Analysis Article Premier League

မန်စီးတီးကို လန်ထွက်ပျံတက်နေတဲ့ တန်ဟတ် ခြံခတ်ပြီး သံဘရပ်နဲ့ တိုက်နိုင်မှာလား

မန်ချက်စတာဒါဘီမှာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေကတော့ အပြာရောင်တွေဘက်ကပဲ ရှိနေပြီး နေရာတကာမှာ စီးတီးမှ စီးတီးပဲလို့ ခန့်မှန်းသူတွေ များနေသလို ယူနိုက်တက်တို့အတွက်တော့ အများဆုံးရမှ သရေပဲလို့ သူတို့ရဲ့ ကစားသမားဟောင်းတွေလောက်ကပဲ ခန့်မှန်းထားကြတာကို တွေ့မြင်နေရပါတယ်။

အားလုံးရဲ့ အာရုံစူးစိုက်မှုတွေက အာလင်း ဟားလန်းနဲ့အတူ ဂိုးသွင်းကြမ်းတဲ့ မန်စီးတီးဆီပဲ ရောက်နေခဲ့ကြပြီး အစ်တီဟတ်မှာ ယူနိုက်တက်တို့ မျက်ရည်တောင် ကျသွားနိုင်တယ်လို့ ဆိုနေကြချိန်မှာ နော်ဝေသားကို တားဆီးနိုင်မယ်လို့တော့ ဘယ်သူကမှ မတွက်ပေမယ့် ရှုံးပွဲမရှိ မှတ်တမ်းကို ရပ်တန့်နိုင်လိမ့်မယ်လို့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က ဆိုပါတယ်။

တကယ်တမ်းမှာရော သရဲနီတွေအနေနဲ့ မိုးပြာရောင် စီတီဇင်တွေကို ထိုးနှက်နိုင်မှာလား။ ဒါက ဖြစ်တတ်ပါတယ်။ ခြေစွမ်းကွာဟတဲ့ အသင်းတွေကြားမှာ ဖြစ်တတ်သလို မတူညီတဲ့ ဗျူဟာတွေရဲ့ ရှုပ်ထွေးမှုကြားမှာလည်း တစ်ဦးအပေါ်တစ်ဦး အသာရနေတတ်တာကြောင့် ပြီးခဲ့တဲ့ နှစ်ဂိုး-ဂိုးမရှိပွဲနှစ်ပွဲမှာ အပြာကောင်တွေကို အနီကောင်တွေက ခြေစွမ်းမသာလွန်ဘဲ အနိုင်ရထားခဲ့ဖူးတာပါ။

ပွဲမတိုင်ခင်မှာတော့ ဟားလန်းကို တားဆီးဖို့နဲ့ ဒီဘရိုင်းနားကို ပိတ်ဆို့ဖို့က အဓိကပဲလို့ ဆိုနေကြသလို ဒါကို အဲရစ် တန်ဟတ်တစ်ယောက် အောင်မြင်အောင် လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ကာစီမီရိုအတွက် ပေါင်သန်း ၇၀ သုံးထားတာက ဒီလိုပွဲမျိုးအတွက်လို့ သရဲနီတွေ ဝင့်ကြွားနိုင်မှာလား။ ဗျူဟာမြောက် ပြင်ဆင်မှုတွေ လုပ်နိုင်မှာလား။ ကစားကွက်နဲ့ တက်ဖိတဲ့ အသင်းတွေကို ကလင်ဒါကျ ဖြုတ်နိုင်မှာလား။

တန်ဟတ်အနေနဲ့ ဂွါဒီယိုလာကို ကစားကွက်ချင်း ယှဉ်ဖိုက်ရင် မိုက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့တပည့် အာတီတာကိုတောင်မှ ကစားကွက်ချင်းမှာ အသာမရခဲ့လို့ပါ။ အာဆင်နယ်ကို အနိုင်ရခဲ့ပေမယ့် သူ့ထက်ပိုကောင်းတဲ့ စုဖွဲ့မှုနဲ့ မန်စီးတီးကို ဖျက်ဆီးနိုင်ဖို့ဆိုရင် ကွင်းလယ်နဲ့ ခံစစ်ရှေ့မှာ အနည်းဆုံးနှစ်ယောက်လောက်က ဒိုင်ခံဖျက်နိုင်မှ ရမှာပါ။ ဒါကို တန်ဟတ် လုပ်ဆောင်မှာလား။ ၃-၅-၂ ကို သုံးမှာလား ကြည့်ရပါလိမ့်မယ်။

