Premier League

လီဗာပူးလ်ကြယ်ပွင့်က ချန်ပီယံရှစ်အဆင့်ပဲရှိတယ်လို့ ဝေဖန်ခဲ့တဲ့ ချဲလ်ဆီးဂန္တဝင်

ချဲလ်ဆီးနောက်ခံကစားသမားဟောင်း ဖရန့်ခ် လူးဘတ်ဖ်က လီဗာပူးလ်နောက်ခံကစားသမား ထရင့် အလက်ဇန်းဒါး-အာနိုးက ချန်ပီယံရှစ်အဆင့် နောက်ခံကစားသမားလောက်ပဲရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က လီဗာပူးလ်ပထမအသင်းထဲမှာ ပါဝင်ကစားခွင့် ရရှိခဲ့တဲ့အချိန်ကတည်းက အလက်ဇန်းဒါး-အာနိုးဟာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံတောင်ပံကစားသမားတွေထဲကတစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့သူဖြစ်ပြီး သူ့ရဲ့မျိုးဆက်မှာ ပါရမီရှင်ကစားသမားအဖြစ် ချီးကျူးခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဘောလုံးလောကမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့အပါအဝင် အကြီးမားဆုံး ဆုဖလားတွေကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီးဖြစ်ပြီး ညာနောက်ခံကစားသမားအဖြစ် ၂၃၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၇၆ ဂိုး အထိ ရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း အများစုက အလက်ဇန်းဒါး-အာနိုးရဲ့ ခံစစ်ပိုင်း အားထားရမှုအပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုရာသီ အင်္ဂလန်နောက်ခံလူရဲ့ စွမ်းဆောင်ရည်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ နာပိုလီတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပိုလို့တောင် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

ပြင်သစ်ဂန္တဝင်နောက်ခံလူ လူးဘတ်ဖ်က အဲဒီဝေဖန်မှုတွေကို သဘောတူညီခဲ့ပြီး အလက်ဇန်းဒါး-အာနိုးဟာ လီဗာပူးလ်အပြင် အခြားအသင်းမှာ ကစားရင် ရုန်းကန်ရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ထရင့် အလက်ဇန်းဒါး-အာနိုးကို ကြည့်စမ်းပါ။ ကျွန်တော် ဒီကောင်ကို နှစ်သက်တယ်။ သူ့ရဲ့ တိုက်စစ် အရည်အသွေးတွေကိုပေါ့။ ဒါပေမယ့် ခံစစ်ပိုင်းမှာတော့ သူက ချန်ပီယံရှစ်အဆင့်ပဲရှိတယ်။ ယာဂန် ကလော့ပ်ရဲ့ ကစားကွက်ကပဲ သူ့အတွက် အလုပ်ဖြစ်နိုင်တယ်။ ဒီရာသီမှာ အဲဒီကစားကွက်က အလုပ်မဖြစ်တဲ့အချိန်မှာ ခင်ဗျား သူ့ရဲ့ ခံစစ်ပိုင်းအရည်အသွေးမရှိမှုကို မြင်လာရပါပြီ”

“ကျွန်တော်သူ့ကို ကျွန်တော်နဲ့အတူ အခြေခံပိုင်းတွေ လေ့ကျင့်ဖို့ ခေါ်ချင်တယ်။ ကျွန်တော် သူ့ကို ‘မင်းရဲ့ ခေါင်းကို လှည့်ပြီး နောက်ကိုကြည့်။ အဲဒါက ပိုကောင်းလိမ့်မယ်’လို့ ပြောမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္း ဖရန႔္ခ္ လူးဘတ္ဖ္က လီဗာပူးလ္ေနာက္ခံကစားသမား ထရင့္ အလက္ဇန္းဒါး-အာႏိုးက ခ်န္ပီယံရွစ္အဆင့္ ေနာက္ခံကစားသမားေလာက္ပဲရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္က လီဗာပူးလ္ပထမအသင္းထဲမွာ ပါဝင္ကစားခြင့္ ရရွိခဲ့တဲ့အခ်ိန္ကတည္းက အလက္ဇန္းဒါး-အာႏိုးဟာ ကမာၻေပၚက အေကာင္းဆုံးေနာက္ခံေတာင္ပံကစားသမားေတြထဲကတစ္ဦးျဖစ္ေၾကာင္း သက္ေသျပသခဲ့သူျဖစ္ၿပီး သူ႔ရဲ႕မ်ိဳးဆက္မွာ ပါရမီရွင္ကစားသမားအျဖစ္ ခ်ီးက်ဴးျခင္းခံခဲ့ရသူျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ေဘာလုံးေလာကမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္တို႔အပါအဝင္ အႀကီးမားဆုံး ဆုဖလားေတြကို ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ညာေနာက္ခံကစားသမားအျဖစ္ ၂၃၅ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၇၆ ဂိုး အထိ ရရွိထားတဲ့ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ်ားစုက အလက္ဇန္းဒါး-အာႏိုးရဲ႕ ခံစစ္ပိုင္း အားထားရမႈအေပၚမွာ ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ယခုရာသီ အဂၤလန္ေနာက္ခံလူရဲ႕ စြမ္းေဆာင္ရည္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ နာပိုလီတို႔ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပိုလို႔ေတာင္ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။

ျပင္သစ္ဂႏၲဝင္ေနာက္ခံလူ လူးဘတ္ဖ္က အဲဒီေဝဖန္မႈေတြကို သေဘာတူညီခဲ့ၿပီး အလက္ဇန္းဒါး-အာႏိုးဟာ လီဗာပူးလ္အျပင္ အျခားအသင္းမွာ ကစားရင္ ႐ုန္းကန္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ထရင့္ အလက္ဇန္းဒါး-အာႏိုးကို ၾကည့္စမ္းပါ။ ကြၽန္ေတာ္ ဒီေကာင္ကို ႏွစ္သက္တယ္။ သူ႔ရဲ႕ တိုက္စစ္ အရည္အေသြးေတြကိုေပါ့။ ဒါေပမယ့္ ခံစစ္ပိုင္းမွာေတာ့ သူက ခ်န္ပီယံရွစ္အဆင့္ပဲရွိတယ္။ ယာဂန္ ကေလာ့ပ္ရဲ႕ ကစားကြက္ကပဲ သူ႔အတြက္ အလုပ္ျဖစ္ႏိုင္တယ္။ ဒီရာသီမွာ အဲဒီကစားကြက္က အလုပ္မျဖစ္တဲ့အခ်ိန္မွာ ခင္ဗ်ား သူ႔ရဲ႕ ခံစစ္ပိုင္းအရည္အေသြးမရွိမႈကို ျမင္လာရပါၿပီ”

“ကြၽန္ေတာ္သူ႔ကို ကြၽန္ေတာ္နဲ႔အတူ အေျခခံပိုင္းေတြ ေလ့က်င့္ဖို႔ ေခၚခ်င္တယ္။ ကြၽန္ေတာ္ သူ႔ကို ‘မင္းရဲ႕ ေခါင္းကို လွည့္ၿပီး ေနာက္ကိုၾကည့္။ အဲဒါက ပိုေကာင္းလိမ့္မယ္’လို႔ ေျပာမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.