Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂.၉.၂၀၂၀

– ဖလူမီနန္စီအသင္းကေန ေခၚယူသြားမယ့္ ဘရာဇီးလ္လူငယ္ဂိုးသမား မာဆယ္လို ပီတာလူဂါရဲ႕ မိသားစုအတြက္ ေနထုိင္ဖို႔ အိမ္တစ္လုံး စီစဥ္ေပးသြားမယ္လို႔ လီဗာပူးလ္အသင္းက ကမ္းလွမ္းထားၿပီး အလုပ္လုပ္ခြင့္ ပါမစ္အရ အသက္ ၁၈ ႏွစ္ျပည့္ခ်ိန္တြင္မွ ေခၚယူႏုိင္ဖြယ္ရွိ။

– ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းနဲ႔ ေျခစမ္းထားခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ၿပဳိင္ဘက္အသင္းမွာ ေျခစြမ္းျပထားခဲ့တဲ့ အသက္ ၂၁ ႏွစ္အရြယ္ ဂိုးသြင္းဘုရင္ ဇမ္ဘီယာတုိက္စစ္မွဴး ပက္တ္ဆန္ ဒါကာကို စိတ္ဝင္စားေနၿပီး ေပါင္သန္း ၂၀ နဲ႔ ကမ္းလွမ္းဖြယ္ရွိေန။

– ခံစစ္ပုိင္းအတြက္ ဗန္ဒိုက္နဲ႔ တြဲဖက္ဖုိ႔ ကစားသမားသစ္တစ္ဦး ထပ္မံအလိုရွိေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဆဲလ္တစ္အသင္းမွာ ေျခစြမ္းျပေနတဲ့ အသက္ ၂၂ ႏွစ္အရြယ္ ဗဟိုေနာက္ခံလူ ခရစၥေတာ့ဖာ အာေယး(Ajer)ကို အလိုရွိေန။

– လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိလူစာရင္းကို ပုိမုိေတာင့္တင္းေစဖို႔ ကစားသမားႏွစ္ဦး အနည္းဆုံး ေခၚယူသြားမယ္လုိ႔ ဆုိခဲ့ၿပီး အသင္းက ထြက္ခြာႏုိင္သူေတြျဖစ္တဲ့ ဗိုင္နယ္လ္ဒြမ္၊ မာေနးတုိ႔ ေနရာေတြနဲ႔ အရန္တုိက္စစ္မွဴးေနရာေတြကို ျဖည့္ဆည္းသြားဖြယ္ရွိ။

– ဟာသာဘာလင္ကို ႏွစ္ရာသီဆက္တုိက္ အငွားခ်ထားတဲ့ ကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္ကို ေရာင္းထုတ္သြားဖို႔ ဆုံးျဖတ္ထားသလို အသင္း ၇ သင္းက စိတ္ဝင္စားေနၿပီး လီဗာပူးလ္အေနနဲ႔ အငွားကမ္းလွမ္းမွဳေတြကို လက္မခံဘဲ ေပါင္သန္း ၂၀ ေပးတဲ့ အသင္းဆီ လက္လႊတ္သြားဖို႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဖလူမီနန်စီအသင်းကနေ ခေါ်ယူသွားမယ့် ဘရာဇီးလ်လူငယ်ဂိုးသမား မာဆယ်လို ပီတာလူဂါရဲ့ မိသားစုအတွက် နေထိုင်ဖို့ အိမ်တစ်လုံး စီစဉ်ပေးသွားမယ်လို့ လီဗာပူးလ်အသင်းက ကမ်းလှမ်းထားပြီး အလုပ်လုပ်ခွင့် ပါမစ်အရ အသက် ၁၈ နှစ်ပြည့်ချိန်တွင်မှ ခေါ်ယူနိုင်ဖွယ်ရှိ။

– ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းနဲ့ ခြေစမ်းထားခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ပြိုင်ဘက်အသင်းမှာ ခြေစွမ်းပြထားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဂိုးသွင်းဘုရင် ဇမ်ဘီယာတိုက်စစ်မှူး ပက်တ်ဆန် ဒါကာကို စိတ်ဝင်စားနေပြီး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းဖွယ်ရှိနေ။

– ခံစစ်ပိုင်းအတွက် ဗန်ဒိုက်နဲ့ တွဲဖက်ဖို့ ကစားသမားသစ်တစ်ဦး ထပ်မံအလိုရှိနေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဆဲလ်တစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသက် ၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူ ခရစ္စတော့ဖာ အာယေး(Ajer)ကို အလိုရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိလူစာရင်းကို ပိုမိုတောင့်တင်းစေဖို့ ကစားသမားနှစ်ဦး အနည်းဆုံး ခေါ်ယူသွားမယ်လို့ ဆိုခဲ့ပြီး အသင်းက ထွက်ခွာနိုင်သူတွေဖြစ်တဲ့ ဗိုင်နယ်လ်ဒွမ်၊ မာနေးတို့ နေရာတွေနဲ့ အရန်တိုက်စစ်မှူးနေရာတွေကို ဖြည့်ဆည်းသွားဖွယ်ရှိ။

– ဟာသာဘာလင်ကို နှစ်ရာသီဆက်တိုက် အငှားချထားတဲ့ ကွင်းလယ်လူ မာကို ဂရူယစ်ချ်ကို ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ထားသလို အသင်း ၇ သင်းက စိတ်ဝင်စားနေပြီး လီဗာပူးလ်အနေနဲ့ အငှားကမ်းလှမ်းမှုတွေကို လက်မခံဘဲ ပေါင်သန်း ၂၀ ပေးတဲ့ အသင်းဆီ လက်လွှတ်သွားဖို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.