International

ဒိန်းမတ်နဲ့ပွဲမှာ တလွဲတွေကန်လို့ နူးညက်ဇ်နဲ့နှိုင်းယှဉ်ခံနေရတဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ တနင်္ဂနွေနေ့ညက ဒိန်းမတ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကစားသမားဘဝ အဆိုးရွားဆုံးဖြစ်ကောင်းဖြစ်နိုင်တဲ့ ဂိုးကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကက်စ်ပါ ဒေါလ်ဘတ်နဲ့ အိုလ်ဆင်တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ ဒိန်းမတ်အသင်းဟာ နေးရှင်းလိဂ် အုပ်စု A မှာ လက်ရှိ ချန်ပီယံတွေကို တတိယမြောက် ရှုံးပွဲနဲ့ ကြုံတွေ့စေခဲ့တာဖြစ်ပါတယ်။ ဒက်စ်ချမ့်ရဲ့အသင်းဟာ တနင်္ဂနွေနေ့တစ်ညနေလုံး စိတ်ပျက်ဖွယ် ခြေစွမ်း ပြသနေခဲ့တာဖြစ်ပြီး အဲဒီထက် ပိုပြီးဆိုးရွားစေခဲ့တာကတော့ အမ်ဘာပေရဲ့ ဒုတိယပိုင်းမှာ ကန်သွင်းခဲ့တဲ့ ဂိုးကန်သွင်းချက်တွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ပြင်သစ်အသင်းအတွက် ချေပဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့ချင်တာ ဖြစ်ပြီး ဘယ်တောင်ပံမှာ ဘောလုံးကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းရမယ့်အစား ဘောလုံးကို အားပါးတရ ကန်သွင်းလိုက်တဲ့အချိန်မှာ ဂိုးပေါက်နဲ့ တော်တော်လေး လွဲချော်ပြီး ပွဲကြည့်စင်ပေါ်ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

အချို့ကတော့ ဘောလုံးက ကွင်းအပြင်ဘက်ပါ ထွက်ပြီး ကမ္ဘာပတ်နေတုန်းလို့ ဆိုကြပေမယ့် အဲဒါက အမ်ဘာပေကို နောက်ထပ် ၇ မိနစ်အကြာမှာ နောက်ထပ်တစ်ကြိမ် ကြိုးစားဖို့ကို မတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပင်နယ်တီဧရိယာထိပ်ကနေ ဒိန်းမတ်နောက်ခံလူကို အယောင်ပြ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဘောလုံးကို ဂိုးအပေါ်ထောင့်ထဲ လှမ်းကန်သွင်းခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဘောလုံးက ငှက်ပစ်သလားမှတ်ရအောင် ထောင်ထွက်သွားခဲ့ပြန်တာဖြစ်ပါတယ်။

ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ အမ်ဘာပေရဲ့ အဆိုးရွားဆုံး ကန်ချက်တွေကို တုံ့ပြန်ခဲ့ကြပြီး ဒီကန်သွင်းချက်တွေဟာ ပြင်သစ်တိုက်စစ်မှူးရဲ့ တစ်နှစ်တာ အဆိုးရွားဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

“ဟာလန်းက အခုဆိုရင် တကယ်ကို ရှေ့ရောက်နေတာဖြစ်နိုင်တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ခီလီယန် အမ်ဘာပေက ဒါဝင် နူးညက်ဇ်ရဲ့ လေ့ကျင့်ရေးက ကန်ချက်ကို ပြန်ပြီး ဖန်တီးပြခဲ့တာပါ”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

