Premier League

ဟားလန်းကြောင့် လီဗာပူးလ်ရဲ့ နူးညက်ဇ် ဂျင်းဖြစ်ခဲ့ရတယ်လို့ စွပ်စွဲလိုက်တဲ့ ရော်ဘီကီးန်

လီဗာပူးလ်အသင်းနဲ့ စပါးစ်တိုက်စစ်မှူးဟောင်း ရော်ဘီ ကီးန်အနေနဲ့ သူ့ရဲ့ အသင်းဟောင်းက ပေါင် ၈၅ သန်းတန် တိုက်စစ်မှူးသစ် ဒါဝင် နူးညက်ဇ်အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ နယ်မြေသစ်မှာ ရုန်းကန်နေရတဲ့ ဥရုဂွေးသားဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ သားကောင်လိုမျိုး ဖြစ်ခဲ့ရတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

နော်ဝေတိုက်စစ်မှူး ဟားလန်းနဲ့ ဥရုဂွေးတိုက်စစ်မှူး နူးညက်ဇ်တို့ဟာ ဥရောပရဲ့ အဟော့ဆုံးတိုက်စစ်မှူးနှစ်ယောက်ဖြစ်ပြီး သူတို့တွေရဲ့ ချန်ပီယံလိဂ်မှာပါ အစမ်းသပ်ခံပြီး ပြသခဲ့တဲ့ ခြေစွမ်းအရ လိုချင်သူ ပေါများခဲ့ချိန်မှာ မန်စီးတီးက သူတို့လူကို ပေါင် ၅၁ သန်းတည်းနဲ့ ရရှိသွားခဲ့ပေမယ့် လီဗာပူးလ်တို့ကတော့ ပေါင် ၈၅ သန်းအထိ အသုံးပြုခဲ့ရတာပါ။

ပရီးမီးယားလိဂ်နဲ့ ကန့်လန့်ကာ ဖွင့်ချိန်မှာတော့ ဟားလန်းရော နူးညက်ဇ်ပါ အဖွင့်လှခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ ပုံစံကောင်းနဲ့အတူ နော်ဝေသားက ဂိုးတွေကို အခက်အခဲမရှိ တစ်ပွဲပျမ်းမျှ ၁.၅၇ ဂိုးအထိ သွင်းယူထားခဲ့ချိန်မှာ ဥရုဂွေးသားကတော့ ပထမပွဲမှာ တစ်ဂိုးသွင်းပြီးကတည်းက လီဗာပူးလ်အသင်းရဲ့ ကျဆင်းနေတဲ့ ပုံစံနဲ့အတူ ကြောင်အသွားခဲ့တာဖြစ်ပါတယ်။

ဟားလန်းနဲ့ နူးညက်ဇ်တို့ရဲ့ အဓိက ကွာခြားသွားတဲ့ အလှည့်အပြောင်းကတော့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံမှုဖြစ်ပြီး ပွဲစဉ် ၂ မှာ ဥရုဂွေးသားတစ်ယောက် မိုက်မဲတဲ့ လုပ်ရပ်နဲ့ အိမ်ကွင်းမှာ ပြိုင်ဘက်နောက်ခံလူ ယိုအာခင်မ် အန်ဒါဆန်ရဲ့ မျက်နှာကို ခေါင်းနဲ့တိုက်ပြီး အနီကတ်ထိခဲ့သလို သုံးပွဲအထိ အပယ်ခံခဲ့ရပြီး နော်ဝေသားကတော့ လင်းယုန်တွေကို ပွဲစဉ် ၅ မှာ ဟက်ထရစ်ယူနိုင်ခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူး ဟားလန်းရဲ့ ဆက်တိုက်ခြေစွမ်းပြနေမှုမှာ နူးညက်ဇ်ကတော့ ကွင်းပြင်ကနေ ထိုင်စောင့်နေခဲ့ရပြီး အဲဗာတန်နဲ့ပွဲမှာ ပြန်လည်ပွဲထွက်ခွင့် ရရှိခဲ့ချိန်မှာလည်း အလုပ်မဖြစ်ခဲ့ဘဲ ကစားခဲ့ရတဲ့ ပွဲချိန် ၇၉ မိနစ်လုံးမှာ ဖြုန်းတီးမှုတွေ များခဲ့သလို ဒါဘီပြိုင်ဘက်ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို မကျော်နိုင်ခဲ့ဘဲ လက်လျှော့ခဲ့ရတာဖြစ်ပါတယ်။

