Ligue1

အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးထဲက တစ်ဦးဖြစ်လာမယ်ဆိုတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဘာကြောင့် ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေက သားရဲတစ်ကောင်ဖြစ်ပြီး ထိပ်တန်းအဆင့်ကို ရောက်ရှိဖို့ ဦးတည်နေတဲ့ ပြီးပြည့်စုံတဲ့ကစားသမားဘာကြောင့်ဖြစ်နေလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်က ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်နေခဲ့ပြီးဖြစ်ပြီး လိဂန်းချန်ပီယံတွေအတွက် ၂၂၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၈၁ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတာဖြစ်ပြီး ဘလွန်ဒေါ ၇ ဆုရှင် မက်ဆီက ပြင်သစ်တိုက်စစ်မှူးဟာ တသက်တာအကောင်းဆုံးကစားသမားတွေကြားမှာ တစ်နေရာ အခိုင်အမာ ရရှိဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ စိတ်လှုပ်ရှားဖွယ် အရည်အချင်းတွေ နောက်ထပ်ပိုပြီးတောင် မြင်ရဖို့ ရှိနေသေးတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခီလီယန်က ကွဲပြားခြားနားတဲ့ ကစားသမားပါ။ တစ်ဦးချင်းဆို အရမ်းကို သန်မာတဲ့ သားရဲတစ်ကောင်ပါ။ နေရာလွတ်ထဲ အရမ်းမြန်မြန် ပြေးဝင်ပြီး ဂိုးတွေအများကြီး သွင်းနိုင်တဲ့သူပါ။ သူက ပြီးပြည့်စုံတဲ့ကစားသမားဖြစ်ပြီး အဲဒါကို နှစ်အတော်ကြာ သက်သေပြပြီးပါပြီ။ နောက်လာမယ့်နှစ်တွေမှာ သူက အကောင်းဆုံးကစားသမားတွေထဲ တစ်ဦး ကျိန်းသေပေါက် ဖြစ်လာပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းဖော်ဟောင်း လက်ရှိ ပီအက်စ်ဂျီအသင်းဖော် နေမာနဲ့ ၎င်းရဲ့ ဆက်ဆံရေးကိုလည်း ဆွေးနွေးခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်နဲ့ နေ့စဉ်အတူတူ ရှိနေပြီး တွဲကစားရတာကို ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်နဲ့ နေမာတို့က နှလုံးသားနဲ့ကို တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြတဲ့သူတွေပါ။ ကျွန်တော်တို့ ဘာစီလိုနာမှာ ပျော်စရာအချိန်တွေအများကြီး အတူတူပိုင်ဆိုင်ခဲ့တယ်”

