Analysis Premier League

ပရီးမီးယားလိဂ်ခံစစ်မှူးတွေ သတိထားကြရမယ့် ဟားလန်းရဲ့ Next Level ပြောင်းလဲမှု

ပရီးမီးယားလိဂ်ခံစစ်မှူးတွေအနေနဲ့ လက်ရှိအချိန်အထိ အာလင်း ဟားလန်းရဲ့ အနိုင်ကျင့်မှုကို ခံယူနေရတယ်လို့ မီဒီယာတွေက မန်ချက်စတာစီးတီးတိုက်စစ်မှူးရဲ့ အစွမ်းသတ္တိကို ဇောင်းပေးရေးသားနေကြချိန်မှာ တကယ်ပဲ ဒီလိုအဆင့်အတန်းကို ရဖို့နဲ့ တော်တော်များများ ကျရှုံးလေ့ ရှိတဲ့ အင်္ဂလန်မြေကို စိုးမိုးနိုင်ဖို့ သူဘာတွေ ပြောင်းလဲထားခဲ့သလဲဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။

ဟားလန်းအနေနဲ့ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ကစားပေးထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁၁ ဂိုး သွင်းယူပေးထားခဲ့ပြီး တစ်ပွဲကို တစ်ဂိုးထက် သိသိသာသာ မြင့်မားတဲ့ နှုန်းထားဖြစ်နေသလို ဒီပြိုင်ပွဲရဲ့ ပထမဆုံး ဟက်ထရစ်နှစ်ကြိမ်ကိုလည်း အားလုံးထက် အစောဆုံး ရယူခဲ့တာပါ။

နော်ဝေသားကို ဘယ်သန်ကစားသမားလို့ အများက ဆိုကြပေမယ့် ဒီရာသီ သွင်းဂိုးတွေထဲမှာ သူ့အနေနဲ့ နှစ်ဂိုးကို ညာခြေနဲ့ သွင်းယူထားနိုင်ပြီး ဒီထဲမှာ လွယ်ကူတယ်လို့ လုံးဝမပြောနိုင်တဲ့ ဝုလ်ဗ်စ်နဲ့ပွဲက သွင်းဂိုးကို ညာခြေနဲ့ ဧရိယာအပြင်ကနေ အနိမ့်ဘော လှမ်းကန်ပြီး ရယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဟားလန်းဟာ သူ့ရဲ့ ပြီးခဲ့တဲ့ ကစားသမားဘဝ သွင်းဂိုး ၁၃၃ ဂိုးမှာ ညာခြေကန်သွင်းမှု ၁၅ ကြိမ်ကို ထည့်သွင်းထားနိုင်ပြီး ဒီထဲမှာတော့ မန်စီးတီးအသင်းကို ပြောင်းရွှေ့အပြီး ဒီရာသီမှာ ကစားထားခဲ့တဲ့ နောက်ဆုံး ၅ ပွဲက ၈ ဂိုးမှာ ၂ ဂိုး ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်ခြေနဲ့ ဂိုးအများစုကို သွင်းယူနေခဲ့ပေမယ့်လည်း သူ့ကို ပိတ်ဆို့တားဆီးလို့ မရစေဖို့အတွက် ၂၂ နှစ်သားအနေနဲ့ ပြီးခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ပူးပေါင်းမှုမှာ အပိုလေ့ကျင့်ခန်းအစီအစဉ်ဖြစ်တဲ့ ညာခြေအသုံးပြုမှုကို စတင်ခဲ့တာဖြစ်ပြီး နည်းပြ မာကို ရိုဆာနဲ့အတူ လက်ထောက်နည်းပြ ဂျာမန်တိုက်စစ်မှူးဟောင်း အလက်ဇန်းဒါး ဇစ်ကလာနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တာပါ။

ဇစ်ကလာအနေနဲ့ ဟားလန်းကို ပိုမိုတိုးတက်လာအောင် လေ့ကျင့်ပေးနိုင်ခဲ့ပြီး ညာခြေကို အသုံးပြု လိမ်ခေါက်ခြင်းနဲ့ ပေးပို့ခြင်း၊ ကန်သွင်းခြင်းတွေကို လုပ်ဆောင်စေခဲ့ပြီး အဓိကအားဖြင့်တော့ ကန်သွင်းမှုတွေမှာ ပိုမိုတိုးတက်လာအောင်နဲ့ ခြေနှစ်ချောင်းလုံး သန်တဲ့ Two Footed Striker တစ်ယောက် ဖြစ်လာအောင် တွန်းအားပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းရဲ့ မျိုးစေ့ချပေးခဲ့မှုအပြီးမှာတော့ ဒါက ဟားလန်းရဲ့ စိတ်သန္တာန်မှာ အမြစ်တွယ်သွားခဲ့တဲ့ လေ့ကျင့်ခန်းနဲ့ ခံယူချက်တစ်ခုဖြစ်လာခဲ့ပြီး ရာသီကြို ကွန်မြူနတီဒိုင်း လီဗာပူးလ်နဲ့ပွဲမှာ သူ့ရဲ့ ဘယ်ခြေကန်သွင်းချက်တွေကို ပိတ်ဆို့ခံခဲ့ရအပြီးမှာတော့ သူ့အနေနဲ့ ထရိန်နင်မှာ ညာခြေလေ့ကျင့်မှုကို ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပွဲစဉ် ၁ က စပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဟားလန်းအနေနဲ့ ပွဲတိုင်းမှာ သွင်းဂိုးပဲဖြစ်ဖြစ် ဖန်တီးမှုပဲဖြစ်ဖြစ် ပါဝင်ပတ်သက်မှုမှာ ပြိုင်ပွဲစုံ ၉ ပွဲအတွင်း တစ်ပွဲမှ ပျက်ကွက်ခြင်း မရှိခဲ့သေးဘဲ ဂိုးမသွင်းနိုင်တဲ့ ဘုန်းမောက်နဲ့ပွဲမှာတောင် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို ခြေနှစ်ချောင်းလုံးကို အသုံးပြုနိုင်မှုက သူ့ရဲ့ ကန်သွင်းနှုန်း Striking Rate ကိုလည်း ပိုမိုတိုးတက်လာစေခဲ့တာပါ။