မန်စီးတီးထက်ရော မန်ယူက ဘာတွေ သာနေပါသလဲ။ အဓိကကတော့ တောင်ပံသမားတွေ သာလွန်ပါတယ်။ ပေါင်သန်း ၁၀၀ တန်လား၊ ပေါင် ၁၀၀ တန်လား မသဲကွဲတဲ့ ဂရီးလစ်ရှ်၊ ခြေကျလာတဲ့ မာရက်ဇ်၊ ကွင်းလယ်မှာ ပိုအဆင်ပြေတဲ့ ဘာနာဒို ဆေးလ်ဗားတို့ထက် မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဂျေဒန် ဆန်ချိုတို့က Direct Attacking ကို ထိထိရောက်ရောက်ကစားနိုင်ပြီး ဖိုဒန်သာ သူတို့ထက် အနည်းငယ်သာလွန်တဲ့ အနေအထားမှာ ရှိနေတာပါ။

နောက်တစ်ချက်ကတော့ ကောင်တာဟေ့ဆိုရင် သရဲနီတွေအားလုံးက လာထားဖြစ်နေတာပါ။ ကွင်းလယ်နဲ့ ခံစစ်ကနေ Space တွေထဲ ဘောလုံးလှမ်းထည့်ပေးမယ့်သူတွေ နှစ်ယောက်သုံးယောက်လောက် ရှိသလို ပေးပို့မှုက အရမ်းကြီး တိကျမနေတောင် ဖင်ဂျက်တပ်ပြီး ပြေးလိုက်မယ့်သူတွေကို ပိုင်ဆိုင်ထားတာပါ။ ဒါက အစဉ်အဆက် ရရှိခဲ့တဲ့ အမွေခံကောင်းဖြစ်ပြီး Route One တန်ပြန်တိုက်စစ်က အသင်းတိုင်းကို ထိတ်လန့်စေပါတယ်။

ဒါကြောင့် ယူနိုက်တက်တို့ ပွဲတွေကို အနိုင်ရဖို့ ကစားကွက်ကောင်းဖို့ မလိုပါဘူး။ ကွင်းလယ်မှာ လွတ်တဲ့သူကို ဘောလုံးတစ်ချက်ပေးပြီး သူကနေ ကန်တင်ပေးလိုက်ရင် အတော်လေး အလုပ်ဖြစ်ပါတယ်။ ဒါကို စမန်တက်ပြီး အာတီတာလို ကွင်းလယ်အဖျက်တွေ အကုန်ထုတ်ပြီး ဖွင့်တိုက်တဲ့သူ ဘယ်လို ခံစားသွားရသလဲဆိုတာ ကြည့်နိုင်ပြီး ဒီလိုတွေ ထပ်လုပ်ချင်လို့ကို ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ နာချင်ယောင်ဆောင်ပြီး အင်္ဂလန်ကနေတောင် ခွင့်ယူထားတာပါ။

ကောင်တာနဲ့ ပြေးပြီး အဆုံးသတ်မှာက ယူနိုက်တက်တို့ရဲ့ ဘယ်သူနဲ့မှ မတူဘဲ စပါးစ်ထက်တောင် သာလွန်တဲ့ Unique ID ဖြစ်နေသလို ဒါကို ပြိုင်ဘက်အသင်းတွေ မတားဆီးနိုင်ရင်၊ အတင်းဖိတိုက်ပြီးမှ ဂိုးမသွင်းနိုင်ရင်၊ ကောင်တာ ပြန်ဝင်တာကို ဖြတ်တောက်ပေးဖို့ Anchor Man ပါမလာရင် အသည်းကွဲသွားပါလိမ့်မယ်။ မန်စီးတီးတို့ဘက်က ခံစစ်တွေ လေးမနေဖို့အပြင် ကွင်းလယ်မှာ ရိုဒရီ ပါဝင်နိုင်ဖို့ လိုပါတယ်။ မပါနိုင်ရင်တော့ သူတို့တွေ နိုင်ဖို့ မေ့လိုက်ပါ။ နှစ်ဂိုးစီသရေလောက်တောင် ဖြစ်သွားနိုင်ပါတယ်။

