La Liga Premier League Serie A

နိုင်ငံတကာပွဲစဉ်တွေအပြီး ဘောလုံးချစ်သူတိုင်း စောင့်ကြည့်ရမယ့်ပွဲ ၅ ပွဲ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံး နိုင်ငံတကာပွဲစဉ် အားလပ်ရက် ပြီးဆုံးသွားပြီဖြစ်တာကြောင့် ယခုအပတ်မှာ ကလပ်အသင်းပြိုင်ပွဲတွေ ပြန်လည်စတင်သွားတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတာကြောင့် ပွဲချိန်ဇယားတွေဟာ တော်တော်လေး ကြပ်တည်းနေပြီး ကစားသမားတွေအနေနဲ့လည်း ကာတာကို ဒဏ်ရာကင်းကင်းနဲ့ သွားနိုင်မယ်လို့ အကောင်းမြင်နေကြမှာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီး ယခုအပတ်မှာ ပွဲကြီးပွဲကောင်းများစွာက ဘောလုံးပရိသတ်တွေကို စောင့်ဆိုင်းနေပြီး လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ပွဲစဉ် ၅ ပွဲကို ဖော်ပြပေးလိုက်ပါတယ်။

၅။ ပီအက်စ်ဂျီ-နိစ်(အောက်တိုဘာ ၁)

ပီအက်စ်ဂျီအသင်းဟာ ယခုအပတ်မှာ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဂဲလ်တီယာရဲ့အသင်းဟာ ယခုရာသီမှာ လက်ရှိအချိန်ထိ ၈ ပွဲကစားထားရာမှာ ၇ ပွဲအနိုင်ရရှိထားတာဖြစ်ပါတယ်။ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကလည်း နိုင်ငံတကာပွဲစဉ်ကနေ ဒဏ်ရာကင်းကင်းနဲ့ ပြန်လာမှာဖြစ်ပြီး စနေနေ့ အိမ်ကွင်းမှာ နိစ်နဲ့ တွေ့ဆုံရာမှာ အကောင်းဆုံးပုံစံ ပြသသွားမှာဖြစ်ပါတယ်။

၄။ ဆီဗီလာ-အက်သလက်တီကို မက်ဒရစ်(အောက်တိုဘာ ၁)

ဆီဗီလာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ၂ သင်းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီကို စိတ်ပျက်ဖွယ် စတင်ခဲ့တာဖြစ်ပြီး ဆီမီယွန်နီရဲ့အသင်းက ပြီးခဲ့တဲ့ရာသီ တတိယနေရာ၊ ဆီဗီလာက စတုတ္ထနေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ ၂ သင်းစလုံးဟာ ယခုရာသီမှာ ၂ သင်းပေါင်း လာလီဂါ ၁၂ ပွဲမှာ ၄ ပွဲသာ နိုင်ပွဲရရှိထားကြသေးတာဖြစ်ပြီး လော့ပတယ်ဂီရဲ့အသင်းဟာ ရာသီသစ် လာလီဂါ ၆ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရသေးတာကြောင့် စနေနေ့မှာ အနိုင်ရချင်နေမှာဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နိုင်ပွဲ ပြန်လည်ရယူချင်နေမှာဖြစ်ပြီး Ramon Sanchez Pizjuan ကွင်းမှာ ကစားမယ့် ဒီပွဲက မဖြစ်မနေ စောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။

၃။ အင်တာမီလန်-ရိုးမား(အောက်တိုဘာ ၁)

စီးရီးအေဆုဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ကမ္ဘာပေါ်က ယှဉ်ပြိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်လာခဲ့တာဖြစ်ပြီး အင်တာနဲ့ ရိုးမားတို့ ၂ သင်းစလုံးဟာ ယခုရာသီ စီးရီးအေ ၇ ပွဲမှာ ၄ ပွဲအထိ နိုင်ပွဲရထားပါတယ်။ အေစီမီလန်၊ ရိုးမား၊ အင်တာနဲ့ ဂျူဗင်တပ်တို့လို ထိပ်သီးအသင်းကြီးတွေဟာ လက်ရှိအချိန်မှာ ထိပ်ဆုံး ၄ နေရာထဲ တစ်သင်းမှ ရှိမနေကြတာက စိတ်ဝင်စားစရာကောင်းပြီး ဒါကြောင့် လက်ရှိမှာတော့ ထိပ်တန်း ၈ သင်းကြား ပွဲစဉ်တိုင်းက ရမှတ် ၁ မှတ်ချင်းစီတိုင်းက အရေးပါနေပြီဖြစ်ပါတယ်။ ရိုးမားအသင်းဟာ အတ္တလန္တာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ခံခဲ့ရတာကြောင့် ဒီပွဲစဉ်မှာ ကွင်းဘေးမှာ ရှိနေနိုင်မှာမဟုတ်ဘဲ အင်တာမီလန်အနေနဲ့ အူဒီးနီးစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ပွဲတွေ ပြန်လည်ရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

