Analysis Article Premier League

နှစ် ၅၀ အတွင်း အမြင့်မားဆုံး ပြိုင်ဆိုင်မှုနဲ့ အာဆင်နယ်-စပါးစ် မြောက်လန်ဒန်ဒါဘီ

မြောက်လန်ဒန်ဒါဘီဆိုတာ အင်္ဂလန်မှာ ပြိုင်ဆိုင်မှု အမြင့်မားဆုံးနဲ့ မုန်းတီးမှုတွေ အကြီးထွားဆုံး ဒါဘီလို့ ဆိုနိုင်ပြီး လူတန်းစားနဲ့ လူမျိုးရေး အခြေခံတဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ မတူကွဲပြားမှုတွေကြားက အရှိန်အမြင့်တတ်ဆုံး ပရီးမီးယားလိဂ်ရဲ့ ဘောလုံးပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်/အာဆင်နယ်ကစားသမားဆိုတာနဲ့ စပါးစ်ကို မုန်းဖို့ တာဝန်ရှိသလို စပါးစ်ပရိသတ်/စပါးစ်ကစားသမားဆိုတာနဲ့ အာဆင်နယ်ကို မုန်းရမယ်ဆိုတာဟာ ဘယ်နေရာမှာမှ ဖော်ပြမထားပေမယ့် အသက်ရှင်ဖို့ ထမင်းစားရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းလိုမျိုး ဒီနှစ်သင်းနဲ့ ပတ်သက်သူတွေကြားမှာ ဖြစ်နေကျအရာပါပဲ။

၂၀၁၀ ရှေ့နောက် သုံးလေးနှစ်လောက်အထိ အာဆင်နယ်တို့အနေနဲ့ စပါးစ်ဟာ စကားထဲ ထည့်ပြောစရာမလိုတဲ့ လှောင်ပြောင်စရာတစ်ခုအဖြစ်သာ ရှိနေခဲ့ပေမယ့် အသစ်အသစ်တွေဖြစ်ကြတဲ့ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ ထကြွသောင်းကျန်းချိန်တွေကစပြီး ဒီနှစ်သင်းကြား ရပ်တည်မှုတွေ ထက်အောက်ပြောင်းပြန် ကသမ်းကရမ်းတွေ ဖြစ်ကုန်ပါတော့တယ်။

အဲ့ဒီမတိုင်ခင်က ဂန်းနားပရိသတ်တွေရဲ့ အောင်ပွဲခံမှုတစ်ခုဖြစ်တဲ့ စိန့်တော့တာရင်ဂမ်နေ့ဆိုတဲ့ ပြိုင်ဘက်အပေါ် လှောင်ပြောင်မှုတစ်ခုဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ၂၀၁၆-၁၇ ရာသီကစလို့ အာဆင်နယ်အပေါ်မှာ စပါးစ်တို့ဟာ နှစ်စဉ်နှစ်တိုင်း ရပ်တည်လာခဲ့တာဟာ ပြီးခဲ့တဲ့ ရာသီအထိဖြစ်ခဲ့ပြီး ဒါကို ပြောင်းလဲနိုင်ဖို့ ပရိသတ်တွေကတော့ ဆန္ဒပြင်းပြနေကြတာပါ။

ပြီးခဲ့တဲ့ ရာသီက စပါးစ်တို့ကို အိမ်ကွင်းမှာ ခြေမကောင်းတဲ့ကြားက အနိုင်ယူနိုင်ခဲ့တာက အာဆင်နယ်တို့ရဲ့ အစဉ်အလာကောင်းကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ခဲ့ပေမယ့် ရာသီကုန် ပန်းဝင်ချိန်မှာတော့ အဝေးကွင်းမှာ ပိတ်ကစားရမယ့်အစား စိတ်ရူးပေါက်ပြီး ဖွင့်ကစားပြီးမှ ခံလိုက်ရတဲ့ အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်စေခဲ့တာက နည်းပြ မီခယ်လ် အာတီတာအတွက်တော့ အတိုးနဲ့ ဆပ်ရမယ့် အကြွေးလည်းဖြစ်နေပါတယ်။

