Ligue1 Transfer News

စီနီယာကိုတောင် အသင်းက ကန်ထုတ်ချင်နေတဲ့ ပီအက်စ်ဂျီဥက္ကဌကြီး အမ်ဘာပေ

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအနေနဲ့ တိုက်စစ်ပိုင်းမှာ တွဲကစားရတဲ့ ကစားသမားတွေနဲ့ မပျော်မရွှင်ဖြစ်နေတာက သိသာနေခဲ့ပြီး အထူးသဖြင့်တော့ ဘရာဇီးလ်သား နေမာ ဂျူနီယာနဲ့ ဆက်ပြီး လက်တွဲမသွားလိုတော့ဘဲ အသင်းကနေ ကန်ထုတ်ခိုင်းချင်နေတယ်လို့ အတွင်းရေးတွေ ဖွင့်ချခံခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်သားနဲ့ အသက် ၃၀ အရွယ် ဘရာဇီးလ်သားတို့ကြားမှာ ဆက်ဆံရေးက ဝင်ရိုးစွန်းက ရေခဲလို အေးခဲနေပြီး ဘယ်လိုမှ အဆင်ပြေအောင် နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ သိရသလို ပါရီအသင်းမှာ ထူထောင်နေတဲ့ သူ့ရဲ့ ဩဇာကို ဖီဆန်မယ့်သူတစ်ဦးလို့လည်း ထင်မြင်နေတာကြောင့် အမြန်ဆုံး ရှင်းထုတ်စေဖို့ ဖိအားတွေ ပေးနေတာပါ။

ပင်နယ်တီတိုင်းကို ကန်ချင်တဲ့ အမ်ဘာပေနဲ့ မူလကတည်းက ပင်နယ်တီကန်သွင်းသူအဖြစ် သတ်မှတ်ခံထားရတဲ့ နေမာတို့ကြားမှာ ပြဿနာတွေကို မကြာခဏ တွေ့မြင်နေရပြီး ပွဲတွင်းမှာ တွဲကစားဖိုကတော့ ကမ္ဘာ့အဆင့် ကစားသမားချင်းမို့ နားလည်မှုအရ သိပ်ပြီး ကိစ္စမရှိလှပေမယ့် နာမည်ယူဖို့ ဖြစ်လာချိန်မှာတော့ အတ္တတွေကို မြင်လာရတာဖြစ်ပါတယ်။

အသင်းကို နောက်မှ ရောက်ရှိလာတဲ့ လီယွန်နယ် မက်ဆီရဲ့ ပုံရိပ်နဲ့ ဂုဏ်ဒြပ်ကြောင့် အမ်ဘာပေအနေနဲ့ ထိရဲမှာ မဟုတ်ပေမယ့် နေမာကတော့ အစကတည်းက စည်းကမ်းပိုင်းဆိုင်ရာနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတဲ့အတွက် သူ့ရဲ့ နောက်ဆုံးစာချုပ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသုံးပြုပြီး အဆင်းမှာ ဘီးတပ်နိုင်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ကို လက်မလွှတ်ရအောင် အသင်းကို ဘာပဲဖြစ်ဖြစ်လုပ်ပေးဖို့ ကြိုးစားစည်းရုံးခဲ့သူတွေထဲမှာ နေမာက ထူးခြားတဲ့ နေရာက ရှိနေခဲ့ပြီး သူ့ရဲ့ အရေးပါမှုနဲ့ အသင်းကို မောင်းနှင်နိုင်မှုကို သိမြင်လို့ တာဝန်ရှိသူတွေကို ဖိအားပေးခဲ့ပေမယ့် လက်ရှိမှာတော့ ဒါက သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်ခဲ့တာလည်းဖြစ်လာနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပွဲတွေမှာ ဒီနှစ်ဦးရဲ့ တစ်ယောက်သွင်းဂိုးတွေကို တစ်ယောက်က စိတ်မပါလက်မပါ ချီးကျူးနေတဲ့ ဝတ္တရားကျေပုံစံကို တွေ့မြင်နေရပြီး အသင်းအနေနဲ့ မက်ဆီကို ဒီနှစ်ယောက်ရဲ့ကြားမှာ ချော့မော့ဖျောင်းဖြပေးဖို့ တာဝန်ပေးထားတယ်လို့ သိရသလို ဒါကြောင့်လည်း အာဂျင်တီးနား GOAT ကို တစ်ရာသီအပြီးမှ ပြန်ထွက်ခွင့် မပေးခဲ့တဲ့ အကြောင်းတစ်ရပ်လည်းဖြစ်တယ်လို့ သိရပါတယ်။

