Analysis Article Premier League

လူ့ဘီလူးကြီးနဲ့ လူပုလေးရဲ့ တိုက်ပွဲက မန်ချက်စတာဒါဘီအတွက် ပိုစိတ်ဝင်စားစရာလား

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ရဲ့ ပထမအကျော့ မန်ချက်စတာဒါဘီကို မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားကြမှာဖြစ်ပြီး လက်ရှိချန်ပီယံတွေအနေနဲ့ ပြီးခဲ့တဲ့ ရာသီက အခြေမလှခဲ့သလို ဒီရာသီမှာလည်း ပုံစံကောင်းကို ရှာဖွေနေရဆဲဖြစ်တဲ့ ဧည့်သည်တွေကို အစ်တီဟတ်မှာ ဧည့်ခံကျင်းပသွားမှာဖြစ်ပါတယ်။

အသင်းနှစ်သင်းရဲ့ လူအင်အားနဲ့ အဆင့်အတန်းကတော့ တစ်ဆင့်လောက် ကွာဟနေတာလည်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကတောင် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့တဲ့ မန်စီးတီးကို မန်ယူတို့ ဘယ်လိုမျိုး ယှဉ်ပြိုင်သွားနိုင်မလဲဆိုတာ ကတုံးချင်းတွေ့ဆုံတဲ့ ဒါဘီမှာ ပက်ပ် ဂွါဒီယိုလာအတွက် တန်ဟတ်မှာ ပလန်ရှိနေရဲ့လားဆိုတာလည်း မေးခွန်းထုတ်စရာပါ။

အထူးသဖြင့်တော့ အသင်းတွေရဲ့ ခေါ်ယူမှုသစ်တွေဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့ကြသလို ဒီတစ်ပတ်မှာ ထိပ်တိုက်တွေ့ဆုံမယ့် ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ စီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းနဲ့ ယူနိုက်တက်ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်တို့ရဲ့ ဂိုးဧရိယာအတွင်းနဲ့ အပြင်က ယှဉ်ပြိုင်မှုတွေကို လူတွေ စိတ်ဝင်စားနေကြပါတယ်။

ပရီးမီးယားလိဂ် ၇ မှာ ၁၁ ဂိုး သွင်းယူထားတဲ့ ပေါင် ၅၁ သန်းတန် နော်ဝေတိုက်စစ်မှူးဟာ သူ့ရဲ့ တန်ဖိုးထက် အများကြီး နိမ့်ပါးတဲ့ လျှော့ဈေးနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ခံစစ်သမားတွေကို အနိုင်ကျင့်ရင်း လေးဆလောက် သာလွန်တဲ့ ခြေစွမ်းကို ပြသနေချိန်မှာ ပေါင် ၅၅.၃ သန်းတန် အာဂျင်တီးနားခံစစ်မှူးကတော့ ခြေစွမ်းပြနိုင်ပေမယ့် ဒီတန်ဖိုးလောက်တော့ မကိုက်ညီသေးဘူးလို့ ဝေဖန်ခံထားရတာပါ။

မီဒီယာတွေကတော့ လူ့ဘီလူးကြီး ဂိုလိုက်ယက်နဲ့ လူပုလေး ဒေးဗစ်ရဲ့ တိုက်ပွဲလို့ သမ္မာကျမ်းစာနဲ့ အစ္စရေးတို့ရဲ့ ရာဇဝင်ထဲက ဖြစ်ရပ်ဟောင်းကို ယူဆောင်လာခဲ့ကြပြီး ဒီတစ်ကြိမ်မှာရော ရှေးတုန်းကလို ဒေးဗစ်ရဲ့ လောက်လွှဲနဲ့ ဂိုလိုက်ယက်ကို လဲကျရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာတော့ မတူညီတဲ့ ဘောလုံးလောကမှာ သံသယဝင်စရာဖြစ်နေပါတယ်။

အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဟားလန်းအနေနဲ့ သူ့ထက် ၇ လက်မ နိမ့်တဲ့ မာတီနက်ဇ်ကို အမြင့်ဘောတိုင်းမှာ စိုးမိုးထားဖို့က သေချာနေပြီး မာတီနက်ဇ်ကတော့ သူ့ရဲ့ အားသာချက်ဖြစ်တဲ့ Low Center of Gravity နဲ့ ဟားလန်းကို ခြေထဲမှာ ဖျက်ထုတ်နိုင်ဖို့ကို ကြိုးစားသွားရမှာဖြစ်သလို မြားဦး တိုက်စစ်သမားတစ်ဦးတည်းထားတဲ့ စီးတီးရဲ့ ကစားကွက်ကိုလည်း ယူနိုက်တက်ရဲ့ တခြားဗဟိုခံစစ်သမားတစ်ဦးက ကူညီလာမှာပါ။

ပြီးခဲ့တဲ့ ရာသီက သူတို့နှစ်ဦးရဲ့ အသင်းဟောင်းတွေမှာ တွေ့ဆုံမှုဖြစ်ခဲ့တဲ့ အိုင်းယက်စ်နဲ့ ဒေါ့မွန်တို့ တွေ့ဆုံမှုမှာတော့ ဟားလန်းကို မာတီနက်ဇ်က အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့ပြီး အဲ့ဒီတုန်းကတော့ လက်ရှိမန်ယူနည်းပြ အဲရစ် တန်ဟတ်က နော်ဝေသားဆီ ဘောလုံးမရောက်အောင် ဒေါ့မွန်ကွင်းလယ်နဲ့ တိုက်စစ်မှူးကြားက Link တွေကို ဖြတ်တောက်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း ဒီဗျူဟာကိုပဲ သုံးလာနိုင်ပေမယ့် ဒေါ့မွန်ကွင်းလယ်ထက် ဖန်တီးမှု ပိုမိုသာလွန်ပြီး တစ်သင်းလုံးနီးပါး ပေးပို့မှုတွေ ကောင်းမွန်တဲ့ မန်စီးတီးကို တန်ဟတ်ရဲ့ ကာစီမီရို၊ မက်တော်မီနေး၊ ဖရက်ဒ်တို့ရဲ့ ကွင်းလယ်ခံစစ်သမားတွေက ဖြတ်တောက်သွားနိုင်မလား ကြည့်ရမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ဟားလန်းနဲ့ မာတီနက်ဇ်တို့ ထိပ်တိုက်တွေ့ရင် ရင်နာစရာ ရလဒ်တွေ ထွက်ပေါ်လာနိုင်တာပါ။

ဂွါဒီယိုလာအနေနဲ့ ဟားလန်းကို ဘာသံသယမှ ရှိစရာမလိုဘဲ သုံးနိုင်ချိန်မှာ တန်ဟတ်အနေနဲ့ ၅ ပေ ၉ လက်မသာရှိတဲ့ ခံစစ်မှူးကိုတော့ နော်ဝေသားနဲ့ ရင်ဆိုင်ဖို့ ယုံယုံကြည်ကြည် သုံးစွဲမလား၊ သူ့ရဲ့ အကောင်းဆုံးပုံစံကို ရဖို့ အရပ်အမောင်းနဲ့ ဖျက်အားကောင်းမွန်တဲ့ ဗာရွန်း၊ ကာစီမီရို၊ မက်တော်မီနေးတို့နဲ့ စုဖွဲ့ပေးနိုင်မလားဆိုတာတော့ အတွေးပွားစရာဖြစ်နေပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ အရပ်အမောင်းအရ လေထဲမှာ အနိုင်ကျင့်ခံရဖို့ များနေတဲ့ မာတီနက်ဇ်ကို မယုံကြည်ဘဲ ဖယ်ရှားပြီး ဗာရွန်းကို တခြား အရပ်အမောင်းရှိတဲ့ ခံစစ်မှူးတွေဖြစ်ကြတဲ့ ဟာရီ မက်ဂွိုင်းယား၊ ဗစ်တာ လင်ဒီလော့ဖ်တို့နဲ့ တွဲသုံးမှာလား စဉ်းစားရမှာဖြစ်ပြီး ဒီလို မဟုတ်ရင်လည်း မာတီနက်ဇ်ကို 3 Back ကစားပြီး ဘယ်အစွန်မှာ ကစားကွက် ပြောင်းလဲသွားမလား စိတ်ဝင်စားစရာပါ။