၂။ အာဆင်နယ်-တော့တင်ဟမ် ဟော့စပါး(အောက်တိုဘာ ၁)

အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်ပြီး မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ တစ်ဖက်နဲ့တစ်ဖက် အနိုင်မခံအရှုံးမပေးကြဘဲ အကြိတ်အနယ်ရှိမယ့်ပွဲဆိုတာ အာမခံချက်အပြည့်ရှိတဲ့ပွဲဖြစ်ပါတယ်။ ၂ သင်းစလုံးက ယခုရာသီအစကို အကောင်းဆုံး စတင်ထားပြီး အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို စပါးစ်ကလည်း ရှုံးပွဲမရှိသေးဘဲ အာဆင်နယ်နဲ့ ၁ မှတ်အကွာကနေ ဖိအားပေးနေတာဖြစ်ပါတယ်။ စပါးစ်ဟာ နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာ အာဆင်နယ်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး အဲဒီရလဒ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်ခဲ့တာဖြစ်ပါတယ်။ အာတီတာအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ကွန်တီရဲ့ စပါးစ်ကို လက်စားချေဖို့ မောင်းတင်ထားမှာဖြစ်ပေမယ့်လည်း မြောက်လန်ဒန်ပြိုင်ဘက်တွေဟာ ဂန်းနားတွေအတွက် ပြဿနာအများအပြား ဖန်တီးနိုင်မှာဖြစ်ပါတယ်။

၁။ မန်ချက်စတာစီးတီး-မန်ချက်စတာယူနိုက်တက်(အောက်တိုဘာ ၂)

မန်ချက်စတာစီးတီးဟာ လက်ရှိ ဥရောပမှာ အင်အားအတောင့်တင်းဆုံး အစုအဖွဲ့တွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင့် လူစာရင်းနဲ့ အတူ ယခုရာသီမှာ ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။ မန်စီးတီးဟာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး ဒေါ့မွန်ကနေ ခေါ်ယူထားတဲ့ ဟာလန်းကလည်း အကောင်းဆုံးပုံစံမှာ ရှိနေတာဖြစ်ပါတယ်။ ကီဗင် ဒီဘရိုင်းနားကလည်း ဖန်တီးနိုင်စွမ်း အကောင်းဆုံးအခြေအနေမှာရှိနေပြီး အဲဒါက မန်ချက်စတာယူနိုက်တက်အတွက် သတင်းဆိုး ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာသေးမီက ၅ ပွဲဆက်နိုင်ပွဲ ရရှိထားတာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းကလို မန်စီးတီးရဲ့ တစ်ဖက်သတ်အနိုင်ကျင့်တာမျိုးကို ခံရမှာမဟုတ်ဘူးလို့ ယုံကြည်ရပြီး တန်ဟက်ရဲ့အသင်းဟာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို ထိပ်သီးအသင်းကြီးတွေကို အကောင်းဆုံးပုံစံနဲ့ အနိုင်ယူပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတနင်္ဂနွေနေ့မှာ ဘောလုံးပရိသတ်တွေအနေနဲ့ ဘောလုံးလောက စူပါအင်အားကြီး အသင်း ၂ သင်းတို့ရဲ့ အစဉ်အလာကြီးမားတဲ့ မန်ချက်စတာဒါဘီကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေနာက္ဆုံး ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ ၿပီးဆုံးသြားၿပီျဖစ္တာေၾကာင့္ ယခုအပတ္မွာ ကလပ္အသင္းၿပိဳင္ပြဲေတြ ျပန္လည္စတင္သြားေတာ့မွာ ျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲရွိေနတာေၾကာင့္ ပြဲခ်ိန္ဇယားေတြဟာ ေတာ္ေတာ္ေလး ၾကပ္တည္းေနၿပီး ကစားသမားေတြအေနနဲ႔လည္း ကာတာကို ဒဏ္ရာကင္းကင္းနဲ႔ သြားႏိုင္မယ္လို႔ အေကာင္းျမင္ေနၾကမွာျဖစ္ပါတယ္။ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီး ယခုအပတ္မွာ ပြဲႀကီးပြဲေကာင္းမ်ားစြာက ေဘာလုံးပရိသတ္ေတြကို ေစာင့္ဆိုင္းေနၿပီး လက္မလႊတ္တမ္းၾကည့္ရႈသင့္တဲ့ပြဲစဥ္ ၅ ပြဲကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ပီအက္စ္ဂ်ီ-နိစ္(ေအာက္တိုဘာ ၁)

