International Premier League

ဗန်ဟားလ်နဲ့ ကွင်းဘေးစည်းမှာ စကားများခဲ့တဲ့ကိစ္စ ပြောပြခဲ့တဲ့ မာလာစီယာ

တိုင်ရဲလ် မာလာစီယာဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း နယ်သာလန်လက်ရွေးစင်နည်းပြ ဗန်ဟားလ်က ဗဟိုခံစစ်နေရာမှာ စမ်းသပ်သုံးစွဲခဲ့ပြီးနောက် ၎င်းရဲ့ အကောင်းဆုံးနေရာက ဘယ်နောက်ခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ တနင်္ဂနွေနေ့က ဘယ်လ်ဂျီယမ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းအပြီး လူစားဝင်ကစားပေးခဲ့သူဖြစ်ပြီး နယ်သာလန်က ဒီနိုင်ပွဲကြောင့် နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ တစ်နေရာ အခိုင်အမာ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

နေသန် အာကီရဲ့နေရာမှာ လူစားဝင်ခဲ့တဲ့ မာလာစီယာဟာ ဘယ်နောက်ခံတောင်ပံနေရာမှာ ကစားသွားမှာဖြစ်ပြီး မန်ယူနိုက်တက်ကစားသမားဟောင်း ဒါလေ ဘလင်းက ဗဟိုခံစစ်နေရာကို ပြောင်းကစားမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့်လည်း မန်ယူနိုက်တက်ကစားသမားဟာ ခံစစ် ၃ ဦးနေရာထဲမှာ ဗန်ဒိုက်၊ တင်းဘားတို့နဲ့အတူ ကစားခဲ့ရတာဖြစ်ပါတယ်။

ဒီအခန်းကဏ္ဍဟာ လူငယ်ကစားသမားအတွက် မရင်းနှီးတဲ့ နေရာဖြစ်ပေမယ့်လည်း မာလာစီယာက အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပြီး ဘယ်လ်ဂျီယမ်ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်သူဖြစ်တဲ့ ကီဗင် ဒီဘရိုင်းနားကို ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာလာစီယာဟာ ရှေ့ကို အရမ်းပြေးတက်လွန်းတာကြောင့် နည်းပြ ဗန်ဟားလ်ရဲ့ ဒေါသထွက်ခြင်းကို ခံခဲ့ရပြီး ကွင်းဘေးစည်းမှာတောင် ကစားသမားနဲ့ နည်းပြကြား အချင်းများခဲ့ကြသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာလာစီယာက အငြင်းပွားမှုဟာ လက်ရှိမှာတော့ ဘာမှ မဟုတ်တော့ဘဲ ဘယ်နောက်ခံနေရာမှာ ပိုကစားချင်ပေမယ့်လည်း နည်းပြက ၎င်းကို အလယ်မှာ အသုံးပြုဖို့ ဆုံးဖြတ်ချက်ကို နားလည်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ၂ ကြိမ်၊ ၃ ကြိမ်လောက် အရမ်း ရှေ့တက်သွားခဲ့မိတယ်။ ဒီလိုနေရာမှာ ဒီလောက် လျင်လျင်မြန်မြန်နဲ့ ရှေ့တက်သွားဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် တခြားလူတွေရဲ့ အမှန်ပြင်ပေးတာ ခံခဲ့ရတယ်။။ ကျွန်တော် အဲဒီအချိန်မှာတော့ သဘောမတူခဲ့ဘူး။ ဟုတ်ပါတယ်။ အဲဒါက အမှန်ပါပဲ။ ပွဲအပြီး ကျွန်တော်တို့ အဲဒီအခိုက်အတန့်အကြောင်း ခဏလောက် ပြောဖြစ်တဲ့အချိန်မှာ အဲဒီသဘောမတူညီမှုက ပြီးဆုံးသွားခဲ့တယ်”