ပွဲကြိုမှာ ပြောရရင် (၁) ယူနိုက်တက်တို့ အနိုင်ရဖို့ ကစားပုံကောင်းစရာ မလိုပါ။ (၂) စီးတီးတို့ ရှေ့လောကြီးပြီး ဖိတိုက်လေ ဆရာတန်ဟတ် ကြိုက်လေပါ။ (၃) ကွင်းလယ်မှာ ဘောလုံးပိုကိုင်နိုင်အောင် ရိုဒရီကို ချန်ပြီး ဘာနာဒို၊ ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်တို့ကို သုံးလာရင် မျက်ဖြူဆိုက်မှာပါ။ (၄) လူကျွံထောင်ချောက်တွေ ပင်ပန်းလို့ အတိုင်အဖောက် မညီရင် စီးတီးတို့ နှာခေါင်း ကျည်ပွေ့ တွေ့ပါလိမ့်မယ်။ (၅) ရက်ရှ်ဖို့ဒ်တို့အုပ်စု မှုန်နေအောင်ပြေးပြီး ပုံမှန်လောက်ပဲ အဆုံးသတ်နိုင်ဖို့ လိုပါတယ်။

ဒါကလွဲရင်တော့ မန်စီးတီးတို့ရဲ့ Attacking Link တွေကို ဧရိယာ အပြင်ဘက်က ဖြတ်သင့်သလောက်ဖြတ်၊ အတွင်းကနေ ဆို့သင့်သလောက် ဆို့ထားနိုင်ဖို့ ယူနိုက်တက်တို့ လုပ်တတ်ကိုင်တတ်ရမှာဖြစ်ပြီး အိုင်းယက်စ်နဲ့တုန်းက ဒေါ့မွန်က ဟားလန်းကို အိတ်ထဲ ထည့်ထားခဲ့သလိုမျိုး စက်တင်ဘာ အကောင်းဆုံးဆုရှင် တန်ဟတ်တစ်ယောက် ခံစစ်နဲ့ ကောင်တာကို ဟန်ချက်ညီအောင် သုံးတတ်ရင် ယူနိုက်တက်တို့ ရလဒ်ကောင်းမယ်လို့ သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာဒါဘီမွာ ကြၽမ္းက်င္သူေတြရဲ႕ ခန႔္မွန္းခ်က္ေတြကေတာ့ အျပာေရာင္ေတြဘက္ကပဲ ရွိေနၿပီး ေနရာတကာမွာ စီးတီးမွ စီးတီးပဲလို႔ ခန႔္မွန္းသူေတြ မ်ားေနသလို ယူႏိုက္တက္တို႔အတြက္ေတာ့ အမ်ားဆုံးရမွ သေရပဲလို႔ သူတို႔ရဲ႕ ကစားသမားေဟာင္းေတြေလာက္ကပဲ ခန႔္မွန္းထားၾကတာကို ေတြ႕ျမင္ေနရပါတယ္။

အားလုံးရဲ႕ အာ႐ုံစူးစိုက္မႈေတြက အာလင္း ဟားလန္းနဲ႔အတူ ဂိုးသြင္းၾကမ္းတဲ့ မန္စီးတီးဆီပဲ ေရာက္ေနခဲ့ၾကၿပီး အစ္တီဟတ္မွာ ယူႏိုက္တက္တို႔ မ်က္ရည္ေတာင္ က်သြားႏိုင္တယ္လို႔ ဆိုေနၾကခ်ိန္မွာ ေနာ္ေဝသားကို တားဆီးႏိုင္မယ္လို႔ေတာ့ ဘယ္သူကမွ မတြက္ေပမယ့္ ရႈံးပြဲမရွိ မွတ္တမ္းကို ရပ္တန႔္ႏိုင္လိမ့္မယ္လို႔ သရဲနီေဟာင္းႀကီး ရီယို ဖာဒီနန္က ဆိုပါတယ္။

တကယ္တမ္းမွာေရာ သရဲနီေတြအေနနဲ႔ မိုးျပာေရာင္ စီတီဇင္ေတြကို ထိုးႏွက္ႏိုင္မွာလား။ ဒါက ျဖစ္တတ္ပါတယ္။ ေျခစြမ္းကြာဟတဲ့ အသင္းေတြၾကားမွာ ျဖစ္တတ္သလို မတူညီတဲ့ ဗ်ဴဟာေတြရဲ႕ ရႈပ္ေထြးမႈၾကားမွာလည္း တစ္ဦးအေပၚတစ္ဦး အသာရေနတတ္တာေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္ဂိုး-ဂိုးမရွိပြဲႏွစ္ပြဲမွာ အျပာေကာင္ေတြကို အနီေကာင္ေတြက ေျခစြမ္းမသာလြန္ဘဲ အႏိုင္ရထားခဲ့ဖူးတာပါ။

