International Premier League

ဒတ်ချ်ခံစစ်မှာ အကြီးမားဆုံးအားသာချက်က ဗန်ဒိုက်မဟုတ်ဘူးဆိုတဲ့ ဒတ်ချ်ဂန္တဝင်

ဒတ်ချ်ဂန္တဝင် မာကို ဗန်ဘက်စတန်က ဗန်ဒိုက်ဟာ ထူးဆန်းတဲ့ နောက်ခံကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး လီဗာပူးလ်ကစားသမားရဲ့ ဗဟိုခံစစ်တွဲဖက်ကစားသမားအပေါ် ချီးကျူး ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ဗန်ဒိုက်ဟာ ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရပြီး အင်္ဂလန်ဂန္တဝင် မိုက်ကယ် အိုဝင်ကတောင် ဒတ်ချ်နောက်ခံလူဟာ တသက်တာအကောင်းဆုံးဗဟိုခံစစ်ကစားသမားလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ မိုက်ကယ် အိုဝင် ပြောဆိုခဲ့တဲ့ စကားဟာ သိပ်မမှန်ကန်တော့တဲ့ပုံပေါ်ခဲ့ပြီး လီဗာပူးလ်နောက်ခံကစားသမားရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိမနေတော့တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ဖူလ်ဟမ်နဲ့ ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသလို မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း ဆန်ချိုရဲ့ သွင်းဂိုးကို မကာကွယ်ဘဲ ရပ်ကြည့်နေခဲ့တာကြောင့် ပြစ်တင်ခံခဲ့ရပြီး နာပိုလီနဲ့ပွဲမှာလည်း အမှတ်သတ်မှတ်ချက်မှာ ၂.၄ သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်အပေါ် ဝေဖန်မှုတွေဟာ ဒီလောက်နဲ့တင် မပြီးဆုံးခဲ့ဘဲ လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်ကစားရာမှာလည်း နယ်သာလန်ဂန္တဝင် တိုက်စစ်မှူး ဗန် ဘက်စတန်ရဲ့ ပြစ်တင်ခြင်းကို ခံခဲ့ရပြီး အသက် ၃၁ နှစ်အရွယ်နောက်ခံကစားသမားဟာ ခံစစ်ကနေ တိုက်စစ်ကစားတဲ့အချိန်မှာ အရမ်းကို နေစိမ့်လွန်းတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နယ်သာလန်ဂန္တဝင်က ဗန်ဒိုက်ကစားပုံဟာ ထူးဆန်းတယ်လို့ ထင်မြင်နေပေမယ့်လည်း အိုင်းယက်စ်နောက်ခံကစားသမား ယူရီယန် တင်းဘားကိုတော့ ဘောလုံးနဲ့အတူ မောင်းနှင်နိုင်စွမ်းရှိမှုကြောင့် ချီးကျူးပြောဆိုခဲ့တာဖြစ်ပါတယ်။

“ယူရီယန် တင်းဘားက ခံစစ်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အားသာချက်ပါ။ သူက အမြဲတမ်း နေသန် အာကီလိုပဲ ကမကထပြုတတ်ပြီး အကောင်းဆုံးနောက်ခံကစားသမား(ဗန်ဒိုက်)ကတော့ ခံစစ် ၃ ဦးထဲမှာ ဘောလုံးနဲ့အတူ မောင်းနှင်နိုင်စွမ်း အနည်းဆုံးပဲ။ ဒီလို အရမ်းကောင်းတဲ့ ဗဟိုခံစစ်ကစားသမားက တိုက်စစ်စတင်ချိန်မှာ နည်းနည်းပဲ ပါဝင်တာက ထူးဆန်းတယ်”