ဒါကြောင့် ဒီတစ်ပတ်ရဲ့ ဒီနှစ်သင်းတွေ့ဆုံတော့မယ်လို့ တွေးလိုက်တိုင်း ပြေးမြင်မိတဲ့ ထင်ရှားချက်ဖြစ်တဲ့ ဟားလန်းနဲ့ မာတီနက်ဇ်တို့ရဲ့ လူ့ဘီလူးကြီးနဲ့ လူပုလေးရဲ့ တွေ့ဆုံမှုမှာ တစ်ဦးချင်းတိုက်ပွဲ မဖြစ်နိုင်ပေမယ့် ရာဇဝင်ထဲကလိုဖြစ်ဖို့တော့ နည်းချိန်မှာ ဘိုင်ယန်မြူးနစ်မှာ အသင်းကြီးနည်းပြနဲ့ အရန်နည်းပြအဖြစ် ဆုံတွေ့ခဲ့ဖူးတဲ့ ဂွါဒီယိုလာရဲ့ ရိုးရိုးလေးနဲ့ ဆန်းတဲ့ တိုက်စစ်ပိုင်းကို တန်ဟတ်တစ်ယောက် ဘယ်လို တွေးပြီး ရင်ဆိုင်မလဲ တနင်္ဂနွေနေ့ညမှာ အဖြေပေါ်မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္ရဲ႕ ပထမအေက်ာ့ မန္ခ်က္စတာဒါဘီကို မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ လာမယ့္ တနဂၤေႏြေန႔ညမွာ ကစားၾကမွာျဖစ္ၿပီး လက္ရွိခ်န္ပီယံေတြအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက အေျခမလွခဲ့သလို ဒီရာသီမွာလည္း ပုံစံေကာင္းကို ရွာေဖြေနရဆဲျဖစ္တဲ့ ဧည့္သည္ေတြကို အစ္တီဟတ္မွာ ဧည့္ခံက်င္းပသြားမွာျဖစ္ပါတယ္။

အသင္းႏွစ္သင္းရဲ႕ လူအင္အားနဲ႔ အဆင့္အတန္းကေတာ့ တစ္ဆင့္ေလာက္ ကြာဟေနတာလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ကေတာင္ ယွဥ္ၿပိဳင္ႏိုင္ျခင္း မရွိေတာ့တဲ့ မန္စီးတီးကို မန္ယူတို႔ ဘယ္လိုမ်ိဳး ယွဥ္ၿပိဳင္သြားႏိုင္မလဲဆိုတာ ကတုံးခ်င္းေတြ႕ဆုံတဲ့ ဒါဘီမွာ ပက္ပ္ ဂြါဒီယိုလာအတြက္ တန္ဟတ္မွာ ပလန္ရွိေနရဲ႕လားဆိုတာလည္း ေမးခြန္းထုတ္စရာပါ။

အထူးသျဖင့္ေတာ့ အသင္းေတြရဲ႕ ေခၚယူမႈသစ္ေတြျဖစ္ၿပီး ေျခစြမ္းျပႏိုင္ခဲ့ၾကသလို ဒီတစ္ပတ္မွာ ထိပ္တိုက္ေတြ႕ဆုံမယ့္ ၿပိဳင္ဘက္ႏွစ္ဦးျဖစ္တဲ့ စီးတီးတိုက္စစ္မႉး အာလင္း ဟားလန္းနဲ႔ ယူႏိုက္တက္ခံစစ္မႉး လီဆန္ဒ႐ို မာတီနက္ဇ္တို႔ရဲ႕ ဂိုးဧရိယာအတြင္းနဲ႔ အျပင္က ယွဥ္ၿပိဳင္မႈေတြကို လူေတြ စိတ္ဝင္စားေနၾကပါတယ္။

