Match Report Serie A

ဒီဘာလာရဲ့ ဟက်ထရစ်နဲ့ တိုရီနိုကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာနဲ့ ပိုနီးစပ်လာတဲ့ ရိုးမား

တနင်္လာနေ့ညက ကစားခဲ့တဲ့ ရိုးမားနဲ့ တိုရီနိုတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင် ရောမသားတွေက ၃-၂ နဲ့ အိမ်ကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့ပြီး အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။

ရိုးမားဟာ ပထမပိုင်းမှာ တိုရီနိုကို အသာစီး ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ၄၂ မိနစ်မှာ ဆာဒါ အက်ဇ်မွန်ကို တိုရီနို နောက်ခံလူ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဒီဘာလာက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းတစ်ပိုင်းလုံး အိမ်ရှင်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တဲ့ တိုရီနိုက နောက်ထပ် ၂ မိနစ်အကြာမှာပဲ ထောင့်ကန်ဘောကနေတဆင့် ဘယ်လာနိုဗာ ကန်တင်လိုက်တဲ့ ဘောလုံးကို ဇာပါတာက ခေါင်းတိုက်ပြီး ချေပသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲက ပိုမို မြိုင်ဆိုင်လာခဲ့ပြီး ၅၇ မိနစ်မှာ ခရစ္စတန်တီရဲ့ ပေးပို့မှုကနေတဆင့် ဒီဘာလာကပဲ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အိမ်ရှင်တွေကို ချေပနိုင်ဖို့ တိုရီနိုက အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း ရိုးမားဂိုးသမားက လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘဲ ၆၉ မိနစ်မှာတော့ ဒီဘာလာက ဟက်ထရစ်ပြည့်မြောက်စေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူကာကူရဲ့ ပေးပို့မှုကနေတဆင့် ဒီဘာလာက ပင်နယ်တီဧရိယာဘယ်ခြမ်းကနေ ဂိုးသွင်းဖို့ ခက်ခဲတဲ့အနေအထားကနေ ဂိုးညာဘက်အောက်ထောင့်ထဲကို ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရိုးမားက ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးနောက် ကစားအားကို အနည်းငယ်ချပြီး အနိုင်ရလဒ်ကို ထိန်းကစားသွားဖို့ ကြိုးပမ်းခဲ့တာကြောင့် တိုရီနိုတို့ ကစားအားမြှင့်ခဲ့ပြီး ပွဲပြီးဆုံးခါနီး ၈၉ မိနစ်မှာတော့ ရစ်စီရဲ့ ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ရိုးမားနောက်ခံလူ ဟာဆန် ရှင်းထုတ်ဖို့ ကြိုးပမ်းရာကနေ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် တိုရီနိုတို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း တိုရီနိုဟာ အဝေးကွင်းမှာ သရေ ၁ မှတ်ရယူနိုင်ဖို့အတွက် နောက်ထပ် ချေပဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် ဒီရော့ဆီရဲ့အသင်းက အနိုင် ၃ မှတ်နဲ့အတူ ဇယားထိပ်ဆုံး ၄ နေရာနဲ့ ၄ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနလၤာေန႔ညက ကစားခဲ့တဲ့ ႐ိုးမားနဲ႔ တိုရီႏိုတို႔ရဲ႕ပြဲစဥ္မွာ အိမ္ရွင္ ေရာမသားေတြက ၃-၂ နဲ႔ အိမ္ကြင္းႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ၿပီး အဆင့္ ၆ ေနရာမွာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

႐ိုးမားဟာ ပထမပိုင္းမွာ တိုရီႏိုကို အသာစီး ရယူႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ၄၂ မိနစ္မွာ ဆာဒါ အက္ဇ္မြန္ကို တိုရီႏို ေနာက္ခံလူ ဖ်က္ထုတ္ပုံ ၾကမ္းတမ္းခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဒီဘာလာက အမွားအယြင္းမရွိ ကန္သြင္းယူၿပီး ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းတစ္ပိုင္းလုံး အိမ္ရွင္ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့တဲ့ တိုရီႏိုက ေနာက္ထပ္ ၂ မိနစ္အၾကာမွာပဲ ေထာင့္ကန္ေဘာကေနတဆင့္ ဘယ္လာႏိုဗာ ကန္တင္လိုက္တဲ့ ေဘာလုံးကို ဇာပါတာက ေခါင္းတိုက္ၿပီး ေခ်ပသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြနဲ႔ ပြဲက ပိုမို ၿမိဳင္ဆိုင္လာခဲ့ၿပီး ၅၇ မိနစ္မွာ ခရစၥတန္တီရဲ႕ ေပးပို႔မႈကေနတဆင့္ ဒီဘာလာကပဲ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ဘယ္ေျခနဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့တဲ့ အိမ္ရွင္ေတြကို ေခ်ပႏိုင္ဖို႔ တိုရီႏိုက အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္လည္း ႐ိုးမားဂိုးသမားက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့ဘဲ ၆၉ မိနစ္မွာေတာ့ ဒီဘာလာက ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လူကာကူရဲ႕ ေပးပို႔မႈကေနတဆင့္ ဒီဘာလာက ပင္နယ္တီဧရိယာဘယ္ျခမ္းကေန ဂိုးသြင္းဖို႔ ခက္ခဲတဲ့အေနအထားကေန ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ဘယ္ေျခနဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

႐ိုးမားက ၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးေနာက္ ကစားအားကို အနည္းငယ္ခ်ၿပီး အႏိုင္ရလဒ္ကို ထိန္းကစားသြားဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ တိုရီႏိုတို႔ ကစားအားျမႇင့္ခဲ့ၿပီး ပြဲၿပီးဆုံးခါနီး ၈၉ မိနစ္မွာေတာ့ ရစ္စီရဲ႕ ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ႐ိုးမားေနာက္ခံလူ ဟာဆန္ ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရာကေန ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ တိုရီႏိုတို႔ ေခ်ပဂိုး ရရွိသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း တိုရီႏိုဟာ အေဝးကြင္းမွာ သေရ ၁ မွတ္ရယူႏိုင္ဖို႔အတြက္ ေနာက္ထပ္ ေခ်ပဂိုး သြင္းယူႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဒီေရာ့ဆီရဲ႕အသင္းက အႏိုင္ ၃ မွတ္နဲ႔အတူ ဇယားထိပ္ဆုံး ၄ ေနရာနဲ႔ ၄ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.