Premier League Transfer News

ဒဟေးယားကို ပစ်ပြီး ဂိုးသမားသစ် ခေါ်ယူအစားထိုးတော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ခေတ်နောက်ကျနေတဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားနေရာကို အစားထိုးဖို့အတွက် လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူသွားဖို့ နည်းပြ အဲရစ် တန်ဟတ်က အလိုရှိနေသလို အသင်းရဲ့ အပြောင်းအရွှေ့ဌာနကလည်း ခွင့်ပြုချက်ရထားတယ်လို့ သိရပါတယ်။

၁၉၉၀ မှာ မွေးဖွားပြီး အသက် ၃၁ နှစ်သာ ရှိသေးပေမယ့် ငယ်စဉ်ကတည်းက မော်ဒန်ဂိုးသမားတစ်ယောက် မဟုတ်ခဲ့တဲ့ ဒဟေးယားဟာ ဂိုးပေါက်ကာကွယ်မှုမှာ သူမတူအောင် ထူးချွန်ပြီး အသင်းအတွက် ဂိုးပေးရမယ့် အခွင့်အရေးတော်တော်များများကို ပယ်ချပေးနိုင်ခဲ့ပေမယ့် ဒီနေ့ခေတ်ရဲ့ တောင်းဆိုမှုဖြစ်တဲ့ Sweeper Keeper အဖြစ်ကိုတော့ မလုပ်ဆောင်နိုင်ဘဲဖြစ်နေခဲ့တာပါ။

ခံစစ်မှူးတွေဆီ ဘောလုံးပေးတတ်ဖို့၊ လိုအပ်လာရင် တစ်ဖက်တိုက်စစ်မှူးကို ကျော်ဖြတ်နိုင်ဖို့နဲ့ တစ်ဖက်အသင်းကို တန်ပြန်ထိုးနှက်နိုင်ဖို့ အခွင့်အရေးကောင်းရှိတဲ့ အသင်းဖော်ဆီ လျှပ်တစ်ပြက် ဘောလုံးပေးပို့နိုင်ဖို့ဆိုတဲ့ အခြေခံ ကျွမ်းကျင်မှုမျိုးတွေက တစ်ခုမှ စပိန်သားဆီမှာ ရှိမနေခဲ့တာကြောင့် လက်ရွေးစင်အသင်းမှာလည်း နေရာကို ဆုံးရှုံးထားခဲ့ရတာဖြစ်ပါတယ်။

နည်းပြသစ် တန်ဟတ်ကတော့ ရှေ့က လူတွေလို ဒဟေးယားမှာလည်း ကောင်းကွက်ရှိပါတယ်ဆိုပြီး လက်ခံသွားမှာ မဟုတ်တာကြောင့် လူသစ် ရှာဖွေနေရာမှာ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ရေဒါထဲမှာ အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်နဲ့ အက်သလက်တီကို မက်ဒရစ်ဂိုးသမား ယန် အော့ဘ်လက်ခ်တို့နှစ်ဦးကို အတည်ပြုထားပြီး ပစ်မှတ်တွေကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေခဲ့တာပါ။

အဲဗာတန်အသင်းမှာ ဆက်နေလည်း ဘာမှ ဖြစ်လာဖို့ မရှိတဲ့ အင်္ဂလန်လက်ရွေးစင် နံပါတ်တစ် ဂိုးသမားအနေနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုက်ညီတဲ့ အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့နိုင်ဖို့ လိုအပ်နေပြီး ဘောလုံးဖြန့်ဝေပုံ ကောင်းမွန်သလို ခံစစ်မှာလည်း တည်ငြိမ်မှုရှိတဲ့ အရည်အသွေးတွေက တန်ဟတ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတယ်လို့လည်း ဆိုပါတယ်။

ဆန်ဒါးလန်းအသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ဂွတ်ဒီဆန်ပါ့ခ်ရဲ့ အငြင်းပွားဖွယ်မရှိ ပထမဦးစားပေးဂိုးသမားဖြစ်ခဲ့တဲ့ ပစ်ခ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်လည်း ၄၅ ပွဲ ကစားပေးထားပြီး အဲဗာတန်အသင်းအတွက် ဒုတိယ အသင်းခေါင်းဆောင် ရာထူးကိုလည်း တာဝန်ယူထားရသူဖြစ်ပါတယ်။

နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်တဲ့ ဆလိုဗေးနီးယားဂိုးသမား အော့ဘ်လက်ခ်ကလည်း ဥရောပနဲ့ လာလီဂါရဲ့ ထိပ်တန်းဂိုးသမားတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေသူဖြစ်ပြီး အက်သလက်တီကိုတို့အနေနဲ့ သူ့ကို အသက် သိပ်မကြီးခင်မှာ ငွေပြန်ဖော်နိုင်တုန်း ရောင်းချသွားဖို့ ရှိနေသလို ၂၉ နှစ်သားကို ကမ်းလှမ်းလာရင် လက်ခံသွားဖို့ ရှိနေတာပါ။

အက်သလက်တီကိုတို့အနေနဲ့ Transfermarkt ရဲ့ တွက်ချက်မှုအရ ပေါင် ၃၆ သန်း တန်ကြေးရှိနေတဲ့ အော့ဘ်လက်ခ်ကို ရောင်းချနိုင်ခဲ့ရင် အစားထိုးဖို့ အက်စ်တန်ဗီလာရဲ့ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကိုလည်း စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့လည်း စပိန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

ယူနိုက်တက်တို့အနေနဲ့တော့ ပစ်ခ်ဖို့ဒ်နဲ့ အော့ဘ်လက်ခ်တို့တစ်ဦးကို ရရှိနိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေခဲ့ပြီး အသင်းနဲ့ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ဒဟေးယားကိုတော့ စာချုပ်သက်တမ်းတိုးမလား၊ သူ့ရဲ့ များပြားလှတဲ့ လုပ်ခလစာကို လျှော့ချနိုင်ဖို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထွက်ခွာခွင့်ပြုသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေခတ္ေနာက္က်ေနတဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားေနရာကို အစားထိုးဖို႔အတြက္ လာမယ့္ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကစားသမားသစ္ ေခၚယူသြားဖို႔ နည္းျပ အဲရစ္ တန္ဟတ္က အလိုရွိေနသလို အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ဌာနကလည္း ခြင့္ျပဳခ်က္ရထားတယ္လို႔ သိရပါတယ္။

၁၉၉၀ မွာ ေမြးဖြားၿပီး အသက္ ၃၁ ႏွစ္သာ ရွိေသးေပမယ့္ ငယ္စဥ္ကတည္းက ေမာ္ဒန္ဂိုးသမားတစ္ေယာက္ မဟုတ္ခဲ့တဲ့ ဒေဟးယားဟာ ဂိုးေပါက္ကာကြယ္မႈမွာ သူမတူေအာင္ ထူးခြၽန္ၿပီး အသင္းအတြက္ ဂိုးေပးရမယ့္ အခြင့္အေရးေတာ္ေတာ္မ်ားမ်ားကို ပယ္ခ်ေပးႏိုင္ခဲ့ေပမယ့္ ဒီေန႔ေခတ္ရဲ႕ ေတာင္းဆိုမႈျဖစ္တဲ့ Sweeper Keeper အျဖစ္ကိုေတာ့ မလုပ္ေဆာင္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ခံစစ္မႉးေတြဆီ ေဘာလုံးေပးတတ္ဖို႔၊ လိုအပ္လာရင္ တစ္ဖက္တိုက္စစ္မႉးကို ေက်ာ္ျဖတ္ႏိုင္ဖို႔နဲ႔ တစ္ဖက္အသင္းကို တန္ျပန္ထိုးႏွက္ႏိုင္ဖို႔ အခြင့္အေရးေကာင္းရွိတဲ့ အသင္းေဖာ္ဆီ လွ်ပ္တစ္ျပက္ ေဘာလုံးေပးပို႔ႏိုင္ဖို႔ဆိုတဲ့ အေျခခံ ကြၽမ္းက်င္မႈမ်ိဳးေတြက တစ္ခုမွ စပိန္သားဆီမွာ ရွိမေနခဲ့တာေၾကာင့္ လက္ေ႐ြးစင္အသင္းမွာလည္း ေနရာကို ဆုံးရႈံးထားခဲ့ရတာျဖစ္ပါတယ္။