ပီအက္စ္ဂ်ီအသင္းဟာ ယခုအပတ္မွာ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ဂဲလ္တီယာရဲ႕အသင္းဟာ ယခုရာသီမွာ လက္ရွိအခ်ိန္ထိ ၈ ပြဲကစားထားရာမွာ ၇ ပြဲအႏိုင္ရရွိထားတာျဖစ္ပါတယ္။ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကလည္း ႏိုင္ငံတကာပြဲစဥ္ကေန ဒဏ္ရာကင္းကင္းနဲ႔ ျပန္လာမွာျဖစ္ၿပီး စေနေန႔ အိမ္ကြင္းမွာ နိစ္နဲ႔ ေတြ႕ဆုံရာမွာ အေကာင္းဆုံးပုံစံ ျပသသြားမွာျဖစ္ပါတယ္။

၄။ ဆီဗီလာ-အက္သလက္တီကို မက္ဒရစ္(ေအာက္တိုဘာ ၁)

ဆီဗီလာနဲ႔ အက္သလက္တီကို မက္ဒရစ္တို႔ ၂ သင္းစလုံးဟာ ၂၀၂၂-၂၀၂၃ ရာသီကို စိတ္ပ်က္ဖြယ္ စတင္ခဲ့တာျဖစ္ၿပီး ဆီမီယြန္နီရဲ႕အသင္းက ၿပီးခဲ့တဲ့ရာသီ တတိယေနရာ၊ ဆီဗီလာက စတုတၳေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ ၂ သင္းစလုံးဟာ ယခုရာသီမွာ ၂ သင္းေပါင္း လာလီဂါ ၁၂ ပြဲမွာ ၄ ပြဲသာ ႏိုင္ပြဲရရွိထားၾကေသးတာျဖစ္ၿပီး ေလာ့ပတယ္ဂီရဲ႕အသင္းဟာ ရာသီသစ္ လာလီဂါ ၆ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရေသးတာေၾကာင့္ စေနေန႔မွာ အႏိုင္ရခ်င္ေနမွာျဖစ္ပါတယ္။ အက္သလက္တီကို မက္ဒရစ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ႏိုင္ပြဲ ျပန္လည္ရယူခ်င္ေနမွာျဖစ္ၿပီး Ramon Sanchez Pizjuan ကြင္းမွာ ကစားမယ့္ ဒီပြဲက မျဖစ္မေန ေစာင့္ၾကည့္ရမယ့္ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။

၃။ အင္တာမီလန္-႐ိုးမား(ေအာက္တိုဘာ ၁)

စီးရီးေအဆုဖလားၿပိဳင္ပြဲဟာ ၿပီးခဲ့တဲ့ရာသီေတြကတည္းက ကမာၻေပၚက ယွဥ္ၿပိဳင္မႈအျပင္းထန္ဆုံးလိဂ္ျဖစ္လာခဲ့တာျဖစ္ၿပီး အင္တာနဲ႔ ႐ိုးမားတို႔ ၂ သင္းစလုံးဟာ ယခုရာသီ စီးရီးေအ ၇ ပြဲမွာ ၄ ပြဲအထိ ႏိုင္ပြဲရထားပါတယ္။ ေအစီမီလန္၊ ႐ိုးမား၊ အင္တာနဲ႔ ဂ်ဴဗင္တပ္တို႔လို ထိပ္သီးအသင္းႀကီးေတြဟာ လက္ရွိအခ်ိန္မွာ ထိပ္ဆုံး ၄ ေနရာထဲ တစ္သင္းမွ ရွိမေနၾကတာက စိတ္ဝင္စားစရာေကာင္းၿပီး ဒါေၾကာင့္ လက္ရွိမွာေတာ့ ထိပ္တန္း ၈ သင္းၾကား ပြဲစဥ္တိုင္းက ရမွတ္ ၁ မွတ္ခ်င္းစီတိုင္းက အေရးပါေနၿပီျဖစ္ပါတယ္။ ႐ိုးမားအသင္းဟာ အတၱလႏၲာကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာ အနီကတ္နဲ႔ ထုတ္ခံခဲ့ရတာေၾကာင့္ ဒီပြဲစဥ္မွာ ကြင္းေဘးမွာ ရွိေနႏိုင္မွာမဟုတ္ဘဲ အင္တာမီလန္အေနနဲ႔ အူဒီးနီးစ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႏိုင္ပြဲေတြ ျပန္လည္ရယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

