Premier League Transfer News

လက်ရွေးစင်အတွက် ပြသခဲ့တဲ့စွမ်းဆောင်ရည်နဲ့ တန်ဟက်ကို သတိပေးခဲ့တဲ့ ဂက်ခ်ပို

ပီအက်စ်ဗွီကြယ်ပွင့်တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုက နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပြသခဲ့တဲ့ ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့အတူ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒတ်ချ်တောင်ပံကြယ်ပွင့်ကို လိုအပ်နေသေးတယ်ဆိုတာကို သတိပေးခဲ့ပါတယ်။

ဂက်ခ်ပိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပေမယ့်လည်း တန်ဟက်က နောက်ဆုံးမှာ အိုင်းယက်စ်တောင်ပံကစားသမား အန်တိုနီကို ပေါင် ၈၅ သန်းနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဂက်ခ်ပိုဟာ တနင်္ဂနွေနေ့က ဘယ်ဂျီယမ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နယ်သာလန်အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဗန်ဒိုက် သွင်းယူနိုင်အောင် ထောင့်ကန်ဘောကနေ ဖန်တီးပေးပို့ခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ရောဘတ်တို မာတီနက်ဇ်ရဲ့အသင်းနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ဖို့ လူစားဝင်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ပိုလန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူဖို့အတွက် ပြန်လည် ကြိုးပမ်းသွားနိုင်ပြီး ကစားသမားကိုယ်တိုင်ကလည်း တန်ဟက်ရဲ့အသင်းဆီကနေ စိတ်ဝင်စားမှုရှိနေတယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်က အပြောင်းအရွှေ့ဈေးကွက်အစပိုင်းမှာ သတင်းပို့ခဲ့တယ်။ ကျွန်တော်တို့ အဲဒါကို နည်းနည်းတော့ စောင့်ဆိုင်းခဲ့တယ်။ အချက်ပြမှုတွေက ပိုပိုပြီး အပေါင်းလက္ခဏာဆောင်လာခဲ့ပြီး တိကျလာခဲ့တယ်။ ကျွန်တော် အဲဒီဦးတည်ချက်အတိုင်း ကျဆင်းသွားလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ ဒီရွေးချယ်စရာဟာ နောက်ဆုံးအပတ်မှာ နည်းနည်း ပျောက်ကွယ်လာရာကနေ လုံးဝ ပျောက်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အပြောင်းအရွှေ့ကာလတစ်ခုလုံး အဲဒီကိစ္စကို လုပ်ဆောင်နေခဲ့တာပါ။ နောက်ဆုံးအပတ်မတိုင်ခင်အထိ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို သွားရတော့မယ်လို့ပဲ ထင်ခဲ့မိတာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကို ရောက်ရှိလာနိုင်ခြေရှိတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ ပြောကြားထားခဲ့ပြီးဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ဘတ်ဂျက် ပိုမိုပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

တန်ဟက်ဟာ အိုးထရက်ဖို့ဒ်မှာ ဘောလုံးပိုင်ဆိုင်မှုအခြေခံတဲ့ ၎င်းရဲ့ ကစားဟန်ကို ပိုမိုတိုးချဲ့နိုင်ဖို့ ရည်မှန်းထားတာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ စိတ်ဝင်စားခဲ့တဲ့ ဂက်ခ်ပိုဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွက် ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဗြီၾကယ္ပြင့္တိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုက နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ ျပသခဲ့တဲ့ ၎ရဲ႕ စြမ္းေဆာင္ရည္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒတ္ခ်္ေတာင္ပံၾကယ္ပြင့္ကို လိုအပ္ေနေသးတယ္ဆိုတာကို သတိေပးခဲ့ပါတယ္။

ဂက္ခ္ပိုဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚခဲ့သူျဖစ္ေပမယ့္လည္း တန္ဟက္က ေနာက္ဆုံးမွာ အိုင္းယက္စ္ေတာင္ပံကစားသမား အန္တိုနီကို ေပါင္ ၈၅ သန္းနဲ႔ ေခၚယူသြားခဲ့တာျဖစ္ပါတယ္။ ဂက္ခ္ပိုဟာ တနဂၤေႏြေန႔က ဘယ္ဂ်ီယမ္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ နယ္သာလန္အသင္းရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ဗန္ဒိုက္ သြင္းယူႏိုင္ေအာင္ ေထာင့္ကန္ေဘာကေန ဖန္တီးေပးပို႔ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ေရာဘတ္တို မာတီနက္ဇ္ရဲ႕အသင္းနဲ႔ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ဖို႔ လူစားဝင္ကစားေပးခဲ့သူျဖစ္ေပမယ့္လည္း ပိုလန္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာေတာ့ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုလာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ကိုဒီ ဂက္ခ္ပိုကို ေခၚယူဖို႔အတြက္ ျပန္လည္ ႀကိဳးပမ္းသြားႏိုင္ၿပီး ကစားသမားကိုယ္တိုင္ကလည္း တန္ဟက္ရဲ႕အသင္းဆီကေန စိတ္ဝင္စားမႈရွိေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္က အေျပာင္းအေ႐ႊ႕ေဈးကြက္အစပိုင္းမွာ သတင္းပို႔ခဲ့တယ္။ ကြၽန္ေတာ္တို႔ အဲဒါကို နည္းနည္းေတာ့ ေစာင့္ဆိုင္းခဲ့တယ္။ အခ်က္ျပမႈေတြက ပိုပိုၿပီး အေပါင္းလကၡဏာေဆာင္လာခဲ့ၿပီး တိက်လာခဲ့တယ္။ ကြၽန္ေတာ္ အဲဒီဦးတည္ခ်က္အတိုင္း က်ဆင္းသြားလိမ့္မယ္လို႔ ထင္ခဲ့မိတယ္။ ဒီေ႐ြးခ်ယ္စရာဟာ ေနာက္ဆုံးအပတ္မွာ နည္းနည္း ေပ်ာက္ကြယ္လာရာကေန လုံးဝ ေပ်ာက္သြားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အေျပာင္းအေ႐ႊ႕ကာလတစ္ခုလုံး အဲဒီကိစၥကို လုပ္ေဆာင္ေနခဲ့တာပါ။ ေနာက္ဆုံးအပတ္မတိုင္ခင္အထိ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ကို သြားရေတာ့မယ္လို႔ပဲ ထင္ခဲ့မိတာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကို ေရာက္ရွိလာႏိုင္ေျခရွိတဲ့ကစားသမားေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးသြားမယ္လို႔ ေျပာၾကားထားခဲ့ၿပီးျဖစ္ၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ဘတ္ဂ်က္ ပိုမိုေပးဖို႔ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

တန္ဟက္ဟာ အိုးထရက္ဖို႔ဒ္မွာ ေဘာလုံးပိုင္ဆိုင္မႈအေျခခံတဲ့ ၎ရဲ႕ ကစားဟန္ကို ပိုမိုတိုးခ်ဲ႕ႏိုင္ဖို႔ ရည္မွန္းထားတာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီမွာ စိတ္ဝင္စားခဲ့တဲ့ ဂက္ခ္ပိုဟာ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလအတြက္ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.