Premier League
၁၅.၂.၂၀၂၀ အတွက် ချဲလ်ဆီးအသင်းနှင့် ဆက်စပ်သတင်းများ စုစည်းမှု
– ချဲလ်ဆီးအသင်းအတွက် လာမယ့်ရာသီမှာ ရောက်ရှိလာမယ့် တောင်ပံကစားသမား ဟာကင်မ် ဇီယက်ခ်ျဟာ အသင်းရဲ့ ပိတ်ဆို့နေတဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖွင့်ပေးနိုင်မယ့်သူဖြစ်ပြီး ကိုယ်တိုင်လည်း သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ဦးဆောင်မှုပေးသွားနိုင်မယ့် ကစားသမားကောင်းလို့ လမ်းပတ်က ချီးကျူးလိုက်ပါတယ်။
-မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကွင်းလယ်လူ ပူလီဆစ်ခ်ျနဲ့ လော့ဖ်တပ်စ်ချိခ်တို့ သေချာပေါက်လွဲချော်မှာဖြစ်ပေမယ့် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကတော့ ပါဝင်နိုင်တဲ့ အခွင့်အရေး ရှိသေးတယ်လို့ သိရပါတယ်။
-ချဲလ်ဆီးနည်းပြ လမ်းပတ်က ဇီယက်ခ်ျကို ခေါ်ဖို့သဘောတူညီမှုရခဲ့ပြီးနောက် တခြားကစားသမားသစ်တွေကိုလည်း ဆက်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပြီး ဆက်ဆူအိုလိုကို အငှားချထားတဲ့ ကွင်းလယ်လူ ဘိုဂါကိုလည်း ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
REF: VARIOUS SOURCES
HAN SOE HTUT
SPORTS A2Z.
UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။
– ချဲလ်ဆီးအသင်းအတွက် လာမယ့်ရာသီမှာ ရောက်ရှိလာမယ့် တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ဟာ အသင်းရဲ့ ပိတ်ဆို့နေတဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖွင့်ပေးနိုင်မယ့်သူဖြစ်ပြီး ကိုယ်တိုင်လည်း သွင်းဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ ဦးဆောင်မှုပေးသွားနိုင်မယ့် ကစားသမားကောင်းလို့ လမ်းပတ်က ချီးကျူးလိုက်ပါတယ်။
– အတ္တလန်တာကို အငှားချထားတဲ့ ခရိုအေးရှားလက်ရွေးစင် မာရီယို ပါဆယ်လစ်ကို လာမယ့်နွေရာသီမှာ အပြီးသတ်ထုတ်ရောင်းဖို့ ချဲလ်ဆီးအသင်းက စီစဉ်နေပါတယ်။ ၂၀၁၈ခုနှစ်ကတည်းက အတ္တလန်တာကို အငှားနဲ့ သွားကစားနေတဲ့ ပါဆယ်လစ်ဟာ စီးရီးအေအသင်းအတွက် ပွဲ ၇၀ ကစား၊ ၁၄ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးပေးထားပါတယ်။
-အိုင်းယက်စ်တောင်ပံကစားသမား ဇီယက်ချ်ကို ခေါ်နိုင်တော့မှာဖြစ်လို့ ဝီလီယန်နဲ့ ပက်ဒရိုတို့လို တောင်ပံကစားသမားတွေကို ရာသီကုန်ရင် အသင်းကနေ ထွက်ခွင့်ပြုတော့မယ်ဆိုတဲ့ သတင်းတွေကို လမ်းပတ်က ငြင်းလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီဝါရင့်တောင်ပံကစားသမားတွေနဲ့ စာချုပ်သစ်ကိစ္စတွေ ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။
-မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကွင်းလယ်လူ ပူလီဆစ်ချ်နဲ့ လော့ဖ်တပ်စ်ချိခ်တို့ သေချာပေါက်လွဲချော်မှာဖြစ်ပေမယ့် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကတော့ ပါဝင်နိုင်တဲ့ အခွင့်အရေး ရှိသေးတယ်လို့ သိရပါတယ်။
-ချဲလ်ဆီးနည်းပြ လမ်းပတ်က ဇီယက်ချ်ကို ခေါ်ဖို့သဘောတူညီမှုရခဲ့ပြီးနောက် တခြားကစားသမားသစ်တွေကိုလည်း ဆက်ခေါ်နိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပြီး ဆက်ဆူအိုလိုကို အငှားချထားတဲ့ ကွင်းလယ်လူ ဘိုဂါကိုလည်း ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.