Bundesliga Premier League Transfer News

ဒေါ့မွန်က ခွာပြီး ဟားလန်းနဲ့ ပူးပေါင်းဖို့ သတင်းတွေ ထွက်နေတဲ့ ဘယ်လင်ဂမ်

ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အီတလီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တစ်ဦးတည်းသော ခြေစွမ်းပြနိုင်တဲ့ ကစားသမားဖြစ်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဟမ်အနေနဲ့ ရာသီကုန်မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာပြီး အသင်းဖော်ဟောင်း တိုက်စစ်မှူး အာလင်း ဟားလန်းနောက်ကို လိုက်ဖို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်က ကစားသမားဘဝ ပထမခြေလှမ်းအဖြစ် အသင်းပြောင်းရွှေ့ရာမှာ မန်ချက်စတာယူနိုက်တက်လို ပရီးမီးယားလိဂ် အသင်းကြီးတွေအစား လူငယ်တွေကို လိုလိုလားလား နေရာပေးတဲ့ ဒေါ့မွန်အသင်းကို ဂျေဒန် ဆန်ချိုနဲ့ ဟားလန်းတို့လိုပဲ ရွေးချယ်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းကို ရှာဖွေပေးနိုင်ခဲ့တာပါ။

ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၁၀၀ ကစားပြီးချိန်မှာ ၁၃ ဂိုး သွင်းယူထားတဲ့ ၁၉ နှစ်သားဟာ ဒီရာသီမှာ သူ့ရဲ့ တတိယမြောက် ဘွန်ဒက်စ်လီဂါရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာလည်း ၁၆ ပွဲအထိ ကစားခွင့်ရပြီးသူဖြစ်လို့ သူ့ရဲ့ အရည်အသွေးကို မှတ်ကျောက်တင်ခံနိုင်ခဲ့အပြီး လာမယ့်ရာသီမှာ စွန့်စားခန်းသစ်ကို စတင်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ကို အလိုရှိတဲ့ အသင်းတွေအနေနဲ့ လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၈၃ သန်းကို တစ်လုံးတစ်ခဲတည်း ပေးချေနိုင်ရင် လက်လွှတ်သွားဖို့ အဆင်သင့်ပဲလို့ ဒေါ့မွန်ဘက်က ကြေညာထားခဲ့ပြီး ဒါကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့က ရှေ့တန်းကနေ စောင့်ကြည့်နေကြတာပါ။

ပြီးခဲ့တဲ့ ရာသီက အဝါရောင် ဂျာမန်ကလပ်ရဲ့ ပေါင် ၁၃၅ သန်း အော်တာ ခံခဲ့ရတဲ့ ဘယ်လင်ဂမ်ကို ဒီရာသီမှာ တန်ဖိုးအရ ပေါင်သန်း ၅၀ လျှော့ချပေးလိုက်တာလည်းဖြစ်ပြီး ငယ်မွေးခြံပေါက် အင်္ဂလန်သားကို ကိုယ့်မြေကိုယ့်ရေကို ပြန်လည်ခေါ်ယူဖို့ ပေါင်သန်း ၈၀ ကျော်ဆိုတာက မများလှတဲ့ ပမာဏလည်းဖြစ်နေခဲ့ပါတယ်။

မန်စီးတီးတို့အနေနဲ့ ဟားလန်းကို အချိန်စောင့်ပြီး ဈေးသက်သက်သာသာနဲ့ ခေါ်ယူခဲ့သလိုမျိုးတော့ ဒီတစ်ခါရော ထပ်လုပ်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး စောင့်နိုင်ရင် “အကျိုးရှိ၊ အောင့်နိုင်ရင် သူခိုးမိ”ဆိုတဲ့ စကားလိုပဲ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ ဆန်ချိုကို စိတ်ရှည်လက်ရှည် စောင့်ခဲ့တဲ့ ပုံစံကိုလည်း လုပ်ဆောင်လာနိုင်တာပါ။

ဒါပေမယ့် ဈေးကွက်ထဲမှာ တောသားထီပေါက်သလို ဘာနားမလည် ညာနားမလည်နဲ့ ငွေထုပ်ပိုက်ရမ်းနေတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီကြောင့် မန်စီးတီးတို့အနေနဲ့ ဘယ်လင်ဂမ်ကို သိပ်ပြီး နှပ်ထားလို့ မရနိုင်ဘူးလို့ သုံးသပ်နေကြပြီး အသင်းဖော်ဟောင်း ဟားလန်းနဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာတို့နဲ့အတူ တွဲဖက်အလုပ်လုပ်ခွင့်ကို ပြပြီး စည်းရုံးသွားနိုင်ဖို့တော့ ပရိသတ်တွေက မျှော်လင့်နေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အဂၤလန္အသင္းရဲ႕ အီတလီကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ တစ္ဦးတည္းေသာ ေျခစြမ္းျပႏိုင္တဲ့ ကစားသမားျဖစ္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဟမ္အေနနဲ႔ ရာသီကုန္မွာ ေဒါ့မြန္အသင္းကေန ထြက္ခြာၿပီး အသင္းေဖာ္ေဟာင္း တိုက္စစ္မႉး အာလင္း ဟားလန္းေနာက္ကို လိုက္ဖို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္က ကစားသမားဘဝ ပထမေျခလွမ္းအျဖစ္ အသင္းေျပာင္းေ႐ႊ႕ရာမွာ မန္ခ်က္စတာယူႏိုက္တက္လို ပရီးမီးယားလိဂ္ အသင္းႀကီးေတြအစား လူငယ္ေတြကို လိုလိုလားလား ေနရာေပးတဲ့ ေဒါ့မြန္အသင္းကို ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ဟားလန္းတို႔လိုပဲ ေ႐ြးခ်ယ္ခဲ့တဲ့ ဘယ္လင္ဂမ္ဟာ ဘာမင္ဂမ္စီးတီးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းကို ရွာေဖြေပးႏိုင္ခဲ့တာပါ။

ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၁၀၀ ကစားၿပီးခ်ိန္မွာ ၁၃ ဂိုး သြင္းယူထားတဲ့ ၁၉ ႏွစ္သားဟာ ဒီရာသီမွာ သူ႔ရဲ႕ တတိယေျမာက္ ဘြန္ဒက္စ္လီဂါရာသီကို ျဖတ္သန္းေနတာျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးမွာလည္း ၁၆ ပြဲအထိ ကစားခြင့္ရၿပီးသူျဖစ္လို႔ သူ႔ရဲ႕ အရည္အေသြးကို မွတ္ေက်ာက္တင္ခံႏိုင္ခဲ့အၿပီး လာမယ့္ရာသီမွာ စြန႔္စားခန္းသစ္ကို စတင္ဖို႔ ရွိေနတာျဖစ္ပါတယ္။

ဘယ္လင္ဂမ္ကို အလိုရွိတဲ့ အသင္းေတြအေနနဲ႔ လာမယ့္ ေႏြရာသီမွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၃ သန္းကို တစ္လုံးတစ္ခဲတည္း ေပးေခ်ႏိုင္ရင္ လက္လႊတ္သြားဖို႔ အဆင္သင့္ပဲလို႔ ေဒါ့မြန္ဘက္က ေၾကညာထားခဲ့ၿပီး ဒါကို ပရီးမီးယားလိဂ္အသင္းႀကီးေတြထဲက မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးတို႔က ေရွ႕တန္းကေန ေစာင့္ၾကည့္ေနၾကတာပါ။

ၿပီးခဲ့တဲ့ ရာသီက အဝါေရာင္ ဂ်ာမန္ကလပ္ရဲ႕ ေပါင္ ၁၃၅ သန္း ေအာ္တာ ခံခဲ့ရတဲ့ ဘယ္လင္ဂမ္ကို ဒီရာသီမွာ တန္ဖိုးအရ ေပါင္သန္း ၅၀ ေလွ်ာ့ခ်ေပးလိုက္တာလည္းျဖစ္ၿပီး ငယ္ေမြးၿခံေပါက္ အဂၤလန္သားကို ကိုယ့္ေျမကိုယ့္ေရကို ျပန္လည္ေခၚယူဖို႔ ေပါင္သန္း ၈၀ ေက်ာ္ဆိုတာက မမ်ားလွတဲ့ ပမာဏလည္းျဖစ္ေနခဲ့ပါတယ္။

မန္စီးတီးတို႔အေနနဲ႔ ဟားလန္းကို အခ်ိန္ေစာင့္ၿပီး ေဈးသက္သက္သာသာနဲ႔ ေခၚယူခဲ့သလိုမ်ိဳးေတာ့ ဒီတစ္ခါေရာ ထပ္လုပ္ႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေစာင့္ႏိုင္ရင္ “အက်ိဳးရွိ၊ ေအာင့္ႏိုင္ရင္ သူခိုးမိ”ဆိုတဲ့ စကားလိုပဲ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ရဲ႕ ဆန္ခ်ိဳကို စိတ္ရွည္လက္ရွည္ ေစာင့္ခဲ့တဲ့ ပုံစံကိုလည္း လုပ္ေဆာင္လာႏိုင္တာပါ။

ဒါေပမယ့္ ေဈးကြက္ထဲမွာ ေတာသားထီေပါက္သလို ဘာနားမလည္ ညာနားမလည္နဲ႔ ေငြထုပ္ပိုက္ရမ္းေနတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီေၾကာင့္ မန္စီးတီးတို႔အေနနဲ႔ ဘယ္လင္ဂမ္ကို သိပ္ၿပီး ႏွပ္ထားလို႔ မရႏိုင္ဘူးလို႔ သုံးသပ္ေနၾကၿပီး အသင္းေဖာ္ေဟာင္း ဟားလန္းနဲ႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာတို႔နဲ႔အတူ တြဲဖက္အလုပ္လုပ္ခြင့္ကို ျပၿပီး စည္း႐ုံးသြားႏိုင္ဖို႔ေတာ့ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.