Ligue1 Serie A

အမ်ဘာပေနဲ့ အတူတူကစားပေမယ့် စကားတစ်ခွန်းမှမပြောခဲ့တဲ့ ပီအက်စ်ဂျီကြယ်ပွင့်

ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း လီအန်ဒရို ပါရီဒက်စ်က ပဲရစ်မှာ ရှိနေခဲ့တဲ့ကာလအတွင်း ၃ ရာသီလောက်အထိ အဝတ်လဲခန်းတစ်ခုတည်းမှာ အတူတူရှိနေခဲ့ပေမယ့်လည်း ခီလီယန် အမ်ဘာပေနဲ့ ဘယ်လို ဆက်ဆံရေးမျိုးမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ယခုနွေရာသီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ကစားသမားဖြစ်ပြီး အီတလီစီးရီးအေအသင်းက ပေါင် ၁၉.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကို စွန့်ခွာပြီနောက် ပါရီဒက်စ်က အမ်ဘာပေနဲ့ ဆက်ဆံရေး မရှိခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပြီး ၎င်းတို့ကြားမှာ ဘာအဆက်အသွယ်မှ မရှိတာကြာင့် စကားပြောဆိုခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က သူနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှ ပြောတဲ့သူမဟုတ်ပါဘူး။ ကျွန်တော် ခင်တဲ့သူတွေနဲ့ပဲ အဆက်အသွယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အဆက်အသွယ်မရှိခဲ့တဲ့သူနဲ့ပတ်သက်ပြီးတော့ သူတို့အကြောင်း ခင်ဗျားကို မပြောနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ဘဲ ဒီရာသီမှာ ၎င်းရဲ့ အသင်းဖော်တွေထဲက တစ်ဦးနဲ့ အေးစက်တဲ့ ဆက်ဆံရေးမျိုး ကြုံတွေ့ခဲ့တာဖြစ်ပြီး ပါရီဒက်စ်ရဲ့ မှတ်ချက်စကားဟာ နေမာက ပြင်သစ်တိုက်စစ်မှူးကို မကျေမနပ်ဖြစ်နေဆဲဖြစ်တယ်လို့ သတင်းတွေထွက်လာပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

နေမာနဲ့ အမ်ဘာပေတို့ဟာ ယခုရာသီအစကတည်းက ကွင်းအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် တင်းမာတဲ့ ဆက်ဆံရေးရှိတဲ့လက္ခဏာတွေ ပြသခဲ့ပြီးဖြစ်ပြီး မောင့်ပယ်လီယေးနဲ့ပွဲစဉ်က ပင်နယ်တီကိစ္စနဲ့ စကားများပြီးနောက်ပိုင်း အမ်ဘာပေက ဘရာဇီးလ်တိုက်စစ်မှူးကို ဘောလုံးပေးပို့ဖို့ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဂါနာအသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်အပြီးမှာ နေမာက အမ်ဘာပေနဲ့ပတ်သက်ပြီး ခံစားချက်ကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ စိတ်ဆိုးမာန်ဆိုးနဲ့ တုံ့ပြန်ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။

