Premier League

အဲဗာတန်ကွင်းထဲဝင်ပြီး ပရိသတ်အမုန်းကို ခံယူခဲ့တဲ့ ဂေါက်သီးငကြောင် အခုဘာဖြစ်နေလဲ

ပြီးခဲ့တဲ့ ရာသီ မတ်လ ၁၇ ရက်နေ့မှာ ကစားခဲ့ကြတဲ့ အဲဗာတန်နဲ့ နယူးကာဆယ်လ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းထဲကို ပြေးဝင်လာခဲ့ပြီး အိမ်ရှင်အသင်းဘက်က ဂိုးတိုင်မှာ လည်ပင်းကို ကြိုးနဲ့ချည်ပြီး ရပ်နေခဲ့တဲ့ ဆန္ဒပြသူတစ်ဦးကို ဒီပွဲကို ကြည့်ဖြစ်သူတွေအနေနဲ့ မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။

အဲ့ဒီပွဲရဲ့ ပွဲချိန် ၄၉ မိနစ်မှာ လူးဝစ် မက်ကက်ချ်နီလို့ ခေါ်တဲ့ အင်္ကျီလိမ္မော်ရောင်ဝတ်ဆင်ထားသူတစ်ဦးဟာ ကွင်းထဲကို ဝင်လာခဲ့ပြီး ဂိုးတိုင်မှာ သူ့ကို လူတွေ သတိထားမိစေဖို့အတွက် အဲ့ဒီလို အပြုအမူကို ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီအတွက် ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရသလို ကွင်းလုံခြုံရေး စတီးဝပ်တွေက သူ့ကို ချည်နှောင်ထားရာကနေ မနည်းဖြေယူခဲ့ကြရတာပါ။

သံဖြတ်ကိရိယာတွေကို အသုံးပြုပြီး သူ့ကို အဲ့ဒီနေရာကနေ ဖယ်ရှားဖို့အတွက် ၁၅ မိနစ်လောက် အချိန်ယူခဲ့ရပြီးတဲ့နောက် လုံခြုံရေးတွေက ကွင်းထဲက ဆွဲထုတ်သွားခဲ့ချိန်မှာ အဲဗာတန်ပရိသတ်တစ်ဦးကတော့ ဒေါသတကြီးနဲ့ သူ့ကို ကိုယ်ထိလက်ရောက် ဆုံးမဖို့ ကြိုးစားခဲ့သေးတာကြောင့် ရုန်းရင်းဆန်ခတ်လည်းဖြစ်ခဲ့ရပါသေးတယ်။

အဲ့ဒီနောက်မှာတော့ ပွဲကို နာကျင်အချိန်ပိုအဖြစ် ၁၄ မိနစ် သတ်မှတ်ပေးခဲ့ပြီး ပွဲချိန် ၉၉ မိနစ်မှာတော့ တန်းမဆင်းရရေး ရုန်းကန်နေတဲ့ အဲဗာတန်တို့အနေနဲ့ အဲလက်စ် အီဝိုဘီရဲ့ အဖိုးတန်သွင်းဂိုးနဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ကြသလို တချို့ကတော့ ဒီလူရဲ့ ဝင်ရောက်နှောင့်ယှက်မှုက အိမ်ရှင်တွေကို ကံကောင်းစေခဲ့တယ်လို့ ဆိုခဲ့ကြတာပါ။

ဒီပွဲကို မက်ကက်ချ်နီအနေနဲ့ ဝင်ရောက်နှောင့်ယှက်ရခြင်း အကြောင်းရင်းကတော့ နယူးကာဆယ်လ်အသင်းရဲ့ ဆော်ဒီပိုင်ရှင်တွေကို ဆန္ဒပြခဲ့တာဖြစ်ပြီး သူ့ရဲ့ Just Stop Oil UK အဖွဲ့ရဲ့ လုပ်ဆောင်မှုတစ်ရပ်အဖြစ် လောင်စာဆီ ထုတ်လုပ်မှုကို ရပ်ဆိုင်းဖို့ ကန့်ကွက်ခြင်းအဖြစ် ရေနံထုတ်လုပ်ရာ ဆော်ဒီနဲ့ ငှက်ကျားပိုင်ရှင်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် မက်ကနီကယ် ကျောင်းသား ဆန္ဒပြသူအနေနဲ့ ဒီအတွက် ရာချီတဲ့ ဘောလုံးပရိသတ်တွေဆီက အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး ကွင်းပြင်မှာ ကြိုက်တာလုပ်၊ ကွင်းထဲ ဝင်မရှုပ်နဲ့ဆိုတဲ့ ဘောလုံးကို ချစ်မြတ်နိုးသူတွေအတွက်တော့ ကြီးမားတဲ့ စိတ်ပျက်စရာ နှောင့်ယှက်မှုလို့ မြင်ခဲ့ကြလို့ ခပ်ပေါပေါ ဦးနှောက် ဂေါက်သီးဖြစ်သွားခဲ့ရတာပါ။

