Premier League Serie A

လာဇီယိုက ထွက်ပြီးပြီးချင်း ပရီးမီးယားလိဂ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ဆာရီ

ချဲလ်ဆီးနည်းပြဟောင်း မူရီဇီယို ဆာရီဟာ နော်တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြရာထူး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဆာရီဟာ ၆ ပွဲမှာ ၅ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပြီးနောက်ပိုင်း ယခုလအစောပိုင်းမှာ လာဇီယိုနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တဲ့ အီတလီကလပ်ဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အသက် ၆၅ နှစ်အရွယ်နည်းပြဟာ ၂၀၂၁ ခုနှစ်မှာ လာဇီယိုကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ နောက်ဆုံး ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရာသီ အဆင့် ၂ နေရာနဲ့ အကောင်းဆုံးရာသီအဖြစ် ပြီးဆုံးနိုင်အောင် နည်းပြပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာရီဟာ ဥရောပဝင်ခွင့်နေရာနဲ့ ၇ မှတ်အကွာ စီးရီးအေ အဆင့် ၉ နေရာမှာ ရပ်တည်နေရတဲ့ လာဇီယိုနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး အယ်လ်ဖရက်ဒို ပီဒူလာရဲ့ ပြောကြားချက်အရ လာဇီယိုနည်းပြဟောင်းကို ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်က ချက်ချင်းပဲ ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် နာပိုလီနည်းပြဟောင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဆာရီဟာ လာမယ့်နွေရာသီလောက်မှသာ ဘောလုံးလောထဲ ပြန်လည်ဝင်ရောက်ချင်တဲ့ ဆန္ဒရှိနေတာဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကလည်း ၄ မှတ်လျှော့ပြစ်ဒဏ်ကြောင့် တန်းဆင်းရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးနည္းျပေဟာင္း မူရီဇီယို ဆာရီဟာ ေနာ္တင္ဟမ္ေဖာရက္စ္ရဲ႕ နည္းျပရာထူး ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြအရ သိရပါတယ္။

ဆာရီဟာ ၆ ပြဲမွာ ၅ ပြဲဆက္ ရႈံးပြဲေတြ႕ခဲ့ၿပီးေနာက္ပိုင္း ယခုလအေစာပိုင္းမွာ လာဇီယိုနည္းျပရာထူးကေန ႏုတ္ထြက္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ စီးရီးေအမွာ အဆင့္ ၂ ေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တဲ့ အီတလီကလပ္ဟာ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးခဲ့လို႔ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

အသက္ ၆၅ ႏွစ္အ႐ြယ္နည္းျပဟာ ၂၀၂၁ ခုႏွစ္မွာ လာဇီယိုကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ ေနာက္ဆုံး ဗိုလ္စြဲခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ရာသီ အဆင့္ ၂ ေနရာနဲ႔ အေကာင္းဆုံးရာသီအျဖစ္ ၿပီးဆုံးႏိုင္ေအာင္ နည္းျပေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာရီဟာ ဥေရာပဝင္ခြင့္ေနရာနဲ႔ ၇ မွတ္အကြာ စီးရီးေအ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတဲ့ လာဇီယိုနဲ႔ လမ္းခြဲခဲ့တာျဖစ္ၿပီး အယ္လ္ဖရက္ဒို ပီဒူလာရဲ႕ ေျပာၾကားခ်က္အရ လာဇီယိုနည္းျပေဟာင္းကို ပရီးမီးယားလိဂ္ကလပ္ ေနာ္တင္ဟမ္ေဖာရက္စ္က ခ်က္ခ်င္းပဲ ၃ ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ နာပိုလီနည္းျပေဟာင္းက ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဆာရီဟာ လာမယ့္ေႏြရာသီေလာက္မွသာ ေဘာလုံးေလာထဲ ျပန္လည္ဝင္ေရာက္ခ်င္တဲ့ ဆႏၵရွိေနတာျဖစ္ၿပီး ေနာ္တင္ဟမ္ေဖာရက္စ္ကလည္း ၄ မွတ္ေလွ်ာ့ျပစ္ဒဏ္ေၾကာင့္ တန္းဆင္းရႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.