ပရီးမီးယားလိဂ် ခံစစ်မှူးတွေအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ကစားစဉ်ကထက် ပိုမိုတိုးတက်လာတဲ့ နော်ဝေသားကို ထိန်းချုပ်ဖို့က ဘယ်ခြေနဲ့ ကန်ဖို့ ပြင်နေတာကို စောင့်ကြည့်ပိတ်ဆို့ရုံနဲ့ မရနိုင်တော့ဘူးလို့ ဒေးလီးမေးလ်က သတိပေးလိုက်ပြီး ဒီပြိုင်ပွဲကို စိုးမိုးဖို့ ရှေ့ဆက်ဦးမှာဖြစ်သလို မန်စီးတီးတို့ရဲ့ နှလုံးသားထဲက ကွက်လပ်ကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ကို ရယူနိုင်ဖို့လည်း စွမ်းဆောင်ပေးနိုင်မယ်လို့ တစ်ပေးထားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ခံစစ္မႉးေတြအေနနဲ႔ လက္ရွိအခ်ိန္အထိ အာလင္း ဟားလန္းရဲ႕ အႏိုင္က်င့္မႈကို ခံယူေနရတယ္လို႔ မီဒီယာေတြက မန္ခ်က္စတာစီးတီးတိုက္စစ္မႉးရဲ႕ အစြမ္းသတၱိကို ေဇာင္းေပးေရးသားေနၾကခ်ိန္မွာ တကယ္ပဲ ဒီလိုအဆင့္အတန္းကို ရဖို႔နဲ႔ ေတာ္ေတာ္မ်ားမ်ား က်ရႈံးေလ့ ရွိတဲ့ အဂၤလန္ေျမကို စိုးမိုးႏိုင္ဖို႔ သူဘာေတြ ေျပာင္းလဲထားခဲ့သလဲဆိုတာ ေပၚထြက္လာခဲ့ပါတယ္။

ဟားလန္းအေနနဲ႔ ဒီရာသီမွာ မန္စီးတီးအသင္းအတြက္ ကစားေပးထားတဲ့ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၁၁ ဂိုး သြင္းယူေပးထားခဲ့ၿပီး တစ္ပြဲကို တစ္ဂိုးထက္ သိသိသာသာ ျမင့္မားတဲ့ ႏႈန္းထားျဖစ္ေနသလို ဒီၿပိဳင္ပြဲရဲ႕ ပထမဆုံး ဟက္ထရစ္ႏွစ္ႀကိမ္ကိုလည္း အားလုံးထက္ အေစာဆုံး ရယူခဲ့တာပါ။

ေနာ္ေဝသားကို ဘယ္သန္ကစားသမားလို႔ အမ်ားက ဆိုၾကေပမယ့္ ဒီရာသီ သြင္းဂိုးေတြထဲမွာ သူ႔အေနနဲ႔ ႏွစ္ဂိုးကို ညာေျခနဲ႔ သြင္းယူထားႏိုင္ၿပီး ဒီထဲမွာ လြယ္ကူတယ္လို႔ လုံးဝမေျပာႏိုင္တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲက သြင္းဂိုးကို ညာေျခနဲ႔ ဧရိယာအျပင္ကေန အနိမ့္ေဘာ လွမ္းကန္ၿပီး ရယူသြားခဲ့တာလည္း ျဖစ္ပါတယ္။