ရော်ဘီ ကီးန်ကတော့ ဟားလန်းရဲ့ ပုံစံဟာ နူးညက်ဇ်ကို ဖိအားဝင်စေတယ်လို့ ပြောကြားလိုက်ပြီး နှစ်ဦးစလုံးက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်ရှိလာခဲ့ချိန်မှ တစ်ဦးက ခြေစွမ်းပြနေရင် တစ်ဦးကိုလည်း ထပ်တူမျှော်လင့်နိုင်ကြတာ အမှန်ပဲဖြစ်ပေမယ့် ဒါက ဥရုဂွေးသားအပေါ် သက်ရောက်မှု ကြီးမားစေခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

“ဒါက တကယ်တော့ မမှန်ဘူးဗျ။ မတူညီတဲ့ ကစားသမားနှစ်ယောက်မှာ မတူညီရဲ့ ရင်ဆိုင်စရာ အခြေအနေတွေ ရှိနေသလို အမြဲတမ်းမှာ နှိုင်းယှဉ်လို့ မဖြစ်နိုင်ပါဘူး။ အခုတော့ ဒါက နူးညက်ဇ်ကို သေအောင်သတ်နေသလိုဖြစ်ခဲ့ပြီး ဟားလန်းက အမြင့်ပျံနေချိန်မှာ ငွေပိုသုံးထားတဲ့ သူ့အတွက် တောင်းဆိုမှုတွေက ကြီးမားလာခဲ့တာပါ”လို့လည်း ကာကွယ်သွားခဲ့ပါတယ်။

အိုင်ယာလန်တိုက်စစ်မှူးဟောင်းက ပဲလေ့စ်နဲ့ပွဲမှာ အထုတ်ခံလိုက်ရတာဟာ သူ့ရဲ့ ယုံကြည်မှုကို ကြီးကြီးမားမား သက်ရောက်စေခဲ့တယ်လို့ ဆိုလိုက်ပြီး ဒီမတိုင်ခင်က ပုံစံကို သတိရကြဖို့နဲ့ လမ်းမှန်ကမ်းမှန်ကို ပြန်ရောက်အောင် ထောက်ခံမှုပေးကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပြီး နူးညက်ဇ်ကိုတော့ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု အရှိန်အဟုန်က တခြားပြိုင်ပွဲတွေနဲ့ မတူလို့ အရှိန်မြှင့်ကြိုးစားဖို့ သတိပေးသွားခဲ့တာပါ။