ပြဲမတိုင္ခင္မွာေတာ့ ဟားလန္းကို တားဆီးဖို႔နဲ႔ ဒီဘ႐ိုင္းနားကို ပိတ္ဆို႔ဖို႔က အဓိကပဲလို႔ ဆိုေနၾကသလို ဒါကို အဲရစ္ တန္ဟတ္တစ္ေယာက္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။ ကာစီမီ႐ိုအတြက္ ေပါင္သန္း ၇၀ သုံးထားတာက ဒီလိုပြဲမ်ိဳးအတြက္လို႔ သရဲနီေတြ ဝင့္ႂကြားႏိုင္မွာလား။ ဗ်ဴဟာေျမာက္ ျပင္ဆင္မႈေတြ လုပ္ႏိုင္မွာလား။ ကစားကြက္နဲ႔ တက္ဖိတဲ့ အသင္းေတြကို ကလင္ဒါက် ျဖဳတ္ႏိုင္မွာလား။

တန္ဟတ္အေနနဲ႔ ဂြါဒီယိုလာကို ကစားကြက္ခ်င္း ယွဥ္ဖိုက္ရင္ မိုက္ပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ရဲ႕တပည့္ အာတီတာကိုေတာင္မွ ကစားကြက္ခ်င္းမွာ အသာမရခဲ့လို႔ပါ။ အာဆင္နယ္ကို အႏိုင္ရခဲ့ေပမယ့္ သူ႔ထက္ပိုေကာင္းတဲ့ စုဖြဲ႕မႈနဲ႔ မန္စီးတီးကို ဖ်က္ဆီးႏိုင္ဖို႔ဆိုရင္ ကြင္းလယ္နဲ႔ ခံစစ္ေရွ႕မွာ အနည္းဆုံးႏွစ္ေယာက္ေလာက္က ဒိုင္ခံဖ်က္ႏိုင္မွ ရမွာပါ။ ဒါကို တန္ဟတ္ လုပ္ေဆာင္မွာလား။ ၃-၅-၂ ကို သုံးမွာလား ၾကည့္ရပါလိမ့္မယ္။

မန္စီးတီးထက္ေရာ မန္ယူက ဘာေတြ သာေနပါသလဲ။ အဓိကကေတာ့ ေတာင္ပံသမားေတြ သာလြန္ပါတယ္။ ေပါင္သန္း ၁၀၀ တန္လား၊ ေပါင္ ၁၀၀ တန္လား မသဲကြဲတဲ့ ဂရီးလစ္ရွ္၊ ေျခက်လာတဲ့ မာရက္ဇ္၊ ကြင္းလယ္မွာ ပိုအဆင္ေျပတဲ့ ဘာနာဒို ေဆးလ္ဗားတို႔ထက္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔က Direct Attacking ကို ထိထိေရာက္ေရာက္ကစားႏိုင္ၿပီး ဖိုဒန္သာ သူတို႔ထက္ အနည္းငယ္သာလြန္တဲ့ အေနအထားမွာ ရွိေနတာပါ။

ေနာက္တစ္ခ်က္ကေတာ့ ေကာင္တာေဟ့ဆိုရင္ သရဲနီေတြအားလုံးက လာထားျဖစ္ေနတာပါ။ ကြင္းလယ္နဲ႔ ခံစစ္ကေန Space ေတြထဲ ေဘာလုံးလွမ္းထည့္ေပးမယ့္သူေတြ ႏွစ္ေယာက္သုံးေယာက္ေလာက္ ရွိသလို ေပးပို႔မႈက အရမ္းႀကီး တိက်မေနေတာင္ ဖင္ဂ်က္တပ္ၿပီး ေျပးလိုက္မယ့္သူေတြကို ပိုင္ဆိုင္ထားတာပါ။ ဒါက အစဥ္အဆက္ ရရွိခဲ့တဲ့ အေမြခံေကာင္းျဖစ္ၿပီး Route One တန္ျပန္တိုက္စစ္က အသင္းတိုင္းကို ထိတ္လန႔္ေစပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္တို႔ ပြဲေတြကို အႏိုင္ရဖို႔ ကစားကြက္ေကာင္းဖို႔ မလိုပါဘူး။ ကြင္းလယ္မွာ လြတ္တဲ့သူကို ေဘာလုံးတစ္ခ်က္ေပးၿပီး သူကေန ကန္တင္ေပးလိုက္ရင္ အေတာ္ေလး အလုပ္ျဖစ္ပါတယ္။ ဒါကို စမန္တက္ၿပီး အာတီတာလို ကြင္းလယ္အဖ်က္ေတြ အကုန္ထုတ္ၿပီး ဖြင့္တိုက္တဲ့သူ ဘယ္လို ခံစားသြားရသလဲဆိုတာ ၾကည့္ႏိုင္ၿပီး ဒီလိုေတြ ထပ္လုပ္ခ်င္လို႔ကို ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔ နာခ်င္ေယာင္ေဆာင္ၿပီး အဂၤလန္ကေနေတာင္ ခြင့္ယူထားတာပါ။

