International

ဂေါင်းကြီးအားကိုးလို့ ငါးပါးမှောက်နေတဲ့ ဆောက်ဂိတ်နဲ့မတွေ့ခင် သတင်းစကားပေးပို့ခဲ့တဲ့ ဂျာမနီ

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟန်ဆီ ဖလစ်က အင်္ဂလန်ရဲ့ မကြာသေးမီက ရုန်းကန်နေရမှုကို အရေးမကြီးမဟန်နဲ့ ဆောက်ဂိတ်ဘက်က ကာကွယ်ပြောဆိုခဲ့ပြီး ယနေ့ည ဝင်ဘလေမှာ အရမ်းခက်ခဲတဲ့ပွဲဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကို ဆီမီးဖိုင်နယ်အဆင့်၊ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့တဲ့ ဆောက်ဂိတ်ဟာ အီတလီအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သောကြာနေ့ညမှာ အင်္ဂလန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အီတလီနဲ့ပွဲစဉ်က ရှုံးနိမ့်မှုကြောင့် အင်္ဂလန်ဟာ နေးရှင်းလိဂ် လိဂ် A ကနေ တန်းဆင်းခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီကတည်းက လက်ရှိအချိန်အထိ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲစလုံးမှာ ကစားကွက်ကနေ ဂိုးမသွင်းနိုင်တဲ့အထိ အခြေအနေဆိုးရွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်တစ်သင်းတည်းသာ နေးရှင်းလိဂ်မှာ ရုန်းကန်နေရတာမျိုးမဟုတ်ဘဲ လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းကလည်း တနင်္ဂနွေနေ့ညက ဒိန်းမတ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး စပိန်ကလည်း ဆွစ်ဇာလန်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီကလည်း သောကြာနေ့ညမှာ ဟန်ဂေရီရဲ့ ၁-၀ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဟန်ဆီ ဖလစ်က လက်ရှိ ဘောလုံးပြက္ခဒိန်ဟာ အသင်းကြီးတွေ ခြေကျနေတဲ့အထဲမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတာဖြစ်ပြီး ဆောက်ဂိတ်က အင်္ဂလန်ကို ကမ္ဘာ့ဖလားမှာ ဦးဆောင်နိုင်မယ့် လူမှန်ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းရဲ့ ရုန်းကန်နေရမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဖလစ်က”ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်ပြီး အင်္ဂလန်လူစာရင်းကလည်း အရမ်းကောင်းပါတယ်။ အထူးသဖြင့် နွေရာသီမှာ ရှည်လျားတဲ့ရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် အသင်းတွေအနေနဲ့ နောက်ထပ် ပြန်ပြီး မလန်းဆန်းနိုင်တဲ့ အချိန်ကာလဖြစ်ခဲ့ပါတယ်။ အရာအားလုံးက ကောင်းကောင်း ဖြစ်မလာဘူးဆိုရင် နည်းပြတွေက လျင်လျင်မြန်မြန်ပဲ ပြစ်တင်ဝေဖန်ခံရပါတယ်”

