International

အင်္ဂလန်နဲ့ ဂျာမနီပွဲမတိုင်ခင် အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဘီယာဆိုင်က ရန်ပွဲ

အင်္ဂလန်အသင်းရဲ့ ဝင်ဘလေကွင်းမှာ ဂျာမနီနဲ့ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ဟာ ထင်ပေါ်ကျော်ကြားတဲ့ အင်္ဂလန်အသင်း ပရိသတ်တွေထိုင်နေကျ ဘီယာဆိုင်က သွေးထွက်သံယိုမြင်ကွင်းတွေကြောင့် ပိုမိုအကျည်းတန်ခဲ့ရပါတယ်။

ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားပြီး အင်္ဂလန်ပရိသတ်တွေအဖြစ် ရုပ်ဖျက်ထားတဲ့ ဂျာမန်ပရိသတ် တစ်ရာလောက်က တနင်္လာနေ့ညပွဲမတိုင်ခင် ဘီယာဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့ ဆေးတပ်ဖွဲ့ဟာ ဂရင်းမန်း ဘီယာဆိုင်ရဲ့ ဖုန်းခေါ်ဆိုခြင်းခံခဲ့ရပြီး လူငါးဦးထက်မနည်း ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ နိုဝင်ဘာလလယ် ကာတာမှာ ကျင်းပပြုလုပ်သွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးပွဲစဉ်အဖြစ် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်ဟောင်း ဂျာမနီကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ဂျာမနီတို့ပွဲစဉ်အတွက် ကွင်းဝင်လက်မှတ်တွေဟာ ချက်ချင်း ရောင်းကုန်သွားခဲ့ပြီး ပရိသတ်ပေါင်း ၉ သောင်းခန့်ဟာ ဝင်ဘလေကွင်းထဲကို မဝင်ရောက်မီ ည ၇ နာရီ ၄၅ မိနစ် ဘောလုံးပွဲမစတင်ခင်မှာ အနီးအနားမှာရှိတဲ့ ဘီယာဆိုင်မှာ အချိန်ဖြုန်းခဲ့ကြတာဖြစ်ပါတယ်။ ဂရင်းမန်းဟာ ပွဲနေ့မှာ ထင်ပေါ်ကျော်ကြားတဲ့ ဘီယာဆိုင်တစ်ဆိုင်ဖြစ်ပြီး ပွဲမတိုင်ခင်မှာ အိမ်ကွင်းပရိသတ် ထောင်ဂဏန်းဟာ ဒီဆိုင်မှာ စခန်းချလေ့ရှိကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်အသင်း ပုဝါတွေနဲ့ မာဖလာတွေ ဝတ်ဆင်ပြီး ရုပ်ဖျက်ထားတဲ့ ဂျာမန်ပရိသတ်တွေ ရောက်လာချိန်မှာတော့ ဘီယာဆိုင်အတွင်းမှာ ငရဲပွက်သလို ဆူညံသွားခဲ့ပြီး သက်တောင့်သက်သာ အနားယူနေကြတဲ့ ပရိသတ်တွေဟာ မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဝရုန်းသုန်းကား ရန်ပွဲဖြစ်ပွားနေတာကြောင့် ပြေးသူကပြေး၊ ခံချသူက ချနဲ့ တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့အခိုက်အတန့်ကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ သွေးထွက်သံယို မြင်ကွင်းတွေဟာ မိနစ်အနည်းငယ်ကြာမြင့်ခဲ့ပြီး ရဲအရာရှိတွေ လူစုခွဲဖို့ ရောက်မလာခင်မှာ ဆိုးသွမ်းပရိသတ် အယောက်တစ်ရာဝန်းကျင်ဟာ ရန်ပွဲထဲမှာ ပါဝင်ပတ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ဂရင်းမန်း ဘီယာဆိုင်က ရန်ပွဲနဲ့ပတ်သက်ပြီး လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း တရားခံအများအပြားဟာ ဝင်ဘလေကုန်းဘက်ကို တိမ်းရှောင်သွားခဲ့ကြပြီး ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေး ဗန်ကားအနည်းဆုံး ၂ စီးအထိ ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။

