Premier League Transfer News

နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု – ၂.၉.၂၀၂၀


– ချဲလ်ဆီးအသင်းဘက်က သူတို့ရဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် လိုအပ်နေတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ် စိတ်ဝင်စားချင်းကို ခံထားရတဲ့ ရင်းနေးဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေ။




REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– ဟာဗတ်ဇ်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကစားသမားသစ် မာလန်း ဆားရ်ကို ချဲလ်ဆီးအသင်းအနေနဲ့ လေဗာကူဆင်ဆီ အငှားချပေးသွားရဖွယ်ရှိနေပြီး ကလပ်အသင်းချင်း ဆက်ဆံရေး ချောမွေ့စေဖို့အတွက် လုပ်ဆောင်ပေးသွားဖွယ်ရှိ။

– ချဲလ်ဆီးအသင်းဘက်က သူတို့ရဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် လိုအပ်နေတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ် စိတ်ဝင်စားချင်းကို ခံထားရတဲ့ ရင်းနေးဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေ။

– ချဲလ်ဆီးအသင်းရဲ့ ပိုလျှံကွင်းလယ်လူ တီမူး ဘာကာယိုကိုအနေနဲ့ အေစီမီလန်အသင်းမှာ နောက်ထပ်တစ်နှစ် အငှားနဲ့ ကစားနိုင်ဖို့ လုပ်ခ လျှော့ယူခဲ့တယ်လို့ သိရပြီး အနီအနက်ကျားတွေရဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲစဉ်အမီ ပါဝင်နိုင်ဖို့အတွက် အမြန်ဆုံး ပြောင်းရွှေ့သွားဖို့ ရှိနေ။

– ဝါရင့်ကွင်းလယ်လူ အန်ဂိုလို ကွန်တေအတွက် အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားလာမှုကို နည်းပြ ဖရန့် လမ်းပတ်ဘက်က ရောင်းချလိုခြင်းမရှိဘဲ ကန့်ကွက်ထားတယ်လို့လည်း သိရပြီး အီတလီကလပ်အနေနဲ့ လက်တွန့်သွားစေဖို့ တန်ကြေးအဖြစ် ပေါင်သန်း ၈၀ သတ်မှတ်။

– တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲရရှိနေတဲ့ ချဲလ်ဆီးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂိုးသမား ကီပါအနေနဲ့ သူ့ရဲ့နေရာကို ခြိမ်းခြောက်ဖို့အတွက် အသင်းက ဂိုးသမားသစ်တစ်ဦး ခေါ်ယူမှာဖြစ်ပေမယ့် ပွဲထွက်နေရာအတွက် ယှဉ်ပြိုင်သွားနိုင်ဖို့ ယုံကြည်မှုရှိကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.