“ကျွန်တော် ဘာစီလိုနာမှာ သူနဲ့အတူတူ အဲဒီလို အချိန်တွေကို ပိုပြီး ကြာကြာ ပိုင်ဆိုင်ချင်ခဲ့ပေမယ့်လည်း ပဲရစ်မှာ ကျွန်တော်တို့ ဘဝသစ်ကို ရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ အတူတူရှိနေရတာကို ပျော်ရွှင်နေပြီး သူနဲ့ကစားရတာလည်း နှစ်သက်ပါတယ်။ သူနဲ့ နေ့စဉ်နေ့တိုင်း အတူတူ သွားအတူ ကစားအတူ နေရတာကိုလည်း ပျော်ရွှင်မိပါတယ်”လို့ အဖြေပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ဘာေၾကာင့္ ပီအက္စ္ဂ်ီအသင္းေဖာ္ ခီလီယန္ အမ္ဘာေပက သားရဲတစ္ေကာင္ျဖစ္ၿပီး ထိပ္တန္းအဆင့္ကို ေရာက္ရွိဖို႔ ဦးတည္ေနတဲ့ ၿပီးျပည့္စုံတဲ့ကစားသမားဘာေၾကာင့္ျဖစ္ေနလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံ ျပင္သစ္တိုက္စစ္မႉးဟာ ကမာၻေပၚက ထိပ္တန္းတိုက္စစ္မႉးေတြထဲက တစ္ဦး ျဖစ္ေနခဲ့ၿပီးျဖစ္ၿပီး လိဂန္းခ်န္ပီယံေတြအတြက္ ၂၂၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၈၁ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ အသက္ ၂၃ ႏွစ္အ႐ြယ္သာ ရွိေသးတာျဖစ္ၿပီး ဘလြန္ေဒါ ၇ ဆုရွင္ မက္ဆီက ျပင္သစ္တိုက္စစ္မႉးဟာ တသက္တာအေကာင္းဆုံးကစားသမားေတြၾကားမွာ တစ္ေနရာ အခိုင္အမာ ရရွိဖို႔အတြက္ အဆင္သင့္ျဖစ္ေနတဲ့ စိတ္လႈပ္ရွားဖြယ္ အရည္အခ်င္းေတြ ေနာက္ထပ္ပိုၿပီးေတာင္ ျမင္ရဖို႔ ရွိေနေသးတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခီလီယန္က ကြဲျပားျခားနားတဲ့ ကစားသမားပါ။ တစ္ဦးခ်င္းဆို အရမ္းကို သန္မာတဲ့ သားရဲတစ္ေကာင္ပါ။ ေနရာလြတ္ထဲ အရမ္းျမန္ျမန္ ေျပးဝင္ၿပီး ဂိုးေတြအမ်ားႀကီး သြင္းႏိုင္တဲ့သူပါ။ သူက ၿပီးျပည့္စုံတဲ့ကစားသမားျဖစ္ၿပီး အဲဒါကို ႏွစ္အေတာ္ၾကာ သက္ေသျပၿပီးပါၿပီ။ ေနာက္လာမယ့္ႏွစ္ေတြမွာ သူက အေကာင္းဆုံးကစားသမားေတြထဲ တစ္ဦး က်ိန္းေသေပါက္ ျဖစ္လာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္း လက္ရွိ ပီအက္စ္ဂ်ီအသင္းေဖာ္ ေနမာနဲ႔ ၎ရဲ႕ ဆက္ဆံေရးကိုလည္း ေဆြးေႏြးခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္နဲ႔ ေန႔စဥ္အတူတူ ရွိေနၿပီး တြဲကစားရတာကို ေပ်ာ္႐ႊင္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္နဲ႔ ေနမာတို႔က ႏွလုံးသားနဲ႔ကို တစ္ေယာက္နဲ႔တစ္ေယာက္ သိကြၽမ္းခဲ့ၾကတဲ့သူေတြပါ။ ကြၽန္ေတာ္တို႔ ဘာစီလိုနာမွာ ေပ်ာ္စရာအခ်ိန္ေတြအမ်ားႀကီး အတူတူပိုင္ဆိုင္ခဲ့တယ္”

“ကြၽန္ေတာ္ ဘာစီလိုနာမွာ သူနဲ႔အတူတူ အဲဒီလို အခ်ိန္ေတြကို ပိုၿပီး ၾကာၾကာ ပိုင္ဆိုင္ခ်င္ခဲ့ေပမယ့္လည္း ပဲရစ္မွာ ကြၽန္ေတာ္တို႔ ဘဝသစ္ကို ရွာေတြ႕ခဲ့တယ္။ ကြၽန္ေတာ္တို႔ အတူတူရွိေနရတာကို ေပ်ာ္႐ႊင္ေနၿပီး သူနဲ႔ကစားရတာလည္း ႏွစ္သက္ပါတယ္။ သူနဲ႔ ေန႔စဥ္ေန႔တိုင္း အတူတူ သြားအတူ ကစားအတူ ေနရတာကိုလည္း ေပ်ာ္႐ႊင္မိပါတယ္”လို႔ အေျဖေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.