အမ်ဘာပေအနေနဲ့ ပြင်သစ်အသင်းမှာ ကစားရတာ ပိုပျော်တယ်လို့ ထုတ်ပြောထားခဲ့သလို နေမာကတော့ ဘရာဇီးလ်နဲ့ ပွဲအပြီးမှာ အမ်ဘာပေနဲ့ အကြောင်း မေးမြန်းခံရရာမှာ “ခီလီယန်လား”လို့ ပြန်မေးပြီး ဟဟပဲဆိုတဲ့ ပုံစံနဲ့ မဖြေဘဲ ထွက်သွားခဲ့တာကို ကြည့်ရင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကတော့ ပျက်စီးနေပြီလို့ သတ်မှတ်ရမှာဖြစ်ပြီး ပီအက်စ်ဂျီတို့ ဒီလိုအကွဲအပြဲပုံစံနဲ့ ရှေ့ဆက်နိုင်မလား စောင့်ကြည့်ရမှာပါ။

ပီအက်စ်ဂျီ တာဝန်ရှိသူတွေအနေနဲ့တော့ နေမာ၊ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ လက်ရှိ ပူးပေါင်းကစားနေတဲ့ ပုံစံနဲ့ နိုင်ငံအသင်းတွေမှာ အရေးအပါဆုံး ကစားသမားတွေအဖြစ် ကစားနေရတဲ့ ပုံစံတွေက အရှေ့နဲ့ အနောက်လို ခြားနားမှုမျိုးဖြစ်နေတယ်ဆိုတာကို သိမြင်လက်ခံထားကြပြီး ဒီအတွက် အဖြေရှာသွားဖို့လည်း ရှိနေပါတယ်။

အသင်းရဲ့ ဥက္ကဌကြီးလို့ လှောင်ပြောင်ခေါ်ဆိုနေကြတဲ့ အမ်ဘာပေအနေနဲ့ တိုက်စစ်မှာ လွတ်လပ်မှု မရှိဘူးဆိုတာကို လက်ရှိနည်းပြ ခရစ္စတို့ဖ် ဂယ်လ်တီယေးနဲ့ အားကစားဒါရိုက်တာ လူးဝစ် ကမ်ပို့စ်တို့ကို ယုံကြည်အောင် စည်းရုံထားနိုင်ပုံလည်း ရှိနေပြီး တိုက်စစ်မှာ တွဲကစားရမယ့် နောက်ထပ် ကစားသမားတစ်ဦးကို အလိုရှိနေချိန်မှာ လောလောဆယ်တော့ ရောက်ရှိမလာသေးဘူးလို့လည်း နည်းပြက ဝန်ခံထားကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပအေနနဲ႔ တိုက္စစ္ပိုင္းမွာ တြဲကစားရတဲ့ ကစားသမားေတြနဲ႔ မေပ်ာ္မ႐ႊင္ျဖစ္ေနတာက သိသာေနခဲ့ၿပီး အထူးသျဖင့္ေတာ့ ဘရာဇီးလ္သား ေနမာ ဂ်ဴနီယာနဲ႔ ဆက္ၿပီး လက္တြဲမသြားလိုေတာ့ဘဲ အသင္းကေန ကန္ထုတ္ခိုင္းခ်င္ေနတယ္လို႔ အတြင္းေရးေတြ ဖြင့္ခ်ခံခဲ့ရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္သားနဲ႔ အသက္ ၃၀ အ႐ြယ္ ဘရာဇီးလ္သားတို႔ၾကားမွာ ဆက္ဆံေရးက ဝင္႐ိုးစြန္းက ေရခဲလို ေအးခဲေနၿပီး ဘယ္လိုမွ အဆင္ေျပေအာင္ ေနာက္ျပန္လွည့္လို႔ မရေတာ့ဘူးလို႔ သိရသလို ပါရီအသင္းမွာ ထူေထာင္ေနတဲ့ သူ႔ရဲ႕ ဩဇာကို ဖီဆန္မယ့္သူတစ္ဦးလို႔လည္း ထင္ျမင္ေနတာေၾကာင့္ အျမန္ဆုံး ရွင္းထုတ္ေစဖို႔ ဖိအားေတြ ေပးေနတာပါ။