ဒီရာသီမှာ နှစ်သင်းစလုံးအနေနဲ့ အသင်းကို အကောင်းဆုံး အားဖြည့်ထားကြသလို ဂန်းနားတွေအနေနဲ့ ဂျေဆူးစ်၊ ဇင်ချန်ကို၊ ဖာဘီယို ဗီယာရာ၊ မာဆေးလ်ပြန် ဆာလီဘာတို့လို ကစားသမားတွေနဲ့ တောင့်တင်းအောင် ပြင်ဆင်ထားနိုင်ခဲ့ကြပြီး စပါးစ်တို့ဘက်မှာတော့ ပါရီရှစ်ချ်၊ ရစ်ချာလစ်ဆန်နဲ့ ဘီဆူးမားတို့လို ကစားသမားတွေက အသင်းကို ပိုမိုခမ်းနားစေခဲ့တာပါ။

ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ တစ်နေရာကို ပြိုင်ဆိုင်နေကြတဲ့ ဂျေဆူးစ်နဲ့ ရစ်ချာလစ်ဆန်တို့ ပြိုင်ဆိုင်မှုက ကြီးထွားလာသလို ချာကာနဲ့ ဆွန်ဟောင်မင်တို့ကလည်း မြောက်လန်ဒန်ရဲ့ သက်တမ်းရှည်ပြိုင်ဘက်တွေအဖြစ် ရှိနေကြပြီး အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့ ဆာကာနဲ့ ဟာရီကိန်းတို့ရဲ့ ခြေစွမ်းကိုလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီကြားထဲမှာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေတာကတော့ Top of the Table Clash လို့ ခေါ်တဲ့ ဇယားထိပ်ပြိုင်ဆိုင်မှု ဖြစ်နေပြီး အာဆင်နယ်ရဲ့ နံပါတ်တစ် ရပ်တည်မှုနဲ့ စပါးစ်ရဲ့ တစ်မှတ်အကွာ အဆင့်သုံး ရပ်တည်မှုတွေက သူတို့နှစ်သင်းကြားမှာ ရပ်တည်မှု အမြင့်မားဆုံးအချိန်မှာ တွေ့ဆုံတာ ဖြစ်နေခဲ့သလို မှားတဲ့သူက အောက်ဆင်းပေးရမယ့် အချိန်မျိုးမှာ ပွဲကတော့ ပိုကြမ်းနိုင်တယ်လို့ ယူဆထားကြပါတယ်။

တစ်နဲ့ သုံးဖြစ်နေလို့ ပြိုင်ဆိုင်မှု ပြင်းထန်တယ်လို့ ဆိုနေပေမယ့် ဒီနှစ်ကြား အငြှိုးနဲ့ အမုန်းတရားတွေကတော့ အဆင့် ၁၉ နဲ့ ၂၀ ဖြစ်နေဦး ပြိုင်ဆိုင်မှုကို မလျော့ဘဲ ကစားကြမှာဖြစ်ပြီး နည်းပြနှစ်ဦးရဲ့ မတူညီတဲ့ အိုင်ဒီယော်လော်ဂျီကြားက ကစားကွက်နဲ့ ဗျူဟာချင်း ပြိုင်ဆိုင်မှုတွေကလည်း ဒီပွဲကို ပိုမိုအသက်ဝင်စေဦးမှာပါ။

အာတီတာရဲ့ အသင်းကို မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ High-Positioned Football စတိုင် ပြောင်းလဲလာခဲ့တာက အာဆင်နယ်တို့ကို နောက်ထပ် တစ်ဆင့်ဆီ ဆွဲတင်ပေးခဲ့သလို နည်းပြအပြောင်းအလဲများခဲ့တဲ့ စပါးစ်အသင်းကို ကွန်တီက အီတလီစတိုင် ပြောင်းလဲခဲ့တာကလည်း သူတို့ကို နောက်ထပ် တစ်ဆင့် မြင့်တက်စေခဲ့လို့ ဒီနှစ် မြောက်လန်ဒန် ဒါဘီကတော့ ပြီးခဲ့တဲ့ ခေတ်တွေထက် မြင့်မားတဲ့ ပြိုင်ဆိုင်မှုနဲ့ ရသပေါင်းစုံကို ကြည့်ရလိမ့်မယ်လို့ ကြိုတင်ပြီး Spoiler Alert လုပ်လိုက်ပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျမာက္လန္ဒန္ဒါဘီဆိုတာ အဂၤလန္မွာ ၿပိဳင္ဆိုင္မႈ အျမင့္မားဆုံးနဲ႔ မုန္းတီးမႈေတြ အႀကီးထြားဆုံး ဒါဘီလို႔ ဆိုႏိုင္ၿပီး လူတန္းစားနဲ႔ လူမ်ိဳးေရး အေျခခံတဲ့ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ မတူကြဲျပားမႈေတြၾကားက အရွိန္အျမင့္တတ္ဆုံး ပရီးမီးယားလိဂ္ရဲ႕ ေဘာလုံးပြဲစဥ္တစ္ပြဲ ျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္/အာဆင္နယ္ကစားသမားဆိုတာနဲ႔ စပါးစ္ကို မုန္းဖို႔ တာဝန္ရွိသလို စပါးစ္ပရိသတ္/စပါးစ္ကစားသမားဆိုတာနဲ႔ အာဆင္နယ္ကို မုန္းရမယ္ဆိုတာဟာ ဘယ္ေနရာမွာမွ ေဖာ္ျပမထားေပမယ့္ အသက္ရွင္ဖို႔ ထမင္းစားရမယ္ဆိုတဲ့ စည္းမ်ဥ္းစည္းကမ္းလိုမ်ိဳး ဒီႏွစ္သင္းနဲ႔ ပတ္သက္သူေတြၾကားမွာ ျဖစ္ေနက်အရာပါပဲ။

