International

အင်္ဂလန်ဂိုးပေါက်အတွက် ရမ်းစ်ဒေးလ်-နစ်ခ်ပုပ် အငြင်းအခုံကို အဖြေပေးခဲ့တဲ့ ဒေးဗစ် ဆီးမန်း

အင်္ဂလန်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဒုတိယပွဲထွက်ဂိုးသမားနေရာအတွက် တိုက်ပွဲမှာ အာရွန် ရမ်းစ်ဒေးလ်နဲ့ နစ်ခ် ပုပ်တို့ကြား ဘယ်သူ့ကို ရွေးရမလဲမသိဘူးလို့ ဝန်ခံခဲ့ပါတယ်။

တနင်္လာနေ့ညက ဂျာမနီနဲ့ပွဲစဉ်မှာ နစ်ခ် ပုပ်ရဲ့ အမှားကျူးလွန်မှုအပြီးမှာ ဒီအငြင်းအခုံက မြင့်တက်လာခဲ့တာဖြစ်ပြီး နယူးကာဆယ်လ် ဂိုးသမားရဲ့ အမှားကနေတဆင့် ဧည့်သည် ဂျာမနီအသင်းက တစ်ဖက် ၃ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဂျော်ဒန် ပစ်ဖို့ဒ် ဒဏ်ရာ ရရှိနေမှုကြောင့် နယူးကာဆယ်လ် ယူနိုက်တက် ဂိုးသမား နစ်ခ် ပုပ်က အီတလီ၊ ဂျာမနီတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲစလုံးမှာ အင်္ဂလန်လက်ရွေးစင်အသင်း ဂိုးပေါက်နေရာမှာ အာရွန် ရမ်းစ်ဒေးလ်ကို ကျော်ဖြတ်ပြီး ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်နဲ့ အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက ဒီ ဂိုးသမား ၂ ဦးဟာ အရမ်းအရမ်းကို တူညီတဲ့ ကစားသမားတွေဖြစ်ပြီး ဒင်း ဟန်ဒါဆန်ကို လူစာရင်းထဲ မပါဝင်နိုင်အောင် စွမ်းဆောင်နိုင်တဲ့ကစားသမားတွေအဖြစ် တစ်ကြိုပေးခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား အင်္ဂလန်အတွက် ကစားပေးနိုင်တဲ့ ဂိုးသမားတွေကို ကြည့်လိုက်တဲ့အခါမှာ ဂျော်ဒန်က သူ့ရဲ့ ခြေထောက်က အရမ်းကောင်းပါတယ်။ အာရွန်ရဲ့ခြေထောက်လည်း အရမ်းကောင်းတယ်။ ဒင်းကလည်း ကောင်းတယ်။ အဲဒါက နစ်ခ်ရဲ့ အားသာတဲ့နေရာတော့မဟုတ်ပါဘူး”

“ဒါပေမယ့်လည်း နစ်ခ်ရဲ့ အားသာချက်က မတူညီတဲ့နေရာတွေမှာပါ။ သူက သူ့ရဲ့ ပင်နယ်တီဧရိယာကို တကယ်ကောင်းကောင်း ညွှန်ကြားနိုင်တယ်။ သူက ဖြတ်တင်ပေးပို့မှုတွေကို တက်ဆွဲတဲ့နေရာမှာ အကောင်းဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာရွန်ကတော့ ဘက်စုံကနေ ကောင်းတဲ့ကစာသမားပါ”

“ဒါပေမယ့် အဲဒီအကြောင်း ပြောနေတာမဟုတ်ပါဘူး။ ဘယ်သူက နံပါတ် ၁ လဲဆိုတဲ့အကြောင်းပြောနေတာပါ။ ဂျော်ဒန်က ဒဏ်ရာကနေ ပြန်လာတဲ့အချိန်မှာ ဒီပြဿနာတွေကို ပြီးဆုံးသွားစေမှာဖြစ်ပြီး သူက ကမ္ဘာ့ဖလားအတွက် အဆင်ပြေပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္းဟာ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ဒုတိယပြဲထြက္ဂိုးသမားေနရာအတြက္ တိုက္ပြဲမွာ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ နစ္ခ္ ပုပ္တို႔ၾကား ဘယ္သူ႔ကို ေ႐ြးရမလဲမသိဘူးလို႔ ဝန္ခံခဲ့ပါတယ္။

