ့ ခ႐ိုေအးရွား အမ်ိဳးသမီးလက္ေ႐ြးစင္ အန္နာ မာရီယာ မာကိုဗစ္ခ်္ပဲျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မာကိုဗစ္ခ်္ဟာ ေဘာလုံးအျပင္ ေမာ္ဒယ္တစ္ဦးအျဖစ္လည္း ရပ္တည္ေနသူျဖစ္ၿပီး ေ႐ႊေရာင္ဆံပင္နဲ႔ အမ်ိဳးသမီးငယ္ဟာ ဖက္ရွင္ေလာကမွာ ဝင္ေငြေကာင္းေကာင္းနဲ႔ ခ်မ္းသာတဲ့ သူေဌးမေလးတစ္ဦးျဖစ္ေနေပမယ့္ အခ်စ္ဦးျဖစ္တဲ့ ေဘာလုံးကိုေတာ့ ဘယ္တုန္းကမွ စြန႔္ပစ္ဖို႔ မႀကိဳးစားခဲ့သူပါ။

ဆြစ္ဇာလန္ကလပ္ ဂရပ္စ္ေဟာ့ပါး ဇူးရစ္ခ်္အသင္းမွာ ကစားေနတဲ့ မာကိုဗစ္ခ်္က သူ႔အေနနဲ႔ သူ႔ကို အလွဆုံး ေဘာလုံးသမားလို႔ မီဒီယာေတြက ေရးသားၾကတာကို သေဘာက်ေၾကာင္းနဲ႔ ဂုဏ္ယူမိေၾကာင္း၊ ဒါေပမယ့္ ဆက္စီအက်ဆုံး ေဘာလုံးသမားလို႔ ေရးသားလာတာကိုေတာ့ မိသားစုေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရလို႔ မႀကိဳက္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ခ႐ိုေအးရွားမွာ ေမြးဖြားခဲ့တဲ့ အန္နာ မာရီယာဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္က ဆြစ္ဇာလန္ကို မိဘေတြနဲ႔အတူ ေျပာင္းလဲအေျခခ်ခဲ့သူျဖစ္ၿပီး ႏွင္းဖုံးေနတဲ့ အဲ့လ္ပ္စ္ေတာင္တန္းေတြေပၚက ဘဏ္လုပ္ငန္းနဲ႔ ႂကြယ္ဝတဲ့ ႏိုင္ငံကို ကိုယ္စားျပဳခြင့္ရွိေပမယ့္လည္း ေမြးဖြားရာ ခ႐ိုေအးရွားကိုသာ ကိုယ္စားျပဳဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ေတာင္ပံသမားတစ္ဦးအျဖစ္ ၇ ပြဲမွာ ၁ ဂိုး သြင္းယူထားသလို ဂရပ္စ္ေဟာ့ပါးအတြက္ေတာ့ ၄၄ ပြဲမွာ ၃ ဂိုး သြင္းယူထားခဲ့တာပါ။

မာကိုဗစ္ခ်္က သူ႔ရဲ႕ ဘဝမွာ စံျပကစားသမားႏွစ္ဦး ရွိေၾကာင္းနဲ႔ တစ္ဦးကေတာ့ ႏိုင္ငံတူ လက္ေ႐ြးစင္ျဖစ္တဲ့ ကြင္းလယ္လူ လူကာ မိုဒရစ္ခ်္ျဖစ္ၿပီး ခ႐ိုေအးရွားအတြက္ သူလုပ္ျပခဲ့တာေတြကို ဂုဏ္ယူမိသလို ေန႔စဥ္ဘဝမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးမွာေရာ စီးပြားေရးအရပါ ေအာင္ျမင္မႈေတြကို အားက်တယ္လို႔ ဆိုသြားခဲ့ပါတယ္။

ခ႐ိုေအးရွားလက္ေ႐ြးစင္အေနနဲ႔ အမ်ိဳးသမီး ပရီးမီးယားလိဂ္မွာလည္း လာေရာက္ကစားဖို႔ စိတ္အားထက္သန္ေနၿပီး သူအားေပးတဲ့ ကလပ္ ခ်ဲလ္ဆီးမွာ ကစားခြင့္ရခ်င္တယ္လို႔ ေျပာၾကားထားသလို ဒီအတြက္ ေမာ္ဒယ္လ္ဘဝကို စြန႔္လႊတ္ရရင္လည္း ကိစၥမရွိဘူးဆိုတာေၾကာင့္ အေခ်ာေလးေတြကို ႀကိဳက္ႏွစ္သက္တဲ့ ညိဳကီညီကိုတို႔အတြက္ လက္တို႔ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.