၂၀၁၀ ေရွ႕ေနာက္ သုံးေလးႏွစ္ေလာက္အထိ အာဆင္နယ္တို႔အေနနဲ႔ စပါးစ္ဟာ စကားထဲ ထည့္ေျပာစရာမလိုတဲ့ ေလွာင္ေျပာင္စရာတစ္ခုအျဖစ္သာ ရွိေနခဲ့ေပမယ့္ အသစ္အသစ္ေတြျဖစ္ၾကတဲ့ ဆြန္ေဟာင္မင္၊ ဟာရီကိန္းတို႔ ထႂကြေသာင္းက်န္းခ်ိန္ေတြကစၿပီး ဒီႏွစ္သင္းၾကား ရပ္တည္မႈေတြ ထက္ေအာက္ေျပာင္းျပန္ ကသမ္းကရမ္းေတြ ျဖစ္ကုန္ပါေတာ့တယ္။

အဲ့ဒီမတိုင္ခင္က ဂန္းနားပရိသတ္ေတြရဲ႕ ေအာင္ပြဲခံမႈတစ္ခုျဖစ္တဲ့ စိန႔္ေတာ့တာရင္ဂမ္ေန႔ဆိုတဲ့ ၿပိဳင္ဘက္အေပၚ ေလွာင္ေျပာင္မႈတစ္ခုဟာ လုံးဝ ေပ်ာက္ကြယ္သြားခဲ့ၿပီး ၂၀၁၆-၁၇ ရာသီကစလို႔ အာဆင္နယ္အေပၚမွာ စပါးစ္တို႔ဟာ ႏွစ္စဥ္ႏွစ္တိုင္း ရပ္တည္လာခဲ့တာဟာ ၿပီးခဲ့တဲ့ ရာသီအထိျဖစ္ခဲ့ၿပီး ဒါကို ေျပာင္းလဲႏိုင္ဖို႔ ပရိသတ္ေတြကေတာ့ ဆႏၵျပင္းျပေနၾကတာပါ။

ၿပီးခဲ့တဲ့ ရာသီက စပါးစ္တို႔ကို အိမ္ကြင္းမွာ ေျခမေကာင္းတဲ့ၾကားက အႏိုင္ယူႏိုင္ခဲ့တာက အာဆင္နယ္တို႔ရဲ႕ အစဥ္အလာေကာင္းကို ဆက္ၿပီး ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ခဲ့ေပမယ့္ ရာသီကုန္ ပန္းဝင္ခ်ိန္မွာေတာ့ အေဝးကြင္းမွာ ပိတ္ကစားရမယ့္အစား စိတ္႐ူးေပါက္ၿပီး ဖြင့္ကစားၿပီးမွ ခံလိုက္ရတဲ့ အသင္းကို ခ်န္ပီယံလိဂ္ ဝင္ခြင့္နဲ႔ လြဲေခ်ာ္ေစခဲ့တာက နည္းျပ မီခယ္လ္ အာတီတာအတြက္ေတာ့ အတိုးနဲ႔ ဆပ္ရမယ့္ အေႂကြးလည္းျဖစ္ေနပါတယ္။

ဒီရာသီမွာ ႏွစ္သင္းစလုံးအေနနဲ႔ အသင္းကို အေကာင္းဆုံး အားျဖည့္ထားၾကသလို ဂန္းနားေတြအေနနဲ႔ ေဂ်ဆူးစ္၊ ဇင္ခ်န္ကို၊ ဖာဘီယို ဗီယာရာ၊ မာေဆးလ္ျပန္ ဆာလီဘာတို႔လို ကစားသမားေတြနဲ႔ ေတာင့္တင္းေအာင္ ျပင္ဆင္ထားႏိုင္ခဲ့ၾကၿပီး စပါးစ္တို႔ဘက္မွာေတာ့ ပါရီရွစ္ခ်္၊ ရစ္ခ်ာလစ္ဆန္နဲ႔ ဘီဆူးမားတို႔လို ကစားသမားေတြက အသင္းကို ပိုမိုခမ္းနားေစခဲ့တာပါ။