ခီလီယန် အမ်ဘာပေအနေနဲ့ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်စေချင်တယ်ဆိုရင် ပုံစံကောင်း ပြန်လည် ရရှိနေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပဟာ တနဂၤေႏြေန႔ညက ဒိန္းမတ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ကစားသမားဘဝ အဆိုး႐ြားဆုံးျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ကက္စ္ပါ ေဒါလ္ဘတ္နဲ႔ အိုလ္ဆင္တို႔ရဲ႕ ပထမပိုင္း သြင္းဂိုးေတြနဲ႔ ဒိန္းမတ္အသင္းဟာ ေနးရွင္းလိဂ္ အုပ္စု A မွာ လက္ရွိ ခ်န္ပီယံေတြကို တတိယေျမာက္ ရႈံးပြဲနဲ႔ ႀကဳံေတြ႕ေစခဲ့တာျဖစ္ပါတယ္။ ဒက္စ္ခ်မ့္ရဲ႕အသင္းဟာ တနဂၤေႏြေန႔တစ္ညေနလုံး စိတ္ပ်က္ဖြယ္ ေျခစြမ္း ျပသေနခဲ့တာျဖစ္ၿပီး အဲဒီထက္ ပိုၿပီးဆိုး႐ြားေစခဲ့တာကေတာ့ အမ္ဘာေပရဲ႕ ဒုတိယပိုင္းမွာ ကန္သြင္းခဲ့တဲ့ ဂိုးကန္သြင္းခ်က္ေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ျပင္သစ္အသင္းအတြက္ ေခ်ပဂိုးေတြ ျပန္လည္ သြင္းယူေပးခဲ့ခ်င္တာ ျဖစ္ၿပီး ဘယ္ေတာင္ပံမွာ ေဘာလုံးကို လက္ခံရယူခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းရမယ့္အစား ေဘာလုံးကို အားပါးတရ ကန္သြင္းလိုက္တဲ့အခ်ိန္မွာ ဂိုးေပါက္နဲ႔ ေတာ္ေတာ္ေလး လြဲေခ်ာ္ၿပီး ပြဲၾကည့္စင္ေပၚကို ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

အခ်ိဳ႕ကေတာ့ ေဘာလုံးက ကြင္းအျပင္ဘက္ပါ ထြက္ၿပီး ကမာၻပတ္ေနတုန္းလို႔ ဆိုၾကေပမယ့္ အဲဒါက အမ္ဘာေပကို ေနာက္ထပ္ ၇ မိနစ္အၾကာမွာ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးစားဖို႔ကို မတားဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။ အမ္ဘာေပဟာ ပင္နယ္တီဧရိယာထိပ္ကေန ဒိန္းမတ္ေနာက္ခံလူကို အေယာင္ျပ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ေဘာလုံးကို ဂိုးအေပၚေထာင့္ထဲ လွမ္းကန္သြင္းခဲ့တာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာလည္း ေဘာလုံးက ငွက္ပစ္သလားမွတ္ရေအာင္ ေထာင္ထြက္သြားခဲ့ျပန္တာျဖစ္ပါတယ္။

ပရိသတ္ေတြက လူမႈကြန္ရက္ေပၚမွာ အမ္ဘာေပရဲ႕ အဆိုး႐ြားဆုံး ကန္ခ်က္ေတြကို တုံ႔ျပန္ခဲ့ၾကၿပီး ဒီကန္သြင္းခ်က္ေတြဟာ ျပင္သစ္တိုက္စစ္မႉးရဲ႕ တစ္ႏွစ္တာ အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္ေတြထဲက တစ္ခုျဖစ္လိမ့္မယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

“ဟာလန္းက အခုဆိုရင္ တကယ္ကို ေရွ႕ေရာက္ေနတာျဖစ္ႏိုင္တယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ခီလီယန္ အမ္ဘာေပက ဒါဝင္ ႏူးညက္ဇ္ရဲ႕ ေလ့က်င့္ေရးက ကန္ခ်က္ကို ျပန္ၿပီး ဖန္တီးျပခဲ့တာပါ”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ခီလီယန္ အမ္ဘာေပအေနနဲ႔ ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းရဲ႕ ကမာၻ႔ဖလားခ်န္ပီယံဘြဲ႕ကို ဆက္လက္ထိန္းသိမ္းႏိုင္ေစခ်င္တယ္ဆိုရင္ ပုံစံေကာင္း ျပန္လည္ ရရွိေနဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.