“အိုင်းယက်စ်က အရမ်းကောင်းတဲ့ဘောလုံးကစားပုံကို ကစားနေတာက တင်းဘားအတွက် အကျိုးရှိပြီး လက်ရွေးစင်အသင်းကစားနေတဲ့ အရမ်းကောင်းတဲ့ကစားပုံကလည်း သူ့အတွက် အကျိုးပြုနေပါတယ်။ ကျွန်တော်တို့ ခံစစ်ကနေ အရမ်းကို လွယ်လွယ်ကူကူ ကစားနိုင်တာကြောင့်လည်း သူ့ကို ကျေးဇူးတင်ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒတ္ခ်္ဂႏၲဝင္ မာကို ဗန္ဘက္စတန္က ဗန္ဒိုက္ဟာ ထူးဆန္းတဲ့ ေနာက္ခံကစားသမားအျဖစ္ သတ္မွတ္ခဲ့ၿပီး လီဗာပူးလ္ကစားသမားရဲ႕ ဗဟိုခံစစ္တြဲဖက္ကစားသမားအေပၚ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္မွာ ဗန္ဒိုက္ဟာ ကမာၻေပၚက အေကာင္းဆုံး ေနာက္ခံကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံခဲ့ရၿပီး အဂၤလန္ဂႏၲဝင္ မိုက္ကယ္ အိုဝင္ကေတာင္ ဒတ္ခ်္ေနာက္ခံလူဟာ တသက္တာအေကာင္းဆုံးဗဟိုခံစစ္ကစားသမားလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီရာသီမွာေတာ့ မိုက္ကယ္ အိုဝင္ ေျပာဆိုခဲ့တဲ့ စကားဟာ သိပ္မမွန္ကန္ေတာ့တဲ့ပုံေပၚခဲ့ၿပီး လီဗာပူးလ္ေနာက္ခံကစားသမားရဲ႕ ေျခစြမ္းဟာ အေကာင္းဆုံးပုံစံမွာ ရွိမေနေတာ့တာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ဖူလ္ဟမ္နဲ႔ ပြဲစဥ္က စြမ္းေဆာင္ရည္ေၾကာင့္ ျပစ္တင္ေဝဖန္ျခင္းခံခဲ့ရသလို မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာလည္း ဆန္ခ်ိဳရဲ႕ သြင္းဂိုးကို မကာကြယ္ဘဲ ရပ္ၾကည့္ေနခဲ့တာေၾကာင့္ ျပစ္တင္ခံခဲ့ရၿပီး နာပိုလီနဲ႔ပြဲမွာလည္း အမွတ္သတ္မွတ္ခ်က္မွာ ၂.၄ သာ ရရွိခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္အေပၚ ေဝဖန္မႈေတြဟာ ဒီေလာက္နဲ႔တင္ မၿပီးဆုံးခဲ့ဘဲ လက္ေ႐ြးစင္အသင္းနဲ႔ ႏိုင္ငံတကာပြဲစဥ္ကစားရာမွာလည္း နယ္သာလန္ဂႏၲဝင္ တိုက္စစ္မႉး ဗန္ ဘက္စတန္ရဲ႕ ျပစ္တင္ျခင္းကို ခံခဲ့ရၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ေနာက္ခံကစားသမားဟာ ခံစစ္ကေန တိုက္စစ္ကစားတဲ့အခ်ိန္မွာ အရမ္းကို ေနစိမ့္လြန္းတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

နယ္သာလန္ဂႏၲဝင္က ဗန္ဒိုက္ကစားပုံဟာ ထူးဆန္းတယ္လို႔ ထင္ျမင္ေနေပမယ့္လည္း အိုင္းယက္စ္ေနာက္ခံကစားသမား ယူရီယန္ တင္းဘားကိုေတာ့ ေဘာလုံးနဲ႔အတူ ေမာင္းႏွင္ႏိုင္စြမ္းရွိမႈေၾကာင့္ ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ယူရီယန္ တင္းဘားက ခံစစ္ပိုင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ အႀကီးမားဆုံး အားသာခ်က္ပါ။ သူက အၿမဲတမ္း ေနသန္ အာကီလိုပဲ ကမကထျပဳတတ္ၿပီး အေကာင္းဆုံးေနာက္ခံကစားသမား(ဗန္ဒိုက္)ကေတာ့ ခံစစ္ ၃ ဦးထဲမွာ ေဘာလုံးနဲ႔အတူ ေမာင္းႏွင္ႏိုင္စြမ္း အနည္းဆုံးပဲ။ ဒီလို အရမ္းေကာင္းတဲ့ ဗဟိုခံစစ္ကစားသမားက တိုက္စစ္စတင္ခ်ိန္မွာ နည္းနည္းပဲ ပါဝင္တာက ထူးဆန္းတယ္”

“အိုင္းယက္စ္က အရမ္းေကာင္းတဲ့ေဘာလုံးကစားပုံကို ကစားေနတာက တင္းဘားအတြက္ အက်ိဳးရွိၿပီး လက္ေ႐ြးစင္အသင္းကစားေနတဲ့ အရမ္းေကာင္းတဲ့ကစားပုံကလည္း သူ႔အတြက္ အက်ိဳးျပဳေနပါတယ္။ ကြၽန္ေတာ္တို႔ ခံစစ္ကေန အရမ္းကို လြယ္လြယ္ကူကူ ကစားႏိုင္တာေၾကာင့္လည္း သူ႔ကို ေက်းဇူးတင္ရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.