ေကာင္တာနဲ႔ ေျပးၿပီး အဆုံးသတ္မွာက ယူႏိုက္တက္တို႔ရဲ႕ ဘယ္သူနဲ႔မွ မတူဘဲ စပါးစ္ထက္ေတာင္ သာလြန္တဲ့ Unique ID ျဖစ္ေနသလို ဒါကို ၿပိဳင္ဘက္အသင္းေတြ မတားဆီးႏိုင္ရင္၊ အတင္းဖိတိုက္ၿပီးမွ ဂိုးမသြင္းႏိုင္ရင္၊ ေကာင္တာ ျပန္ဝင္တာကို ျဖတ္ေတာက္ေပးဖို႔ Anchor Man ပါမလာရင္ အသည္းကြဲသြားပါလိမ့္မယ္။ မန္စီးတီးတို႔ဘက္က ခံစစ္ေတြ ေလးမေနဖို႔အျပင္ ကြင္းလယ္မွာ ႐ိုဒရီ ပါဝင္ႏိုင္ဖို႔ လိုပါတယ္။ မပါႏိုင္ရင္ေတာ့ သူတို႔ေတြ ႏိုင္ဖို႔ ေမ့လိုက္ပါ။ ႏွစ္ဂိုးစီသေရေလာက္ေတာင္ ျဖစ္သြားႏိုင္ပါတယ္။

ပြဲႀကိဳမွာ ေျပာရရင္ (၁) ယူႏိုက္တက္တို႔ အႏိုင္ရဖို႔ ကစားပုံေကာင္းစရာ မလိုပါ။ (၂) စီးတီးတို႔ ေရွ႕ေလာႀကီးၿပီး ဖိတိုက္ေလ ဆရာတန္ဟတ္ ႀကိဳက္ေလပါ။ (၃) ကြင္းလယ္မွာ ေဘာလုံးပိုကိုင္ႏိုင္ေအာင္ ႐ိုဒရီကို ခ်န္ၿပီး ဘာနာဒို၊ ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္တို႔ကို သုံးလာရင္ မ်က္ျဖဴဆိုက္မွာပါ။ (၄) လူကြၽံေထာင္ေခ်ာက္ေတြ ပင္ပန္းလို႔ အတိုင္အေဖာက္ မညီရင္ စီးတီးတို႔ ႏွာေခါင္း က်ည္ေပြ႕ ေတြ႕ပါလိမ့္မယ္။ (၅) ရက္ရွ္ဖို႔ဒ္တို႔အုပ္စု မႈန္ေနေအာင္ေျပးၿပီး ပုံမွန္ေလာက္ပဲ အဆုံးသတ္ႏိုင္ဖို႔ လိုပါတယ္။

ဒါကလြဲရင္ေတာ့ မန္စီးတီးတို႔ရဲ႕ Attacking Link ေတြကို ဧရိယာ အျပင္ဘက္က ျဖတ္သင့္သေလာက္ျဖတ္၊ အတြင္းကေန ဆို႔သင့္သေလာက္ ဆို႔ထားႏိုင္ဖို႔ ယူႏိုက္တက္တို႔ လုပ္တတ္ကိုင္တတ္ရမွာျဖစ္ၿပီး အိုင္းယက္စ္နဲ႔တုန္းက ေဒါ့မြန္က ဟားလန္းကို အိတ္ထဲ ထည့္ထားခဲ့သလိုမ်ိဳး စက္တင္ဘာ အေကာင္းဆုံးဆုရွင္ တန္ဟတ္တစ္ေယာက္ ခံစစ္နဲ႔ ေကာင္တာကို ဟန္ခ်က္ညီေအာင္ သုံးတတ္ရင္ ယူႏိုက္တက္တို႔ ရလဒ္ေကာင္းမယ္လို႔ သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.