နူးညက်ဇ်အနေနဲ့ လီဗာပူးလ်အသင်းမှာ တစ်ဂိုးသာ ရရှိခဲ့သေးပေမယ့် ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေမှာတော့ ဥရုဂွေးအတွက် ဂိုးရရှိခဲ့ပြီး ကနေဒါနဲ့ပွဲမှာ အသင်းဖော် လူးဝစ် ဆွာရက်ဇ်ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဒီတစ်ပတ် ဘရိုက်တန်နဲ့ပွဲမှာ ပိုကောင်းလာနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းနဲ႔ စပါးစ္တိုက္စစ္မႉးေဟာင္း ေရာ္ဘီ ကီးန္အေနနဲ႔ သူ႔ရဲ႕ အသင္းေဟာင္းက ေပါင္ ၈၅ သန္းတန္ တိုက္စစ္မႉးသစ္ ဒါဝင္ ႏူးညက္ဇ္အတြက္ ႀကိတ္မႏိုင္ခဲမရျဖစ္ေနခဲ့ၿပီး ေျခစြမ္းျပသႏိုင္ျခင္းမရွိဘဲ နယ္ေျမသစ္မွာ ႐ုန္းကန္ေနရတဲ့ ဥ႐ုေဂြးသားဟာ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟားလန္းရဲ႕ သားေကာင္လိုမ်ိဳး ျဖစ္ခဲ့ရတယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉး ဟားလန္းနဲ႔ ဥ႐ုေဂြးတိုက္စစ္မႉး ႏူးညက္ဇ္တို႔ဟာ ဥေရာပရဲ႕ အေဟာ့ဆုံးတိုက္စစ္မႉးႏွစ္ေယာက္ျဖစ္ၿပီး သူတို႔ေတြရဲ႕ ခ်န္ပီယံလိဂ္မွာပါ အစမ္းသပ္ခံၿပီး ျပသခဲ့တဲ့ ေျခစြမ္းအရ လိုခ်င္သူ ေပါမ်ားခဲ့ခ်ိန္မွာ မန္စီးတီးက သူတို႔လူကို ေပါင္ ၅၁ သန္းတည္းနဲ႔ ရရွိသြားခဲ့ေပမယ့္ လီဗာပူးလ္တို႔ကေတာ့ ေပါင္ ၈၅ သန္းအထိ အသုံးျပဳခဲ့ရတာပါ။

ပရီးမီးယားလိဂ္နဲ႔ ကန႔္လန႔္ကာ ဖြင့္ခ်ိန္မွာေတာ့ ဟားလန္းေရာ ႏူးညက္ဇ္ပါ အဖြင့္လွခဲ့ေပမယ့္ မန္စီးတီးအသင္းရဲ႕ ပုံစံေကာင္းနဲ႔အတူ ေနာ္ေဝသားက ဂိုးေတြကို အခက္အခဲမရွိ တစ္ပြဲပ်မ္းမွ် ၁.၅၇ ဂိုးအထိ သြင္းယူထားခဲ့ခ်ိန္မွာ ဥ႐ုေဂြးသားကေတာ့ ပထမပြဲမွာ တစ္ဂိုးသြင္းၿပီးကတည္းက လီဗာပူးလ္အသင္းရဲ႕ က်ဆင္းေနတဲ့ ပုံစံနဲ႔အတူ ေၾကာင္အသြားခဲ့တာျဖစ္ပါတယ္။

ဟားလန္းနဲ႔ ႏူးညက္ဇ္တို႔ရဲ႕ အဓိက ကြာျခားသြားတဲ့ အလွည့္အေျပာင္းကေတာ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ ေတြ႕ဆုံမႈျဖစ္ၿပီး ပြဲစဥ္ ၂ မွာ ဥ႐ုေဂြးသားတစ္ေယာက္ မိုက္မဲတဲ့ လုပ္ရပ္နဲ႔ အိမ္ကြင္းမွာ ၿပိဳင္ဘက္ေနာက္ခံလူ ယိုအာခင္မ္ အန္ဒါဆန္ရဲ႕ မ်က္ႏွာကို ေခါင္းနဲ႔တိုက္ၿပီး အနီကတ္ထိခဲ့သလို သုံးပြဲအထိ အပယ္ခံခဲ့ရၿပီး ေနာ္ေဝသားကေတာ့ လင္းယုန္ေတြကို ပြဲစဥ္ ၅ မွာ ဟက္ထရစ္ယူႏိုင္ခဲ့တာပါ။

မန္စီးတီးတိုက္စစ္မႉး ဟားလန္းရဲ႕ ဆက္တိုက္ေျခစြမ္းျပေနမႈမွာ ႏူးညက္ဇ္ကေတာ့ ကြင္းျပင္ကေန ထိုင္ေစာင့္ေနခဲ့ရၿပီး အဲဗာတန္နဲ႔ပြဲမွာ ျပန္လည္ပြဲထြက္ခြင့္ ရရွိခဲ့ခ်ိန္မွာလည္း အလုပ္မျဖစ္ခဲ့ဘဲ ကစားခဲ့ရတဲ့ ပြဲခ်ိန္ ၇၉ မိနစ္လုံးမွာ ျဖဳန္းတီးမႈေတြ မ်ားခဲ့သလို ဒါဘီၿပိဳင္ဘက္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ လက္ေလွ်ာ့ခဲ့ရတာျဖစ္ပါတယ္။

