International

မက်ဆီရဲ့လက်မှတ်ကို မပျောက်ပျက်အောင် တက်တူးထိုးခဲ့တဲ့ ဟွန်ဒူးရပ်စ်ဂိုးသမား

အင်တာ မိုင်ယာမီအသင်း ဂိုးသမား ဖရန်စစ္စကို ရာနီယယ်ရီဟာ အာဂျင်တီးနားကြယ်ပွင့်နဲ့ လူချင်းတွေ့ချင်တဲ့ အိပ်မက် ပြည့်ဝခဲ့ပြီးနောက် ၎င်းရဲ့လက်မောင်းပေါ်မှာ ထိုးပေးခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ လက်မှတ်ကို ဆေးမှင်ကြောင်ထိုးခဲ့ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းဟာ နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ဖလော်ရီဒါက ဟာ့ဒ်ရော့ခ်ကွင်းမှာ ဟွန်ဒူးရပ်စ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားရော ဟွန်ဒူးရပ်စ်အသင်းပါ ပွဲစဉ်အတွက် အင်တာ မိုင်ယာမီကွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားက မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်နဲ့ ပွဲစဉ်အပြီးမှာ လီယွန်နယ် မက်ဆီဟာ လက်ရွေးစင်အသင်းဖော်ဟောင်း အီဂွိုင်အင်အပါအဝင် အင်တာ မိုင်ယာမီကစားသမားအချို့နဲ့အတူ တွေ့ဆုံပြီး လေ့ကျင့်ဖို့အတွက် လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ဆုံတွေ့ခွင့်ရရှိခဲ့တဲ့ ကစားသမားတွေထဲမှာ အင်တာ မိုင်ယာမီဂိုးသမားလည်း အပါအဝင်ဖြစ်ခဲ့ပြီး ရာနီယယ်ရီက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးကို ၎င်းရဲ့ လက်မောင်းပေါ်မှာ အမှတ်တရ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီက လိုလိုလားလားပဲ သဘောတူညီခဲ့ပြီးနောက် အင်တာ မိုင်ယာမီဂိုးသမားရဲ့လက်မောင်းပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့တာဖြစ်ပြီး ရာနီယယ်ရီဟာ အာဂျင်တီးနားဂန္တဝင်ရဲ့ လက်မှတ်ကို တသက်လုံးမပျောက်မပျက်အောင်လုပ်ဖို့အတွက် အချိန်မဖြုန်းတော့ဘဲ နောက်တစ်နေ့မှာ ဆေးမှင်ကြောင် သွားထိုးခဲ့တာဖြစ်ပါတယ်။

ရာနီယယ်ရီက ၎င်းရဲ့ ဆေးမှင်ကြောင်အသစ်ကို အင်စတာဂရမ်ပေါ်မှာ ဓာတ်ပုံရိုက်တင်ပြီး “အကောင်းဆုံးနေ့ပဲ။ မနေ့က ကျွန်တော့်အိပ်မက်တွေ ပြည့်ဝခဲ့တယ်။ ကျွန်တော် လေးစားချစ်ခင်ရတဲ့ကစားသမားနဲ့အတူ တစ်ကွင်းထဲမှာ ကျွန်တော့်လက်ရွေးစင်အသင်းနဲ့ ကစားခဲ့ရတယ်”

“တသက်တာအကောင်းဆုံးကစာသမား၊ ကွင်းတွင်း ကွင်းပြင်မှာ မယုံနိုင်ဖွယ်ကောင်းတဲ့ ကျွန်တော့် စံပြပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ရတယ်။ ကျွန်တော့်ရဲ့ စံထားရတဲ့ ပုဂ္ဂိုလ်ပါ။ ခင်ဗျားကို မြင်တွေ့ရလို့ စိတ်လှုပ်ရှားခဲ့ရပြီး ကျွန်တော့်လက်မောင်းပေါ်မှာ လက်မှတ်ထိုးပေးဖို့ သဘောတူညီခဲ့တာကို မြင်ရတာကို စကားလုံးနဲ့တောင် မဖော်ပြနိုင်ဘူး။ လီယို ခင်ဗျားက ကျွန်တော့်အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့ပြီး ကျွန်တော် နေ့တိုင်း ကိုယ့်လက်ကို ပြန်ကြည့်ပြီး ခင်ဗျားနဲ့ ဆုံတွေ့ခဲ့ချိန်တုန်းက စိတ်လှုပ်ရှားမှုကို ပြန်ပြီး အမှတ်ရနေမှာပါ။ ခင်ဗျားက ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားလဲဆိုတာကို ကျွန်တော် စကားလုံးတွေနဲ့ မပြောပြတတ်ဘူး”