“ညနေ ၅ နာရီ ၅၀ မိနစ်လောက်မှာ မျက်နှာဖုံးဝတ်ဆင်ထားတဲ့ အမျိုးသား အယောက် ၁၀၀ နီးပါးက ဒက်ဂ်မာရိပ်သာလမ်းမှာရှိတဲ့ ဘီယာဆိုင်ကို ကားပါကင်ကို သွားတဲ့ လမ်းကြားတစ်ခုကနေ ချဉ်းကပ်လာခဲ့ပါတယ်။ ဒီလူအုပ်ထဲက အများအပြားဟာ အင်္ဂလန်ဦးထုပ်နဲ့ မာဖလာတွေ ဝတ်ဆင်ထားခဲ့ပေမယ့်လည်း ဂျာမန်ပရိသတ်တွေလို့ ယုံကြည်ရပါတယ်။ ဒီလူအုပ်ဟာ ဘီယာဆိုင်ရဲ့ ပန်းခြံထဲကို ဝင်ရောက်သွားခဲ့ပြီး စားသုံးသူတွေကို စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီမှာရှိနေတဲ့ စားသုံးသူအများစုဟာ အင်္ဂလန်နဲ့ ဂျာမနီပွဲကို ကြည့်ဖို့ လာခဲ့တဲ့သူတွေဖြစ်ပါတယ်”

“ထိုးကြိတ်မှုတွေနဲ့ လမ်းပိတ်ဆို့တဲ့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ရဲအရာရှိတွေက တုံ့ပြန်ခဲ့တဲ့အတွက် ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဝရုန်းသုန်းကားဖြစ်မှုက ၂ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။ လူအများအပြား ဦးခေါင်းနဲ့ မျက်နှာဒဏ်ရာရရှိခဲ့ကြပါတယ်။ လူ ၃ ဦးကတော့ ပြင်းထန်တဲ့ ခြေထောက်၊ လက်ကောက်ဝတ်နဲ့ လက်မ ဒဏ်ရာရရှိသွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ယုံကြည်ရပါတယ်။ ဒီ ဝရုန်းသုန်းကားဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ၄ ဦးကို ဖမ်းဆီးထားပါတယ်”လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အိမ်ကွင်းပွဲစဉ်တိုင်း ဂရင်းမန်း ဘီယာဆိုင်မှာ ထိုင်လေ့ရှိတဲ့ မျက်မြင်သက်သေ လုခ် ရော်ဘင်ဆင်ဟာ အခင်းဖြစ်ပွားချိန်မှာ သားဖြစ်သူနဲ့ ရှိနေခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေဟာ မျက်နှာဖုံးတွေနဲ့ အင်္ဂလန်အသင်း မာဖလာကို ဝတ်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ “ဂရင်းမန်းဆိုင်ရဲ့ နောက်မှာ ဝင်ပေါက်တစ်ပေါက်ရှိပြီး သူတို့တွေထဲက အယောက် ၅၀ လောက်က မျက်နှာဖုံးနဲ့ အင်္ဂလန်အသင်း မာဖလာတွေ ဝတ်ဆင်ပြီး ရောက်လာခဲ့တာပါ။ သူတို့တွေ ဝုန်းဒိုင်းကြဲ ဝင်ချလာပြီး မြင်သမျှတွေ့သမျှ အရာအားလုံးနဲ့ လူတိုင်းကို ရိုက်နှက်ခဲ့တာပါ။ ရဲတွေ မရောက်လာခင် ၅ မိနစ်လောက် ဝရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်”

“လူတော်တော်များများ တော်တော်အခြေအနေဆိုးရွားခဲ့ပြီး ကြမ်းပြင်ပေါ် သတိလစ်ပြီး သွေးတွေနဲ့ လဲကျတဲ့သူတွေရှိခဲ့ပါတယ်။ အသက် ၁၃ နှစ်ထက် မကြီးတဲ့ ကလေးတစ်ယောက်ဆိုရင် နှာခေါင်းသွေးလျှံခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းရဲ႕ ဝင္ဘေလကြင္းမွာ ဂ်ာမနီနဲ႔ တစ္ဖက္ ၃ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ဟာ ထင္ေပၚေက်ာ္ၾကားတဲ့ အဂၤလန္အသင္း ပရိသတ္ေတြထိုင္ေနက် ဘီယာဆိုင္က ေသြးထြက္သံယိုျမင္ကြင္းေတြေၾကာင့္ ပိုမိုအက်ည္းတန္ခဲ့ရပါတယ္။