သူဟာ အဲဗာတန်ရဲ့ ဂွတ်ဒီဆန်ပါ့ခ်ကွင်းထဲကို မဝင်ရောက်ခင်မှာ ထောင်က လွတ်လာတာ ၂ လသာ ရှိသေးပြီး ဇန်နဝါရီကမှ သူ့ရဲ့ ထောင်သုံးလ ပြစ်ဒဏ်ကို ထက်ဝက်ခံစားပြီး စောင့်ကြည့်အနေအထားနဲ့ အပြင်ကို ပြန်လွှတ်ပေးခံထားရသူတစ်ဦးလည်းဖြစ်လို့ လီဗာပူးလ်ဒေသ တောင်ဆက်ဖ်တန် တရားရုံးကနေ ပြစ်မှုနဲ့ စွဲချက်တင်သွားခဲ့ပါတယ်။

သူ့ရဲ့ အမှုကို ဆုံးဖြတ်တဲ့ အမျိုးသမီး တရားသူကြီး ဝင်ဒီ လွိုက်ကတော့ သူ့ရဲ့ လောင်စာဆီ ထုတ်လုပ်မှုကို ကန့်ကွက်တဲ့ ကိစ္စမှာ စိတ်အား ထက်သန်မှုအတွက် တစ်စုံတစ်ရာ ပြောစရာမရှိဘူးလို့ မှတ်ချက်ပေးခဲ့ပေမယ့် ဘောလုံးပရိသတ်တွေရဲ့ ကွင်းထဲက အားပေးနေတဲ့ စိတ်အားထက်သန်မှုအတွက် မင်းမှာ စာနာစိတ်ရှိလားလို့ မေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးကွင်းတွေထဲကို ဝင်ရောက်ခွင့် သုံးနှစ် ပိတ်ပင်ခံထားခဲ့ရတဲ့ မက်ကက်ချ်နီကို ပေါင် ၅၀ ဒဏ်ငွေ၊ တရားစီရင်ရေးစရိတ် ပေါင် ၅၀၀ နဲ့ ထောင်ဒဏ် ၆ ပတ် ချမှတ်လိုက်ပြီး သူ့ရဲ့ လုပ်ရပ်ဟာ အန္တရာယ် ကြီးမားပြီး သူတပါးကို ဂရုမစိုက်တဲ့ အပြုအမူဖြစ်တယ်လို့လည်း တရားသူကြီးက ကောက်ချက်ချပြီး ပြစ်ဒဏ်ကို အတည်ပြုခဲ့တာပါ။

“မင်းဘာသာမင်း ဘယ်နေရာ ဂေါက်ကြောင်နေနေ ဂရုမစိုက်ဘဲ ကွင်းထဲ ဝင်ပြီး မဟုတ်တာလုပ်ရင် ငါတို့ကို ငြိတာပဲ”ဆိုတဲ့ ဘောလုံး ပရိသတ်တွေရဲ့ ဒေါသက ဒီကိစ္စမှာ ချစ်စရာဖြစ်ခဲ့ချိန်မှာ ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက်ဂရုစိုက်စိုက် ဂွတ်ဒီဆန်ပါ့ခ် ဂေါက်သီးဖြစ်ခဲ့ပြီး သတ်မယ်ဖြတ်မယ် အကြိမ်းခံခဲ့ရတဲ့ မက်ကက်ချ်နီကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ တရားသူကြီးကပါ ဘောလုံးပရိသတ်ဖြစ်နေမလားဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ရာသီ မတ္လ ၁၇ ရက္ေန႔မွာ ကစားခဲ့ၾကတဲ့ အဲဗာတန္နဲ႔ နယူးကာဆယ္လ္တို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ကြင္းထဲကို ေျပးဝင္လာခဲ့ၿပီး အိမ္ရွင္အသင္းဘက္က ဂိုးတိုင္မွာ လည္ပင္းကို ႀကိဳးနဲ႔ခ်ည္ၿပီး ရပ္ေနခဲ့တဲ့ ဆႏၵျပသူတစ္ဦးကို ဒီပြဲကို ၾကည့္ျဖစ္သူေတြအေနနဲ႔ မွတ္မိၾကဦးမယ္လို႔ ထင္ပါတယ္။