ပင္နယ္တီတိုင္းကို ကန္ခ်င္တဲ့ အမ္ဘာေပနဲ႔ မူလကတည္းက ပင္နယ္တီကန္သြင္းသူအျဖစ္ သတ္မွတ္ခံထားရတဲ့ ေနမာတို႔ၾကားမွာ ျပႆနာေတြကို မၾကာခဏ ေတြ႕ျမင္ေနရၿပီး ပြဲတြင္းမွာ တြဲကစားဖိုကေတာ့ ကမာၻ႔အဆင့္ ကစားသမားခ်င္းမို႔ နားလည္မႈအရ သိပ္ၿပီး ကိစၥမရွိလွေပမယ့္ နာမည္ယူဖို႔ ျဖစ္လာခ်ိန္မွာေတာ့ အတၱေတြကို ျမင္လာရတာျဖစ္ပါတယ္။

အသင္းကို ေနာက္မွ ေရာက္ရွိလာတဲ့ လီယြန္နယ္ မက္ဆီရဲ႕ ပုံရိပ္နဲ႔ ဂုဏ္ျဒပ္ေၾကာင့္ အမ္ဘာေပအေနနဲ႔ ထိရဲမွာ မဟုတ္ေပမယ့္ ေနမာကေတာ့ အစကတည္းက စည္းကမ္းပိုင္းဆိုင္ရာနဲ႔ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ ရွိေနတဲ့အတြက္ သူ႔ရဲ႕ ေနာက္ဆုံးစာခ်ဳပ္ရဲ႕ အေရးပါတဲ့ အခန္းက႑ကို အသုံးျပဳၿပီး အဆင္းမွာ ဘီးတပ္ႏိုင္ဖို႔ လုပ္ေနတယ္လို႔ ဆိုပါတယ္။

အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္ကို လက္မလႊတ္ရေအာင္ အသင္းကို ဘာပဲျဖစ္ျဖစ္လုပ္ေပးဖို႔ ႀကိဳးစားစည္း႐ုံးခဲ့သူေတြထဲမွာ ေနမာက ထူးျခားတဲ့ ေနရာက ရွိေနခဲ့ၿပီး သူ႔ရဲ႕ အေရးပါမႈနဲ႔ အသင္းကို ေမာင္းႏွင္ႏိုင္မႈကို သိျမင္လို႔ တာဝန္ရွိသူေတြကို ဖိအားေပးခဲ့ေပမယ့္ လက္ရွိမွာေတာ့ ဒါက သူ႔ကိုယ္သူ ဒုကၡေရာက္ေအာင္ လုပ္ခဲ့တာလည္းျဖစ္လာႏိုင္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ပြဲေတြမွာ ဒီႏွစ္ဦးရဲ႕ တစ္ေယာက္သြင္းဂိုးေတြကို တစ္ေယာက္က စိတ္မပါလက္မပါ ခ်ီးက်ဴးေနတဲ့ ဝတၱရားေက်ပုံစံကို ေတြ႕ျမင္ေနရၿပီး အသင္းအေနနဲ႔ မက္ဆီကို ဒီႏွစ္ေယာက္ရဲ႕ၾကားမွာ ေခ်ာ့ေမာ့ေဖ်ာင္းျဖေပးဖို႔ တာဝန္ေပးထားတယ္လို႔ သိရသလို ဒါေၾကာင့္လည္း အာဂ်င္တီးနား GOAT ကို တစ္ရာသီအၿပီးမွ ျပန္ထြက္ခြင့္ မေပးခဲ့တဲ့ အေၾကာင္းတစ္ရပ္လည္းျဖစ္တယ္လို႔ သိရပါတယ္။