ဘရာဇီးလ္လက္ေ႐ြးစင္အသင္းရဲ႕ တစ္ေနရာကို ၿပိဳင္ဆိုင္ေနၾကတဲ့ ေဂ်ဆူးစ္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ၿပိဳင္ဆိုင္မႈက ႀကီးထြားလာသလို ခ်ာကာနဲ႔ ဆြန္ေဟာင္မင္တို႔ကလည္း ေျမာက္လန္ဒန္ရဲ႕ သက္တမ္းရွည္ၿပိဳင္ဘက္ေတြအျဖစ္ ရွိေနၾကၿပီး အဂၤလန္လက္ေ႐ြးစင္ေတြျဖစ္တဲ့ ဆာကာနဲ႔ ဟာရီကိန္းတို႔ရဲ႕ ေျခစြမ္းကိုလည္း ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီၾကားထဲမွာ ၿပိဳင္ဆိုင္မႈကို ျပင္းထန္ေစတာကေတာ့ Top of the Table Clash လို႔ ေခၚတဲ့ ဇယားထိပ္ၿပိဳင္ဆိုင္မႈ ျဖစ္ေနၿပီး အာဆင္နယ္ရဲ႕ နံပါတ္တစ္ ရပ္တည္မႈနဲ႔ စပါးစ္ရဲ႕ တစ္မွတ္အကြာ အဆင့္သုံး ရပ္တည္မႈေတြက သူတို႔ႏွစ္သင္းၾကားမွာ ရပ္တည္မႈ အျမင့္မားဆုံးအခ်ိန္မွာ ေတြ႕ဆုံတာ ျဖစ္ေနခဲ့သလို မွားတဲ့သူက ေအာက္ဆင္းေပးရမယ့္ အခ်ိန္မ်ိဳးမွာ ပြဲကေတာ့ ပိုၾကမ္းႏိုင္တယ္လို႔ ယူဆထားၾကပါတယ္။

တစ္နဲ႔ သုံးျဖစ္ေနလို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္တယ္လို႔ ဆိုေနေပမယ့္ ဒီႏွစ္ၾကား အျငႇိဳးနဲ႔ အမုန္းတရားေတြကေတာ့ အဆင့္ ၁၉ နဲ႔ ၂၀ ျဖစ္ေနဦး ၿပိဳင္ဆိုင္မႈကို မေလ်ာ့ဘဲ ကစားၾကမွာျဖစ္ၿပီး နည္းျပႏွစ္ဦးရဲ႕ မတူညီတဲ့ အိုင္ဒီေယာ္ေလာ္ဂ်ီၾကားက ကစားကြက္နဲ႔ ဗ်ဴဟာခ်င္း ၿပိဳင္ဆိုင္မႈေတြကလည္း ဒီပြဲကို ပိုမိုအသက္ဝင္ေစဦးမွာပါ။

အာတီတာရဲ႕ အသင္းကို မန္စီးတီးနဲ႔ ဂြါဒီယိုလာရဲ႕ High-Positioned Football စတိုင္ ေျပာင္းလဲလာခဲ့တာက အာဆင္နယ္တို႔ကို ေနာက္ထပ္ တစ္ဆင့္ဆီ ဆြဲတင္ေပးခဲ့သလို နည္းျပအေျပာင္းအလဲမ်ားခဲ့တဲ့ စပါးစ္အသင္းကို ကြန္တီက အီတလီစတိုင္ ေျပာင္းလဲခဲ့တာကလည္း သူတို႔ကို ေနာက္ထပ္ တစ္ဆင့္ ျမင့္တက္ေစခဲ့လို႔ ဒီႏွစ္ ေျမာက္လန္ဒန္ ဒါဘီကေတာ့ ၿပီးခဲ့တဲ့ ေခတ္ေတြထက္ ျမင့္မားတဲ့ ၿပိဳင္ဆိုင္မႈနဲ႔ ရသေပါင္းစုံကို ၾကည့္ရလိမ့္မယ္လို႔ ႀကိဳတင္ၿပီး Spoiler Alert လုပ္လိုက္ပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.