အဲ့ဒီပြဲရဲ႕ ပြဲခ်ိန္ ၄၉ မိနစ္မွာ လူးဝစ္ မက္ကက္ခ်္နီလို႔ ေခၚတဲ့ အက်ႌလိေမၼာ္ေရာင္ဝတ္ဆင္ထားသူတစ္ဦးဟာ ကြင္းထဲကို ဝင္လာခဲ့ၿပီး ဂိုးတိုင္မွာ သူ႔ကို လူေတြ သတိထားမိေစဖို႔အတြက္ အဲ့ဒီလို အျပဳအမူကို က်ဴးလြန္ခဲ့တာျဖစ္ၿပီး ဒီအတြက္ ပရိသတ္ေတြရဲ႕ ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရသလို ကြင္းလုံၿခဳံေရး စတီးဝပ္ေတြက သူ႔ကို ခ်ည္ေႏွာင္ထားရာကေန မနည္းေျဖယူခဲ့ၾကရတာပါ။

သံျဖတ္ကိရိယာေတြကို အသုံးျပဳၿပီး သူ႔ကို အဲ့ဒီေနရာကေန ဖယ္ရွားဖို႔အတြက္ ၁၅ မိနစ္ေလာက္ အခ်ိန္ယူခဲ့ရၿပီးတဲ့ေနာက္ လုံၿခဳံေရးေတြက ကြင္းထဲက ဆြဲထုတ္သြားခဲ့ခ်ိန္မွာ အဲဗာတန္ပရိသတ္တစ္ဦးကေတာ့ ေဒါသတႀကီးနဲ႔ သူ႔ကို ကိုယ္ထိလက္ေရာက္ ဆုံးမဖို႔ ႀကိဳးစားခဲ့ေသးတာေၾကာင့္ ႐ုန္းရင္းဆန္ခတ္လည္းျဖစ္ခဲ့ရပါေသးတယ္။

အဲ့ဒီေနာက္မွာေတာ့ ပြဲကို နာက်င္အခ်ိန္ပိုအျဖစ္ ၁၄ မိနစ္ သတ္မွတ္ေပးခဲ့ၿပီး ပြဲခ်ိန္ ၉၉ မိနစ္မွာေတာ့ တန္းမဆင္းရေရး ႐ုန္းကန္ေနတဲ့ အဲဗာတန္တို႔အေနနဲ႔ အဲလက္စ္ အီဝိုဘီရဲ႕ အဖိုးတန္သြင္းဂိုးနဲ႔ အႏိုင္သုံးမွတ္ကို ရယူႏိုင္ခဲ့ၾကသလို တခ်ိဳ႕ကေတာ့ ဒီလူရဲ႕ ဝင္ေရာက္ေႏွာင့္ယွက္မႈက အိမ္ရွင္ေတြကို ကံေကာင္းေစခဲ့တယ္လို႔ ဆိုခဲ့ၾကတာပါ။

ဒီပြဲကို မက္ကက္ခ်္နီအေနနဲ႔ ဝင္ေရာက္ေႏွာင့္ယွက္ရျခင္း အေၾကာင္းရင္းကေတာ့ နယူးကာဆယ္လ္အသင္းရဲ႕ ေဆာ္ဒီပိုင္ရွင္ေတြကို ဆႏၵျပခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ Just Stop Oil UK အဖြဲ႕ရဲ႕ လုပ္ေဆာင္မႈတစ္ရပ္အျဖစ္ ေလာင္စာဆီ ထုတ္လုပ္မႈကို ရပ္ဆိုင္းဖို႔ ကန႔္ကြက္ျခင္းအျဖစ္ ေရနံထုတ္လုပ္ရာ ေဆာ္ဒီနဲ႔ ငွက္က်ားပိုင္ရွင္ေတြကို ပစ္မွတ္ထားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ မက္ကနီကယ္ ေက်ာင္းသား ဆႏၵျပသူအေနနဲ႔ ဒီအတြက္ ရာခ်ီတဲ့ ေဘာလုံးပရိသတ္ေတြဆီက အသက္အႏၲရာယ္ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ခဲ့ရၿပီး ကြင္းျပင္မွာ ႀကိဳက္တာလုပ္၊ ကြင္းထဲ ဝင္မရႈပ္နဲ႔ဆိုတဲ့ ေဘာလုံးကို ခ်စ္ျမတ္ႏိုးသူေတြအတြက္ေတာ့ ႀကီးမားတဲ့ စိတ္ပ်က္စရာ ေႏွာင့္ယွက္မႈလို႔ ျမင္ခဲ့ၾကလို႔ ခပ္ေပါေပါ ဦးေႏွာက္ ေဂါက္သီးျဖစ္သြားခဲ့ရတာပါ။