နည္းျပသစ္ တန္ဟတ္ကေတာ့ ေရွ႕က လူေတြလို ဒေဟးယားမွာလည္း ေကာင္းကြက္ရွိပါတယ္ဆိုၿပီး လက္ခံသြားမွာ မဟုတ္တာေၾကာင့္ လူသစ္ ရွာေဖြေနရာမွာ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ေရဒါထဲမွာ အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္နဲ႔ အက္သလက္တီကို မက္ဒရစ္ဂိုးသမား ယန္ ေအာ့ဘ္လက္ခ္တို႔ႏွစ္ဦးကို အတည္ျပဳထားၿပီး ပစ္မွတ္ေတြကို ေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္ေနခဲ့တာပါ။

အဲဗာတန္အသင္းမွာ ဆက္ေနလည္း ဘာမွ ျဖစ္လာဖို႔ မရွိတဲ့ အဂၤလန္လက္ေ႐ြးစင္ နံပါတ္တစ္ ဂိုးသမားအေနနဲ႔ သူ႔ရဲ႕ ဂုဏ္သိကၡာနဲ႔ ကိုက္ညီတဲ့ အသင္းႀကီးတစ္သင္းဆီ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ လိုအပ္ေနၿပီး ေဘာလုံးျဖန႔္ေဝပုံ ေကာင္းမြန္သလို ခံစစ္မွာလည္း တည္ၿငိမ္မႈရွိတဲ့ အရည္အေသြးေတြက တန္ဟတ္ရဲ႕ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီေနတယ္လို႔လည္း ဆိုပါတယ္။

ဆန္ဒါးလန္းအသင္းကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးကတည္းက ဂြတ္ဒီဆန္ပါ့ခ္ရဲ႕ အျငင္းပြားဖြယ္မရွိ ပထမဦးစားေပးဂိုးသမားျဖစ္ခဲ့တဲ့ ပစ္ခ္ဖို႔ဒ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးအတြက္လည္း ၄၅ ပြဲ ကစားေပးထားၿပီး အဲဗာတန္အသင္းအတြက္ ဒုတိယ အသင္းေခါင္းေဆာင္ ရာထူးကိုလည္း တာဝန္ယူထားရသူျဖစ္ပါတယ္။

ေနာက္ထပ္ ပစ္မွတ္တစ္ခုျဖစ္တဲ့ ဆလိုေဗးနီးယားဂိုးသမား ေအာ့ဘ္လက္ခ္ကလည္း ဥေရာပနဲ႔ လာလီဂါရဲ႕ ထိပ္တန္းဂိုးသမားေတြထဲမွာ ထိပ္ဆုံးက ပါဝင္ေနသူျဖစ္ၿပီး အက္သလက္တီကိုတို႔အေနနဲ႔ သူ႔ကို အသက္ သိပ္မႀကီးခင္မွာ ေငြျပန္ေဖာ္ႏိုင္တုန္း ေရာင္းခ်သြားဖို႔ ရွိေနသလို ၂၉ ႏွစ္သားကို ကမ္းလွမ္းလာရင္ လက္ခံသြားဖို႔ ရွိေနတာပါ။

အက္သလက္တီကိုတို႔အေနနဲ႔ Transfermarkt ရဲ႕ တြက္ခ်က္မႈအရ ေပါင္ ၃၆ သန္း တန္ေၾကးရွိေနတဲ့ ေအာ့ဘ္လက္ခ္ကို ေရာင္းခ်ႏိုင္ခဲ့ရင္ အစားထိုးဖို႔ အက္စ္တန္ဗီလာရဲ႕ အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကိုလည္း စုံစမ္းမႈေတြ ျပဳလုပ္ေနတယ္လို႔လည္း စပိန္က လာတဲ့ သတင္းေတြအရ သိရပါတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ေတာ့ ပစ္ခ္ဖို႔ဒ္နဲ႔ ေအာ့ဘ္လက္ခ္တို႔တစ္ဦးကို ရရွိႏိုင္ဖို႔ ပစ္မွတ္ထား ႀကိဳးစားေနခဲ့ၿပီး အသင္းနဲ႔ လာမယ့္ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ဒေဟးယားကိုေတာ့ စာခ်ဳပ္သက္တမ္းတိုးမလား၊ သူ႔ရဲ႕ မ်ားျပားလွတဲ့ လုပ္ခလစာကို ေလွ်ာ့ခ်ႏိုင္ဖို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပဲ ထြက္ခြာခြင့္ျပဳသြားမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.