ပရီးမီးယားလိဂ္ ၇ မွာ ၁၁ ဂိုး သြင္းယူထားတဲ့ ေပါင္ ၅၁ သန္းတန္ ေနာ္ေဝတိုက္စစ္မႉးဟာ သူ႔ရဲ႕ တန္ဖိုးထက္ အမ်ားႀကီး နိမ့္ပါးတဲ့ ေလွ်ာ့ေဈးနဲ႔ ေခၚယူႏိုင္ခဲ့ေပမယ့္ ၿပိဳင္ဘက္ခံစစ္သမားေတြကို အႏိုင္က်င့္ရင္း ေလးဆေလာက္ သာလြန္တဲ့ ေျခစြမ္းကို ျပသေနခ်ိန္မွာ ေပါင္ ၅၅.၃ သန္းတန္ အာဂ်င္တီးနားခံစစ္မႉးကေတာ့ ေျခစြမ္းျပႏိုင္ေပမယ့္ ဒီတန္ဖိုးေလာက္ေတာ့ မကိုက္ညီေသးဘူးလို႔ ေဝဖန္ခံထားရတာပါ။

မီဒီယာေတြကေတာ့ လူ႔ဘီလူးႀကီး ဂိုလိုက္ယက္နဲ႔ လူပုေလး ေဒးဗစ္ရဲ႕ တိုက္ပြဲလို႔ သမၼာက်မ္းစာနဲ႔ အစၥေရးတို႔ရဲ႕ ရာဇဝင္ထဲက ျဖစ္ရပ္ေဟာင္းကို ယူေဆာင္လာခဲ့ၾကၿပီး ဒီတစ္ႀကိမ္မွာေရာ ေရွးတုန္းကလို ေဒးဗစ္ရဲ႕ ေလာက္လႊဲနဲ႔ ဂိုလိုက္ယက္ကို လဲက်ရႈံးနိမ့္ေအာင္ စြမ္းေဆာင္ႏိုင္ပါ့မလားဆိုတာေတာ့ မတူညီတဲ့ ေဘာလုံးေလာကမွာ သံသယဝင္စရာျဖစ္ေနပါတယ္။

အရပ္ ၆ ေပ ၄ လက္မရွိတဲ့ ဟားလန္းအေနနဲ႔ သူ႔ထက္ ၇ လက္မ နိမ့္တဲ့ မာတီနက္ဇ္ကို အျမင့္ေဘာတိုင္းမွာ စိုးမိုးထားဖို႔က ေသခ်ာေနၿပီး မာတီနက္ဇ္ကေတာ့ သူ႔ရဲ႕ အားသာခ်က္ျဖစ္တဲ့ Low Center of Gravity နဲ႔ ဟားလန္းကို ေျခထဲမွာ ဖ်က္ထုတ္ႏိုင္ဖို႔ကို ႀကိဳးစားသြားရမွာျဖစ္သလို ျမားဦး တိုက္စစ္သမားတစ္ဦးတည္းထားတဲ့ စီးတီးရဲ႕ ကစားကြက္ကိုလည္း ယူႏိုက္တက္ရဲ႕ တျခားဗဟိုခံစစ္သမားတစ္ဦးက ကူညီလာမွာပါ။

ၿပီးခဲ့တဲ့ ရာသီက သူတို႔ႏွစ္ဦးရဲ႕ အသင္းေဟာင္းေတြမွာ ေတြ႕ဆုံမႈျဖစ္ခဲ့တဲ့ အိုင္းယက္စ္နဲ႔ ေဒါ့မြန္တို႔ ေတြ႕ဆုံမႈမွာေတာ့ ဟားလန္းကို မာတီနက္ဇ္က အိတ္ကပ္ထဲ ထည့္ထားႏိုင္ခဲ့ၿပီး အဲ့ဒီတုန္းကေတာ့ လက္ရွိမန္ယူနည္းျပ အဲရစ္ တန္ဟတ္က ေနာ္ေဝသားဆီ ေဘာလုံးမေရာက္ေအာင္ ေဒါ့မြန္ကြင္းလယ္နဲ႔ တိုက္စစ္မႉးၾကားက Link ေတြကို ျဖတ္ေတာက္ခိုင္းခဲ့တာျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မွာလည္း ဒီဗ်ဴဟာကိုပဲ သုံးလာႏိုင္ေပမယ့္ ေဒါ့မြန္ကြင္းလယ္ထက္ ဖန္တီးမႈ ပိုမိုသာလြန္ၿပီး တစ္သင္းလုံးနီးပါး ေပးပို႔မႈေတြ ေကာင္းမြန္တဲ့ မန္စီးတီးကို တန္ဟတ္ရဲ႕ ကာစီမီ႐ို၊ မက္ေတာ္မီေနး၊ ဖရက္ဒ္တို႔ရဲ႕ ကြင္းလယ္ခံစစ္သမားေတြက ျဖတ္ေတာက္သြားႏိုင္မလား ၾကည့္ရမွာ ျဖစ္ၿပီး မဟုတ္ရင္ေတာ့ ဟားလန္းနဲ႔ မာတီနက္ဇ္တို႔ ထိပ္တိုက္ေတြ႕ရင္ ရင္နာစရာ ရလဒ္ေတြ ထြက္ေပၚလာႏိုင္တာပါ။