“ကျွန်တော် မန်ချက်စတာယူနိုက်တက်နဲ့ အခုအချိန်မှာ သက်တောင့်သက်သာဖြစ်နေပါတယ်။ လက်ရွေးစင်နည်းပြက ကျွန်တော့်အနေနဲ့ ခံစစ် ဗဟိုမှာလည်း ကစားနိုင်လိမ့်မယ်ဆိုပြီး တွေးမိပုံပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အကောင်းဆုံးက ဘယ်နောက်ခံနေရာလို့ ခံစားရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မာလာစီယာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဖီယင်နုကနေ အိုးထရက်ဖို့ကို ပြောင်းရွှေ့ပြီးနောက် သရဲနီကစားသမားဘဝကို အကောင်းဆုံးစတင်နိုင်ခဲ့တာဖြစ်ပြီး နည်းပြ တန်ဟက်လက်အောက်မှာ လုခ် ရှောထက်တောင် ပထမအသင်းပုံမှန်ပွဲထွက်ခွင့်နေရာကို ရရှိထားပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုင္ရဲလ္ မာလာစီယာဟာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း နယ္သာလန္လက္ေ႐ြးစင္နည္းျပ ဗန္ဟားလ္က ဗဟိုခံစစ္ေနရာမွာ စမ္းသပ္သုံးစြဲခဲ့ၿပီးေနာက္ ၎ရဲ႕ အေကာင္းဆုံးေနရာက ဘယ္ေနာက္ခံျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ တနဂၤေႏြေန႔က ဘယ္လ္ဂ်ီယမ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ပထမပိုင္းအၿပီး လူစားဝင္ကစားေပးခဲ့သူျဖစ္ၿပီး နယ္သာလန္က ဒီႏိုင္ပြဲေၾကာင့္ ေနးရွင္းလိဂ္ ဗိုလ္လုပြဲမွာ တစ္ေနရာ အခိုင္အမာ ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ေနသန္ အာကီရဲ႕ေနရာမွာ လူစားဝင္ခဲ့တဲ့ မာလာစီယာဟာ ဘယ္ေနာက္ခံေတာင္ပံေနရာမွာ ကစားသြားမွာျဖစ္ၿပီး မန္ယူႏိုက္တက္ကစားသမားေဟာင္း ဒါေလ ဘလင္းက ဗဟိုခံစစ္ေနရာကို ေျပာင္းကစားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရေပမယ့္လည္း မန္ယူႏိုက္တက္ကစားသမားဟာ ခံစစ္ ၃ ဦးေနရာထဲမွာ ဗန္ဒိုက္၊ တင္းဘားတို႔နဲ႔အတူ ကစားခဲ့ရတာျဖစ္ပါတယ္။

ဒီအခန္းက႑ဟာ လူငယ္ကစားသမားအတြက္ မရင္းႏွီးတဲ့ ေနရာျဖစ္ေပမယ့္လည္း မာလာစီယာက အေကာင္းဆုံး စြမ္းေဆာင္ျပခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ရဲ႕ အႀကီးမားဆုံး ၿခိမ္းေျခာက္သူျဖစ္တဲ့ ကီဗင္ ဒီဘ႐ိုင္းနားကို ထိန္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာလာစီယာဟာ ေရွ႕ကို အရမ္းေျပးတက္လြန္းတာေၾကာင့္ နည္းျပ ဗန္ဟားလ္ရဲ႕ ေဒါသထြက္ျခင္းကို ခံခဲ့ရၿပီး ကြင္းေဘးစည္းမွာေတာင္ ကစားသမားနဲ႔ နည္းျပၾကား အခ်င္းမ်ားခဲ့ၾကေသးတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာလာစီယာက အျငင္းပြားမႈဟာ လက္ရွိမွာေတာ့ ဘာမွ မဟုတ္ေတာ့ဘဲ ဘယ္ေနာက္ခံေနရာမွာ ပိုကစားခ်င္ေပမယ့္လည္း နည္းျပက ၎ကို အလယ္မွာ အသုံးျပဳဖို႔ ဆုံးျဖတ္ခ်က္ကို နားလည္ေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ အရမ္း ေရွ႕တက္သြားခဲ့မိတယ္။ ဒီလိုေနရာမွာ ဒီေလာက္ လ်င္လ်င္ျမန္ျမန္နဲ႔ ေရွ႕တက္သြားဖို႔က မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ တျခားလူေတြရဲ႕ အမွန္ျပင္ေပးတာ ခံခဲ့ရတယ္။။ ကြၽန္ေတာ္ အဲဒီအခ်ိန္မွာေတာ့ သေဘာမတူခဲ့ဘူး။ ဟုတ္ပါတယ္။ အဲဒါက အမွန္ပါပဲ။ ပြဲအၿပီး ကြၽန္ေတာ္တို႔ အဲဒီအခိုက္အတန႔္အေၾကာင္း ခဏေလာက္ ေျပာျဖစ္တဲ့အခ်ိန္မွာ အဲဒီသေဘာမတူညီမႈက ၿပီးဆုံးသြားခဲ့တယ္”

“ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အခုအခ်ိန္မွာ သက္ေတာင့္သက္သာျဖစ္ေနပါတယ္။ လက္ေ႐ြးစင္နည္းျပက ကြၽန္ေတာ့္အေနနဲ႔ ခံစစ္ ဗဟိုမွာလည္း ကစားႏိုင္လိမ့္မယ္ဆိုၿပီး ေတြးမိပုံပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးက ဘယ္ေနာက္ခံေနရာလို႔ ခံစားရပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မာလာစီယာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဖီယင္ႏုကေန အိုးထရက္ဖို႔ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ သရဲနီကစားသမားဘဝကို အေကာင္းဆုံးစတင္ႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပ တန္ဟက္လက္ေအာက္မွာ လုခ္ ေရွာထက္ေတာင္ ပထမအသင္းပုံမွန္ပြဲထြက္ခြင့္ေနရာကို ရရွိထားၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.