ဟားလန္းဟာ သူ႔ရဲ႕ ၿပီးခဲ့တဲ့ ကစားသမားဘဝ သြင္းဂိုး ၁၃၃ ဂိုးမွာ ညာေျခကန္သြင္းမႈ ၁၅ ႀကိမ္ကို ထည့္သြင္းထားႏိုင္ၿပီး ဒီထဲမွာေတာ့ မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕အၿပီး ဒီရာသီမွာ ကစားထားခဲ့တဲ့ ေနာက္ဆုံး ၅ ပြဲက ၈ ဂိုးမွာ ၂ ဂိုး ရယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘယ္ေျခနဲ႔ ဂိုးအမ်ားစုကို သြင္းယူေနခဲ့ေပမယ့္လည္း သူ႔ကို ပိတ္ဆို႔တားဆီးလို႔ မရေစဖို႔အတြက္ ၂၂ ႏွစ္သားအေနနဲ႔ ၿပီးခဲ့တဲ့ ေဒါ့မြန္အသင္းနဲ႔ ပူးေပါင္းမႈမွာ အပိုေလ့က်င့္ခန္းအစီအစဥ္ျဖစ္တဲ့ ညာေျခအသုံးျပဳမႈကို စတင္ခဲ့တာျဖစ္ၿပီး နည္းျပ မာကို ႐ိုဆာနဲ႔အတူ လက္ေထာက္နည္းျပ ဂ်ာမန္တိုက္စစ္မႉးေဟာင္း အလက္ဇန္းဒါး ဇစ္ကလာနဲ႔ ပူးတြဲလုပ္ေဆာင္ခဲ့တာပါ။

ဇစ္ကလာအေနနဲ႔ ဟားလန္းကို ပိုမိုတိုးတက္လာေအာင္ ေလ့က်င့္ေပးႏိုင္ခဲ့ၿပီး ညာေျခကို အသုံးျပဳ လိမ္ေခါက္ျခင္းနဲ႔ ေပးပို႔ျခင္း၊ ကန္သြင္းျခင္းေတြကို လုပ္ေဆာင္ေစခဲ့ၿပီး အဓိကအားျဖင့္ေတာ့ ကန္သြင္းမႈေတြမွာ ပိုမိုတိုးတက္လာေအာင္နဲ႔ ေျခႏွစ္ေခ်ာင္းလုံး သန္တဲ့ Two Footed Striker တစ္ေယာက္ ျဖစ္လာေအာင္ တြန္းအားေပးခဲ့တာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေဟာင္းရဲ႕ မ်ိဳးေစ့ခ်ေပးခဲ့မႈအၿပီးမွာေတာ့ ဒါက ဟားလန္းရဲ႕ စိတ္သႏၲာန္မွာ အျမစ္တြယ္သြားခဲ့တဲ့ ေလ့က်င့္ခန္းနဲ႔ ခံယူခ်က္တစ္ခုျဖစ္လာခဲ့ၿပီး ရာသီႀကိဳ ကြန္ျမဴနတီဒိုင္း လီဗာပူးလ္နဲ႔ပြဲမွာ သူ႔ရဲ႕ ဘယ္ေျခကန္သြင္းခ်က္ေတြကို ပိတ္ဆို႔ခံခဲ့ရအၿပီးမွာေတာ့ သူ႔အေနနဲ႔ ထရိန္နင္မွာ ညာေျခေလ့က်င့္မႈကို ျပန္လည္လုပ္ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ပြဲစဥ္ ၁ က စၿပီး ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဟားလန္းအေနနဲ႔ ပြဲတိုင္းမွာ သြင္းဂိုးပဲျဖစ္ျဖစ္ ဖန္တီးမႈပဲျဖစ္ျဖစ္ ပါဝင္ပတ္သက္မႈမွာ ၿပိဳင္ပြဲစုံ ၉ ပြဲအတြင္း တစ္ပြဲမွ ပ်က္ကြက္ျခင္း မရွိခဲ့ေသးဘဲ ဂိုးမသြင္းႏိုင္တဲ့ ဘုန္းေမာက္နဲ႔ပြဲမွာေတာင္ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့သလို ေျခႏွစ္ေခ်ာင္းလုံးကို အသုံးျပဳႏိုင္မႈက သူ႔ရဲ႕ ကန္သြင္းႏႈန္း Striking Rate ကိုလည္း ပိုမိုတိုးတက္လာေစခဲ့တာပါ။

ပရီးမီးယားလိဂ္ ခံစစ္မႉးေတြအေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ ကစားစဥ္ကထက္ ပိုမိုတိုးတက္လာတဲ့ ေနာ္ေဝသားကို ထိန္းခ်ဳပ္ဖို႔က ဘယ္ေျခနဲ႔ ကန္ဖို႔ ျပင္ေနတာကို ေစာင့္ၾကည့္ပိတ္ဆို႔႐ုံနဲ႔ မရႏိုင္ေတာ့ဘူးလို႔ ေဒးလီးေမးလ္က သတိေပးလိုက္ၿပီး ဒီၿပိဳင္ပြဲကို စိုးမိုးဖို႔ ေရွ႕ဆက္ဦးမွာျဖစ္သလို မန္စီးတီးတို႔ရဲ႕ ႏွလုံးသားထဲက ကြက္လပ္ႀကီးျဖစ္တဲ့ ခ်န္ပီယံလိဂ္ကို ရယူႏိုင္ဖို႔လည္း စြမ္းေဆာင္ေပးႏိုင္မယ္လို႔ တစ္ေပးထားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.