၂။ အာဆင္နယ္-ေတာ့တင္ဟမ္ ေဟာ့စပါး(ေအာက္တိုဘာ ၁)

အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ဟာ အဂၤလန္ရဲ႕ အျပင္းထန္ဆုံး ၿပိဳင္ဆိုင္မႈေတြထဲက တစ္ခုျဖစ္ၿပီး ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ဟာ တစ္ဖက္နဲ႔တစ္ဖက္ အႏိုင္မခံအရႈံးမေပးၾကဘဲ အႀကိတ္အနယ္ရွိမယ့္ပြဲဆိုတာ အာမခံခ်က္အျပည့္ရွိတဲ့ပြဲျဖစ္ပါတယ္။ ၂ သင္းစလုံးက ယခုရာသီအစကို အေကာင္းဆုံး စတင္ထားၿပီး အာဆင္နယ္က အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနသလို စပါးစ္ကလည္း ရႈံးပြဲမရွိေသးဘဲ အာဆင္နယ္နဲ႔ ၁ မွတ္အကြာကေန ဖိအားေပးေနတာျဖစ္ပါတယ္။ စပါးစ္ဟာ ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံမႈမွာ အာဆင္နယ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့ၿပီး အဲဒီရလဒ္ဟာ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆုံးအျဖတ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အာတီတာအေနနဲ႔ ဒီတစ္ႀကိမ္မွာေတာ့ ကြန္တီရဲ႕ စပါးစ္ကို လက္စားေခ်ဖို႔ ေမာင္းတင္ထားမွာျဖစ္ေပမယ့္လည္း ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတြဟာ ဂန္းနားေတြအတြက္ ျပႆနာအမ်ားအျပား ဖန္တီးႏိုင္မွာျဖစ္ပါတယ္။

၁။ မန္ခ်က္စတာစီးတီး-မန္ခ်က္စတာယူႏိုက္တက္(ေအာက္တိုဘာ ၂)

မန္ခ်က္စတာစီးတီးဟာ လက္ရွိ ဥေရာပမွာ အင္အားအေတာင့္တင္းဆုံး အစုအဖြဲ႕ေတြထဲက တစ္ခုျဖစ္ၿပီး ကမာၻ႔အဆင့္ လူစာရင္းနဲ႔ အတူ ယခုရာသီမွာ ရႈံးပြဲမရွိေသးတာျဖစ္ပါတယ္။ မန္စီးတီးဟာ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ေနၿပီး ေဒါ့မြန္ကေန ေခၚယူထားတဲ့ ဟာလန္းကလည္း အေကာင္းဆုံးပုံစံမွာ ရွိေနတာျဖစ္ပါတယ္။ ကီဗင္ ဒီဘ႐ိုင္းနားကလည္း ဖန္တီးႏိုင္စြမ္း အေကာင္းဆုံးအေျခအေနမွာရွိေနၿပီး အဲဒါက မန္ခ်က္စတာယူႏိုက္တက္အတြက္ သတင္းဆိုး ျဖစ္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မၾကာေသးမီက ၅ ပြဲဆက္ႏိုင္ပြဲ ရရွိထားတာေၾကာင့္ ၿပီးခဲ့တဲ့ရာသီတုန္းကလို မန္စီးတီးရဲ႕ တစ္ဖက္သတ္အႏိုင္က်င့္တာမ်ိဳးကို ခံရမွာမဟုတ္ဘူးလို႔ ယုံၾကည္ရၿပီး တန္ဟက္ရဲ႕အသင္းဟာ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔လို ထိပ္သီးအသင္းႀကီးေတြကို အေကာင္းဆုံးပုံစံနဲ႔ အႏိုင္ယူျပထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတနဂၤေႏြေန႔မွာ ေဘာလုံးပရိသတ္ေတြအေနနဲ႔ ေဘာလုံးေလာက စူပါအင္အားႀကီး အသင္း ၂ သင္းတို႔ရဲ႕ အစဥ္အလာႀကီးမားတဲ့ မန္ခ်က္စတာဒါဘီကို ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ၾကည့္သြားရဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.