International Ligue1

အာဂျင်တီးနားအသင်းဖော်တွေရဲ့ ထူးထူးဆန်းဆန်းနာမည်ပြောင်ပေးခြင်းခံခဲ့ရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင် အသင်းဖော်တွေရဲ့ နာမည်ပြောင်ပေးခြင်းခံခဲ့ရပြီး အရင်တုန်းက ရရှိခဲ့ဖူးတဲ့ နာမည်ပြောင်ထက် ပိုပြီး ထူးဆန်းတဲ့နာမည်ကို ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ စနေနေ့က ဟွန်ဒူးရပ်စ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး လီယွန်နယ် မက်ဆီရဲ့ ဒုတိယမြောက်သွင်းဂိုးဟာ ဂိုးသမားကို ကျော်ပြီး အလွန်ကောင်းမွန်တဲ့ ကန်သွင်းမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၃၄ ပွဲအထိ ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ကာတာမှာ ကျင်းပမယ့် ယခုဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကို အလွန်မြင့်မားတဲ့ စိတ်ဓာတ်နဲ့အတူ သွားရောက်ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားတစ်သင်းလုံးရဲ့ သည်းသည်းလှုပ် ချစ်မြတ်နိုးခြင်းကို ခံနေရတဲ့ ကစားသမားဖြစ်ပြီး အသင်းဖော်တွေက အသင်းခေါင်းဆောင်အပေါ် ဘယ်လောက်ချစ်မြတ်နိုးလဲဆိုတာကို ချစ်စနိုးနဲ့ နာမည်ပြောင် ပေးပြီး ပြသခဲ့တာဖြစ်ပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ လူမှုကွန်ရက်ပေါ်မှာ “the weasel ကိုက်သလိုပဲ”လို့ ရေးသားထားတဲ့ ပို့စ် တင်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်ကစားသမား ပါပူ ဂိုးမက်ဖ်က ပထမဆုံး တုံ့ပြန်တဲ့သူဖြစ်ခဲ့ပြီး “the weasel က ရူးသွပ်ချင်စရာပဲ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ၎င်းနဲ့ လက်ရွေးစင်အသင်းဖော်တွေရဲ့ weasel လို့ ရည်ညွှန်းခေါ်ဝေါ်ခြင်းခံခဲ့ရတာဖြစ်ပြီး weasel ဟာ သေးငယ်သွယ်လျတဲ့ အသားစားနို့တိုက်သတ္တဝါဖြစ်ပြီး ငှက်တစ်ကောင် အရွယ်အစားလောက်သာရှိတဲ့ သတ္တဝါဖြစ်ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပုံမှန်အားဖြင့် GOAT(တသက်တာအကောင်းဆုံး)လို့ ခေါ်ဝေါ်ခြင်းခံခဲ့ရပြီး အဲဒီနာမည်အတိုကောက်ဟာ ယခုရာသီ ပီအက်စ်ဂျီရဲ့ ရှပ်လက်မောင်းမှာတောင် ရှိနေတာဖြစ်ပါတယ်။

လီယွန်နယ် စကာလိုနီရဲ့ အာဂျင်တီးနားအသင်းဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု မရရှိခဲ့ပေမယ့်လည်း ယခုနှစ်မှာတော့ ကမ္ဘာ့ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိနေတဲ့ လီယွန်နယ် မက်ဆီကြောင့် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားလက္ေ႐ြးစင္ အသင္းေဖာ္ေတြရဲ႕ နာမည္ေျပာင္ေပးျခင္းခံခဲ့ရၿပီး အရင္တုန္းက ရရွိခဲ့ဖူးတဲ့ နာမည္ေျပာင္ထက္ ပိုၿပီး ထူးဆန္းတဲ့နာမည္ကို ရရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ စေနေန႔က ဟြန္ဒူးရပ္စ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး လီယြန္နယ္ မက္ဆီရဲ႕ ဒုတိယေျမာက္သြင္းဂိုးဟာ ဂိုးသမားကို ေက်ာ္ၿပီး အလြန္ေကာင္းမြန္တဲ့ ကန္သြင္းမႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ၃၄ ပြဲအထိ ရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ကာတာမွာ က်င္းပမယ့္ ယခုေဆာင္းရာသီ ကမာၻ႔ဖလားၿပိဳင္ပြဲကို အလြန္ျမင့္မားတဲ့ စိတ္ဓာတ္နဲ႔အတူ သြားေရာက္ယွဥ္ၿပိဳင္သြားေတာ့မွာ ျဖစ္ပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားတစ္သင္းလုံးရဲ႕ သည္းသည္းလႈပ္ ခ်စ္ျမတ္ႏိုးျခင္းကို ခံေနရတဲ့ ကစားသမားျဖစ္ၿပီး အသင္းေဖာ္ေတြက အသင္းေခါင္းေဆာင္အေပၚ ဘယ္ေလာက္ခ်စ္ျမတ္ႏိုးလဲဆိုတာကို ခ်စ္စႏိုးနဲ႔ နာမည္ေျပာင္ ေပးၿပီး ျပသခဲ့တာျဖစ္ပါတယ္။

Mirror ရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီဟာ လူမႈကြန္ရက္ေပၚမွာ “the weasel ကိုက္သလိုပဲ”လို႔ ေရးသားထားတဲ့ ပို႔စ္ တင္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္ကြင္းလယ္ကစားသမား ပါပူ ဂိုးမက္ဖ္က ပထမဆုံး တုံ႔ျပန္တဲ့သူျဖစ္ခဲ့ၿပီး “the weasel က ႐ူးသြပ္ခ်င္စရာပဲ”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ၎နဲ႔ လက္ေ႐ြးစင္အသင္းေဖာ္ေတြရဲ႕ weasel လို႔ ရည္ၫႊန္းေခၚေဝၚျခင္းခံခဲ့ရတာျဖစ္ၿပီး weasel ဟာ ေသးငယ္သြယ္လ်တဲ့ အသားစားႏို႔တိုက္သတၱဝါျဖစ္ၿပီး ငွက္တစ္ေကာင္ အ႐ြယ္အစားေလာက္သာရွိတဲ့ သတၱဝါျဖစ္ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ ပုံမွန္အားျဖင့္ GOAT(တသက္တာအေကာင္းဆုံး)လို႔ ေခၚေဝၚျခင္းခံခဲ့ရၿပီး အဲဒီနာမည္အတိုေကာက္ဟာ ယခုရာသီ ပီအက္စ္ဂ်ီရဲ႕ ရွပ္လက္ေမာင္းမွာေတာင္ ရွိေနတာျဖစ္ပါတယ္။

လီယြန္နယ္ စကာလိုနီရဲ႕ အာဂ်င္တီးနားအသင္းဟာ ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ မရရွိခဲ့ေပမယ့္လည္း ယခုႏွစ္မွာေတာ့ ကမာၻ႔ထိပ္တန္းေျခစြမ္း ျပန္လည္ရရွိေနတဲ့ လီယြန္နယ္ မက္ဆီေၾကာင့္ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.