တနလၤာေန႔ညက ဂ်ာမနီနဲ႔ပြဲစဥ္မွာ နစ္ခ္ ပုပ္ရဲ႕ အမွားက်ဴးလြန္မႈအၿပီးမွာ ဒီအျငင္းအခုံက ျမင့္တက္လာခဲ့တာျဖစ္ၿပီး နယူးကာဆယ္လ္ ဂိုးသမားရဲ႕ အမွားကေနတဆင့္ ဧည့္သည္ ဂ်ာမနီအသင္းက တစ္ဖက္ ၃ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ ဒဏ္ရာ ရရွိေနမႈေၾကာင့္ နယူးကာဆယ္လ္ ယူႏိုက္တက္ ဂိုးသမား နစ္ခ္ ပုပ္က အီတလီ၊ ဂ်ာမနီတို႔နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ ၂ ပြဲစလုံးမွာ အဂၤလန္လက္ေ႐ြးစင္အသင္း ဂိုးေပါက္ေနရာမွာ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေက်ာ္ျဖတ္ၿပီး ေ႐ြးခ်ယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အဂၤလန္နဲ႔ အာဆင္နယ္ဂႏၲဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္းက ဒီ ဂိုးသမား ၂ ဦးဟာ အရမ္းအရမ္းကို တူညီတဲ့ ကစားသမားေတြျဖစ္ၿပီး ဒင္း ဟန္ဒါဆန္ကို လူစာရင္းထဲ မပါဝင္ႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ကစားသမားေတြအျဖစ္ တစ္ႀကိဳေပးခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား အဂၤလန္အတြက္ ကစားေပးႏိုင္တဲ့ ဂိုးသမားေတြကို ၾကည့္လိုက္တဲ့အခါမွာ ေဂ်ာ္ဒန္က သူ႔ရဲ႕ ေျခေထာက္က အရမ္းေကာင္းပါတယ္။ အာ႐ြန္ရဲ႕ေျခေထာက္လည္း အရမ္းေကာင္းတယ္။ ဒင္းကလည္း ေကာင္းတယ္။ အဲဒါက နစ္ခ္ရဲ႕ အားသာတဲ့ေနရာေတာ့မဟုတ္ပါဘူး”

“ဒါေပမယ့္လည္း နစ္ခ္ရဲ႕ အားသာခ်က္က မတူညီတဲ့ေနရာေတြမွာပါ။ သူက သူ႔ရဲ႕ ပင္နယ္တီဧရိယာကို တကယ္ေကာင္းေကာင္း ၫႊန္ၾကားႏိုင္တယ္။ သူက ျဖတ္တင္ေပးပို႔မႈေတြကို တက္ဆြဲတဲ့ေနရာမွာ အေကာင္းဆုံး ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အာ႐ြန္ကေတာ့ ဘက္စုံကေန ေကာင္းတဲ့ကစာသမားပါ”

“ဒါေပမယ့္ အဲဒီအေၾကာင္း ေျပာေနတာမဟုတ္ပါဘူး။ ဘယ္သူက နံပါတ္ ၁ လဲဆိုတဲ့အေၾကာင္းေျပာေနတာပါ။ ေဂ်ာ္ဒန္က ဒဏ္ရာကေန ျပန္လာတဲ့အခ်ိန္မွာ ဒီျပႆနာေတြကို ၿပီးဆုံးသြားေစမွာျဖစ္ၿပီး သူက ကမာၻ႔ဖလားအတြက္ အဆင္ေျပပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.