ေခါင္းစြပ္အက်ႌဝတ္ဆင္ထားၿပီး အဂၤလန္ပရိသတ္ေတြအျဖစ္ ႐ုပ္ဖ်က္ထားတဲ့ ဂ်ာမန္ပရိသတ္ တစ္ရာေလာက္က တနလၤာေန႔ညပြဲမတိုင္ခင္ ဘီယာဆိုင္ကို ဝင္ေရာက္စီးနင္းခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕နဲ႔ ေဆးတပ္ဖြဲ႕ဟာ ဂရင္းမန္း ဘီယာဆိုင္ရဲ႕ ဖုန္းေခၚဆိုျခင္းခံခဲ့ရၿပီး လူငါးဦးထက္မနည္း ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရပါတယ္။ အဂၤလန္အသင္းဟာ ႏိုဝင္ဘာလလယ္ ကာတာမွာ က်င္းပျပဳလုပ္သြားမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ေဟာင္း ဂ်ာမနီကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္နဲ႔ ဂ်ာမနီတို႔ပြဲစဥ္အတြက္ ကြင္းဝင္လက္မွတ္ေတြဟာ ခ်က္ခ်င္း ေရာင္းကုန္သြားခဲ့ၿပီး ပရိသတ္ေပါင္း ၉ ေသာင္းခန႔္ဟာ ဝင္ဘေလကြင္းထဲကို မဝင္ေရာက္မီ ည ၇ နာရီ ၄၅ မိနစ္ ေဘာလုံးပြဲမစတင္ခင္မွာ အနီးအနားမွာရွိတဲ့ ဘီယာဆိုင္မွာ အခ်ိန္ျဖဳန္းခဲ့ၾကတာျဖစ္ပါတယ္။ ဂရင္းမန္းဟာ ပြဲေန႔မွာ ထင္ေပၚေက်ာ္ၾကားတဲ့ ဘီယာဆိုင္တစ္ဆိုင္ျဖစ္ၿပီး ပြဲမတိုင္ခင္မွာ အိမ္ကြင္းပရိသတ္ ေထာင္ဂဏန္းဟာ ဒီဆိုင္မွာ စခန္းခ်ေလ့ရွိၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဂၤလန္အသင္း ပုဝါေတြနဲ႔ မာဖလာေတြ ဝတ္ဆင္ၿပီး ႐ုပ္ဖ်က္ထားတဲ့ ဂ်ာမန္ပရိသတ္ေတြ ေရာက္လာခ်ိန္မွာေတာ့ ဘီယာဆိုင္အတြင္းမွာ ငရဲပြက္သလို ဆူညံသြားခဲ့ၿပီး သက္ေတာင့္သက္သာ အနားယူေနၾကတဲ့ ပရိသတ္ေတြဟာ မေမွ်ာ္လင့္ထားတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ ဝ႐ုန္းသုန္းကား ရန္ပြဲျဖစ္ပြားေနတာေၾကာင့္ ေျပးသူကေျပး၊ ခံခ်သူက ခ်နဲ႔ ေတာ္ေတာ္ေလး ေၾကာက္မက္ဖြယ္ေကာင္းတဲ့အခိုက္အတန႔္ကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီ ေသြးထြက္သံယို ျမင္ကြင္းေတြဟာ မိနစ္အနည္းငယ္ၾကာျမင့္ခဲ့ၿပီး ရဲအရာရွိေတြ လူစုခြဲဖို႔ ေရာက္မလာခင္မွာ ဆိုးသြမ္းပရိသတ္ အေယာက္တစ္ရာဝန္းက်င္ဟာ ရန္ပြဲထဲမွာ ပါဝင္ပတ္သက္ခဲ့ၾကတာ ျဖစ္ပါတယ္။ မက္ထ႐ိုပိုလီတန္ ရဲတပ္ဖြဲ႕က ဂရင္းမန္း ဘီယာဆိုင္က ရန္ပြဲနဲ႔ပတ္သက္ၿပီး လူအမ်ားအျပားကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ေပမယ့္လည္း တရားခံအမ်ားအျပားဟာ ဝင္ဘေလကုန္းဘက္ကို တိမ္းေရွာင္သြားခဲ့ၾကၿပီး ရဲတပ္ဖြဲ႕က အဓိက႐ုဏ္းႏွိမ္နင္းေရး ဗန္ကားအနည္းဆုံး ၂ စီးအထိ ေခၚခဲ့ရတယ္လို႔ သိရပါတယ္။