အမ္ဘာေပအေနနဲ႔ ျပင္သစ္အသင္းမွာ ကစားရတာ ပိုေပ်ာ္တယ္လို႔ ထုတ္ေျပာထားခဲ့သလို ေနမာကေတာ့ ဘရာဇီးလ္နဲ႔ ပြဲအၿပီးမွာ အမ္ဘာေပနဲ႔ အေၾကာင္း ေမးျမန္းခံရရာမွာ “ခီလီယန္လား”လို႔ ျပန္ေမးၿပီး ဟဟပဲဆိုတဲ့ ပုံစံနဲ႔ မေျဖဘဲ ထြက္သြားခဲ့တာကို ၾကည့္ရင္ သူတို႔ႏွစ္ဦးၾကားက ဆက္ဆံေရးကေတာ့ ပ်က္စီးေနၿပီလို႔ သတ္မွတ္ရမွာျဖစ္ၿပီး ပီအက္စ္ဂ်ီတို႔ ဒီလိုအကြဲအၿပဲပုံစံနဲ႔ ေရွ႕ဆက္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ပီအက္စ္ဂ်ီ တာဝန္ရွိသူေတြအေနနဲ႔ေတာ့ ေနမာ၊ မက္ဆီနဲ႔ အမ္ဘာေပတို႔ရဲ႕ လက္ရွိ ပူးေပါင္းကစားေနတဲ့ ပုံစံနဲ႔ ႏိုင္ငံအသင္းေတြမွာ အေရးအပါဆုံး ကစားသမားေတြအျဖစ္ ကစားေနရတဲ့ ပုံစံေတြက အေရွ႕နဲ႔ အေနာက္လို ျခားနားမႈမ်ိဳးျဖစ္ေနတယ္ဆိုတာကို သိျမင္လက္ခံထားၾကၿပီး ဒီအတြက္ အေျဖရွာသြားဖို႔လည္း ရွိေနပါတယ္။

အသင္းရဲ႕ ဥကၠဌႀကီးလို႔ ေလွာင္ေျပာင္ေခၚဆိုေနၾကတဲ့ အမ္ဘာေပအေနနဲ႔ တိုက္စစ္မွာ လြတ္လပ္မႈ မရွိဘူးဆိုတာကို လက္ရွိနည္းျပ ခရစၥတို႔ဖ္ ဂယ္လ္တီေယးနဲ႔ အားကစားဒါ႐ိုက္တာ လူးဝစ္ ကမ္ပို႔စ္တို႔ကို ယုံၾကည္ေအာင္ စည္း႐ုံထားႏိုင္ပုံလည္း ရွိေနၿပီး တိုက္စစ္မွာ တြဲကစားရမယ့္ ေနာက္ထပ္ ကစားသမားတစ္ဦးကို အလိုရွိေနခ်ိန္မွာ ေလာေလာဆယ္ေတာ့ ေရာက္ရွိမလာေသးဘူးလို႔လည္း နည္းျပက ဝန္ခံထားေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.