“ကျွန်တော် မနေ့က နေထိုင်ခဲ့ရတဲ့ နေ့လိုမျိုးဖြစ်လာဖို့ အိပ်မက်မက်ဖို့ အများကြီး စတေးခဲ့ရပြီး အရာတော်တော်များများကို စွန့်လွှတ်ခဲ့ရတယ်။ ဒီအားကစားက ကျွန်တော့်ကို အခွင့်အရေးပေးခဲ့ပြီ။ အခုဆိုရင် အရင်တုန်းကထက် ပိုပြီး အရာအားလုံးနဲ့အတူ ဆက်သွားကြရအောင်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အင်္ဂါနေ့ နယူးဂျာစီက ရက်ဘူးလ်ကွင်းမှာ နောက်ထပ် နိုင်ငံတကာ ခြေစမ်းပွဲစဉ်ဖြစ် ဂျမေကာနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာ မိုင္ယာမီအသင္း ဂိုးသမား ဖရန္စစၥကို ရာနီယယ္ရီဟာ အာဂ်င္တီးနားၾကယ္ပြင့္နဲ႔ လူခ်င္းေတြ႕ခ်င္တဲ့ အိပ္မက္ ျပည့္ဝခဲ့ၿပီးေနာက္ ၎ရဲ႕လက္ေမာင္းေပၚမွာ ထိုးေပးခဲ့တဲ့ လီယြန္နယ္ မက္ဆီရဲ႕ လက္မွတ္ကို ေဆးမွင္ေၾကာင္ထိုးခဲ့ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ လီယြန္နယ္ မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းဟာ ႏိုင္ငံတကာ ေျခစမ္းပြဲစဥ္အျဖစ္ ဖေလာ္ရီဒါက ဟာ့ဒ္ေရာ့ခ္ကြင္းမွာ ဟြန္ဒူးရပ္စ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားေရာ ဟြန္ဒူးရပ္စ္အသင္းပါ ပြဲစဥ္အတြက္ အင္တာ မိုင္ယာမီကြင္းမွာ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး အာဂ်င္တီးနားက မက္ဆီရဲ႕ သြင္းဂိုး ၂ ဂိုးအပါအဝင္ ၃-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဟြန္ဒူးရပ္စ္နဲ႔ ပြဲစဥ္အၿပီးမွာ လီယြန္နယ္ မက္ဆီဟာ လက္ေ႐ြးစင္အသင္းေဖာ္ေဟာင္း အီဂြိဳင္အင္အပါအဝင္ အင္တာ မိုင္ယာမီကစားသမားအခ်ိဳ႕နဲ႔အတူ ေတြ႕ဆုံၿပီး ေလ့က်င့္ဖို႔အတြက္ ေလ့က်င့္ေရးကြင္းကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ မက္ဆီနဲ႔ ဆုံေတြ႕ခြင့္ရရွိခဲ့တဲ့ ကစားသမားေတြထဲမွာ အင္တာ မိုင္ယာမီဂိုးသမားလည္း အပါအဝင္ျဖစ္ခဲ့ၿပီး ရာနီယယ္ရီက ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးကို ၎ရဲ႕ လက္ေမာင္းေပၚမွာ အမွတ္တရ လက္မွတ္ေရးထိုးေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