“ဒီလိုဖြစ်နေပေမယ့်လည်း ဆောက်ဂိတ်က အင်္ဂလန်သမိုင်းမှာ အအောင်မြင်ဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး သူတို့မှာ အရမ်းကောင်းတဲ့အသင်းလည်း ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှင်သန်ကျန်ရစ်နိုင်အောင် ထိပ်တန်းစွမ်းဆောင်ရည်ပြသဖို့ လိုပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ အရည်အသွေးနဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက်အပေါ်လည်း ဖလစ်က “သူတို့တွေက ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ကျွန်တော့်အတွက်တော့ သူတို့တွေ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဆိုတာ ကျိန်းသေတယ်”လို့ တုံ့ပြန်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ာမနီလက္ေ႐ြးစင္အသင္းနည္းျပ ဟန္ဆီ ဖလစ္က အဂၤလန္ရဲ႕ မၾကာေသးမီက ႐ုန္းကန္ေနရမႈကို အေရးမႀကီးမဟန္နဲ႔ ေဆာက္ဂိတ္ဘက္က ကာကြယ္ေျပာဆိုခဲ့ၿပီး ယေန႔ည ဝင္ဘေလမွာ အရမ္းခက္ခဲတဲ့ပြဲျဖစ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္ကို ဆီမီးဖိုင္နယ္အဆင့္၊ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးခဲ့တဲ့ ေဆာက္ဂိတ္ဟာ အီတလီအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေသာၾကာေန႔ညမွာ အဂၤလန္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြကို ခံခဲ့ရတာျဖစ္ပါတယ္။ အီတလီနဲ႔ပြဲစဥ္က ရႈံးနိမ့္မႈေၾကာင့္ အဂၤလန္ဟာ ေနးရွင္းလိဂ္ လိဂ္ A ကေန တန္းဆင္းခဲ့ရၿပီး ၿပီးခဲ့တဲ့ေႏြရာသီကတည္းက လက္ရွိအခ်ိန္အထိ ကစားခဲ့တဲ့ ေနာက္ဆုံး ၅ ပြဲစလုံးမွာ ကစားကြက္ကေန ဂိုးမသြင္းႏိုင္တဲ့အထိ အေျခအေနဆိုး႐ြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဂၤလန္တစ္သင္းတည္းသာ ေနးရွင္းလိဂ္မွာ ႐ုန္းကန္ေနရတာမ်ိဳးမဟုတ္ဘဲ လက္ရွိ ခ်န္ပီယံ ျပင္သစ္အသင္းကလည္း တနဂၤေႏြေန႔ညက ဒိန္းမတ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး စပိန္ကလည္း ဆြစ္ဇာလန္ကို အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဂ်ာမနီကလည္း ေသာၾကာေန႔ညမွာ ဟန္ေဂရီရဲ႕ ၁-၀ နဲ႔ အႏိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ဟန္ဆီ ဖလစ္က လက္ရွိ ေဘာလုံးျပကၡဒိန္ဟာ အသင္းႀကီးေတြ ေျခက်ေနတဲ့အထဲမွာ အဓိကအစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနတာျဖစ္ၿပီး ေဆာက္ဂိတ္က အဂၤလန္ကို ကမာၻ႔ဖလားမွာ ဦးေဆာင္ႏိုင္မယ့္ လူမွန္ျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ၿပိဳင္ဘက္အသင္းရဲ႕ ႐ုန္းကန္ေနရမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ဖလစ္က”ပရီးမီးယားလိဂ္က ကမာၻေပၚမွာ အေကာင္းဆုံးလိဂ္ျဖစ္ၿပီး အဂၤလန္လူစာရင္းကလည္း အရမ္းေကာင္းပါတယ္။ အထူးသျဖင့္ ေႏြရာသီမွာ ရွည္လ်ားတဲ့ရာသီကို ျဖတ္သန္းခဲ့ရၿပီးေနာက္ အသင္းေတြအေနနဲ႔ ေနာက္ထပ္ ျပန္ၿပီး မလန္းဆန္းႏိုင္တဲ့ အခ်ိန္ကာလျဖစ္ခဲ့ပါတယ္။ အရာအားလုံးက ေကာင္းေကာင္း ျဖစ္မလာဘူးဆိုရင္ နည္းျပေတြက လ်င္လ်င္ျမန္ျမန္ပဲ ျပစ္တင္ေဝဖန္ခံရပါတယ္”

“ဒီလိုျဖစ္ေနေပမယ့္လည္း ေဆာက္ဂိတ္က အဂၤလန္သမိုင္းမွာ အေအာင္ျမင္ဆုံး နည္းျပေတြထဲက တစ္ဦးျဖစ္ၿပီး သူတို႔မွာ အရမ္းေကာင္းတဲ့အသင္းလည္း ရွိေနပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ ရွင္သန္က်န္ရစ္ႏိုင္ေအာင္ ထိပ္တန္းစြမ္းေဆာင္ရည္ျပသဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္အသင္းရဲ႕ အရည္အေသြးနဲ႔ ကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္အေပၚလည္း ဖလစ္က “သူတို႔ေတြက ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းပါ။ ကြၽန္ေတာ့္အတြက္ေတာ့ သူတို႔ေတြ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းဆိုတာ က်ိန္းေသတယ္”လို႔ တုံ႔ျပန္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.