Ligue1 Premier League

မက်ဆီကို ချီးကျူးခဲ့ပြီး ရော်နယ်လ်ဒိုကို အနားပဲယူလိုက်တော့လို့ ပြောခဲ့တဲ့ အီတလီဂန္တဝင်

အန်တိုနီယို ကက်ဆာနိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကိုယ့်ဘာသာ အလေးပေးပြီး ဘောလုံးကစားသမားဘဝကနေ အနားယူဖို့ တောင်းဆိုခဲ့ပါတယ်။

ရိုးမား၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်နဲ့ ပါးမားအသင်းတို့အတွက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူပေးခဲ့တဲ့ အီတလီဂန္တဝင်တိုက်စစ်မှူးက ရော်နယ်လ်ဒိုဟာ တကိုယ်ကောင်းဆန်တဲ့ကစားသမားလို့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူက တခြားလူတွေဂိုးသွင်းရင် ဂရုမစိုက်ဘူး။ သူ့ဘာသာ ဂိုးသွင်းဖို့အတွက်ပဲ ရှင်သန်နေတဲ့သူမျိုးပါ။ သူက ဘောလုံးအတွက် ရှင်သန်နေတာမဟုတ်ပါဘူး။သူက သူ့ရဲ့ ကိုယ်ပိုင် ပန်းတိုင်တွေအတွက် ရှင်သန်နေတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ရော မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပါ ခြေစွမ်းမပြသနိုင်တာဖြစ်ပြီး ကက်ဆာနိုက အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ကစားသမားဘဝကနေ အနားယူဖို့ အချိန်ကျပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အခုအချိန်မှာ ခရစ္စတီယာနိုအနေနဲ့ သူ့ဘာသာ ချစ်သင့်တယ်။ သူ့ဘာသာ မျက်နှာသာပေးသင့်ပြီး သူ အဆင့်တစ်ဆင့်ကို မရောက်ရှိနိုင်ဘူးဆိုရင် သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ရမယ်ဆိုတာကို နားလည်ရမယ်”

“သူ အရာအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။ သူက ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ အခုတော့ အနားယူဖို့ အချိန်ကျပြီ။ ကျွန်တော် ရော်နယ်လ်ဒိုအပေါ်မှာ လေးစားမှုအများကြီးရှိပေမယ့် ကစားသမားတစ်ယောက်အနေနဲ့တော့ သူ့ကို မနှစ်သက်ပါဘူး”

“မက်ဆီက ဒီယေဂို မာရာဒိုနာလိုမျိုး ကစားသမားပါ။ သူက အသက် ၁၄ နှစ်အရွယ်မှာ အာဂျင်တီးနားကို စွန့်ခွာခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ ပြဿနာအများပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါတွေက သူ့ရဲ့ စတေးမှုတွေကို ပြောပြနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္တိုနီယို ကက္ဆာႏိုက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ကိုယ့္ဘာသာ အေလးေပးၿပီး ေဘာလုံးကစားသမားဘဝကေန အနားယူဖို႔ ေတာင္းဆိုခဲ့ပါတယ္။

႐ိုးမား၊ ရီးရဲလ္မက္ဒရစ္၊ ေအစီမီလန္နဲ႔ ပါးမားအသင္းတို႔အတြက္ ဂိုးေပါင္း ၁၀၀ ေက်ာ္ သြင္းယူေပးခဲ့တဲ့ အီတလီဂႏၲဝင္တိုက္စစ္မႉးက ေရာ္နယ္လ္ဒိုဟာ တကိုယ္ေကာင္းဆန္တဲ့ကစားသမားလို႔ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ေဝဖန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူက တျခားလူေတြဂိုးသြင္းရင္ ဂ႐ုမစိုက္ဘူး။ သူ႔ဘာသာ ဂိုးသြင္းဖို႔အတြက္ပဲ ရွင္သန္ေနတဲ့သူမ်ိဳးပါ။ သူက ေဘာလုံးအတြက္ ရွင္သန္ေနတာမဟုတ္ပါဘူး။သူက သူ႔ရဲ႕ ကိုယ္ပိုင္ ပန္းတိုင္ေတြအတြက္ ရွင္သန္ေနတယ္ဆိုတာ ရွင္းပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအသင္းနဲ႔ေရာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ပါ ေျခစြမ္းမျပသႏိုင္တာျဖစ္ၿပီး ကက္ဆာႏိုက အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ကစားသမားဘဝကေန အနားယူဖို႔ အခ်ိန္က်ၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အခုအခ်ိန္မွာ ခရစၥတီယာႏိုအေနနဲ႔ သူ႔ဘာသာ ခ်စ္သင့္တယ္။ သူ႔ဘာသာ မ်က္ႏွာသာေပးသင့္ၿပီး သူ အဆင့္တစ္ဆင့္ကို မေရာက္ရွိႏိုင္ဘူးဆိုရင္ သူ႔ရဲ႕ ကစားသမားဘဝကို အဆုံးသတ္ရမယ္ဆိုတာကို နားလည္ရမယ္”

“သူ အရာအားလုံးကို အႏိုင္ရရွိခဲ့ပါတယ္။ သူက ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ အခုေတာ့ အနားယူဖို႔ အခ်ိန္က်ၿပီ။ ကြၽန္ေတာ္ ေရာ္နယ္လ္ဒိုအေပၚမွာ ေလးစားမႈအမ်ားႀကီးရွိေပမယ့္ ကစားသမားတစ္ေယာက္အေနနဲ႔ေတာ့ သူ႔ကို မႏွစ္သက္ပါဘူး”

“မက္ဆီက ဒီေယဂို မာရာဒိုနာလိုမ်ိဳး ကစားသမားပါ။ သူက အသက္ ၁၄ ႏွစ္အ႐ြယ္မွာ အာဂ်င္တီးနားကို စြန႔္ခြာခဲ့ရၿပီး ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာအမ်ားျပားနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အဲဒါေတြက သူ႔ရဲ႕ စေတးမႈေတြကို ေျပာျပေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.