Premier League Transfer News

ပရီးမီးယားလိဂ္ အျခားအသင္းမ်ား အေျပာင္းအေရႊ႕သတင္း စုစည္းမွဳ – ၂.၉.၂၀၂၀

– အတၱလန္တာအသင္းေနာက္ခံလူ တီမိုသီ ကက္စတာညီကို ေခၚယူဖို႔ လက္စတာစီးတီးအသင္း သေဘာတူညီမွဳ ရယူႏုိင္ခဲ့ၿပီျဖစ္ၿပီး ယူ႐ို ၂၄ သန္း ေပးေခ်သြားမွာျဖစ္သလို ကစားသမားအတြက္ ငါးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိသြားဖြယ္ရွိ။

– လီဗာပူးလ္နဲ႔ တျခားပရီးမီးယားလိဂ္အသင္းႀကီးတခ်ဳိ႕က စိတ္ဝင္စားေနတဲ့ လူငယ္ေနာက္ခံလူ ဘန္ဝွဳိက္အတြက္ ေဘးဆီးရန္ကာအေနနဲ႔ သက္တမ္းတုိးစာခ်ဳပ္တစ္ရပ္ကို ဘ႐ိုက္တန္အသင္း ခ်ဳပ္ဆုိခဲ့ၿပီး မူလတန္ေၾကး ေပါင္သန္း ၂၀ ကို ႏွစ္ဆေတာင္းဆိုသြားႏိုင္ေျခရွိ။

– တိုက္စစ္ပုိင္း အားျဖည့္မွဳေတြ ျပဳလုပ္ေနတဲ့ တန္းတက္ လိဒ္စ္ယူႏုိက္တက္အသင္းအေနနဲ႔ ဗလင္စီယာရဲ႕ ႐ိုဒရီဂို မုိရီႏိုကို ေခၚယူခဲ့အၿပီးမွာ အီတလီကလပ္ အူဒီးနီးစ္အသင္းရဲ႕ အာဂ်င္တီးနားတုိက္စစ္မွဴး ႐ိုဒရီဂို ဒီေပါလ္ကို ပုဂၢဳိလ္ေရးသေဘာတူညီခဲ့ၿပီး ေျပာင္းေရႊ႕ေၾကး ညႇိႏွဳိင္းေန။

– ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမွာ အသင္းႀကီးေတြက စိတ္ဝင္စားခဲ့တဲ့ ဘုန္းေမာက္ကြင္းလယ္လူေဟာင္း ႐ိုင္ယန္ ဖေရဆာအတြက္ေတာ့ နယူးကာဆယ္လ္အသင္းကသာ ခိုနားရာသစ္ျဖစ္ႏုိင္ၿပီး ပုဂၢဳိလ္ေရးညႇိႏွဳိင္းမွဳ သေဘာတူညီခဲ့ၿပီလို႔ တယ္လီဂရပ္ဖ္ ေဖာ္ျပ။

– အက္စ္တန္ဗီလာအသင္းက စိတ္ဝင္စားေနတဲ့ ဘုန္းေမာက္တုိက္စစ္မွဴး ကယ္လမ္ ဝီလ္ဆန္အတြက္ နယူးကာဆယ္လ္အသင္းက လက္ဦးမွဳ ရယူကမ္းလွမ္းခဲ့ၿပီး ကြင္းလယ္လူ မတ္ ရစ္ခ်ီနဲ႔ ေငြသားအလုိက္ေပးၿပီး ကမ္းလွမ္းခဲ့ၿပီလို႔ဆို။

– အဲဗာတန္အသင္းရဲ႕ ကစားသမားသစ္အျဖစ္ ဟားမက္စ္ ႐ိုဒရီရက္ဇ္ကို ဗုဒၶဟူးေန႔(ယေန႔မွာ) ေၾကျငာသြားဖို႔ ရွိေနၿပီး နည္းျပ ကာလို အန္ဆယ္ေလာ့တီနဲ႔ ရီးရဲလ္မက္ဒရစ္၊ ဘုိင္ယန္ျမဴးနစ္၊ အဲဗာတန္၊ သုံးသင္းေျမာက္ ပူးေပါင္းမွဳျဖစ္လာမည္။