သူဟာ အဲဗာတန္ရဲ႕ ဂြတ္ဒီဆန္ပါ့ခ္ကြင္းထဲကို မဝင္ေရာက္ခင္မွာ ေထာင္က လြတ္လာတာ ၂ လသာ ရွိေသးၿပီး ဇန္နဝါရီကမွ သူ႔ရဲ႕ ေထာင္သုံးလ ျပစ္ဒဏ္ကို ထက္ဝက္ခံစားၿပီး ေစာင့္ၾကည့္အေနအထားနဲ႔ အျပင္ကို ျပန္လႊတ္ေပးခံထားရသူတစ္ဦးလည္းျဖစ္လို႔ လီဗာပူးလ္ေဒသ ေတာင္ဆက္ဖ္တန္ တရား႐ုံးကေန ျပစ္မႈနဲ႔ စြဲခ်က္တင္သြားခဲ့ပါတယ္။

သူ႔ရဲ႕ အမႈကို ဆုံးျဖတ္တဲ့ အမ်ိဳးသမီး တရားသူႀကီး ဝင္ဒီ လြိဳက္ကေတာ့ သူ႔ရဲ႕ ေလာင္စာဆီ ထုတ္လုပ္မႈကို ကန႔္ကြက္တဲ့ ကိစၥမွာ စိတ္အား ထက္သန္မႈအတြက္ တစ္စုံတစ္ရာ ေျပာစရာမရွိဘူးလို႔ မွတ္ခ်က္ေပးခဲ့ေပမယ့္ ေဘာလုံးပရိသတ္ေတြရဲ႕ ကြင္းထဲက အားေပးေနတဲ့ စိတ္အားထက္သန္မႈအတြက္ မင္းမွာ စာနာစိတ္ရွိလားလို႔ ေမးခဲ့ၿပီး ျပစ္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးကြင္းေတြထဲကို ဝင္ေရာက္ခြင့္ သုံးႏွစ္ ပိတ္ပင္ခံထားခဲ့ရတဲ့ မက္ကက္ခ်္နီကို ေပါင္ ၅၀ ဒဏ္ေငြ၊ တရားစီရင္ေရးစရိတ္ ေပါင္ ၅၀၀ နဲ႔ ေထာင္ဒဏ္ ၆ ပတ္ ခ်မွတ္လိုက္ၿပီး သူ႔ရဲ႕ လုပ္ရပ္ဟာ အႏၲရာယ္ ႀကီးမားၿပီး သူတပါးကို ဂ႐ုမစိုက္တဲ့ အျပဳအမူျဖစ္တယ္လို႔လည္း တရားသူႀကီးက ေကာက္ခ်က္ခ်ၿပီး ျပစ္ဒဏ္ကို အတည္ျပဳခဲ့တာပါ။

“မင္းဘာသာမင္း ဘယ္ေနရာ ေဂါက္ေၾကာင္ေနေန ဂ႐ုမစိုက္ဘဲ ကြင္းထဲ ဝင္ၿပီး မဟုတ္တာလုပ္ရင္ ငါတို႔ကို ၿငိတာပဲ”ဆိုတဲ့ ေဘာလုံး ပရိသတ္ေတြရဲ႕ ေဒါသက ဒီကိစၥမွာ ခ်စ္စရာျဖစ္ခဲ့ခ်ိန္မွာ ကမာၻႀကီးနဲ႔ ပတ္ဝန္းက်င္ကို ဘယ္ေလာက္ဂ႐ုစိုက္စိုက္ ဂြတ္ဒီဆန္ပါ့ခ္ ေဂါက္သီးျဖစ္ခဲ့ၿပီး သတ္မယ္ျဖတ္မယ္ အႀကိမ္းခံခဲ့ရတဲ့ မက္ကက္ခ်္နီကို ေထာင္ဒဏ္ခ်မွတ္လိုက္တဲ့ တရားသူႀကီးကပါ ေဘာလုံးပရိသတ္ျဖစ္ေနမလားဆိုတာကလည္း စိတ္ဝင္စားစရာျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.