“ညေန ၅ နာရီ ၅၀ မိနစ္ေလာက္မွာ မ်က္ႏွာဖုံးဝတ္ဆင္ထားတဲ့ အမ်ိဳးသား အေယာက္ ၁၀၀ နီးပါးက ဒက္ဂ္မာရိပ္သာလမ္းမွာရွိတဲ့ ဘီယာဆိုင္ကို ကားပါကင္ကို သြားတဲ့ လမ္းၾကားတစ္ခုကေန ခ်ဥ္းကပ္လာခဲ့ပါတယ္။ ဒီလူအုပ္ထဲက အမ်ားအျပားဟာ အဂၤလန္ဦးထုပ္နဲ႔ မာဖလာေတြ ဝတ္ဆင္ထားခဲ့ေပမယ့္လည္း ဂ်ာမန္ပရိသတ္ေတြလို႔ ယုံၾကည္ရပါတယ္။ ဒီလူအုပ္ဟာ ဘီယာဆိုင္ရဲ႕ ပန္းၿခံထဲကို ဝင္ေရာက္သြားခဲ့ၿပီး စားသုံးသူေတြကို စတင္တိုက္ခိုက္ခဲ့ၿပီး အဲဒီမွာရွိေနတဲ့ စားသုံးသူအမ်ားစုဟာ အဂၤလန္နဲ႔ ဂ်ာမနီပြဲကို ၾကည့္ဖို႔ လာခဲ့တဲ့သူေတြျဖစ္ပါတယ္”

“ထိုးႀကိတ္မႈေတြနဲ႔ လမ္းပိတ္ဆို႔တဲ့ အရာဝတၳဳေတြနဲ႔ ပစ္ေပါက္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ရဲအရာရွိေတြက တုံ႔ျပန္ခဲ့တဲ့အတြက္ ထြက္ေျပးသြားခဲ့ပါတယ္။ ဒီဝ႐ုန္းသုန္းကားျဖစ္မႈက ၂ မိနစ္ဝန္းက်င္ ၾကာျမင့္ခဲ့ပါတယ္။ လူအမ်ားအျပား ဦးေခါင္းနဲ႔ မ်က္ႏွာဒဏ္ရာရရွိခဲ့ၾကပါတယ္။ လူ ၃ ဦးကေတာ့ ျပင္းထန္တဲ့ ေျခေထာက္၊ လက္ေကာက္ဝတ္နဲ႔ လက္မ ဒဏ္ရာရရွိသြားခဲ့ၿပီး အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေျခအေနမရွိဘူးလို႔ ယုံၾကည္ရပါတယ္။ ဒီ ဝ႐ုန္းသုန္းကားျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ ၄ ဦးကို ဖမ္းဆီးထားပါတယ္”လို႔ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

အိမ္ကြင္းပြဲစဥ္တိုင္း ဂရင္းမန္း ဘီယာဆိုင္မွာ ထိုင္ေလ့ရွိတဲ့ မ်က္ျမင္သက္ေသ လုခ္ ေရာ္ဘင္ဆင္ဟာ အခင္းျဖစ္ပြားခ်ိန္မွာ သားျဖစ္သူနဲ႔ ရွိေနခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူေတြဟာ မ်က္ႏွာဖုံးေတြနဲ႔ အဂၤလန္အသင္း မာဖလာကို ဝတ္ဆင္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ဂရင္းမန္းဆိုင္ရဲ႕ ေနာက္မွာ ဝင္ေပါက္တစ္ေပါက္ရွိၿပီး သူတို႔ေတြထဲက အေယာက္ ၅၀ ေလာက္က မ်က္ႏွာဖုံးနဲ႔ အဂၤလန္အသင္း မာဖလာေတြ ဝတ္ဆင္ၿပီး ေရာက္လာခဲ့တာပါ။ သူတို႔ေတြ ဝုန္းဒိုင္းႀကဲ ဝင္ခ်လာၿပီး ျမင္သမွ်ေတြ႕သမွ် အရာအားလုံးနဲ႔ လူတိုင္းကို ႐ိုက္ႏွက္ခဲ့တာပါ။ ရဲေတြ မေရာက္လာခင္ ၅ မိနစ္ေလာက္ ဝ႐ုန္းသုန္းကား ျဖစ္ခဲ့ပါတယ္”

“လူေတာ္ေတာ္မ်ားမ်ား ေတာ္ေတာ္အေျခအေနဆိုး႐ြားခဲ့ၿပီး ၾကမ္းျပင္ေပၚ သတိလစ္ၿပီး ေသြးေတြနဲ႔ လဲက်တဲ့သူေတြရွိခဲ့ပါတယ္။ အသက္ ၁၃ ႏွစ္ထက္ မႀကီးတဲ့ ကေလးတစ္ေယာက္ဆိုရင္ ႏွာေခါင္းေသြးလွ်ံခဲ့ပါတယ္”လို႔ ေျပာျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.