“ခီလီယန်နဲ့ပတ်သက်ပြီး ခံစားချက်လား။ မသိဘူး”လို့ နေမာက တုံ့ပြန်ခဲ့တာဖြစ်ပြီး အမ်ဘာပေကတော့ မကြာသေးမီက ၎င်းနဲ့ ဘရာဇီးလ်တိုက်စစ်မှူးတို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းတွေကို မဟုတ်သယောင် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္ေဟာင္း လီအန္ဒ႐ို ပါရီဒက္စ္က ပဲရစ္မွာ ရွိေနခဲ့တဲ့ကာလအတြင္း ၃ ရာသီေလာက္အထိ အဝတ္လဲခန္းတစ္ခုတည္းမွာ အတူတူရွိေနခဲ့ေပမယ့္လည္း ခီလီယန္ အမ္ဘာေပနဲ႔ ဘယ္လို ဆက္ဆံေရးမ်ိဳးမွ မရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားကြင္းလယ္ကစားသမားဟာ ယခုေႏြရာသီမွာ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ကစားသမားျဖစ္ၿပီး အီတလီစီးရီးေအအသင္းက ေပါင္ ၁၉.၅ သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီကို စြန႔္ခြာၿပီေနာက္ ပါရီဒက္စ္က အမ္ဘာေပနဲ႔ ဆက္ဆံေရး မရွိခဲ့တဲ့အေၾကာင္း ဖြင့္ဟခဲ့ၿပီး ၎တို႔ၾကားမွာ ဘာအဆက္အသြယ္မွ မရွိတာၾကာင့္ စကားေျပာဆိုခဲ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္က သူနဲ႔ပတ္သက္ၿပီး ဘာတစ္ခြန္းမွ ေျပာတဲ့သူမဟုတ္ပါဘူး။ ကြၽန္ေတာ္ ခင္တဲ့သူေတြနဲ႔ပဲ အဆက္အသြယ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဆက္အသြယ္မရွိခဲ့တဲ့သူနဲ႔ပတ္သက္ၿပီးေတာ့ သူတို႔အေၾကာင္း ခင္ဗ်ားကို မေျပာႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပအတြက္ေတာ့ ဒါဟာ ပထမဆုံးအႀကိမ္ေတာ့မဟုတ္ဘဲ ဒီရာသီမွာ ၎ရဲ႕ အသင္းေဖာ္ေတြထဲက တစ္ဦးနဲ႔ ေအးစက္တဲ့ ဆက္ဆံေရးမ်ိဳး ႀကဳံေတြ႕ခဲ့တာျဖစ္ၿပီး ပါရီဒက္စ္ရဲ႕ မွတ္ခ်က္စကားဟာ ေနမာက ျပင္သစ္တိုက္စစ္မႉးကို မေက်မနပ္ျဖစ္ေနဆဲျဖစ္တယ္လို႔ သတင္းေတြထြက္လာၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ထြက္ေပၚလာတာျဖစ္ပါတယ္။

ေနမာနဲ႔ အမ္ဘာေပတို႔ဟာ ယခုရာသီအစကတည္းက ကြင္းအတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ တင္းမာတဲ့ ဆက္ဆံေရးရွိတဲ့လကၡဏာေတြ ျပသခဲ့ၿပီးျဖစ္ၿပီး ေမာင့္ပယ္လီေယးနဲ႔ပြဲစဥ္က ပင္နယ္တီကိစၥနဲ႔ စကားမ်ားၿပီးေနာက္ပိုင္း အမ္ဘာေပက ဘရာဇီးလ္တိုက္စစ္မႉးကို ေဘာလုံးေပးပို႔ဖို႔ အႀကိမ္ေပါင္းမ်ားစြာ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဂါနာအသင္းကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ေျခစမ္းပြဲစဥ္အၿပီးမွာ ေနမာက အမ္ဘာေပနဲ႔ပတ္သက္ၿပီး ခံစားခ်က္ကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ စိတ္ဆိုးမာန္ဆိုးနဲ႔ တုံ႔ျပန္ၿပီး ထြက္သြားခဲ့တာျဖစ္ပါတယ္။

“ခီလီယန္နဲ႔ပတ္သက္ၿပီး ခံစားခ်က္လား။ မသိဘူး”လို႔ ေနမာက တုံ႔ျပန္ခဲ့တာျဖစ္ၿပီး အမ္ဘာေပကေတာ့ မၾကာေသးမီက ၎နဲ႔ ဘရာဇီးလ္တိုက္စစ္မႉးတို႔ၾကားမွာ သေဘာထားကြဲလြဲမႈေတြ ျဖစ္ေပၚေနတယ္ဆိုတဲ့သတင္းေတြကို မဟုတ္သေယာင္ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.