ေရာ္ဘီ ကီးန္ကေတာ့ ဟားလန္းရဲ႕ ပုံစံဟာ ႏူးညက္ဇ္ကို ဖိအားဝင္ေစတယ္လို႔ ေျပာၾကားလိုက္ၿပီး ႏွစ္ဦးစလုံးက ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေရာက္ရွိလာခဲ့ခ်ိန္မွ တစ္ဦးက ေျခစြမ္းျပေနရင္ တစ္ဦးကိုလည္း ထပ္တူေမွ်ာ္လင့္ႏိုင္ၾကတာ အမွန္ပဲျဖစ္ေပမယ့္ ဒါက ဥ႐ုေဂြးသားအေပၚ သက္ေရာက္မႈ ႀကီးမားေစခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။

“ဒါက တကယ္ေတာ့ မမွန္ဘူးဗ်။ မတူညီတဲ့ ကစားသမားႏွစ္ေယာက္မွာ မတူညီရဲ႕ ရင္ဆိုင္စရာ အေျခအေနေတြ ရွိေနသလို အၿမဲတမ္းမွာ ႏႈိင္းယွဥ္လို႔ မျဖစ္ႏိုင္ပါဘူး။ အခုေတာ့ ဒါက ႏူးညက္ဇ္ကို ေသေအာင္သတ္ေနသလိုျဖစ္ခဲ့ၿပီး ဟားလန္းက အျမင့္ပ်ံေနခ်ိန္မွာ ေငြပိုသုံးထားတဲ့ သူ႔အတြက္ ေတာင္းဆိုမႈေတြက ႀကီးမားလာခဲ့တာပါ”လို႔လည္း ကာကြယ္သြားခဲ့ပါတယ္။

အိုင္ယာလန္တိုက္စစ္မႉးေဟာင္းက ပဲေလ့စ္နဲ႔ပြဲမွာ အထုတ္ခံလိုက္ရတာဟာ သူ႔ရဲ႕ ယုံၾကည္မႈကို ႀကီးႀကီးမားမား သက္ေရာက္ေစခဲ့တယ္လို႔ ဆိုလိုက္ၿပီး ဒီမတိုင္ခင္က ပုံစံကို သတိရၾကဖို႔နဲ႔ လမ္းမွန္ကမ္းမွန္ကို ျပန္ေရာက္ေအာင္ ေထာက္ခံမႈေပးၾကဖို႔ ပရိသတ္ေတြကို တိုက္တြန္းလိုက္ၿပီး ႏူးညက္ဇ္ကိုေတာ့ ပရီးမီးယားလိဂ္ရဲ႕ ၿပိဳင္ဆိုင္မႈ အရွိန္အဟုန္က တျခားၿပိဳင္ပြဲေတြနဲ႔ မတူလို႔ အရွိန္ျမႇင့္ႀကိဳးစားဖို႔ သတိေပးသြားခဲ့တာပါ။

ႏူးညက္ဇ္အေနနဲ႔ လီဗာပူးလ္အသင္းမွာ တစ္ဂိုးသာ ရရွိခဲ့ေသးေပမယ့္ ၿပီးခဲ့တဲ့ ႏိုင္ငံတကာ ပြဲစဥ္ေတြမွာေတာ့ ဥ႐ုေဂြးအတြက္ ဂိုးရရွိခဲ့ၿပီး ကေနဒါနဲ႔ပြဲမွာ အသင္းေဖာ္ လူးဝစ္ ဆြာရက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ဒီတစ္ပတ္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ပိုေကာင္းလာႏိုင္မယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.