– ပရီးမီးယားလိဂ္အသင္းငယ္ေတြမွာ ထင္ရွားခဲ့တဲ့ ခပ္ၾကမ္းၾကမ္းကစားပုံေတြနဲ႔ ကာယအားျပဳတုိက္စစ္မွဴး ဂလင္း မာေရးကို ဘ႐ိုက္တန္ အသင္းအေနနဲ႔ တန္းဆင္းဝတ္ဖို႔ဒ္အသင္းကို အငွားခ်ဖို႔ သေဘာတူညီခဲ့ၿပီး ခ်န္ပီယံရွစ္မွာ တစ္ရာသီကစားဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အတ္တလန်တာအသင်းနောက်ခံလူ တီမိုသီ ကက်စတာညီကို ခေါ်ယူဖို့ လက်စတာစီးတီးအသင်း သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ယူရို ၂၄ သန်း ပေးချေသွားမှာဖြစ်သလို ကစားသမားအတွက် ငါးနှစ်စာချုပ် ချုပ်ဆိုသွားဖွယ်ရှိ။

– လီဗာပူးလ်နဲ့ တခြားပရီးမီးယားလိဂ်အသင်းကြီးတချို့က စိတ်ဝင်စားနေတဲ့ လူငယ်နောက်ခံလူ ဘန်ဝှိုက်အတွက် ဘေးဆီးရန်ကာအနေနဲ့ သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ဘရိုက်တန်အသင်း ချုပ်ဆိုခဲ့ပြီး မူလတန်ကြေး ပေါင်သန်း ၂၀ ကို နှစ်ဆတောင်းဆိုသွားနိုင်ခြေရှိ။

– တိုက်စစ်ပိုင်း အားဖြည့်မှုတွေ ပြုလုပ်နေတဲ့ တန်းတက် လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဗလင်စီယာရဲ့ ရိုဒရီဂို မိုရီနိုကို ခေါ်ယူခဲ့အပြီးမှာ အီတလီကလပ် အူဒီးနီးစ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ရိုဒရီဂို ဒီပေါလ်ကို ပုဂ္ဂိုလ်ရေးသဘောတူညီခဲ့ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းနေ။

– ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာ အသင်းကြီးတွေက စိတ်ဝင်စားခဲ့တဲ့ ဘုန်းမောက်ကွင်းလယ်လူဟောင်း ရိုင်ယန် ဖရေဆာအတွက်တော့ နယူးကာဆယ်လ်အသင်းကသာ ခိုနားရာသစ်ဖြစ်နိုင်ပြီး ပုဂ္ဂိုလ်ရေးညှိနှိုင်းမှု သဘောတူညီခဲ့ပြီလို့ တယ်လီဂရပ်ဖ် ဖော်ပြ။

– အက်စ်တန်ဗီလာအသင်းက စိတ်ဝင်စားနေတဲ့ ဘုန်းမောက်တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆန်အတွက် နယူးကာဆယ်လ်အသင်းက လက်ဦးမှု ရယူကမ်းလှမ်းခဲ့ပြီး ကွင်းလယ်လူ မတ် ရစ်ချီနဲ့ ငွေသားအလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပြီလို့ဆို။

– အဲဗာတန်အသင်းရဲ့ ကစားသမားသစ်အဖြစ် ဟားမက်စ် ရိုဒရီရက်ဇ်ကို ဗုဒ္ဓဟူးနေ့(ယနေ့မှာ) ကြေငြာသွားဖို့ ရှိနေပြီး နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အဲဗာတန်၊ သုံးသင်းမြောက် ပူးပေါင်းမှုဖြစ်လာမည်။

– ပရီးမီးယားလိဂ်အသင်းငယ်တွေမှာ ထင်ရှားခဲ့တဲ့ ခပ်ကြမ်းကြမ်းကစားပုံတွေနဲ့ ကာယအားပြုတိုက်စစ်မှူး ဂလင်း မာရေးကို ဘရိုက်တန် အသင်းအနေနဲ့ တန်းဆင်းဝတ်ဖို့ဒ်အသင်းကို အငှားချဖို့ သဘောတူညီခဲ့ပြီး ချန်ပီယံရှစ်မှာ တစ်ရာသီကစားဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.