Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁.၉.၂၀၂၀

– တီမို ဗာနာရဲ႕ ခ်ဲလ္ဆီးအေျပာင္းအေရႊ႕ကို စည္း႐ုံးေပးခဲ့တဲ့ ေနာက္ခံလူ အန္တိုနီ ႐ူဒီဂါအေနနဲ႔ ေနးရွင္းလိဂ္အတြက္ စုစည္းထားတဲ့ ဂ်ာမနီက ေလ့က်င့္ေရး စခန္းသြင္းထားမွဳမွာ အသင္းေဖာ္အျဖစ္ ေရာက္ရွိေနတဲ့ ခိုင္ ဟာဗတ္ဇ္ကို အျမန္ဆုံးေျပာင္းေရႊ႕လာေအာင္ စည္း႐ုံးသြားမယ္လုိ႔ဆုိ။

– ေအဒူယာ မန္ဒီအတြက္ ပထမအႀကိမ္ ကမ္းလွမ္းမွဳကို လီဂူးဝမ္းကလပ္ ရင္းေနးအသင္းက ပယ္ခ်ထားခဲ့ၿပီးေနာက္မွာ ဒုတိယအႀကိမ္အျဖစ္ နည္းစနစ္ဒါ႐ုိက္တာ ပီတာခ်က္က ကမ္းလွမ္းဖို႔ လုပ္ေဆာင္ေနၿပီး လက္ရွိနံပါတ္တစ္ဂိုးသမား ကီပါကို တုိးတက္လာေစမယ့္ ၿပဳိင္ဆုိင္မွဳ ေပးသြားဖို႔ ရည္ရြယ္ေန။

– ဆန္ဒ႐ို တိုနာလီကို မေခၚယူလိုေတာ့ေၾကာင္း အသင္းကို အသိေပးခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဘက္က တန္ေၾကး ယူ႐ုိသန္း ၅၀ သတ္မွတ္ထားတဲ့ အန္ဂိုလို ကြန္ေတကိုပဲ ေခၚယူေပးဖို႔ အင္တာမီလန္နည္းျပ အန္တိုနီယို ကြန္တီအလိုရွိေန။

– ေလဗာကူဆင္နည္းျပ ပီတာ ဘုိ႔ဇ္ကေတာ့ ဟာဗတ္ဇ္အေနနဲ႔ အသင္းမွာ ဆက္ကစားတာ ျမင္ရေတာ့မွာ မဟုတ္ဘူးလို႔ ေျပာလုိက္တဲ့ စကားေၾကာင့္ ေနးရွင္းလိဂ္ပြဲေတြမွာ ပါဝင္ကစားၿပီးတာနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာႏုိင္ဖို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ေမွ်ာ္လင့္။

– အင္တာမီလန္အသင္းဘက္က တရားဝင္ကမ္းလွမ္းလာရင္ ကြန္ေတကို ေရာင္းခ်ဖို႔ လုပ္ေဆာင္သြားဖြယ္ရွိေနၿပီး ဒီေနရာအတြက္ အသင္းရဲ႕ လူငယ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဒက္ကလန္ ႐ိုက္စ္ကို ဝက္စ္ဟမ္းကေန ေပါင္သန္း ၈၀ ကို ဆုေၾကးခံစားခြင့္နဲ႔ ကနဦးေပးေခ်မွဳကို ေလွ်ာ့ခ်ၿပီး ေခၚယူႏုိင္ဖို႔ ခ်ဲလ္ဆီးတုိ႔ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– တီမို ဗာနာရဲ့ ချဲလ်ဆီးအပြောင်းအရွှေ့ကို စည်းရုံးပေးခဲ့တဲ့ နောက်ခံလူ အန်တိုနီ ရူဒီဂါအနေနဲ့ နေးရှင်းလိဂ်အတွက် စုစည်းထားတဲ့ ဂျာမနီက လေ့ကျင့်ရေး စခန်းသွင်းထားမှုမှာ အသင်းဖော်အဖြစ် ရောက်ရှိနေတဲ့ ခိုင် ဟာဗတ်ဇ်ကို အမြန်ဆုံးပြောင်းရွှေ့လာအောင် စည်းရုံးသွားမယ်လို့ဆို။

– အေဒူယာ မန်ဒီအတွက် ပထမအကြိမ် ကမ်းလှမ်းမှုကို လီဂူးဝမ်းကလပ် ရင်းနေးအသင်းက ပယ်ချထားခဲ့ပြီးနောက်မှာ ဒုတိယအကြိမ်အဖြစ် နည်းစနစ်ဒါရိုက်တာ ပီတာချက်က ကမ်းလှမ်းဖို့ လုပ်ဆောင်နေပြီး လက်ရှိနံပါတ်တစ်ဂိုးသမား ကီပါကို တိုးတက်လာစေမယ့် ပြိုင်ဆိုင်မှု ပေးသွားဖို့ ရည်ရွယ်နေ။

– ဆန်ဒရို တိုနာလီကို မခေါ်ယူလိုတော့ကြောင်း အသင်းကို အသိပေးခဲ့ပြီး ချဲလ်ဆီးအသင်းဘက်က တန်ကြေး ယူရိုသန်း ၅၀ သတ်မှတ်ထားတဲ့ အန်ဂိုလို ကွန်တေကိုပဲ ခေါ်ယူပေးဖို့ အင်တာမီလန်နည်းပြ အန်တိုနီယို ကွန်တီအလိုရှိနေ။

– လေဗာကူဆင်နည်းပြ ပီတာ ဘို့ဇ်ကတော့ ဟာဗတ်ဇ်အနေနဲ့ အသင်းမှာ ဆက်ကစားတာ မြင်ရတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ စကားကြောင့် နေးရှင်းလိဂ်ပွဲတွေမှာ ပါဝင်ကစားပြီးတာနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာနိုင်ဖို့ ချဲလ်ဆီးပရိသတ်တွေ မျှော်လင့်။

– အင်တာမီလန်အသင်းဘက်က တရားဝင်ကမ်းလှမ်းလာရင် ကွန်တေကို ရောင်းချဖို့ လုပ်ဆောင်သွားဖွယ်ရှိနေပြီး ဒီနေရာအတွက် အသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒက်ကလန် ရိုက်စ်ကို ဝက်စ်ဟမ်းကနေ ပေါင်သန်း ၈၀ ကို ဆုကြေးခံစားခွင့်နဲ့ ကနဦးပေးချေမှုကို လျှော့ချပြီး ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးတို့ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.