ဂြါဒီယိုလာအေနနဲ႔ ဟားလန္းကို ဘာသံသယမွ ရွိစရာမလိုဘဲ သုံးႏိုင္ခ်ိန္မွာ တန္ဟတ္အေနနဲ႔ ၅ ေပ ၉ လက္မသာရွိတဲ့ ခံစစ္မႉးကိုေတာ့ ေနာ္ေဝသားနဲ႔ ရင္ဆိုင္ဖို႔ ယုံယုံၾကည္ၾကည္ သုံးစြဲမလား၊ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ရဖို႔ အရပ္အေမာင္းနဲ႔ ဖ်က္အားေကာင္းမြန္တဲ့ ဗာ႐ြန္း၊ ကာစီမီ႐ို၊ မက္ေတာ္မီေနးတို႔နဲ႔ စုဖြဲ႕ေပးႏိုင္မလားဆိုတာေတာ့ အေတြးပြားစရာျဖစ္ေနပါတယ္။

ဒီလိုမွ မဟုတ္ရင္ေတာ့ အရပ္အေမာင္းအရ ေလထဲမွာ အႏိုင္က်င့္ခံရဖို႔ မ်ားေနတဲ့ မာတီနက္ဇ္ကို မယုံၾကည္ဘဲ ဖယ္ရွားၿပီး ဗာ႐ြန္းကို တျခား အရပ္အေမာင္းရွိတဲ့ ခံစစ္မႉးေတြျဖစ္ၾကတဲ့ ဟာရီ မက္ဂြိဳင္းယား၊ ဗစ္တာ လင္ဒီေလာ့ဖ္တို႔နဲ႔ တြဲသုံးမွာလား စဥ္းစားရမွာျဖစ္ၿပီး ဒီလို မဟုတ္ရင္လည္း မာတီနက္ဇ္ကို 3 Back ကစားၿပီး ဘယ္အစြန္မွာ ကစားကြက္ ေျပာင္းလဲသြားမလား စိတ္ဝင္စားစရာပါ။

ဒါေၾကာင့္ ဒီတစ္ပတ္ရဲ႕ ဒီႏွစ္သင္းေတြ႕ဆုံေတာ့မယ္လို႔ ေတြးလိုက္တိုင္း ေျပးျမင္မိတဲ့ ထင္ရွားခ်က္ျဖစ္တဲ့ ဟားလန္းနဲ႔ မာတီနက္ဇ္တို႔ရဲ႕ လူ႔ဘီလူးႀကီးနဲ႔ လူပုေလးရဲ႕ ေတြ႕ဆုံမႈမွာ တစ္ဦးခ်င္းတိုက္ပြဲ မျဖစ္ႏိုင္ေပမယ့္ ရာဇဝင္ထဲကလိုျဖစ္ဖို႔ေတာ့ နည္းခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္မွာ အသင္းႀကီးနည္းျပနဲ႔ အရန္နည္းျပအျဖစ္ ဆုံေတြ႕ခဲ့ဖူးတဲ့ ဂြါဒီယိုလာရဲ႕ ႐ိုး႐ိုးေလးနဲ႔ ဆန္းတဲ့ တိုက္စစ္ပိုင္းကို တန္ဟတ္တစ္ေယာက္ ဘယ္လို ေတြးၿပီး ရင္ဆိုင္မလဲ တနဂၤေႏြေန႔ညမွာ အေျဖေပၚမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.