Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁.၉.၂၀၂၀

– ဆီနီေဂါေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ ပုဂၢဳိလ္ေရးသေဘာတူညီမွဳကို ရယူႏုိင္ခဲ့တဲ့ေနာက္ ေဈးေတာင္းၾကမ္းေနတဲ့ နာပုိလီအသင္းပုိင္ရွင္ ေအာ္ရယ္လီယုိ ဒီေလာ္ရန္တီးစ္နဲ႔ပဲ ေျပာင္းေရႊ႕ေၾကးအတြက္ မန္ခ်က္စတာစီးတီးတုိ႔ ေဆြးေႏြးသြားဖို႔ပဲ က်န္ရွိေန။

– လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာက သူတုိ႔အသင္းမွာ မက္ဆီ ေရာက္လာႏုိင္တဲ့အေၾကာင္းကို မေဆြးေႏြးျဖစ္ၾကေပမယ့္ ဒီလို ကမာၻ႕ထိပ္တန္းတုိက္စစ္မွဴးမ်ဳိးကို မလိုခ်င္တဲ့ အသင္းမရွိဘူးလို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကား။

– မန္ခ်က္စတာၿမဳိ႕က စီတီဇင္ပရိသတ္ေတြကေတာ့ အသင္းကို မက္ဆီေရာက္လာေတာ့မယ္လုိ႔ ယုံၾကည္ေနၾကၿပီး နည္းျပ ဂြါဒီယိုလာနဲ႔ အာဂ်င္တီးနားအသင္းေဖာ္ အေဂြ႐ိုတုိ႔ေၾကာင့္ သူတို႔ေတြအေနနဲ႔ ဒီကစားသမားကို ရက္ပုိင္းအတြင္း ႀကဳိဆုိခြင့္ရဖို႔ ေမွ်ာ္လင့္ေန။

– ေတာင္ပံကစားသမားစာရင္းမွာ မာရက္ဇ္၊ ဘာနာဒို ေဆးလ္ဗား၊ စတာလင္နဲ႔ ကစားသမားသစ္ ဖယ္ရန္ ေတာရက္စ္တို႔ ရွိေနေပမယ့္ အသင္းကေန ထြက္ခြာသြားတဲ့ ဆာေနးအတြက္ စိတ္ပ်က္မိေၾကာင္းနဲ႔ သူဟာ ကမာၻ႕အေကာင္းဆုံးေတာင္ပံကစားသမားတစ္ဦးျဖစ္ေၾကာင္း မီကာ ရစ္ခ်တ္ ေျပာၾကား။

– အဲရစ္ ဂါစီယာအတြက္ ပုဂၢဳိလ္ေရးသေဘာတူညီမွဳကို ဘာစီလိုနာဘက္က ရယူႏုိင္ခဲ့ၿပီျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္း မန္စီးတီးအသင္း အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းနဲ႔ ကာတာလန္ကလပ္ရဲ႕ စီအီးအို ေအာ္စကာ ဂရာအူးတုိ႔ ေျပာင္းေရႊ႕ေၾကးအတြက္ ေဆြးေႏြးသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဆီနီဂေါနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို ရယူနိုင်ခဲ့တဲ့နောက် ဈေးတောင်းကြမ်းနေတဲ့ နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ်နဲ့ပဲ ပြောင်းရွှေ့ကြေးအတွက် မန်ချက်စတာစီးတီးတို့ ဆွေးနွေးသွားဖို့ပဲ ကျန်ရှိနေ။

– လူငယ်နောက်ခံလူ အဲရစ် ဂါစီယာက သူတို့အသင်းမှာ မက်ဆီ ရောက်လာနိုင်တဲ့အကြောင်းကို မဆွေးနွေးဖြစ်ကြပေမယ့် ဒီလို ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးမျိုးကို မလိုချင်တဲ့ အသင်းမရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြား။

– မန်ချက်စတာမြို့က စီတီဇင်ပရိသတ်တွေကတော့ အသင်းကို မက်ဆီရောက်လာတော့မယ်လို့ ယုံကြည်နေကြပြီး နည်းပြ ဂွါဒီယိုလာနဲ့ အာဂျင်တီးနားအသင်းဖော် အဂွေရိုတို့ကြောင့် သူတို့တွေအနေနဲ့ ဒီကစားသမားကို ရက်ပိုင်းအတွင်း ကြိုဆိုခွင့်ရဖို့ မျှော်လင့်နေ။

– တောင်ပံကစားသမားစာရင်းမှာ မာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား၊ စတာလင်နဲ့ ကစားသမားသစ် ဖယ်ရန် တောရက်စ်တို့ ရှိနေပေမယ့် အသင်းကနေ ထွက်ခွာသွားတဲ့ ဆာနေးအတွက် စိတ်ပျက်မိကြောင်းနဲ့ သူဟာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးဖြစ်ကြောင်း မီကာ ရစ်ချတ် ပြောကြား။

– အဲရစ် ဂါစီယာအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို ဘာစီလိုနာဘက်က ရယူနိုင်ခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်အတွင်း မန်စီးတီးအသင်း အားကစားဒါရိုက်တာ ဘီဂီရီစတိန်းနဲ့ ကာတာလန်ကလပ်ရဲ့ စီအီးအို အော်စကာ ဂရာအူးတို့ ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.