မက္ဆီက လိုလိုလားလားပဲ သေဘာတူညီခဲ့ၿပီးေနာက္ အင္တာ မိုင္ယာမီဂိုးသမားရဲ႕လက္ေမာင္းေပၚမွာ လက္မွတ္ေရးထိုးေပးခဲ့တာျဖစ္ၿပီး ရာနီယယ္ရီဟာ အာဂ်င္တီးနားဂႏၲဝင္ရဲ႕ လက္မွတ္ကို တသက္လုံးမေပ်ာက္မပ်က္ေအာင္လုပ္ဖို႔အတြက္ အခ်ိန္မျဖဳန္းေတာ့ဘဲ ေနာက္တစ္ေန႔မွာ ေဆးမွင္ေၾကာင္ သြားထိုးခဲ့တာျဖစ္ပါတယ္။

ရာနီယယ္ရီက ၎ရဲ႕ ေဆးမွင္ေၾကာင္အသစ္ကို အင္စတာဂရမ္ေပၚမွာ ဓာတ္ပုံ႐ိုက္တင္ၿပီး “အေကာင္းဆုံးေန႔ပဲ။ မေန႔က ကြၽန္ေတာ့္အိပ္မက္ေတြ ျပည့္ဝခဲ့တယ္။ ကြၽန္ေတာ္ ေလးစားခ်စ္ခင္ရတဲ့ကစားသမားနဲ႔အတူ တစ္ကြင္းထဲမွာ ကြၽန္ေတာ့္လက္ေ႐ြးစင္အသင္းနဲ႔ ကစားခဲ့ရတယ္”

“တသက္တာအေကာင္းဆုံးကစာသမား၊ ကြင္းတြင္း ကြင္းျပင္မွာ မယုံႏိုင္ဖြယ္ေကာင္းတဲ့ ကြၽန္ေတာ့္ စံျပပုဂၢိဳလ္နဲ႔ ေတြ႕ဆုံခဲ့ရတယ္။ ကြၽန္ေတာ့္ရဲ႕ စံထားရတဲ့ ပုဂၢိဳလ္ပါ။ ခင္ဗ်ားကို ျမင္ေတြ႕ရလို႔ စိတ္လႈပ္ရွားခဲ့ရၿပီး ကြၽန္ေတာ့္လက္ေမာင္းေပၚမွာ လက္မွတ္ထိုးေပးဖို႔ သေဘာတူညီခဲ့တာကို ျမင္ရတာကို စကားလုံးနဲ႔ေတာင္ မေဖာ္ျပႏိုင္ဘူး။ လီယို ခင္ဗ်ားက ကြၽန္ေတာ့္အိပ္မက္ကို ျဖည့္ဆည္းေပးခဲ့ၿပီး ကြၽန္ေတာ္ ေန႔တိုင္း ကိုယ့္လက္ကို ျပန္ၾကည့္ၿပီး ခင္ဗ်ားနဲ႔ ဆုံေတြ႕ခဲ့ခ်ိန္တုန္းက စိတ္လႈပ္ရွားမႈကို ျပန္ၿပီး အမွတ္ရေနမွာပါ။ ခင္ဗ်ားက ဘယ္ေလာက္အထိ ႀကီးက်ယ္ခမ္းနားလဲဆိုတာကို ကြၽန္ေတာ္ စကားလုံးေတြနဲ႔ မေျပာျပတတ္ဘူး”

“ကြၽန္ေတာ္ မေန႔က ေနထိုင္ခဲ့ရတဲ့ ေန႔လိုမ်ိဳးျဖစ္လာဖို႔ အိပ္မက္မက္ဖို႔ အမ်ားႀကီး စေတးခဲ့ရၿပီး အရာေတာ္ေတာ္မ်ားမ်ားကို စြန႔္လႊတ္ခဲ့ရတယ္။ ဒီအားကစားက ကြၽန္ေတာ့္ကို အခြင့္အေရးေပးခဲ့ၿပီ။ အခုဆိုရင္ အရင္တုန္းကထက္ ပိုၿပီး အရာအားလုံးနဲ႔အတူ ဆက္သြားၾကရေအာင္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာ အဂၤါေန႔ နယူးဂ်ာစီက ရက္ဘူးလ္ကြင္းမွာ ေနာက္ထပ္ ႏိုင္ငံတကာ ေျခစမ္းပြဲစဥ္ျဖစ္ ဂ်ေမကာနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.